T.HOME Taungoo Delivery

T.HOME Taungoo Delivery 09985335049

လေးမျက်နှာမြို့ ရေဘေး ‼️ရေဘေးသင့်ပြည်သူများအားသွားရောက်ကူညီနေသောအလှူရှင်များခင်ဗျာ အလှူရှင်တို့အနေနဲ့ သွားလာရေးအခက်အခဲရှ...
07/08/2026

လေးမျက်နှာမြို့ ရေဘေး ‼️

ရေဘေးသင့်ပြည်သူများအားသွားရောက်ကူညီနေသောအလှူရှင်များခင်ဗျာ

အလှူရှင်တို့အနေနဲ့ သွားလာရေးအခက်အခဲရှိပါက ကျနော်တို့
T.HOME Taungoo Delivery သို့လာရောက်ပြောကြားလို့ရပါတယ်

မြို့ခံပြည်သူများနှင့်လည်းကောင်း ၊ မြို့ခံပရဟိတအသင်းများနှင့်လည်းကောင်း ကျနော်တို့ဆက်သွယ်ပေးနိုင်ပါတယ်ဗျ

မိမိတို့အလှူပစ္စည်းများ အလေအလွင့်မရှိပဲလိုအပ်သောနေရာသို့
ရောက်ရှိစေရန်လည်း ကျနော်တို့အနေနဲ့ မြို့ခံတာဝန်ရှိသူများ၊ပြည်သူများသို့အမြဲမပြတ်‌မေးမြန်းဆက်သွယ်ပေးနေပါတယ်

လိုအပ်လျှင် ဆက်သွယ်ပါခင်ဗျာ 09985335049
လမ်းညွန်ပေးနိုင်ပါတယ်

တောင်ငူ စစ်တောင်းမြစ် ‼️မစိုးရိမ်ပါနဲ့ခင်ဗျာ စိုးရိမ်ရေမှတ်ကိုရောက်လာရင် ကျနော်တို့သတိပေးပြောင်းရွေ့ပေးပါ့မယ် အနိမ့်ပိုင...
06/08/2026

တောင်ငူ စစ်တောင်းမြစ် ‼️

မစိုးရိမ်ပါနဲ့ခင်ဗျာ စိုးရိမ်ရေမှတ်ကိုရောက်လာရင် ကျနော်တို့သတိပေးပြောင်းရွေ့ပေးပါ့မယ်

အနိမ့်ပိုင်းနေသူတွေဆီကိုလည်း သွားရောက်ကြည့်ရှူပြီး
အရေးပေါ်ဖုန်းနံပတ်တွေပေးထားခဲ့ပါတယ်

မနေ့ညကရော၊ဒီနေ့တနေကုန်ရော ရေတိုးလား ပဲ ထိုင်ဖြေနေရတယ် 🥲 ‌ကျနော်စစ်တောင်းမြစ်ကို ခေါင်းပေးအိပ်ထားတာမို့ ရေတက်ရင်ကျနော်အရင်နစ်မှာပါ အဲ့ကျအပြေးလာပြောမှာမို့
နိုင်ငံရပ်ခြားက အကို၊အမတွေ စိတ်ချလက်ချအိပ်ကြပါ

မကြောက်နဲ့ ဧရာဝတီ ‼️ကျနော်တို့အစွမ်းကုန်ကြိုးစားပေးနေတာမို့ လုံးဝမကြောက်ပါနဲ့‼️လုံခြုံဘေးကင်းတဲ့နေရာမှာစောင့်နေပေးပါကယ်ဆ...
05/08/2026

မကြောက်နဲ့ ဧရာဝတီ ‼️

ကျနော်တို့အစွမ်းကုန်ကြိုးစားပေးနေတာမို့ လုံးဝမကြောက်ပါနဲ့‼️

လုံခြုံဘေးကင်းတဲ့နေရာမှာစောင့်နေပေးပါ
ကယ်ဆယ်ရေးများ ဆက်သွယ်လို့ရတဲ့နေရာမှာနေပါ
အရေးပေါ်ပစ္စည်းများနှင့်ကလေးသူငယ်များကိုအနားမှာသာထားပါ
ဘေးပတ်ဝန်းကျင်‌သက်ကြီးရွယ်အိုများရှိမရှိ၊ကယ်ဆယ်ရေးစခန်းတွင်ရောက်မရောက်စုံစမ်းပါ

