27/08/2024
Hello အားလုံးပဲမင်္ဂလာပါရှင်။ ဒီနေ့ပီကာပြောပြပေးသွားမယ့်အကြောင်းလေးကတော့ Rom&nd Glasting gloss နဲ့ Fixing etude series ထဲက Glow fixing tint နှစ်မျိုးကို ရောဆိုးပြီး ထွက်လာတဲ့ Resultလေးကို ပြောပြပေးပါမယ်နော်။
Fixingရဲ့ No.8 Red Sangria အရောင်လေးကို Nfမှာတက်လာလို့ Review လေးကြည့်ဝယ်မိတာ
Review ထဲမှာက ပန်းနီရောင်လေးဖြစ်နေပြီး တကယ်တမ်းအရောင်အမှန်က ပန်းခရမ်းရောင်လေးပါရှင့်။
ပီကာက အရမ်းမဖြူတဲ့သူမို့ ပန်းခရမ်းရောင်နဲ့ဆို လုံးဝကိုမလိုက်တာပါ
အဲ့ဒါနဲ့စိတ်ကူးရသွားပြီး Fixingလေးကို အောက်ခံပါးပါးလေးဆိုးပြီး အပေါ်က Rom&ndရဲ့ Glossလေး ထပ်ပြီးဆိုးလိုက်တာ အတော်လေး လှတဲ့ colorလို့ပြောလို့ရတယ်။
ပုံထဲကအရောင်အတိုင်းလေးထွက်ပါတယ်နော်။
၂ ချောင်းရောဆိုးလိုက်မှ တော်တော်လေးအဆင်ပြေပြီး ပြန်ရောင်းစရာလဲမလိုတော့စိတ်သက်သာရာရသွားတာပေါ့ ❤
အရောင်လေးက ပန်းခရမ်းလေးကိုမှ ပန်းအဖျော့လေးဘက်သွားပါတယ်နော်။
ပုံထဲကအရောင်လေးအတိုင်းထွက်တာ အရမ်းလှတယ် 😍😍😍
Lipstick လေးတွေဝယ်မယ်ဆို ပီကာ့လိုမဖြစ်ရအောင် ဆိုင်မှာ testerလေးတွေနဲ့ စမ်းပြီးမှဝယ်တာအဆင်ပြေလိမ့်မယ်နော် ❤❤