Kaung Chinn Myaing

  • Home
  • Kaung Chinn Myaing

Kaung Chinn Myaing Products of natural native farm(Including eggs ,meats & game cock)

03/08/2023

စနစ်တကျ တိုင်းရင်းကြက်မွေးမြူရေး

စနစ်တကျ တိုင်းရင်းကြက်မွေးမြူရေး
---------------------------------------

ထိန်းသိမ်းစာင့်ရှောက်သည့်စနစ်

ကြက်ငယ်များ –
ကြက်များ၏ သေကျေ ဆုံးရှုံးမှုများတွင် ကြက်ငယ်ဘဝအသက် ၂ လသားအထိ ၂၄ ရာခိုင် နှုန်း၊ ၂ လမှ ၆ လသားအထိ ၁၉ ရာခိုင်နှုန်း ကြက်ကြီးဘဝ၊ ၆ လသားနှင့်အထက် ၅ ရာခိုင်နှုန်း သေနှုန်းရှိ ကြောင်း တွေ့ရပါသည်။ ကြက်ငယ် ဘဝတွင် သေဆုံးနှုန်းအများဆုံးဖြစ်၍ အထူးဂရုစိုက်ရန် လိုပါသည်။ မွေးမြူသူများက ဂရုစိုက်စောင့်ရှောက်မှုမရှိလျှင် သေဆုံးနှုန်း၊ ပိုမိုမြင့်လာနိုင်ပါသည်။ မွေးမြူသူမှ ကြက်ငယ် များ ထိန်းသိမ်းစောင့်ရှောက်ရာတွင် အောက်ပါအချက်များကို အလေးထားဆောင် ရွက်ပေးသင့် ပါသည်။
(၁) ပေါက်ခါစ ကြက်ငယ်နှင့် ကြက်မကြီးကို လုံခြုံသော လှောင်အိမ်(သို့မဟုတ်) ကြက်အုပ်ဆောင်းဖြင့် အုပ်ထားပါ။ ခြောက်သွေ့ပြီး နွေးထွေးသောနေရာ၊ လေစိမ်း မတိုက်သောနေရာတွင် ထားပါ။
(၂) အိပ်တန်းတက်ချိန်၊ ဆင်းချိန်တို့တွင် ကြက်မကြီးနှင့် ကြက်ငယ်များကွဲကွာမှု မရှိစေရန် ဂရုပြုပါ။ ကြက်မကြီးနှင့် ကြက်ငယ်များကို အတူတကွထားပေးပါ။
(၃) ကြက်ငယ်ကလေးများ စားသောက်နိုင်သော အစာခွက်ရေခွက်များ ထားပေးပါ။
(၄) ကြက်ကလေးများ၊ ကျန်းမာသန်စွမ်းလာပါမှ မိခင်ကြက်မကြီးနှင့်အတူ ရှာဖွေ စားသောက်နိုင်ရန် လှောင်အိမ်(သို့မဟုတ်) အုပ်ဆောင်းမှ လွှတ်ပေးပါ။
(၅) သားပေါက်အရေအတွက် များများမွေး မြူပါက ပေါက်ပွားလာသော ကြက်ငယ်များကို မိခင်ကြက်မကြီး နှင့်အတူ (၅)ရက်ခန့် ထိန်းကျောင်းပေးပြီး ကျန်ရက်(၄၀) ခန့်တွင် ကြက်ကလေးများကို ကြက်မကြီးနှင့် ခွဲကာ အငွေ့ပေးစနစ် ကျင့်သုံးခြင်းဖြင့်၊ ၄၅ ရက်သား မီးလွတ်သည်အထိ ဆောင်ရွက် ပေးနိုင်ပါသည်။
(၆) အချို့သော အသေးစားမွေးမြူရေး (small scale) အဆင့်၌ ကြက်မများကို မဝပ်စေဘဲ ကြက်ဥဖောက် စက်ဖြင့် သားပေါက်စေခြင်းဖြင့်၊ တစ်နှစ်အတွင်း သားပေါက်ကြိမ်ရေ သားပေါက်ကောင်ရေ ပိုများခြင်းစသော အကျိုးကျေးဇူးကို ရရှိစေပါသည်။

ကြက်လတ်များ –
ကြက်အသက် ၁ လ၊ ၁ လခွဲအရွယ်ကို ဆိုလိုပြီး ကြက်ထီး/ ကြက်မ ခွဲခြားနိုင်သည့် အရွယ် ဖြစ်သည်။ မိခင်မှ သားစွဲသည့်အရွယ် ဖြစ်သည်။ ကြက်များ ဗိုလ်လုသောအရွယ်လည်း ဖြစ်ပြီး ရရှိလာသော ဒဏ်ရာများကို ဖန်ရည် ဆေးပေးခြင်း၊ အနာလိမ်းဆေးများ လိမ်းပေးခြင်းတို့ ပြုလုပ်ပေးနိုင်ပါသည်။ မိခင် ကြက်မကြီးနှင့် လွတ်ကင်းသောအရွယ် ဖြစ်ပြီး နည်းအမျိုးမျိုးနှင့် သေဆုံးနိုင်သဖြင့် အထူးဂရုပြု ကျွေးမွေး စောင့်ရှောက်ရန် လိုပေသည်။ လှောင်အိမ်စနစ်ဖြင့် မွေးမြူ ပါက သီးခြားဖြည့်စွက်စာများ ကျွေးပါမည်