အလှူရှင်များအနေနဲ့လည်း ထမင်းဘူး၊အစာအစိုများထက်၊အစာခြောက်၊ရေသန့်နှင့်ဆေးဝါးများကိုဦးစားပေး သယ်ယူပါ

လိုအပ်လျှင် T.HOME Taungoo Delivery 09985335049 သို့
အချိန်မရွေးဆက်သွယ်ပါ ‼️

 #လေးမျက်နှာမြို့နယ်_ရေဘေးသင့်ကူညီရေးစခန်းများ သိရှိနိုင်ရန်အိုင်သပြုကျေးရွာရှမ်းကျောင်း -လူဦးရေ (၇၆၇)မြသီတာကျောင်း-(၄၂၀...
05/08/2026

#လေးမျက်နှာမြို့နယ်_ရေဘေးသင့်ကူညီရေးစခန်းများ သိရှိနိုင်ရန်

အိုင်သပြုကျေးရွာ
ရှမ်းကျောင်း -လူဦးရေ (၇၆၇)
မြသီတာကျောင်း-(၄၂၀)
ယွန်းကျောင်း -(၁၀၀)
ကွင်းမ -(၆၅)
မန်ကျောင်း-(၂၆၀)
ကွင်းလည် (၁၅၀)
အ-ထ-က - (၆၀)
ပေါက်ကုန်း-(၆၀)

၁။ အမှတ် (၁)ရပ်ကွက် -
အိမ်ခြေ ၁၄၁၊ အိမ်ထောင်စု ၁၄၃၊
ကျား ၄၃၁၊ မ ၄၇၄၊ ပေါင်း ၉၀၅

၂။ အမှတ် (၂)ရပ်ကွက် -
အိမ်ခြေ ၁၄၇၊ အိမ်ထောင်စု ၁၅၀၊
ကျား ၃၆၇၊ မ ၄၂၇၊ ပေါင်း ၇၉၄

၃။ အမှတ် (၃)ရပ်ကွက် -
အိမ်ခြေ ၁၉၁၊ အိမ်ထောင်စု ၁၉၂၊
ကျား ၅၁၇၊ မ ၅၆၀၊ ပေါင်း ၁၀၇၇

၄။ အမှတ် (၄)ရပ်ကွက် - အိမ်ခြေ ၁၇၁၊ အိမ်ထောင်စု ၁၇၅၊ ကျား ၄၀၈၊ မ ၅၁၉၊ ပေါင်း ၉၂၇

၅။ အမှတ် (၅)ရပ်ကွက် - အိမ်ခြေ ၁၈၉၊ အိမ်ထောင်စု ၁၈၉၊ ကျား ၄၄၀၊ မ ၄၃၀၊ ပေါင်း ၈၇၀

၆။ ညောင်ပင်ဝဲအုပ်စု - အိမ်ခြေ ၂၈၆၊ အိမ်ထောင်စု ၂၈၇၊ ကျား ၆၀၃၊ မ ၅၆၃၊ ပေါင်း ၁၁၆၆

၇။ သခွတ်ချောင်းအုပ်စု - အိမ်ခြေ ၃၅၇၊ အိမ်ထောင်စု ၃၆၄၊ ကျား ၆၀၀၊ မ ၆၉၀၊ ပေါင်း ၁၂၉၀

