C&C Liquor Store Taunggyi

C&C Liquor Store Taunggyi ရေကိုချွေတာပါ။ အရက်သောက်ပါ။

နေဦး အဲ့တော့, မင်မင်တို့ကလည်း ‘စီအန်စီ’ ဆိုပြီးပြောင်းရေးရမှာလားဟင် 🥲
21/06/2025

နေဦး အဲ့တော့, မင်မင်တို့ကလည်း ‘စီအန်စီ’ ဆိုပြီးပြောင်းရေးရမှာလားဟင် 🥲

🍻 တောင်ကြီးမြို့ပေါ်က ဘော်ဒါ တို့ ည အရက်သောက်ရင်း အရက်ကုန်သွားလို့အချိန်ကြည့်တော့လည်း ဘယ်မှာမှ ဝယ်မရတော့ဘူး ဆိုပြီး တိုင...
02/05/2025

🍻 တောင်ကြီးမြို့ပေါ်က ဘော်ဒါ တို့ ည အရက်သောက်ရင်း အရက်ကုန်သွားလို့အချိန်ကြည့်တော့လည်း ဘယ်မှာမှ ဝယ်မရတော့ဘူး ဆိုပြီး တိုင်ပတ်ဖူးကြတယ်မလား

🤧 မင်မင်တော့ အဲ့ခံစားချက်ကြီးကို ကောင်းကောင်းကြီးသိတယ်။ ဒါကြောင့် C&C Liquor ကနေ နေ့စဉ် ည (၁၂:၀၀) ထိ တောင်ကြီးမြို့တွင်းကို Delivery Service လေး အချိန်တိုးပေးထားတယ်နော်။

လိုအပ်ရင် သတိရလိုက်ပါ။

09256041007, 09694455534

C&C Liquor Store မှာ လူကြီးမင်းတို့ ကိုယ်တိုင်ဇိမ်ခံဖို့ဖြစ်စေ၊ လက်ဆောင်ပေးရန်ဖြစ်စေ၊ ဆိုင်တွင်ပြန်ရောင်းချရန်ဖြစ်စေ၊ ပစ...
26/04/2025

C&C Liquor Store မှာ လူကြီးမင်းတို့ ကိုယ်တိုင်ဇိမ်ခံဖို့ဖြစ်စေ၊ လက်ဆောင်ပေးရန်ဖြစ်စေ၊ ဆိုင်တွင်ပြန်ရောင်းချရန်ဖြစ်စေ၊ ပစ္စည်းမှန်၊ ဈေးတန်တန်လေးနဲ့ အိမ်တိုင်ရာရောက်ဝန်ဆောင်မှု လေးနဲ့ အားပေးလို့ရပါတယ်ခင်ဗျာ။

ဆက်သွယ်ရန် - 09256041007

လိပ်စာ - တောင်ကြီးမြို့။

ကျွန်တော်တို့ရဲ့ ငလျင်ဘေးအလှူကျပ် ၁,၅၅၀,၀၀၀ (တစ်ဆယ့်ငါးသိန်းငါးသောင်း) ကို ဒီနေ့ ဧပြီ (၈) မှာ ShweNote ကို လှူလိုက်ပါတယ်...
08/04/2025

ကျွန်တော်တို့ရဲ့ ငလျင်ဘေးအလှူ
ကျပ် ၁,၅၅၀,၀၀၀ (တစ်ဆယ့်ငါးသိန်းငါးသောင်း) ကို ဒီနေ့ ဧပြီ (၈) မှာ ShweNote ကို လှူလိုက်ပါတယ်ခင်ဗျ။

ပါဝင်လှူဒါန်းပေးသူများကိုလည်း
သာဓုခေါ်ပါတယ်။
အားလုံးကို အမျှပေးပါတယ် ခင်ဗျ။

ငလျင်ဘေးသင့်ပြည်သူများကိုကူညီဖို့ကျွန်တော်နဲ့ ပူးပေါင်းနိုင်ဖို့ ဖိတ်ခေါ်ပါရစေ ခင်ဗျ။မင်မင် (၁၀) သိန်း မတည်ပါမယ်။ကျွန်တေ...
04/04/2025

