23/11/2023
ယခုရက်ပိုင်းအတွင်း ရာသီဥတုအခြေအနေနှင့် သယ်ယူပို့ဆောင်မှုအခက်အခဲများရှိသဖြင့် ရန်ကုန်မြို့ convinience store များတွင် ရောင်းချလျက်ရှိသော သန်းသန်းဆေးလိပ် Finest Cheroots ဘူးများမှိုတက်ခြင်းကြောင့် သောက်သုံးသူများ အဆင်မပြေဖြစ်ရသည်ကို အနူးအညွတ်တောင်းပန်အပ်ပါသည်။
မှိုတက်သောဆေးလိပ်များကိုလည်း ဆိုင်များမှပြန်လည်သိမ်းယူပြီး အရည်အသွေးပြည့်မီသောဆေးလိပ်များဖြင့် ပြန်လည်အစားထိုးရန်ဆောင်ရွက်လျက်ရှိပါသည်။
သန်းသန်းဆေးလိပ်အရည်အသွေးနှင့်ပတ်သက်၍ အဆင်မပြေမှုများ ဖြစ်ပေါ်လာပါက
ဖုန်း - 095213829 သို့ ရုံးချိန်အတွင်း ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။