၈။ ယိန်းနူအုပ်စု - အိမ်ခြေ ၂၉၁၊ အိမ်ထောင်စု ၃၀၆၊ ကျား ၅၅၇၊ မ ၅၉၉၊ ပေါင်း ၁၁၅၆

၉။ သုံးဆက်အုပ်စု - အိမ်ခြေ ၁၀၆၊ အိမ်ထောင်စု ၁၁၂၊ ကျား ၂၁၁၊ မ ၂၅၄၊ ပေါင်း ၄၆၅

၁၀။ သခွတ်ချောင်းအုပ်စု (သခွတ်ချောင်း၊ အုတ်အိုင်၊ ဝဲဒေါင့်၊ ကျွန်းဦး၊ ကွမ်းခြံကုန်း၊ ဂျမ်းကုန်း၊ ကျွန်းတဲ) - အိမ်ခြေ ၃၉၁၊ အိမ်ထောင်စု ၄၀၁၊
ကျား ၇၆၂၊ မ ၇၈၂၊ ပေါင်း ၁၅၄၄

၁၁။ သိမ်ကုန်းအုပ်စု - အိမ်ခြေ ၅၄၉၊ အိမ်ထောင်စု ၅၅၇၊ ကျား ၁၀၆၄၊
မ ၁၁၈၀၊ ပေါင်း ၂၂၄၄

၁၂။ အိုင်သလုအုပ်စု - အိမ်ခြေ ၃၃၉၊ အိမ်ထောင်စု ၃၃၉၊ ကျား ၆၆၂၊ မ ၆၀၈၊ ပေါင်း ၁၂၇၀

စုစုပေါင်း - အိမ်ခြေ ၃၁၅၈၊ အိမ်ထောင်စု ၃၂၁၅၊ ကျား ၆၇၁၂၊
မ ၇၃၄၄၊ ပေါင်း ၁၄၀၅၆

နေ့စဉ်လူဦးရေ အပြောင်းအလဲရှိနိုင်ပါသည်။

လိုအပ်သလိုအကျိုးရှိရှိ ထိထိရောက်ရောက်လှူဒါန်းနိုင်ရန်တင်ပြအပ်ပါသည်။

အားလုံးဘေးရန်ကင်းကွာ စိတ်ချမ်းသာကြပါစေ

လေးမျက်နှာမြို့ရေပြင်အခြေ‌အနေ ‼️ကျနော်တို့ ဧရာဝတီသို့ 9/10ရက်နေ့တွင်သွားရောက်လှူဒါန်းပါမည်🙏ရိက္ခာနှင့်ဆေးဝါးများအထူးလိုအ...
05/08/2026

လေးမျက်နှာမြို့ရေပြင်အခြေ‌အနေ ‼️

ကျနော်တို့ ဧရာဝတီသို့ 9/10ရက်နေ့တွင်သွားရောက်လှူဒါန်းပါမည်
🙏ရိက္ခာနှင့်ဆေးဝါးများအထူးလိုအပ်နေပါတယ်🙏

အလှူရှင်များနှင့်ဒုက္ခသည်များ ကယ်ဆယ်ရေးညီအကိုများသို့
ဆက်သွယ်လိုပါက ကျနော်တို့ T.home ဖုန်းနံပတ် 09985335049 သို့ဆက်သွယ်ပါ

အနီးဆုံး အဖွဲ့များသို့ ကျနော်တို့လမ်းညွန်ပေးပါ့မယ်ခင်ဗျာ🙏🙏

မှတ်မိ‌ပေးပါ တောင်ငူ‼️ကိုယ့်အလှည့်တုန်းက ဧရာဝတီက ဘယ်လိုလာလှူလဲ အမြဲမှတ်ထားပါ  (page storyမှာကြည့်ပေးပါ‼️)အခု ဧရာဝတီဟာ တေ...
04/08/2026

မှတ်မိ‌ပေးပါ တောင်ငူ‼️

ကိုယ့်အလှည့်တုန်းက ဧရာဝတီက ဘယ်လိုလာလှူလဲ အမြဲမှတ်ထားပါ (page storyမှာကြည့်ပေးပါ‼️)

အခု ဧရာဝတီဟာ တောင်ငူမြို့ရဲ့အကူအညီကို လိုအပ်နေပြီမို့
ရေသန့်တဘူးပဲဖြစ်ဖြစ် အကူအညီပေးနိုင်အောင်ကြိုးစားပေးပါ