ကာကွယ်ကုသမှု လုပ်ငန်းများ တိုင်းရင်းကြက်များတွင် အဖြစ်များ သော ရောဂါများမှာ-

၁။ ကြက်လည်လိမ်(ကြက်နာ)
Newcastle disease
၂။ ကြက်ဝမ်းကျရောဂါ
Avian-Pasteurellosis
၃။ ကြက်ကျောက်ရောဂါ
Fowl-Pox
၄။ သန်ရောဂါ
Parasitic-disease စသည်တို့ ဖြစ်သည်။

၁။ ကြက်လည်လိမ်ရောဂါမှာ-
အရပ် အခေါ်အားဖြင့် အိပ်တန်းကျနာ၊ ကြက်နာ ဟုခေါ်သည်။ အသေအပျောက် အများ ဆုံးနှင့် အဖြစ်ဆုံးရောဂါဖြစ်သည်။ ဗိုင်းရပ် ရောဂါပိုးကြောင့်ဖြစ်ပြီး ကူးစက်နှုန်း မြန်သည်။ ပြင်းထန်သည့် ရောဂါအမျိုးအစား ဖြစ်ပွားပါက မည်သည့်လက္ခဏာမှ မပြဘဲ ရုတ်တရက် သေဆုံးနိုင်သည်။ ရောဂါဖြစ်သော ကြက်သည် တောင်ပံကျပြီး အမွေးပွကာ မှိုင်ကုပ်နေတတ်သည်။ ဝမ်းပျက်၍ ချေးစိမ်းပါပြီး အသက်ရှူကြပ် သည့် လက္ခဏာကိုလည်း တွေ့ရတတ်သည်။ ရောဂါကြောင့် အာရုံကြော ထိခိုက်မှုရှိပါက လည်ပင်းလိမ်ခြင်း၊ အကြောဆွဲခြင်း၊ ခြေထောက်မသန်ခြင်း စသော လက္ခဏာများ ပြတတ်သဖြင့် ‘လည်လိမ် ရောဂါဟု ခေါ်ပေ သည်’။ ကိုယ်ခံအား ကျနေသော ကြက်အုပ်များတွင် ခြံလုံးကျွတ် သေတတ်ပါသည်။ ကိုယ်ခံအား တက်နေပါက အထိုက်အလျောက် သေပျောက်နှုန်းလျော့နည်းပါမည်။ ကုသဆေးမရှိဘဲ ကာကွယ်ဆေးကို အသုံးပြုရပါသည်။
တိုင်းရင်း ကြက်များအတွက် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ အပူဒဏ်ခံ ကြက်လည်လိမ် ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ထားပါသည်။ (၃) လတစ်ကြိမ် အရွယ်မရွေး ကြက်အားလုံးသို့ မျက်စဉ်းခတ်ပေးရပါ သည်။ ဆေးထိုးပိုက်မလိုဘဲ မှင်စုပ်ရှိလျှင် အသုံးပြု နိုင်ပါသည်။ ‘အိုင်တူး’ ကာကွယ် ဆေးသည် သိမ်းဆည်း သယ်ဆောင်ရာတွင် အပူဒဏ် အသင့်အတင့်ခံနိုင် သော်လည်း နေရောင်ခြည်ဖြင့် တိုကရိုက် ထိတွေ့မှုမရှိရန် လိုအပ်ပါသည်။ ကြက်မျက်စိ (၁)ဖက်သို့ ဆေး(၁)စက်သာ ခတ်ပေးရမည်ဖြစ်သည်။

