Mohnyin Eain

Mohnyin Eain တိုင်းရင်းသားရိုးရာထွက် အစားအစာရောင်းဝယ်ရေး

နံနံပင်ကိုရေစိမ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းတဲ့နည်းလေး သဘောကျနေပြီခု အရင်ကတခြားနည်းတွေအကုနိလုပ်ပေမယ့် အလေအလွင့်ရှိသေးတယ် ခု...
21/04/2026

နံနံပင်ကိုရေစိမ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းတဲ့နည်းလေး သဘောကျနေပြီခု အရင်ကတခြားနည်းတွေအကုနိလုပ်ပေမယ့် အလေအလွင့်ရှိသေးတယ် ခုတော့ ဘာမှပစ်စရာမလိုတော့ အဆင်ပြေလိုက်တာ Facebook မှာသူများလုပ်တာတွေ့လို့ လုပ်ကြည့်တဲ့နည်း

နံနံပင်ကို အရင်ဆုံးသန့်သွားအောင်ရေဆေးပေးပြီး နွမ်းတာတွေဖယ်ပေးရပါတယ် ပြီးမှရေမြုတ်အောင် ဖြည့်ပြီး ဘူးလုံတဲ့အထဲထည့် ရေခဲသေတ္တာထဲထည့်သိမ်းပါတယ် တရက်တခါ ရေလဲရပါတယ် တခါတလေမေ့ပြီး ၂ရက်လောက်ဖြစ်သွားလည်းဘာမှတော့မဖြစ်ဘူးရှင့် ဖန်ဗူးနဲ့ထည့်သိမ်းရင် ပိုကောင်းတယ်လို့ပြောကြတယ်

Credit

မီးဖိုချောင်သုံး ဘေစင် (Sink) ထဲကို လုံးဝ မလောင်းချသင့်တဲ့ အရည် ၁၁ မျိုးအကြောင်း-၁။ ချက်ပြုတ်ဆီ (Cooking oil): ပိုက်ထဲမှ...
25/03/2026

မီးဖိုချောင်သုံး ဘေစင် (Sink) ထဲကို လုံးဝ မလောင်းချသင့်တဲ့ အရည် ၁၁ မျိုးအကြောင်း-

၁။ ချက်ပြုတ်ဆီ (Cooking oil): ပိုက်ထဲမှာ ခဲသွားပြီး လုံးဝပိတ်ဆို့စေပါတယ်။
၂။ ဆူပွက်နေသောရေ (Boiling water): ပလတ်စတစ်ပိုက်တွေကို ပုံပျက်စေတာ ဒါမှမဟုတ် ဆက်ကြောင်းတွေကို ပြုတ်ထွက်စေနိုင်ပါတယ်။
၃။ ချွတ်ဆေး (Bleach): အခြားဓာတုပစ္စည်းတွေနဲ့ဓာတ်ပြုပြီး အဆိပ်ငွေ့ထွက်စေနိုင်သလို ပိုက်တွေကိုလည်း တိုက်စားတတ်ပါတယ်။
၄။ ပိုးသတ်ဆေး/ဗာနီဂါ (Vinegar): အက်ဆစ်ဓာတ်က ရေပိုက်ရဲ့ ရော်ဘာကွင်း (Seals) တွေကို ရေရှည်မှာ ပျက်စီးစေပါတယ်။
၅။ နို့နှင့် နို့ထွက်ပစ္စည်း (Dairy): ပိုက်ထဲမှာ ပုပ်သိုးပြီး အလွန်နံတဲ့ အနံ့ဆိုးတွေ ထွက်စေပါတယ်။
၆။ ကော်ဖီအနှစ် (Coffee grounds): ရေမှာမပျော်ဘဲ ပိုက်ကွေ့တွေမှာ စုပုံပြီး ခိုင်မာစွာ ပိတ်ဆို့တတ်ပါတယ်။
၇။ ပျားရည် (Honey): ပိုက်ထဲမှာ ကပ်စေးနေပြီး အခြားအညစ်အကြေးတွေကို ဖမ်းထားသလို ဖြစ်စေပါတယ်။
၈။ ဆေးဝါးများ (Medication): ရေထုကို ညစ်ညမ်းစေပြီး သဘာဝပတ်ဝန်းကျင်ကို အဆိပ်သင့်စေပါတယ်။
၉။ ဂျုံနှစ်/ဂျုံရည် (Flour slurry): ရေနဲ့ထိရင် ကော်လိုဖြစ်သွားပြီး ပိုက်နံရံမှာ အလွှာလိုက် ကပ်နေတတ်ပါတယ်။
၁၀။ ဆလတ်ရွက်သုပ်ဆီ/ဆော့စ် (Salad dressing): ဆီနဲ့ အဆီဓာတ်တွေ အများကြီးပါလို့ ပိုက်ပိတ်စေပါတယ်။
၁၁။ ပိုက်ရှင်းဆေး (Drain cleaner): ပြင်းထန်တဲ့ ဓာတုပစ္စည်းတွေက ပိုက်တွေကို အတွင်းကနေ တိုက်စားပြီး ပေါက်ပြဲစေနိုင်ပါတယ်။