လိုအပ်ရင် ကျနော်တို့ကိုဆက်သွယ်ပါ
09985335049

တောင်ငူမြို့ရေဘေးတုန်းကဧရာဝတီဘကကားဆယ်စီးကျော်လာကူပေးကြတာပါ

တစ်လှည့်နိုင်သလောက်လောက်လေးပြန်ကူကြရအောင်

https://www.facebook.com/share/198V9vAad3/

‼️တောင်ငူမြို့မှ ဧရာဝတီတိုင်းရေဘေးကယ်ဆယ်ရေး ‼️‼️တောင်ငူမြို့နယ်မှလူကိုယ်တိုင်ပါဝင်လိုက်ပါလိုသည့်အလှူရှင်များ ကျနော်တို့က...
04/08/2026

‼️တောင်ငူမြို့မှ ဧရာဝတီတိုင်းရေဘေးကယ်ဆယ်ရေး ‼️‼️

တောင်ငူမြို့နယ်မှလူကိုယ်တိုင်ပါဝင်လိုက်ပါလိုသည့်အလှူရှင်များ ကျနော်တို့ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ

‼️‌ဆန်၊ဆီ၊ခေါက်ဆွဲ၊ဆေး၊ရေသန့်၊အဝတ်အစား၊ငွေကြေး၊စောင်၊နှင့်အခြားပစ္စည်းများအားလုံးလှူဒန်းနိုင်ပါတယ်ဗျ‼️

ပို့ဆောင်ရာတွင် အခက်အခဲရှိပါက ကျနော်တို့ကိုယ်တိုင်လာရောက်ကူညီပေးမှာမို့ 09985335049 သို့ဆက်သွယ်နိုင်ပါသည် ။

ရောက်ရှိနေသောအလှူရှင်များအနေနဲ့လည်း ဒေသခံ အဖွဲ့အစည်း
အဖြူရောင်နှလုံးသားပရဟိတ(ဘိုကလေး)သို့ဆက်သွယ်အကူအညီတောင်းနိုင်ပါသည် ။

https://www.facebook.com/share/19DVKA3fqN/

ဧရာဝတီရေဘေး အခြေအနေကို မြန်မာနိုင်ငံအနှံ့က ပြည်သူများအားလုံးကို နယ်ခံတစ်ဦးအနေနဲ့ လေးစားစွာ ရှင်းပြချင်ပါတယ်ရှင့် 🙏🏻မင်မင...
03/08/2026

ဧရာဝတီရေဘေး အခြေအနေကို မြန်မာနိုင်ငံအနှံ့က ပြည်သူများအားလုံးကို နယ်ခံတစ်ဦးအနေနဲ့ လေးစားစွာ ရှင်းပြချင်ပါတယ်ရှင့် 🙏🏻

မင်မင်တို့ “ ရွှေကြိမ်လုံး” က ရေကြည်မြို့မှ ဖြစ်ပြီး လက်ရှိ ရေဘေးသင့်ဒေသများနှင့် အနီးစပ်ဆုံးမြို့နယ်တစ်ခု ဖြစ်တာကြောင့် မြေပြင်အခြေအနေကို နီးနီးကပ်ကပ် သိမြင်နေရပါတယ်။ ဒါကြောင့် မြေပြင်မှာ တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သိရှိစေချင်တဲ့ စေတနာနဲ့ ဒီစာကို ရေးသားခြင်း ဖြစ်ပါတယ်။

လက်ရှိ ဧရာဝတီဒေသမှာ ဖြစ်ပေါ်နေတဲ့ ရေဘေးဟာ နှစ်စဉ်ကြုံနေကျ ရေကြီးမှုနဲ့ မတူပါဘူး။

လူအချို့က “ဧရာဝတီက နှစ်တိုင်းရေကြီးနေကျပဲ၊ သူတို့ နေတတ်ပါတယ်” လို့ ထင်မြင်နေကြပါတယ်။ ဒါပေမယ့် ဒီအမြင်ဟာ လက်ရှိ ဒုက္ခရောက်နေသူတွေအတွက် မမှန်ကန်သလို၊ အကူအညီရရှိရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

ဘာကြောင့် ဒီတစ်ခေါက် ရေဘေးက မတူတာလဲ?