ငလျင်ဘေးသင့်ပြည်သူများကိုကူညီဖို့
ကျွန်တော်နဲ့ ပူးပေါင်းနိုင်ဖို့ ဖိတ်ခေါ်ပါရစေ ခင်ဗျ။

မင်မင် (၁၀) သိန်း မတည်ပါမယ်။

ကျွန်တော့် Kpay နဲ့ KBZ အကောင့် (၂) ခုကို
ဖော်ပြထားပါတယ်။ အဲဒီအကောင့်တွေထဲကို ငွေကြေး နည်းများမဟူ လှူဒါန်းနိုင်ပါတယ်။

မင်မင် (၅) ရက်လောက်စောင့်ပြီးရင် ငလျင်ဘေးသင့်ပြည်သူများကို စတင်
ကူညီပါမယ်။ ငွေကြေးလိုအပ်သူကိုငွေကြေး၊ အသုံးအဆောင်လိုအပ်သူကို အသုံးအဆောင် ပေါ့။ စုစုပေါင်း ကောက်ခံရရှိတဲ့ အလှူငွေပေါ်
မူတည်ပါတယ်။

အားလုံး ဘေးကင်းပါစေ။
ဘေးသင့်သူများလည်း အမြန်ပြန်လည်
ထူထောင်နိုင်ကြပါစေ။

U Bo Bo Aung
Kpay - 095232461
KBZ - 00830100802346501
KBZ Special - 00851100802346501

ဆက်သွယ်ရန်-
Tel/Telegram/Viber - 09256041007, 095232461

အမှတ် ၃/၃၈၃၊ ပန်းတင်လမ်းသွယ် (၂၃)၊ နယ်မြေ (၃) ဘုရားဖြူ၊ တောင်ကြီး။

Good morning 🥰
07/03/2025

Good morning 🥰

ဆရာကြီးတွေပဲသိတဲ့ လှို့ဝှက်ချက်များ 😂 Beer: alcohol 5% သောက်လိုက်ပေါက်လိုက်မူးနေချင်ရင် သေးမပေါက်ပါနဲ့။ပေါက်လိုက်တိုင်း ...
18/02/2025

ဆရာကြီးတွေပဲသိတဲ့ လှို့ဝှက်ချက်များ 😂

Beer:
alcohol 5%
သောက်လိုက်ပေါက်လိုက်
မူးနေချင်ရင် သေးမပေါက်ပါနဲ့။
ပေါက်လိုက်တိုင်း အမူး လျော့သွားစေတယ်
များများသောက်လေ မနက်ကြ ခေါင်းကိုက်လေ
ထုံထုံကြီး မူးတာမျိုး က beer
ဗိုက်ကြီးတင်းပြည့်ပြီး အမူးမျိုး

Stout:
alcohol 8%
ABC လို black shield လိုမျိုး
သောက်ပြီးရင် ဆန့်ကျင်ဖက် လိင်ကို
တောင့်တ တတ်တယ်
Homo ဆိုရင်တော့ မသိပါ။
မူးတာက ခေါင်းထဲမှာ မူးနောက်နောက်နဲ့
ရဟတ်စီးပြီး မူးတာမျိုးက stout

Wine:
alcohol 13.5%
အိပ်ချင်သလို မျက်လုံးစဉ်းလာပြီး
မူးတာမျိုးပါ
တန်းပြီး အိပ်ဖို့ အဆင်ပြေရင် ကောင်းပါတယ်
အရမ်း များရင် အန်ဖို့ အရမ်း လွယ်ကူတဲ့
အမူး မျိုး

Red Label:
alcohol 40%
အမူးက ရိုင်းတယ်
ချက်ခြင်း ဆောင့်တက်ပြီး မူးတယ်
သွေးဆူလွယ်တယ်
ရန်ဖြစ်မယ် ဆိုလည်း ဖြစ်ပေါ့ ဆိုတဲ့
အမူးမျိုး
များရင် ခေါင်းကိုက်လိမ့်မယ်

Black and double black label:
alcohol 40%
နည်းနည်းလေး ထွေတေတေလေး
ပတ်ဝန်းကျင် ကို ကြည့်လိုက်ရင်
ပျော်စရာတွေ ပြည့်နေသလိုလို
ကဖို့ ခုန်ဖို့ တော်ကီပစ်ဖို့
ကောင်းတယ်
မဆိုးပါဘူးလို့ မှတ်ချက်ပြုရမယ်

