Cuukie CakeShop

Cuukie CakeShop အရသာရှိပြီး လူမျိုးဘာသာမရွေးစားသုံးနိုင်သော Desserts, Drinks မျိုးစုံကို ကူကီးမှာ ရရှိနိုင်ပါပြီ။

📦ဆိုင်ပိတ်တော့မယ်ဆိုပြီး ပစ္စည်းတွေသိမ်းတော့ ကျန်တဲ့ ပစ္စည်းထက် packaging ပစ္စည်းတွေက ကျွန်မဆိုင်မှာ ဆိုင်ပြန်ဖွင့်လို့ရ...
17/06/2026

📦ဆိုင်ပိတ်တော့မယ်ဆိုပြီး ပစ္စည်းတွေသိမ်းတော့ ကျန်တဲ့ ပစ္စည်းထက် packaging ပစ္စည်းတွေက ကျွန်မဆိုင်မှာ ဆိုင်ပြန်ဖွင့်လို့ရတဲ့ထိ တအားများနေတာကို အံ့ဩနေရတယ်ရှင် 🤣

ခုလထဲ ကျွန်မဆီမှာ စက်ပစ္စည်းတွေ/ ရေခဲသေတ္တာတွေကအစ မိုလ်တွေအထိ ပြန်ရောင်းဖို့ လာမေးကြပါတယ်။ ကျွန်မလဲ စာပြန်သင်တာလေးတွေ မပြီးသေးတော့ လကုန်မှ ဆိုပြီး လာမေးသမျှကို ရွှေ့ထားရတာပါ။

ဟုတ်ပါတယ် ဒီတခေါက်က အပြီးကိုပိတ်ခဲ့တာမို့ ရှိသမျှ ပစ္စည်းအကုန်ရောင်းခဲ့မှာပါ၊ ဒါပေမယ့် ပစ္စည်းတော်တော်များများက ကျွန်မကျောင်းသားတွေနဲ့ ကြိုမေးထားတဲ့ မိတ်ဆွေတွေက လုဝယ်နေကြတာနဲ့ကို ရောင်းပြီးသားတွေဖြစ်နေတာမို့ ဘာမှ မကြေညာလိုက်တာပါ ဒီ packaging ပစ္စည်းတွေကတော့ တော်တော်များတာမို့ အမျိုးအစား အခုရေ ခွဲပြီးတာနဲ့ ကြိုပြောထာရတဲ့သူတစ်ချို့ကို အရင်ရွေးခိုင်းပြီးတာနဲ့ ကျွန်မ page မှာတင်ပေးပါ့မယ်။ ရှားရှားပါးပါး လိုချင်လွန်းလို့ ဘန်ကောက်ထိ လူကိုယ်တိုင် သွားရှာဝယ်ပြီး မသုံးလိုက်ရတာလေးတွေလဲ တွေ့တော့ စိတ်တော့အတော်မကောင်းပြန်ဘူး 😅 ပြန်ရောင်းတာကတော့ အပြင်မှာ ဘယ်မှာမှ မရတဲ့စျေးတွေနဲ့ချည်း အလှူပေးသလိုရောင်းနေလို့ တအိမ်လုံးကလဲ ကျွန်မကို မျက်စောင်းတထိုးထိုးနဲ့ပါ၊ ဆိုင်သာပိတ်သွားတယ် အချိုးကမပြောင်းဘူးဆိုပြီး 🤣

မုန့်ရောင်းဖို့ကလဲ ပစ္စည်းတွေ တစ်ယောက်ထဲ ရှင်းရင်း ခွဲခြမ်းစိတ်ဖြာရင်းနဲ့ လူက စိတ်သွားသလောက်မလိုက်နိုင်တော့ မရောင်းဖြစ်ဖို့ကများနေတာပါ၊ online class တွေကလဲ ကျွန်မ သွားဖို့ရက်လေးက နည်းနည်းရှေ့တိုးသွားတော့ ကြေညာထားသလောက်တော့ သင်မပေးနိုင်ဖို့များပါတယ်။ အဲဒါကြောင့်ကြိုပြောထားတဲ့သူတွေ request လုပ်ထားတဲ့အတန်းတွေကလွဲရင် မလုပ်ဖြစ်ဖို့များတယ်ဆိုတာလေး လဲပြောချင်လို့ပါရှင်။

📣 ဒါကတော့ ကူကီးနဲ့မဆိုင်ပေမယ့် ကူကီးပရိတ်သတ်တွေအတွက် မြို့ပေါ်က ကျွန်မကြိုက်တဲ့ hidden treasure လေး မပြောပြဘဲ မနေနိုင်လိ...
16/06/2026

📣 ဒါကတော့ ကူကီးနဲ့မဆိုင်ပေမယ့် ကူကီးပရိတ်သတ်တွေအတွက် မြို့ပေါ်က ကျွန်မကြိုက်တဲ့ hidden treasure လေး မပြောပြဘဲ မနေနိုင်လို့ပါ။😁