* ဒီတစ်ခေါက်ဟာ တာဘောင်ကျိုးပေါက်မှု ဖြစ်ပါတယ်။
* မြစ်ဘေးကို ကာကွယ်ထားတဲ့ တာဘောင်ကျိုးသွားတာကြောင့် မြစ်ရေတွေ အလုံးအရင်းနဲ့ မြို့၊ ရွာတွေအတွင်း ဝင်ရောက်လာတာပါ။
* ရိုးရိုးရေကြီးခြင်းနဲ့ တာကျိုးခြင်းဟာ လုံးဝမတူပါ။
* တာအတွင်းက မြို့တွေ၊ ရွာတွေဟာ ပုံမှန်အားဖြင့် ရေကြီးလေ့မရှိတဲ့ ဒေသတွေဖြစ်ပြီး ယခုလိုဖြစ်စဉ်က အလွန်ရှားပါးပါတယ်။

လက်ရှိ ရေဘေးသင့်ပြည်သူတွေ ဘာတွေ ကြုံနေရလဲ?

* အိမ်များ၊ လယ်ယာများ ရေမြုပ်ကုန်ပါတယ်။
* လယ်သမားများရဲ့ တစ်နှစ်စာ ဝင်ငွေအခြေခံ ပျက်စီးသွားပါတယ်။
* ရေကျသွားရင်တောင် ပြန်လည်ထူထောင်ဖို့ အချိန်နဲ့ အကူအညီများစွာ လိုအပ်ပါတယ်။
* ရေဘေးစခန်းတွေမှာ ခိုလှုံနေကြရပြီး စားနပ်ရိက္ခာ၊ သောက်ရေ၊ ဆေးဝါး၊ အသုံးအဆောင်များ အရေးပေါ် လိုအပ်နေပါတယ်။
* မြွေဆိပ်ဖြေဆေးနှင့် အရေးပေါ်ကျန်းမာရေးအကူအညီများလည်း လိုအပ်နေပါတယ်။
* နောင်ပြန်လည်စိုက်ပျိုးနိုင်ဖို့ မျိုးစပါးများလည်း လိုအပ်လာမှာ ဖြစ်ပါတယ်။

✅ ကူညီချင်သူတွေ မနည်းပေမယ့်…

ပရဟိတအဖွဲ့တွေ၊ အလှူရှင်တွေ အများကြီးရှိပေမယ့် ဘယ်ရွာကို ဘာလိုအပ်နေတယ်ဆိုတဲ့ တိကျတဲ့ မြေပြင်အချက်အလက် မရှိသေးတာ ကြောင့် ကူညီမှုတွေက မညီမျှဘဲ ဖြစ်နေပါတယ်။

❗️ထိရောက်တဲ့ ကူညီမှုအတွက် လိုအပ်တဲ့ Data

အောက်ပါအချက်အလက်များကို စုစည်းပေးနိုင်ပါက အလှူရှင်များနှင့် ပရဟိတအဖွဲ့များအတွက် အလွန်အထောက်အကူ ဖြစ်ပါလိမ့်မယ်။

* လက်ရှိ ရေနစ်မြုပ်နေသော ကျေးရွာအမည်နှင့် အရေအတွက်
* လူကယ်ထုတ်/ပြောင်းရွှေ့ရန် ကျန်ရှိနေသော ကျေးရွာများ
* ကယ်ဆယ်ရေးစခန်း အရေအတွက်၊ တည်နေရာနှင့် စခန်းတစ်ခုချင်းစီရှိ ခိုလှုံနေသူဦးရေ
* စခန်းတစ်ခုချင်းစီ၏ လက်ရှိလိုအပ်ချက်များ
* ကျေးရွာလူကြီးများနှင့် စခန်းတာဝန်ခံများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ

✅ ဘယ်အလုပ်မဆို Data ဟာ အသက်ပါ။

တိကျတဲ့ မြေပြင်အချက်အလက်ရှိမှသာ အကူအညီတွေက လိုအပ်နေတဲ့နေရာကို အချိန်မီ၊ မျှမျှတတ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

မိမိကျေးရွာရဲ့ လက်ရှိအခြေအနေကိုလည်း ဒီ Post အောက်မှာ Comment မှာ ရေးပေးနိုင်ပါတယ်။ မှန်ကန်တဲ့ အချက်အလက်တွေကို စုစည်းပြီး လိုအပ်တဲ့နေရာတွေဆီ ထိထိရောက်ရောက် ချိတ်ဆက်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်ရှင်🙏🏻

ရေဘေးဒုက္ခခံစားနေရသူတိုင်း လိုအပ်တဲ့ အကူအညီကို အချိန်မီ ရရှိကြပါစေ။🙏🏻

ကျေးဇူးပြု၍ Share ပေးခြင်းဖြင့် မှန်ကန်တဲ့ မြေပြင်သတင်းအချက်အလက်တွေ ပိုမိုပြန့်နှံ့စေပြီး အကူအညီလိုအပ်နေသူများထံ ထိရောက်စွာ ရောက်ရှိစေဖို့ ဝိုင်းဝန်းကူညီပေးကြပါ။ 🙏

ဧရာဝတီတိုင်းသို့ ကူညီလိုပါက ‼️‼️ဧရာဝတီတိုင်း ရေလွမ်းမိုးမှူများဖြစ်ပျော်နေပါတယ်‼️ကျနော်တို့တောင်ငူ ရေအကြီးအကျယ်ကြီးခဲ့တဲ...
01/08/2026

ဧရာဝတီတိုင်းသို့ ကူညီလိုပါက ‼️‼️
ဧရာဝတီတိုင်း ရေလွမ်းမိုးမှူများဖြစ်ပျော်နေပါတယ်‼️

ကျနော်တို့တောင်ငူ ရေအကြီးအကျယ်ကြီးခဲ့တဲ့နှစ်မှာ ဧရာဝတီတိုင်းက ကူညီမှုအများကြီးလက်ခံရရှိခဲ့ပါတယ်

ယခုအချိန်မှာတော့ ဧရာဝတီမှာ ကူညီမည့်သူများလိုအပ်နေပါတယ်ဗျ

ဒါကြောင့် တောင်ငူသူ/တောင်ငူသားများအနေနဲ့ လှူဒါန်းလိုတယ်
ကိုယ်တိုင်ပါဝင်လိုတယ်ဆိုရင်

ဧရာဝတီမြို့ခံ ပရဟိတ အသင်းဖြစ်တဲ့ အဖြူရောင်နှလုံးသား အဖွဲ့
တောင်ငူ မြို့မှ ကိုယ်တိုင်သွားရောက်မည့်အဖွဲ့များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ

‼️အစာခြောက်၊ရေဘူး၊ဆန်၊ဆီ၊ငွေကြေး၊စောင်၊ခြင်ထောင်၊ဆေးဝါး၊အဝတ်အစားနဲ့ အခြားလိုအပ်သောအရာများ အားလုံး လှူဒါန်းနိုင်ပါတယ်‼️

လာရောက်မပို့နိုင်ပါက T.home မှ အိမ်အရောက်လာယူပေးပါ့မယ် ခင်ဗျာ 🙏🙏

09985335049 သို့ဆက်သွယ်နိုင်ပါတယ်ဗျ

21/06/2026

တောင်ငူ မွေးလူနာ ‼️
A သွေး2 လုံး လိုအပ်ပါတယ်ခင်ဗျ
လှူဒါန်းလိုသူများ ဆက်သွယ်ပေးပါ
လိုအပ်လျှင် ကျနော်တို့ ကိုယ်တိုင်လာခေါ်ပါမည်
09-985335049

Address

Taungoo
Taungoo

Telephone

+959985335049

Website

Alerts

Be the first to know and let us send you an email when T.HOME Taungoo Delivery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to T.HOME Taungoo Delivery:

Shortcuts

Share