Johnnie walker Explorer series:
alcohol 40%
the spice road လို အတက်ကြမ်းပေမယ့်
နောက်နေ့ လန်းလန်းဆန်းဆန်း ရှိနေစေတယ်

Gold label:
alcohol 40%
တခွက်သောက် ဘာမှန်းမသိသေးဘူး
နှစ်ခွက်မှာ စငြိမ့်လိမ့်မယ်
သူ့ အငြိမ့်လေးက ငြိမ်တယ်
bar တို့ ဘာတို့ထက်ဆိုင်ရင်
classical လို ငြိမ့်တဲ့ musicလေးနဲ့ဆို
လွင့်နေမှာ သေချာတယ်
တစုံတခုပဲ တွေးပြီး စိတ်နှစ်ကြည့်
အဲဒိအပေါ်မှာ မျောသွားမယ့် feel က
အမိုက္စား
မနက်ကြတော့ လန်းနေရော

Platinum label:
alcohol 40%
Gold နဲ့ မကွာလှဘူး
ငြိမ့်တာကတော့
ချစ်သူကို ကြူလို့ သိပ်ကောင်းတာ
သောက်ပြီးရင်😀😀😀

Johnnie walker 18:
alcohol 40%
Gold labelရဲ့ အပေါ်မှာ
blue လောက် မသုံးချင်ရင်
သိပ်ကောင်းတဲ့ အရာပါ
KTV ရောက်ရင် ကွကိုယ်
အဆိုတော်အလား
လမ်းလျှောက်ရင် မြေကြီးတောင်
ထိရဲ့လား ထင်ရလောက်အောင်
ပံ့ပိုးပေးပါတယ်
စိတ်ကူးထဲက အတိုင်း
ဘုရင်ကြီးအလားပေါ့

Blue label:
alcohol 40%
ငြိမ့်ချက်ဆိုတာ
သင်္ဘောမှာတုန်းက
Fitter ကြီးတယောက်ရှိတယ်
အရက်မူးရင် သူ့ကို စ စလို့ရှိရင်
မကြိုက်ဘူး ပြန်ပြီး တခုခု လိုက်လုပ်တယ်
သူလို လူမျိုးတောင် blue သောက်ပြီး
စ ရုံမကလို့ ခေါင်း ပုတ်ရင်တောင် ပြုံးပြနေတယ်
ပြောချင်တာ အရမ်း ငြိမ့်တယ်
ရန်မလိုဘူး ငြိမ့်ပြီး အတွေး အရမ်းကောင်းစေတယ်
အတွေး ထဲကအတိုင်း
စီးမျော သွားတာ
မိန်းမ ချစ်ဆေး လို့ တင်စားရမလားပဲ

Johnnie walker XR 21:
21 years old alcohol 40%
blue ဈေးပဲမို့
blue နဲ့ ခံစားရတဲ့ feel သိပ်မကွာလှပါဘူး
ခွန်အားဖြိုးမောက် ဇော်ဂျီလက်စွဲ
ဆိုလား😬😬😬

Monkey shoulder:
alcohol 40%
အမူးလွယ်တယ်
percetage တူပေမယ့် ပိုမူးသလိုပဲ
မွှေးလည်းမွှေး အဝင်လည်းမိုက်
သီချင်းဆိုလို့လည်း ကောင်းပ
ကြိုက်တယ် မနက်ဆို အလန်းပဲ
ခေါင်း လုံးဝ မကိုက် ကြည်လင်လို့

Jagermeister 35%
အဝင်မဆိုးဘူး၊
လည်ချောင်းထဲပူဆင်းသွားတာမျိုး။
အူရွှင်တယ်၊ ယဉ်ယဉ်လေးမူးတယ်။
ကျွဲရိုင်းတို့ shark တို့နဲ့ Jager Bomb လုပ်လိုက်လို့ကတော့ မနက်လည်းခေါင်းမကိုက်ဘူး။

Grand Royal ID 37.2%
အဝင်ရှင်းတယ်နော်၊
ဇွတ်ခွသောက်ရင်တော့ အပြဲပဲ။
စိတ်ညစ်လို့အော်ချင်ဟစ်ချင်ရင် သောက်။
မနက်နိုးရင်တော့ ခေါင်းနည်းနည်းကိုက်မယ်။
အိပ်ရာဘေး သံပုရာသီးဆောင်ထား။