ဒီဆိုင်က မုန့်ဖတ်ထောင်းကိုစားပြီးတဲ့နောက်မှာ တခြားမုန့်ဖတ်ထောင်းစားရင် မပျော်တော့တဲ့ထိကို အရသာက ဘာမှအပိုအလိုမရှိကောင်းတာပါ၊ ဘယ်သူ့မှ မပြောဘဲ ကိုယ်တွေပဲကျိတ်စားနေတာတော့ကြာပါပြီ ခုက မပြောဘဲ သွားရမှာ စိတ်မလုံတဲ့ထိ စားကောင်းလို့ 🤭 ကောင်းတာလေးတွေမှ ကြိုက်တဲ့ ကူကီးပရိသတ်တွေကို လက်တို့ခဲ့ပါတယ်နော်။

သူ့ဆီကအထောင်းတွေက ချိုချဉ်ငံစပ် ဘာမှမလိုအောင်ကိုကောင်းတဲ့အပြင် အဲဒီ ပုံမှန်အရသာတွေပါရုံပဲလားဆိုမဟုတ်ဘူး အရမ်းဆိမ့်ပြီး nutty ဖြစ်တဲ့ အရသာလေးနဲ့ Savory တော်တော်ဖြစ်တဲ့ လေးလေးပင်ပင်အရသာကိုရတာ ပါ။ ဆိုင်ကို comment မှာ screenshot ပေးထားမယ်နော်။ 🥰

📣 ဆွမ်းမွှေးအုန်းနုကိတ် မှာထားသူများ လာယူလို့ရပါပြီရှင်၊ အပိုတော့မရတော့ပါဘူးရှင့်။ 🥰
10/06/2026

📣 ဆွမ်းမွှေးအုန်းနုကိတ် မှာထားသူများ လာယူလို့ရပါပြီရှင်၊ အပိုတော့မရတော့ပါဘူးရှင့်။ 🥰

Edited - မရတော့ပါဘူးရှင့်🌴Coco Pandan Cake - 5000 Ks 🌴————————————————————သင်ပေးခဲ့တဲ့ထဲတွေမှာလဲ ဒီကိတ်မပါလို့ ကူကီးအပြီ...
09/06/2026

Edited - မရတော့ပါဘူးရှင့်

🌴Coco Pandan Cake - 5000 Ks 🌴
————————————————————
သင်ပေးခဲ့တဲ့ထဲတွေမှာလဲ ဒီကိတ်မပါလို့ ကူကီးအပြီးမပိတ်ခင်လေး ဆွမ်းမွှေးအုန်းနုကိတ်ကို အမှတ်တရစားချင်တယ်ဆိုတဲ့သူတွေလဲများလွန်းလို့ မနက်ဖြန်တစ်ရက် ရောင်းပေးပါမယ်။ အလုံးရေများများ မလုပ်ပေးနိုင်တာမို့ ကြိုမှာနိုင်အောင်စောစောတင်ပေးတာပါရှင်။

📱 09409666609

📣Helloooooo… ကူကီး Ice Candy လေးတွေ အိမ်ကိုပဲလာလာမေးနေကြလို့ အိမ်မှာတော့ မရောင်းပေးတော့မယ့် “ဆေးသုခ” မှာ stock အများကြီး...
08/06/2026

📣Helloooooo… ကူကီး Ice Candy လေးတွေ အိမ်ကိုပဲလာလာမေးနေကြလို့ အိမ်မှာတော့ မရောင်းပေးတော့မယ့် “ဆေးသုခ” မှာ stock အများကြီးဖြည့်ပေးထားပါတယ်နော်။ စားချင်ရင် သွားအားပေးလို့ရပါပြီရှင်။ 🥰

သူတို့ဆီမှာ လောလောဆယ် stock ဖြည့်ပေးထားတဲ့ flavors လေးတွေ ဒုတိယပုံမှာ ဝိုင်းပြထားပေးပါတယ်နော်။😉

🐻‼️ Choco Cuukie မှာထားတဲ့ Customers များလာယူလို့ရပါပြီရှင်။ အပိုတော့ မရတော့ပါဘူးရှင့်။ 🥰📱09409666609
08/06/2026

🐻‼️ Choco Cuukie မှာထားတဲ့ Customers များလာယူလို့ရပါပြီရှင်။ အပိုတော့ မရတော့ပါဘူးရှင့်။ 🥰

📱09409666609

📣Hello.. Cuukie ဆိုင်လေးမပိတ်ခင် နောက်ဆုံးအနေနဲ့မုန့်လေးတွေကို ဒီလကုန်မတိုင်ခင်ထိရက်ခြားပြီး လုပ်နိုင်သလောက် ရောင်းပေးခဲ...
07/06/2026