၂။ ကြက်ဝမ်းကျရောဂါမှာ-
ဒုတိယ သေပျောက်နှုန်း အများဆုံးရောဂါဖြစ်သည်။ ဘက်တီးရီးယား ရောဂါပိုး ကြောင့်ဖြစ်ပြီး ကုသ၍ရပါသည်။ သို့သော် မဖြစ်မီက ကြိုကာကွယ်ခြင်းက ပို၍ကောင်းပါသည်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်လုပ်သော ကြက်ဝမ်းကျကာကွယ် ဆေး (တောင်ပံခြစ်) ဆေးဖြစ်ပြီး ၆ လ တစ်ကြိမ် ထိုးနှံရမည်ဖြစ်သည်။ ရှမ်းမောမြေ ကုမ္ပဏီထုတ်လုပ်သော Chikusan-Supertonic Solution ဖြင့်လည်း ကာကွယ်ကုသ နိုင်သည်။ ကြက်ဝမ်းကျ ရောဂါလက္ခဏာများမှာ အပြင်းဖျား၍ မှိုင်ကုပ်ခြင်း၊ အစာ စားပျက်ခြင်း၊ ပါးစပ်မှ အရိအရွဲများကျခြင်း၊ စိမ်းဝါရောင်ဝမ်းသွားခြင်း၊ ပါးပျဉ်းရောင်ခြင်း အမောက်များညိုမဲလာ၍ သေဆုံး ခြင်းတို့ဖြစ်ပါသည်။

၃။ ကြက်ကျောက်ရောဂါမှာ-
ရာသီဥတု ပြောင်းချိန် အထူးသဖြင့် မိုးအကုန် ဆောင်းဝင်စများတွင် အဖြစ်များ သည်။ မျက်လုံး၊ မျက်နှာ၊ ပါးပျဉ်း၊ နှုတ်ခမ်းထောင့်များ ပေါ်တွင် အနာအဖုများ တွေ့ရတတ်ပြီး အရပ်အခေါ် (နှင်းသီး)ဟု ခေါ်ပါသည်။ အရေပြားပေါ်တွင် ဖြစ်တတ်သော အခြောက်အမျိုးအစား၊ အာခေါင်မျက်လုံးတွင် ဖြစ်တတ်သော အစိုအမျိုးအစားများ ဖြစ်ပြီး အခြောက်အမျိုးအစားကို Chikusan ဆေးဖြင့် သုတ်လိမ်ပေးက ပျောက်နိုင်ပြီး အစိုကမူ ကုသရခက်ခဲ ပါသည်။ ဗိုင်းရပ်စ်ဖြစ်၍ ကူးစက်မြန်ပါသည်။ Chikusan တိုက်ကျွေးခြင်း ဖြင့် ကိုယ်ခံအားမြှင့်ပေးရန် လိုအပ်ပါသည်။

၄။ ကြက်သန်ကောင်ရောဂါမှာ-
ခြံလှောင် မွေးသော ဥစား၊ အသားစားကြက်များတွင် အဖြစ်များသည်။ Ascaridia-galli ခေါ် သန်လုံးကောင်ကို ကြက်၏ အစာလမ်း တစ်လျှောက် အူလမ်းကြောင်း ပိတ်ဆို့ကုန် သည်အထိဖြစ်ပြီး သေကြေဆုံးရှုံးနိုင်သည်။ ကြက်၏ အူအတွင်းအရွယ်ရောက်ပြီး သန်ကောင်များ စွဲကပ်ပါက အစာချေဖျက်နိုင် စွမ်းကျပြီး ကြက်ထံမှ အာဟာရကို သန်ကောင်က ရယူစားသုံးခြင်းကြောင့် ကြက်ကြီးထွားနှုန်း နှေးခြင်း၊ ထုတ်လုပ်မှု ကျဆင်းခြင်း၊ ကိုယ်ခံစွမ်းအားကျခြင်းနှင့် သေဆုံးခြင်းဖြစ်နိုင်ပါသည်။
သို့ဖြစ်၍ အရွယ်ရောက်ပြီး ကြက်တစ်ကောင်ကို ဘောစကိုင်းရွက်အစိမ်း (၂) ဂရမ်(ဇီးသီးခန့်) တစ်ရက် လျှင် နှစ်ကြိမ်နှုန်း (၂)ရက် ဆက်တိုက် ကျွေးခြင်းဖြင့် သန်ချနိုင်သည်။ ဘောစကိုင်းရွက်၊ နာနတ်ရွက် တို့ အမှုန့် လုပ်၍ ကြက်စာတွင်ထည့်သွင်းခြင်း ဖြင့်လည်း ဆောင်ရွက်နိုင်သည်။

ဒေါက်တာရဲမြင့် (တိမွေးကု) crd

♥♥ နာရီပိုင်းအတွင်း အားအင်ကိုပြည့်စေသော အစားအစာ(၁၀)မျိုး........♥♥•••••••••••••••••••••••••••••••••••••••••••••••••••(၁)...
03/08/2023

♥♥ နာရီပိုင်းအတွင်း အားအင်ကိုပြည့်စေသော
အစားအစာ(၁၀)မျိုး........♥♥
•••••••••••••••••••••••••••••••••••••••••••••••••••