Baileys 17%
နုနုရွရွသောက်မယ်၊
ဆော်ရောသောက်မယ်ဆို ရွေးသင့်တယ်။
ချောကလက်ပျစ်ပျစ်လေးသောက်ရသလိုပဲ။ Classical ဆန်ဆန်သောက်၊
လုံးဝအထာကျတယ်။
မွှေးချိုပူဆင်း လည်ချောင်းရှင်း။
ဇွတ်မူးချင်တယ်ဆိုရင်တော့ မရွေးနဲ့၊
ပိုက်ဆံပဲကုန်တာအဖတ်တင်မယ်။

Chivas Regal 40%
ကဲချင်ခုန်ချင်ပေါက်ချင်ရင် သောက်၊
ခွေးသောက်သောက်ရင် ခွေးလိုအန်မှာပဲ။
ခွက်ထဲ နှစ်ပတ်လာက်ထည့်
ရေခဲတစ်တုံးထည့်
ဖရဲသီးတစ်စိတ်စိမ်ပြီးမှသောက်၊
ကြာကြာသောက်နိုင်တယ်။
ဖင်ယားပြီး ခွက်ထဲကဖရဲသီးစိတ်သွားမကိုက်နဲ့။
ဖင်ထိုင်လဲသွားမယ်။
ဘားမှာ ကေတီဗီမှာ ကဲမယ်ဟေ့ဆို ရွေးသင့်။

Vodka 40%
ပြင်းပြင်းရှရှ ပူဆင်းချင်ရင်သောက်။
နွေပူပူ နေပူပူမှာတော့ မသောက်နဲ့။
အလွတ်ရူးသွားမယ်။
ကျုပ်ကတော့ သိပ်မကြိုက်ဘူး။
အမူးရိုင်းလို့။

Gin 40% ( approximately )
သူလည်း Vodka လိုပဲ။
ပိုတောင်ရှသေးတယ်။
မရှိလို့သောက်ရင်တောင်
နှာခေါင်းပိတ်သောက်ရတဲ့အမျိုး။
ဆိုးလိုက်တဲ့အဝင်။
ဂျင်နှစ်ပတ်
သံပုရာသီးတစ်စိတ်ညစ်
သကြားတစ်ဇွန်းမွှေထည့်။
ဒါက ရိုးရာပေါ့နော။
ကျုပ်တော့ လုံးဝမကြိုက်။
AK47 မှာရင်တောင် Gin မထည့်ခိုင်းဘူး။
မုန်းလို့။

Soju 20%
ဖင်မယားသင့်တဲ့အရက်ဖြစ်ပါတယ်။
တစ်ခါက ဆိုဂျူကို အကြမ်းခွက်အသေးနဲ့ငှဲ့
ရေခဲတစ်တုံးထည့်၊
ကမ်းပေ့လုပ်ပြီးပြိုင်သောက်ကြတာ။
အိမ်ကိုဘယ်လိုပြန်ရောက်ခဲ့မှန်းမသိဘူး။
နောက်နေ့မေးကြည့်တော့ ဥသြတွေဆွဲတာ
ဝက်စာပုံးမှောက်တဲ့အတိုင်းဆိုပဲ။
အဝင်က Vodka လောက်တောင်မဆိုးဘူးဆိုပြီး
ဖင်ယားခဲ့မိလေခြင်း။

ခေါင်ရည် ( % မသိ 😂 )
စကားပြောမယ်၊
အပျင်းပြေသောက်မယ်ဆို ငချိပ်ရတဲ့ဆိုင်သွား။
သေးခဏခဏထပေါက်မယ်၊
ဘီယာလောက်ဗိုက်မတင်းပေမယ့်
များရင်တော့ ရီဝေဝေနဲ့
အတော်တွေးလို့ကောင်းတယ်။
ပုလင်းကိုဇောက်ထိုးငှဲ့၊
နှမြောပြီး အောက်ဆုံးကအနယ်တွေမငတ်မိနဲ့။ သူက ဆိုင်ရွေးတယ်။
ကောင်းတယ်ဆိုတဲ့ဆိုင်ကိုသေချာစုံစမ်းပြီးမှ
သောက်သင့်တယ်။