📣Hello.. Cuukie ဆိုင်လေးမပိတ်ခင် နောက်ဆုံးအနေနဲ့
မုန့်လေးတွေကို ဒီလကုန်မတိုင်ခင်ထိ
ရက်ခြားပြီး လုပ်နိုင်သလောက် ရောင်းပေးခဲ့မယ်
ဆိုတာလေး အသိပေးပါရစေရှင်။

‼️🐻 မနက်ဖြန်ကို Choco Cuukie ကို ၃၀၀၀ ကျပ်ထဲနဲ့ ၁၅ လုံးရောင်းပေးပါမယ်နော်။ မနက်ထဲကရပါတယ်ရှင်။

မုန့်လေးတွေ ရောင်းဖြစ်တာက
Online Class အတွက် Video ရိုက်ရင်းရော
Baker လဲ နောက်ထပ် ဘယ်အချိန်မှ မုန့်ပြန်ဖုတ်ရမလဲမသိတော့ စက်ပစ္စည်းတွေအားလုံးလဲ မရောင်းခင် နောက်ဆုံးအနေနဲ့ baker ဘဝလေးကို enjoy လုပ်ခဲ့ချင်လို့ အားတဲ့ရက်လေးတွေ မုန့်ဖုတ်ပြီး ကျွေးခဲ့ချင်တာရောကြောင့်ပါ။

လိုသေးတယ် လိုသေးတယ်ပဲတွေးနေပေမယ့်
ဒီဆိုင်လေးနဲ့ အားပေးချစ်ခင်ခဲ့ကြတဲ့ ဒီလူတွေနဲ့နောက်ဆုံး ခွဲရမယ့်အချိန်ကတော့ တဖြည်းဖြည်းရောက်လာနေပါပြီ။ 😅

In-person သင်တန်းပေးခဲ့ရတဲ့ သူတွေကိုလဲ အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ ကျွန်မ Baking Class ကို ၅ သိန်းနဲ့ ဖွင့်လိုက်တော့ တော်တော်များများက စျေးကြီးလိုက်တာဆိုပြီး ပြောကြတာလဲ ကျွန်မ ပြန်ကြားရပါတယ်။ ဘာဖြစ်ဖြစ် ကျွန်မ သင်တန်းသားတွေကတော့ တန်တာထပ်ပိုတယ်ဆိုတာချည်းပဲ ပြန်ပြောရအောင်ထိ ကျွန်မသင်ပေးခဲ့နိုင်ပါတယ်ရှင်။ ဒီစျေးနှုန်းက တကယ်တော့ ကျွန်မသင်ပေးသလို quality နဲ့သင်တဲ့ Baking School အကြီးကြီးတွေမှာ ကိတ်တစ်မျိုးထဲကို တစ်ရက်ထဲသွားတက်ရတဲ့ စျေးနှုန်းတောင်မရှိပါဘူး 😅 ကျွန်မဆီမှာ ကုန်ကြမ်းရွေး၊ မုန့်ဖုတ်၊ birthday cake design၊ ဓာတ်ပုံရိုက်၊ ဓာတ်ပုံတွေကို လုပ်ငန်းအကြီးတွေနဲ့ယှဉ်နိုင်အောင်ထိ Design ပြင်ဖို့ tools တွေ သင်ပေးတာ၊ social media marketing၊ ကျွန်မသင်တာအပြင် တခြားနိုင်ငံက မုန့်လုပ်နည်း တွေကို ဦးဖျားဖျား ကိုယ်တိုင်ရှာနည်းကစလို့ customer ကိုအကောင်းဆုံး serve လုပ်နိုင်တဲ့ အထိအသေးစိတ်သင်ပေးတာပါ။ ကြေညာတာလဲ ၅ ရက်ပေမယ့် ရက်အပိုတွေပါသင်ပေးခဲ့သလို recipe အပိုတွေလဲ အကုန်သင်ပေးခဲ့တာပါ။ နောက်ပြီး သင်တန်းကနေ အိမ်ပြန်သယ်ခွင့်ပေးခဲ့တဲ့ မုန့်တွေချည်းပဲ ပြန်ရောင်းစျေး ၂ သိန်းအထက်ကျော်အောင် ကျွန်မတို့ ပြန်ပေးခဲ့ပါတယ်။ ဒီအကြောင်းကိုလဲ သင်တန်းတွေအကုန်ပြီးသွားမှ ကျွန်မတမင်ပြောရတာက In-person သင်ရတာ တော်တော်ကြီးပင်ပန်းလွန်းလို့ သင်တန်းသားထပ်လာမှာစိုးလို့ပါ။ ငြင်းလိုက်ရတဲ့သူတွေကိုလဲ တကယ်မျက်နှာပူရပါတယ်။ သင်ပေးချင်ဇောနဲ့ အတင်းသင်တာ ဖျားတောင်ဖျားတဲ့အထိပါ။ 😂