(၁) ဒိန်ချဉ် ထန်းလျက်နဲ့ တဖန်ခွက် သေးသေး ၊
ရေခဲမပါ

(၂) မုန်လာဥနီကို နွားနို့နဲ့ ဖျော် သကြားနဲနဲ ဆားနဲနဲ၊ရေခဲမပါ

(၃) ကြက်ဥကာကျက်ကို ပျားရည်နဲနဲ သံပုရာတစိတ် နဲ့ရော ၊ ဆားနဲနဲ

(၄) ငါးရှဥ့်ချဉ်စပ်၊ ငါးရှဥ့်ခြောက်စပ်၊
ငါးရှဥ့်မဆလာ(မိန်းခလေးများငါးရှဥ့်မတည့်သူရှိ)

(၅) ဖီးကြမ်းငှက်ပျောသီးကို ထောပတ်နဲနဲ၊
ပျားရည်နဲနဲ နဲ့ ကြော်စားပါ

(၆) ကြက်ဥနှင့် ဂတ်စ်ပါသော အချိုရည်တမျိုးကို အမြှုပ်ထအောင် ဇွန်းဖြင့်ခေါက်မွှေပါ။ မွှေပြီးပြီးချင်း အမြှုပ်မငြိမ်ခင် အမြန်သောက်ပါ

(၇) ကြက်ဥ+သံပုရာသီးတစိတ်+အိုင်ဆိုတောနစ်ပါသောအချိုရည် အနည်းငယ်ရော၍ သောက်ပါ

(၈) အုန်းစိမ်းရည်၊ ကြံရည်၊ ဓါတ်ဆားရည်၊
ဂလူးကို့စ်ရည်၊ ပဲနို့
( ကန်စွန်းရိုးနီ +ထန်းလျက်ပြုတ်ရည် )

(၉) အသားနီ သားငါးကျပ်သားတုံးကို ဒယ်အိုးထဲ ထောပတ်ဆီနဲ့ တဝက်ကျက် အနေအထားထိသာ ကင်၍စားပါ။

(၁၀) ကြက်ပြုတ်ရည် (ကြက်ပေါင်းရည်)

11/05/2023

ဆေးပေးပုံ

ဒေသကြက်
၁ရက်သား အားဆေး+ဗိုက်တာမင် စီ+ဒဏ်ခံဆေး+ဂလူးကိုစ့်
၂ရက်သား မနက်ပိုင်း antibiotics ဆေးတစ်မျိုး(ဥပမာ mybafloxသို့မဟုတ် oxy-noe plus)
၂ရက်သားညနေပိုင်း အားဆေး+ဗိုက်တာမင် စီ+ဒဏ်ခံဆေး+ဂလူးကိုစ့်
၃ရက်သား ။ ။ ။

၄ရက်သား ။ ။ ။

၅ရက်သား ။ ။ ။
၇ရက်သား လည်လိမ် မျက်စဉ်းND_IB
၈ရက်သား အားဆေး+ဗိုက်တာမင် စီ
၉ရက်သားအားဆေး
၁၀ရက်သားအားဆေး
၁၄ရက် သား ဖင်ဆီဖူးရောင်ကာကွယ်ဆေး(IBD)
၁၅ရက်သား အားဆေး+ဗိုက်တာမင်စီ
၁၆ရက်သား အားဆေး
၁၇ရက်သား အားဆေး
၂၁ရက်သား လည်လိမ် (ရေဖျာ် သို့မဟုတ် တစ်ကောင်ချင်းပါးစပ်တွင်း ထည်တိုက်)

၂၂ရက်သား အားဆေး +ဗိုက်တာမင် စီ
၂၃ရက်သား အားဆေး
၂၄ရက်သား အားဆေး

၂၅ရက်သား မနက်ပိုင်း antibiotics ဆေးတစ်မျိုးမျိုး
၂၅ရက်သား ညနေပိုင်းအားဆေး
၂၆ရက်သား ။ ။ ။
၂၇ရက်သား ။ ။ ။
၃၅ရက်သား ကျောက်ဆေး(fowl pox)
၃၆ရက်သား အားဆေး
၃၇ရက်သားအားဆေး
၃၈ရက်သားအားဆေး
၅၆ရက်သား လည်လိမ် ရေဖျော်
၅၇ ရက်သား အားဆေး
၅၈ ရက်သား အားဆေး
၅၉ ရက်သား အားဆေး
၆၀ ရက်သား antibioticsဆေးတစ်မျိုးမျိုး
၆၁ ရက်သား ။ ။ ။
၆၂ ရက်သား ။ ။ ။
၆၃ ရက်သား အားဆေး
၆၄ရက်သား အားဆေး
၆၅ ရက်သား အားဆေး
၇၀ ရက်သား အားဆေး
၇၁ ရက်သား အားဆေး
၇၂ ရက်သား အားဆေး

မွေးမြူရေး ဖြင့် အသက်မွေးဝမ်းကြောင်းပြုကြတဲ့ သူအပေါင်း အသက်ရှူတိုင်း ငွေဝင် ကံကောင်းကြပါစေ...