ဘေစင်ကို အသုံးပြုရတာ အဆင်ပြေတယ်ဆိုပေမဲ့ အရာရာကို လောင်းချလို့ရတဲ့နေရာ မဟုတ်ပါဘူး။ ရေပိုက်တွေ ရေရှည်ခိုင်ခံ့ဖို့နဲ့ ပိုက်ပြင်ခ (Plumbing fees) အကုန်အကျများတာမျိုး မဖြစ်စေဖို့အတွက် အချို့သော အရည်တွေကို ပိုက်ထဲ လောင်းမချတာက အကောင်းဆုံးပါပဲ။

Credit
-cleaning tips

ချစ်တို့ရေ မင်မင်ကိုမေ့နေကြပြီလားရှင် 😊လူကိုသာမေ့ချင်မေ့ ချင်းတောင်ဒေသ မင်မင်ကိုယ်တိုင်ထုတ်လုပ်ရောင်းချတဲ့ နွားနောက်ကြော...
04/10/2025

ချစ်တို့ရေ
မင်မင်ကိုမေ့နေကြပြီလားရှင် 😊

လူကိုသာမေ့ချင်မေ့ ချင်းတောင်ဒေသ မင်မင်ကိုယ်တိုင်ထုတ်လုပ်ရောင်းချတဲ့ နွားနောက်ကြော် အရသာလေးကိုတော့ မေ့မသွားကြနဲ့ဦးနော် 🥰

မရသေးဘူးလားမေးနေတဲ့ ချစ်တို့
မင်မင် အမောပြေရင် ပြန်ရောင်းပေးပါမယ်လို့ ❤️

အမေးများတဲ့ ရှားကော/ချားကော ၊  ပါးကော နဲ့ ဝှားကျောင်းဟင်းချက်နည်းတွေ ရေးတင်တဲ့အခါ ပါဝင်တဲ့အမယ်တွေထဲမှာ ဒါလေးတွေပါလာတိုင်...
30/07/2025

အမေးများတဲ့ ရှားကော/ချားကော ၊ ပါးကော နဲ့
ဝှားကျောင်း

ဟင်းချက်နည်းတွေ ရေးတင်တဲ့အခါ ပါဝင်တဲ့အမယ်တွေထဲမှာ ဒါလေးတွေပါလာတိုင်း ခဏခဏမေးကြလို့
မသိသေးတဲ့သူတွေ ခွဲခြားပြီး သိနိုင်အောင် ရေးပေးထားပါတယ်

ရှားကော ပါးကောမှုန့် ဆိုတာ အတော်များများကြားဖူးနေကျဖြစ်ပေမယ့် တချို့လဲ အမှုန့်တစ်မျိုးထဲလို့ထင်နေကြတာရှိပါတယ် တကယ်တော့ ရှားကော (ချားကော)၊ ပါးကော ဆိုတာ အမှုန့်နှစ်မျိုးကို အလွယ် ပေါင်းပြီးခေါ်တာပါ

