December 15 Avocado Farm

December 15 Avocado Farm Planet-People-Profit

ပျားလေးတွေက ဘာလို့ December 15 ထောပတ်ခြံကို ရွေးချယ်ကြတာလဲ❓🐝🥑​ခြံထဲက အဆောက်အအုံတွေမှာ ပျားအုံလေးတွေ သဘာဝအတိုင်း လာစွဲနေတ...
21/07/2026

ပျားလေးတွေက ဘာလို့ December 15 ထောပတ်ခြံကို ရွေးချယ်ကြတာလဲ❓🐝🥑

​ခြံထဲက အဆောက်အအုံတွေမှာ ပျားအုံလေးတွေ သဘာဝအတိုင်း လာစွဲနေတာကို တွေ့ဖူးကြမှာပါ… ပျားလေးတွေ အိမ်ဖွဲ့ဖို့ ရွေးချယ်တဲ့ နေရာဆိုတာ:

​ဓာတုဗေဒ လုံးဝ မရှိသလောက် နည်းပါးရမယ်၊
​သဘာဝ ပတ်ဝန်းကျင် သန့်ရှင်းလတ်ဆတ်ရမယ်၊
​လုံလောက်တဲ့ ပန်းဝတ်ရည်နဲ့ သဘာဝအသီးအနှံတွေ ရှိရမယ်။

​ဒါကြောင့် ပျားလေးတွေ လာရောက်စွဲကပ်ခြင်းဟာ December 15 Avocado Farm ရဲ့ စိုက်ပျိုးရေးစနစ်နဲ့ ပတ်ဝန်းကျင်ဟာ သဘာဝအတိုင်း သန့်ရှင်းစင်ကြယ်နေတယ်ဆိုတာကို မီးမောင်းထိုးပြနေတာပါပဲ။ 🌟

​သဘာဝအတိုင်း စိုက်ပျိုးထုတ်လုပ်ထားတဲ့ လတ်ဆတ်ပြီး အာဟာရပြည့် ထောပတ်သီးတွေကို စားသုံးချင်တယ်ဆိုရင်တော့ December 15 ကို သတိရလိုက်ပါနော်။ 😉

အာဟာရဖြစ်စေမယ့် မြေဆီလွှာကို ပြန်လည်ပြုစုပျိုးထောင်ခြင်း 🥑​အခုလက်ရှိမှာတော့ December 15 Avocado Farm က လုပ်ငန်းခွင်အဖွဲ့...
12/07/2026

အာဟာရဖြစ်စေမယ့် မြေဆီလွှာကို ပြန်လည်ပြုစုပျိုးထောင်ခြင်း 🥑

​အခုလက်ရှိမှာတော့ December 15 Avocado Farm က လုပ်ငန်းခွင်အဖွဲ့သားတွေဟာ ထောပတ်ပင်တွေအတွက် ဘိုကာရှီ (Bokashi) သဘာဝမြေသြဇာ ကျွေးတဲ့အလုပ်ကို လုပ်ကိုင်နေကြပါတယ်။
​သာမန်မြေဆွေးတွေနဲ့မတူဘဲ ဘိုကာရှီဟာ အကျိုးပြုအဏုဇီဝပိုးမွှားတွေ အမြောက်အမြားပါဝင်တဲ့ အချဉ်ဖောက်ထားတဲ့ သဘာဝမြေသြဇာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အလုပ်သမားတွေက ဒီမြေသြဇာကို စနစ်တကျ ထည့်သွင်းပေးလိုက်တဲ့အခါ အဲဒီ "အကျိုးပြုပိုးမွှားလေးတွေ" က မြေဆီလွှာကို ပိုမိုကောင်းမွန်အောင် ချက်ချင်းလုပ်ဆောင်ပေးပြီး ပင်စည်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူရလွယ်ကူအောင် ပြုလုပ်ပေးပါတယ်။ ဒါ့အပြင် အပင်ရဲ့ ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးပါတယ်။
​အလုပ်ကတော့ ပင်ပန်းပါတယ်၊ ဒါပေမဲ့ သက်ရှိတွေ ပြည့်နှက်နေပြီး အာဟာရဓာတ်ကြွယ်ဝတဲ့ မြေဆီလွှာဂေဟစနစ်တစ်ခုဖြစ်အောင် ဖန်တီးပေးခြင်းကသာ အကောင်းဆုံးနဲ့ အအီစိမ့်ဆုံး ထောပတ်သီးတွေကို ထွက်ရှိစေမယ့် လျှို့ဝှက်ချက်ပဲ ဖြစ်ပါတယ်။



26.06.2026
28/06/2026

26.06.2026

Hello!December 15 Avocado Farm မှ ကြိုဆိုပါတယ်....2026-2027 ထောပတ်ရာသီအတွက်December 15 Avocado Farm သို့လာရောက်လေ့လာဖို့...
12/06/2026

Hello!
December 15 Avocado Farm မှ ကြိုဆိုပါတယ်....

2026-2027 ထောပတ်ရာသီအတွက်
December 15 Avocado Farm သို့
လာရောက်လေ့လာဖို့ potential customersများ မိတ်ဆွေများကို ဖိတ်ခေါ်ပါတယ်....

ခြံသို့ အရောက်လာခဲ့မယ်ဆိုရင်ဖြင့်
ယခုလိုမျိုး ရာသီစာ အစားအစာများ ဒေသအစားအစာများပါဝင်သော ထမင်းဟင်းဖြင့် ဧည့်ခံပါမည်။

12.06.2026 နေ့တွင် တည်ခင်းဧည့်ခံဖြစ်သော ဟင်းအမယ်တွေကတော့

အထူးဟင်း ငှက်စွတ်မှိုဟင်းချက်
ငပိရည် တို့စရာများ (ဆူးပုပ် ဥသျှစ်ရွက် စသဖြင့်) ဝက်သားချက်
ကြက်ဥကြော်
ဟင်းနုနယ်ရွက်ကြော်
(ဖြစ်နိုင်ရင် အချိုပွဲကို ဒူးရင်းသီး ကျွေးချင်သေးတာ😅

09/06/2026

မှိုတွေ မြင်နေရရင်ကို ပျော်တာ

December 15 Avocado Farm ခြံထွက်လေးများ

15/05/2026
ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ချစ်ရတဲ့ မမ၊ ညီမလေးတွေအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ လှပနိုင...
08/03/2026

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ချစ်ရတဲ့ မမ၊ ညီမလေးတွေအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ လှပနိုင်ကြပါစေလို့ ထောပတ်ခြံ က ဆုတောင်းပေးလိုက်ပါတယ်။
​ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ "Natural Glow" လေးကို မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်ဖို့ ထောပတ်သီးက အမြဲအဖော်ပြုပေးနေမှာပါ။
March 8
@2026
RightsJusticeAction-For All Women and Girls!

တူမများနဲ့ Uncle AMTFeb14 @2026
19/02/2026

တူမများနဲ့ Uncle AMT
Feb14 @2026

One day
29/01/2026

One day

17/01/2026

Address

Winya
Taunggyi
060101

Alerts

Be the first to know and let us send you an email when December 15 Avocado Farm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category