ကြက်ဥတင်း~~~~~~~~သာမန်ကြက်မွေးသူတွေကတော့ ဥတင်းလုပ်ပေးပြီးရင် ဒီကြက်မအတွက် ကိစ္စပြီးပြီ အချိန်တန်ရင် သူ့ဘာသာ အကောင်ပေါက်လ...
11/05/2023

ကြက်ဥတင်း
~~~~~~~~

သာမန်ကြက်မွေးသူတွေကတော့ ဥတင်းလုပ်ပေးပြီးရင် ဒီကြက်မအတွက် ကိစ္စပြီးပြီ အချိန်တန်ရင် သူ့ဘာသာ အကောင်ပေါက်လာလိမ့်မယ်လို့ တွေးကြမှာပါ။ ကြက်မဝပ်ချိန် ဥတင်းဆင်းလာရင်လည်း မြင်တဲ့အခါ အခြားကြက်တွေနဲ့ရောပြီး အစာပက်ကျွေး၊ မမြင်တဲ့အခါလည်း သူ့ဘာသာရှာစားပြီး တင်းပေါ်ပြန်တက်သွားကြတာပါ။ ဘာမှ ထွေထွေထူးထူးဂရုမစိုက်ဘဲ ကြက်ပေါက်ကလေးတွေ ဖြစ်လာမှာပါ။

စီးပွားဖြစ်မွေးမြူမယ်ဆိုရင်တော့ ဒီလိုတွေးလို့ မရပါဘူး။ အကြောင်းကြောင်းကြောင့် ကြက်ဥဖောက်စက်သုံးဖို့ အဆင်မပြေတဲ့အခါ ဝပ်အားကောင်းမဲ့ အမွေးပွ၊ ရင်အုပ်ကျယ်ကျယ် ကြက်မကြီးတွေကိုပဲ ဝပ်ခိုင်းရမှာပါ။ ဒီအခါမှာ ဝပ်ကြက်မတွေကို တိရစ္ဆာန်တစ်ကောင်ဆိုတာထက် ကိုယ့်ရဲ့စီးပွားဘက်၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆိုတာအထိ မြင်ဖို့လိုတယ်လို့ ကျွန်တော်မြင်ပါတယ်။ သူ ကျန်းမာသန်စွမ်းမှလည်း အောင်မြင်တဲ့ကြက်သားပေါက်ကလေးတွေ ရလာပါမယ်။ အဲ့ဒီသားပေါက်ကလေးတွေကနေပဲ တစ်စထက်တစ်စ လုပ်ငန်းလည်ပတ်ဖို့ အဓိကမောင်းနှင်အားတွေ ဖြစ်လာမယ်ဆိုတာလည်း ခံယူထားသင့်ပါတယ်။

ကြက်ခြံထဲမှာ စင်ကလေး တောင့်တောင့်တင်းတင်းထားပြီး ဥတင်းလုပ်သင့်ပါတယ်။ တင်းမလုပ်ခင် ဆေးရွက်ကြီးစိမ်ထားတဲ့ရေကို တန်းတွေ၊ အကာအရံတွေပေါ် သုတ်သင့်ပါတယ်။ ဥတင်းလုပ်မဲ့ သေတ္တာ၊ တောင်း၊ ခြင်းတွေကိုပါ သုတ်သင့်ပါတယ်။ ဥတင်းထဲ ကောက်ရိုးမထည့်ခင်မှာလည်း ဆေးရွက်ကြီးမှုန့် လက်တစ်ဆုပ်စာလောက် ထည့်ထားသင့်ပါတယ်။ ကြောင်ပန်း၊ ပင်စိမ်း အကိုင်းအခက်တွေလည်း ဥတင်းနား ချထားပေးသင့်ပါတယ်။ ကြက်သန်း၊ မွှား တွေကိုကာကွယ်ဖို့ပါ။ ကြက်မဝပ်နေတဲ့အချိန် လှုပ်မရပြုမရအချိန်မှာ ကြက်သန်းတွေ အုံနဲ့ကျင်းနဲ့ တွယ်ကပ်ပေါက်ဖွားဖို့ အကောင်းဆုံး အချိန်ပါပဲ။ ကြက်သန်းက သွေးစုပ်တာမဟုတ်ဘဲ ကိုက်တဲ့အတွက် ကြက်မတွေ အိပ်ရေးမဝတဲ့အပြင် အနာတွေလည်း ပေါက်လာတတ်ပါတယ်။ ကူးစက်တတ်လို့ တစ်ခြံလုံး ပြန့်ပွားသွားမဲ့အရေးကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ သန်း၊ မွှားတွေကြောက်တဲ့ ဆေးရွက်ကြီးနဲ့ ကာကွယ်ရတာပါ။ ကြက်မဟာ ဥခါစမှာ ဆေးရွက်ကြီးအနံ့မွှန်ပေမဲ့ ဖြည်းဖြည်းချင်း အနံ့ယဉ်သွားပါလိမ့်မယ်။