ချဉ်စော်ခါး ( % မသိ )
ပြဲချင်လား။
အမဲကြော်တစ်ပွဲ၊ ကြက်ဥမွှေကြော်တစ်ပွဲနဲ့
ချဉ်စော်ခါးတစ်လုံး ရေခဲတစ်ပွဲမှာသောက်။
သူလည်းဆိုင်ရွေးတယ်။
ပြင်းပြင်းရှရှပြဲတဲ့ဆိုင်ရှိတယ်။
အူမြူးပြီးပြဲတဲ့ဆိုင်ရှိတယ်။
သူ့အထာနဲ့သူ။
မိုးအေးအေးနေ့တွေ ဂစ်တာတီးချင်ပါတယ်
သီချင်းဆိုချင်ပါတယ်ဆို ပါဆယ်ဆွဲခဲ့။
လည်ချောင်းထဲရှင်းပြီးပူဆင်းတာ၊
သီချင်းဆိုလို့ အတော်ကောင်း။
😂😂😂

Regency (Thai made)
Brandy အမျိုးအစား
On the rock သောက်ရင်အလွန်ကောင်း။
သုံးခွက်လောက်သောက်ပြီးရင် အရသာ သိသိသာသာ သောက်လို့ပိုကောင်းလာတယ်။ သောက်တာများလေလေ အဝင်ပိုကောင်းလာလေလေပဲ။Smooth ဖြစ်တယ် ငြိမ့်တယ် အိပ်လို့ကောင်းတယ် ။ အကြိုက်ဆုံးအချက်ကတော့ မနက်အိပ်ယာနိုးရင် ခေါင်းမကိုက်ပဲ စိတ်ကြည်လင်လန်းဆန်းနေရောပဲ😁။ အတုမမိဖို့တော့လိုမယ်။ မြိတ် နဲ့ ကော့သောင်း မှာတော့ရနိုင်တယ်။

C.r.d

❤️❤️❤️လျှော့ဈေးလေးနဲ့ရမယ်ဗျို့ 📣📣📣Valentine’s Day မှာ ကိုယ့်ချစ်ရတဲ့သူများကို လက်ဆောင်ပေးဖို့ဆိုရင် အထာလည်းကျ၊ သောက်လို့...
14/02/2025

❤️❤️❤️လျှော့ဈေးလေးနဲ့ရမယ်ဗျို့ 📣📣📣

Valentine’s Day မှာ ကိုယ့်ချစ်ရတဲ့သူများကို လက်ဆောင်ပေးဖို့ဆိုရင် အထာလည်းကျ၊ သောက်လို့လည်းအရမ်းကောင်းတဲ့ 🍷 ဝိုင်လေးတွေကို C&C Liquor မှာ အထူး Promotion လေးချပေးထားပြီနော် 🎉🎉🎉🎉🎉

Bin 389 - 275,000 တန်ကို 265,000 နဲ့ယူ

Bin 28 - 135,000 တန်ကို 120,000 နဲ့ယူ

Fortant - 45,000 တန်ကို 40,000 နဲ့ယူ ပါဗျာ ❤️

💕ဒီ့အပြင် V’Day Gift အနေနဲ့ Delivery မှာယူပါက တောင်ကြီးမြို့(တောင်ပေါ်) တွင် Delivery Free ပေးသွားမှာပါဗျ။💖

ဒီ Promotion လေး​က Feb 14 တစ်ရက်ပဲ ပေးထားတာ မို့, လက်မြန်မှရမယ်နော်😉

📲 09694455534, 09256041007, 095232461

⏰ ဆိုင်ဖွင့်ချိန် နံနက် (၁၀:၀၀) နာရီ မှ ည (၈:၀၀) နာရီ ထိ

🗺️ ၃၉/၁၄၊မြတ်ရတနာလမ်း၊ရေအေးကွင်း၊တောင်ကြီးမြို့။
(အေးစေတီရထားသံလမ်းအောက်တစ်လမ်း
၊ပန်းကမ္ဘာမျက်စောင်းထိုး)

Address

Taunggyi
06101

Website

Alerts

Be the first to know and let us send you an email when C&C Liquor Store Taunggyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share