ဘာဖြစ်ဖြစ် ကူကီးထပ်အများကြီးပိုသာပြီး ပိုကြီးတဲ့ လုပ်ငန်းရှင်တွေ အများကြီးပေါ်လာတော့မှာ တွေးပြီးတောင် ပီတိဖြစ်ရပါတယ်ရှင်၊ ပြန်သင်ရတဲ့ပီတိက မုန့်လုပ်ခဲ့တဲ့ ပျော်ရွှင်မှုထပ် အများကြီးပိုပြီး အတွေ့အကြုံရခဲ့လို့လဲ ကျေးဇူးတကယ်ကိုတင်ရတာပါရှင်။

ကဲအားလုံးပဲ လမကုန်ခင် ကူကီးရဲ့ နောက်ဆုံးရက်လေးတွေမှာ အတူရှိနေပေးပါဦးနော်.. 🩵

🚨🐄 နွားနို့ကိတ်မှာထားတဲ့ Customers များ လာယူလို့ရပါပြီနော်၊ အပိုတော့ မရတော့ပါဘူးရှင့်။ ♥️📱09409666609🛵 Delivery နဲ့ယူထား...
05/06/2026

🚨🐄 နွားနို့ကိတ်မှာထားတဲ့ Customers များ လာယူလို့ရပါပြီနော်၊ အပိုတော့ မရတော့ပါဘူးရှင့်။ ♥️

📱09409666609
🛵 Delivery နဲ့ယူထားတဲ့သူတွေကတော့ ညနေ ၅ နာရီနောက်ပိုင်းမှ ပို့ပေးပါမယ်နော်

🐄 နွားနို့ကိတ် - ၆၀၀၀ ကျပ် 🌸———————————————မနက်ဖြန်တစ်ရက် နွားနို့ကိတ်လေးရောင်းပေးသွားပါဦးမယ်နော်၊ နွားနို့ကိတ်မေးကြတဲ့သ...
04/06/2026

🐄 နွားနို့ကိတ် - ၆၀၀၀ ကျပ် 🌸
———————————————

မနက်ဖြန်တစ်ရက် နွားနို့ကိတ်လေးရောင်းပေးသွားပါဦးမယ်နော်၊

နွားနို့ကိတ်မေးကြတဲ့သူများ စားချင်ရင် ကြိုမှာပေးပါနော်၊ အများကြီးမလုပ်ပေးနိုင်တော့လို့ပါရှင် 🩵

‼️မနက်မှ ဖုတ်မှာမို့ ညနေ ၃ နာရီနောက်ပိုင်းမှရပါမယ်ရှင်
🛵 Delivery လိုချင်ရင်တော့ ညနေ ၅ နာရီနောက်ပိုင်းမှ တစ်ကြောင်းထဲပေါင်းပို့ပေးပါမယ်ရှင်။

📱09409666609

04/06/2026

🥺 Online class စာရင်းပေးပြီးစောင့်နေကြတဲ့သူတွေ အများကြီးတောင်းပန်ပါတယ်နော် baker ရယ် in person classes တွေက ထင်ထားတာထက် ရက်လေးတွေကြာအောင် သင်နေရတာရော မအားတာရောနဲ့ကြာနေတာပါ နောက်ရက်တွေကစပြီး ဆက်တိုက်ရိုက်ပြီး ပြီးအောင်တင်ပေးပါ့မယ်နော်။

နွားနို့ကိတ်ကို မနက်ဖြန်ရောင်းပေးပါ့မယ်။ နွားနို့ကိတ်လုပ်မကျွေးလိုက်ရဘဲ ပိတ်ပြေးမှာစိုးလို့ လာလာဆူတဲ့ ကူကီးချစ်ချစ်တွေရဲ့ ဆန္ဒပြည့်ပါပြီရှင်။ မနက်ဖြန်ရောင်းပေးမယ်နော် ညကျ post တင်ပေးပါမယ်။ နွားနို့ကိတ်ကတော့ သင်တဲ့ထဲမပါလို့ ရောင်းတဲ့ရက်လေးစားလို့ရပါတယ်လို့ပဲ မေတ္တာရပ်ခံပါရစေရှင် 🥰

Address

ချင်းကျောင်း(၃)လမ်း၊ အနောက်ရပ်မြောက်ပိုင်း
Thayetmyo

Opening Hours

Tuesday 12:00 - 18:00
Wednesday 12:00 - 18:00
Thursday 12:00 - 18:00
Friday 12:00 - 18:00
Saturday 12:00 - 18:00
Sunday 12:00 - 18:00

Telephone

+959409666609

Website

Alerts

Be the first to know and let us send you an email when Cuukie CakeShop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share