ကြက်မဝပ်တဲ့အချိန် ခြံလှောင်မွေးမယ်ဆို (ဖြစ်နိုင်ရင်) ဝပ်ကြက်မတွေကို သီးသန့်တစ်ခြံ ထားချင်မိပါတယ်။ ဥတင်းဆင်းချိန်မှာ အစာဝဝလင်လင် စားပြီး ရေသန့်သန့် သောက်စေချင်လို့ပါ။ အခြားကြက်တွေနဲ့ ရောထားတဲ့အခါ သူတို့အစာဝဝ မစားရပါဘူး။ အကြွင်းအကျန်တွေပဲ ရသမျှစားပြီး ပြန်တက်သွားကြရပါတယ်။ ဝပ်နေတဲ့အချိန်မှာလည်း အာဟာရပြည့်ဝတဲ့အစာနဲ့ ရေသန့်သန့်လေး သောက်ရဖို့လိုပါတယ်။ သုံးသင့်တဲ့ဆေးဝါးဓာတ်စာတွေလည်း ကျွေးမွေးဖို့လိုပါတယ်။ ရသလောက်စားပြီး ပြန်ဝပ်ရတဲ့အခါ ကြက်မပိန်လှီပြီး အားပြတ်တာမျိုး ဖြစ်တတ်ပါတယ်။ ပြင်ပရောဂါကိုလည်း ကာကွယ်နိုင်စွမ်း ကျတတ်တယ်လို့ မြင်မိလို့ပါ။ သူတို့ကို ဥကြက်မတွေလို အားဖြည့်စာတွေနဲ့ အစာစိမ်းစားစေသင့်တဲ့အပြင် ပုစွန်သေးသေး လတ်လတ်ဆတ်ဆတ်လေးတွေလည်း ကျွေးသင့်ပါတယ်။ သူတို့အားအင် မပြည့်ဝ မသန်စွမ်းတဲ့အခါ ပေါက်လာတဲ့ကြက်ငယ်ကလေးတွေကို အနွေးဓာတ်ပေး ထိန်းကျောင်းတဲ့အခါမှာရော နောက်တစ်ကြိမ်ပြန်ဥတဲ့ မျိုးဥတွေမှာပါ အားနည်းသွားတတ်ပါတယ်။ ချိချိနဲ့နဲ့ ကြက်ကလေးတွေ ကိုယ်အင်္ဂါ ချို့တဲ့တဲ့ကြက်ကလေးတွေ ဒုတိယ၊ တတိယ အသုတ်တွေမှာ ပါလာနိုင်တာကို သတိပြုရမှာပါ။

ရေရှည်ကို မျှော်မြင်တဲ့မွေးမြူရေးသမားတစ်ယောက်ဟာ ဥတင်းထဲက ကြက်မတွေကိုပါ စောင့်ရှောက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

(ကျွန်တော့်အတွေးအမြင်ဖြစ်လို့ အမှားပါခဲ့ရင် နားလည်ပေးကြပါလို့ ကြိုတောင်းပန်ပါရစေ။

08/05/2023

ကြက်ခြံအတွင်း သန်း၊မွှားများဖယ်ရှားခြင်း
-----------------------------------
ဒေသကြက်နှင့် သက်တမ်းကြာရှည်မွေးမြူကြသော ဥစားကြက်ခြံများတွင် ကြက်သန်းနှင့်မွှားများ ရှိနေပါက ယခုဆေးနည်းများ အသုံးပြု၍ ဖယ်ရှားနိုင်ပါသည်။

၁.ကန့်မှုန့်( Sulpha)
ကြက်များတွင် တွယ်ကပ်နေလေ့ရှိသည့် သန်း၊မွှားများကို ကင်းဝေးစေရန် ကြက်ခြံနှင့် ဥကျင်းများအတွင်းကန့်မှုန့် အတော်အသင့်ဖြူးပေးနိုင်သည်။

၂.အလူဂန်(Alugan )
ကြက်များတွင် တွယ်ကပ်နေလေ့ရှိသော သန်း၊မွှား၊၊လှေး၊မှတ်များကို နှိမ့်နှင်းရာတွင် သုံးစွဲနိုင်သည်။ဆေးမှုန့်၊ ရေဖျော်ဆေး စသည့်ဖြင့် အမျိုးမျိုးထုတ်လုပ်ထားပြီး ကြက်ကိုယ်ပေါ်သို့ ဖျန်းပေးနိုင်သည်။ ဆေးအမှုန့်သုံးပါက
ဥတင်း၊အိပ်တန်းများပါ ဖြူးပေးနိုင်သည်။