ရှားကောမှုန့်
သူက (Chinese black cardamom powder) တရုတ်ဖာလာ‌စေ့မှုန့်ပါ ကျမတို့အသိများတဲ့ အိန္ဒိယဖာလာနဲ့
ပုံစံရော အနံ့ရော မတူပါဘူး ဒါပေမယ့် သူလဲ အိန္ဒိယဖာလာလိုပဲ အပြင်ခွံခွာပြီး အထဲက အစေ့လေးတွေကို ကြိတ်ပြီးသုံးကြတာပါ (အမှုန့်က ညိုဝါရောင်သန်းပါတယ်)
နောက်တစ်ခုက တချို့ ရှားကောမှုန့်ကို ဇာတိဖိုလ်သီး(nutmeg) အမှုန့်လို့လဲ ထင်ကြတယ်
မဟုတ်ပါဘူး ၊ ပုံစံဆင်တူတာမို့ အမှတ်မှားကြတာပါ
ပုံမှာ ကြည့်ပါနော်

ပါးကောမှုန့်
သူက (star anise powder) နာနတ်ပွင့်အမှုန့်ပါ
နာနတ်ပွင့်ကတော့ ကျမတို့နဲ့ ရင်းနှီးပြီးသားပါ
ဟင်းတွေထဲမှာ အပွင့်လိုက်ထည့်ချက်ကြသလို အမှုန့်လဲသုံးကြပါတယ် (အမှုန့်က အနည်းငယ်ပန်းရောင်သန်းပါတယ်)

ဝှားကျောင်းမှုန့်
ဝှားကျောင်း ( Szechuan red pepper ) ဆိုတာက
မူလ တရုတ်ပြည် စီချွမ်နယ်ဘက်ကထွက်တဲ့
အနီရောင်ငရုတ်ကောင်းစေ့ တစ်မျိုးပါ
သူက ပုံမှန်ငရုတ်ကောင်းဖြူ /နက် နဲ့ မတူပဲ ပူတဲ့အရသာအပြင် စပ်ပြီးထုံစေတဲ့ အရသာကိုပေးပါတယ်
မာလာရှမ်းကောထဲမှာပါတဲ့ ကိုက်မိရင် လျှာထုံသွားစေတဲ့ အစေ့လေးတွေလို့‌ပြောလိုက်ရင်တော့ လူတိုင်း
သိကြမယ်ထင်ပါတယ် အဲဒါ ဝှားကျောင်းစေ့ပါပဲ
ကျမကတော့ ဝှားကျောင်း အရသာပါတာကိုကြိုက်ပေမယ့် အစေ့လိုက်ကြီးကိုက်မိတဲ့အခါ အရသာအတော်ပြင်းတာမို့ အစေ့ထက် အမှုန့်ကြိတ်ထားတာကို သုံးရတာပိုပြီးသဘောကျပါတယ် (အမှုန့်က အညိုရင့်ရောင်ပါ)

အခုဆိုရင် ရှားကော/ ချားကော ၊ ပါးကောနဲ့ ဝှားကျောင်းမှုန့်တွေအကြောင်း ခွဲခြားသိပြီထင်ပါတယ်

အိမ်မှာသုံးတဲ့ အမှုန့်ထုပ်လေးတွေလဲ ပြပေးထားပါတယ်
တရုတ်စာတွေချည်း ရေးထားတယ်ဆိုရင်တောင် ပုံစံလေးတွေသိပြီမို့ ကိုယ်လိုချင်တဲ့ အမှုန့်ကို ရွေးဝယ်လို့ရပြီနော်
တံဆိပ်အမျိုးမျိုးလာသလို ပြည်တွင်းက ထုတ်တာတွေလဲဝယ်လို့ရပါတယ်

(တရုတ်မဆလာကတော့ ရှားကော ပါးကော ဝှားကျောင်း ငရုတ်ကောင်းဖြူ + နက် လေးညှင်း စမုံစပါး သစ်ဂျပိုးခေါက် စတာတွေ အချိုးကျရောပြီး စပ်ထားတာပါရှင်)

ပုံ/စာ credit ပေးပါတယ်ရှင်
Page follower များဗဟုသုတရအောင် ပြန်လည်မျှဝေပေးပါတယ်ရှင် 😍

28/07/2025

ဒီနေ့တော့ မင်မင် မှိုကြော်နေပါတယ်ရှင့် 🥰 မှိုကြော်မရသေးဘူးလား မေးမေးနေတဲ့ ချစ်မိတ်ဆွေများ မှိုများများရတဲ့နေ့ Order လက်ခံပေးပါမယ်နော် 🥰🙏🏻

Address

Myitkyina

Telephone

+959792455456

Website

Alerts

Be the first to know and let us send you an email when Mohnyin Eain posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mohnyin Eain:

Share