၃.ထုံး
ကြက်ထုတ်ပြီး ကာလများတွင် ထုံးမှုန့်များ
ဖြူးပေးခြင်းဖြင့် ကြက်သန်းများသက်သာစေသည်။ရေဖျော်သုံးပြီး ပက်ဖျန်းလျှင်လည်းရသည်။

၄.‌ဆေးရွက်ကြီး
ဥတင်းနှင့် ကြက်သန်းခိုလှုံနိုင်သောနေရာများကိုဖြူးပေးခြင်းဖြင့် သက်သာလျော့နည်းစေသည်။

၅.EM5 (သို့မဟုတ် )ပိုးပြေး၊ပိုးနှင်ဆေး
ဓာတုဆေး မသုံးစွဲလိုသော ခြံများတွင်
စိုက်ပျိုးရေးသုံး အော်ဂဲနစ် ပိုးပြေးပိုးနှင်ဆေးကိုကြက်ဥတင်း ၊ကြက်ခြံနှင့် အိပ်တန်းများတွင်
ကြက်သန်း၊လှေး၊မွှားများ ကင်းစင်စေရန်
ပက်ဖျန်းပေးနိုင်ပါသည်။

*** မိတ်လိုက်ခြင်း***ကြက်ဖနဲ့  ကြက်မ မိတ်လိုက်တော့  အားလုံးမြင်ဖူးကြသလို  ကြက်မက၀ပ်ပေး ကြက်ဖက ကြောပေါ်တက်  ခေါင်းကိုဆိတ်...
08/05/2023

*** မိတ်လိုက်ခြင်း***

ကြက်ဖနဲ့ ကြက်မ မိတ်လိုက်တော့ အားလုံးမြင်ဖူးကြသလို ကြက်မက၀ပ်ပေး ကြက်ဖက ကြောပေါ်တက် ခေါင်းကိုဆိတ် သူ့ဖင်စွန်းပိုင်းကို ကြက်မရဲ့ အမြီးဘေးကို ညွှတ်ချပြီး သူ့ကိစ္စလုပ်တယ်။ ကိစ္စ ပြီးသွားရင် အသာလေး ဆင်းသွားမယ်။ ကျန်ရစ်တဲ့ ကြက်မကလဲ သူ့ကိုယ်ကို တစ်ကြိမ် နှစ်ကြိမ် ရမ်းခါလိုက်ပြီး နဂိုပုံစံ အနေအစားမပျက်နေသွားမယ်။

ဒီနေရာမှာ ကြက်ဖလုပ်တဲ့ သူ့ကိစ္စ ဆိုတာ ကြက်ဖနဲ့ ကြက်မရဲ့ ကိုယ်နောက်ပိုင်း ဒွါရပေါက် နှစ်ခုရဲ့ နှုတ်ခမ်း တွေကိုထိပွတ်ပေးတဲ့ အနမ်းလေး (Cloacal kiss) ပါ။

ကြက်ဖမှာ လိင်တံ (p***s) မရှိကြ။ သူ့ နောက်ပိုင်းဒွါရပေါက် (cloaca) ရဲ့ အတွင်းနံရံမှာ အဖုလေးတစ်ခု (Papilla) ပဲပါတယ်။ အဲဒီအဖုလေးကပဲ s***m တွေကို ကြက်မထဲကို ပို့လွှတ်ပေးတာပါ။

ကြက်ဖက တနေ့မှာ သူ့စိတ်အလိုအရ အကြိမ် ၂၀ - ၃၀ မိတ်လိုက်မယ်။ မနက်ပိုင်းမှာ s***m ပိုထုတ်နိုင်ပြီး တစ်ကြိမ်မှာ s***m သန်း ၁၀၀ ကနေ သန်း ၅၀၀၀ လောက်အထိ ထုတ်လွှတ်နိုင်တယ်။

ကြက်မက သူ့ နောက်ပိုင်းဒွါရပေါက် (cloaca) ကို ရှုံ့ပေးပြီး ကြက်ဖ kiss လုပ်လို့ ရလာတဲ့ s***m တွေကို အဲဒီနေ့အတွက် ဆင်းလာမဲ့ ဥဆီကို လမ်းကြောင်းတဲ့ပေးတယ်။ ဥပြွန်ထဲရောက်သွားတဲ့ s***m တွေက ဥကို မျိုးအောင်စေမယ်။ S***m တချို့ကို နောက် ၄-၅ ရက် ဆက်ဥမဲ့ ဥတွေကို မျိုးအောင်စေဖို့အတွက် ဥပြွန်ရဲ့ နံရံ ထဲမှာရှိတဲ့ s***m pockets တွေထဲမှာ သိမ်းထားလိုက်ကြတယ်။

တိရစ္ဆာန်တွေဟာ ကိုယ့်မျိုးဆက် ဆက်ပြီး ရှင်ကျန်နေစေဖို့အတွက် ယှဉ်ပြိုင်မှုတွေကို ကျော်လွှားနိုင်အောင် နည်းအမျိုးမျိုး နဲ့ အားထုတ်နေကြရတယ်။

ဒီလို ယှဉ်ပြိုင်ကြတဲ့ နေရာမှာ သဘာ၀တရားက အမတွေကို အထီးတွေထက် ပိုပြီး အခွင့်အရေး ပေးထားတာ တွေ့ရတယ်။

မျိုးဆက်သစ်တွေက ဥထဲမှာ ကြီးပြီးပေါက်တာဖြစ်ဖြစ် အကောင်လိုက် ပေါက်တာဖြစ်ဖြစ် အမတွေ ဖက်က သူ့မျိုးဥပါနေတဲ့အတွက် သူ့ဗီဇတစ်၀က်က ဆက်ပြီးကျန်နေဖို့ သေချာတယ်။ ကျန်တစ်၀က်ကတော့ သူနဲ့ မိတ်လိုက်တဲ့ အထီးရဲ့ မျိုးဆက်ဖြစ်မယ်။

အမတွေဟာ အထီးတစ်ကောင်ထဲမဟုတ်ပဲ အများနဲ့ မိတ်လိုက်ခွင့်ရတဲ့အခါ ဘယ်အထီးကို သူမွေးထုတ်မဲ့ ကလေးတွေရဲ့ အဖေ ဖြစ်ခိုင်းမလဲဆိုကိုပါ ရွေးချယ်နိုင်တဲ့ အစွမ်းထပ်ပြီး ရှိနေသေးတယ်။

ကြက်ကို ဥပမာထားပြီး ပြောရင် ကြက်မက သူသဘောကျတဲ့ ကြက်ဖနဲ့ မိတ်လိုက်ပြီး ရတဲ့ s***m ကို ကောင်းကောင်း သိမ်းထားတယ်။ နောက်ရက်တွေမှာ ဆင်းလာမဲ့ ဥတွေကို မျိုးအောင်စေဖို့အတွက် ထုတ်သုံး နိုင်တယ်။ တချို့ကြက်ဖက အကြမ်းဖက် မိတ်လိုက်တာမျိုးလဲ ခံရတတ်တယ်။ ဒါပေမဲ့ သူသဘောမကျတဲ့ ကြက်ဖနဲ့ မိတ်လိုက်ပြီး ရတဲ့ s***m ကို (၈၀% လောက်အထိ) ချက်ချင်းပဲ အပြင်ကို ညှစ်ထုတ်ပစ်လိုက် နိုင်တယ်။ s***m pockets တွေထဲရောက်သွားတဲ့ s***m တွေကို မကြိုက်တဲ့ အဖ ဆီက ဖြစ်နေရင် မသုံးပဲ အပြင်ကို ညှစ်ထုတ် (s***m ejection လုပ်) ပစ်နိုင်တယ်လို့ University of Chicago Press ရဲ့ ၂၀၁၁ ခုနှစ် ဇူလိုင်လ က ထုတ်တဲ့ The American Naturalist ဂျာနယ် မှာ ဖတ်ရတယ်။

အထီးတွေမှာ သူ့မိတ်လိုက်ဖက်က တခြားအထီးတွေကိုပါ လက်ခံနေခဲ့ရင် သူ့မျိုးဆက်တွေ ပေါက်လာဖို့ ဆိုတာ မသေချာကြ။ ဒီတော့ မျိုးဆက်ထိန်းရေးစစ်ပွဲအတွက် သူတို့ရဲ့ အဓိကလက်နက်ဖြစ်တဲ့ s***m ရဲ့ ပုံသဏ္ဍာန်၊ အရွယ်အစား၊ အရည်အသွေး၊ အရေအတွက်၊ ပမာဏ (semen volume) စတာတွေကို ပြိုင်ဖက် တွေထက် သာအောင် ကြိုးစားရင်း ထူးခြားတဲ့ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်တွေ ဖြစ်လာခဲ့ကြတယ်။

08/05/2022

ဗမာကြက်ဥ ရပါမယ်။09765289193

ပက်ပက် စက်စက် ချစ်ကြပါသော😂🤪ဥတင်းတွေ ဘယ်လောက်အများကြီး လုပ်ထားပေးပါသော်လည်းချစ်လိုက်ကြပုံ💕💞💓💗
22/04/2022

ပက်ပက် စက်စက် ချစ်ကြပါသော😂🤪

ဥတင်းတွေ ဘယ်လောက်အများကြီး လုပ်ထားပေးပါသော်လည်း
ချစ်လိုက်ကြပုံ💕💞💓💗

ကောင်းခြင်းမြိုင် ရဲ့ ဒေသကြက် ကိုယ်ပိုင် စပ်စာ ပါ။ #အဓိက ကြက်စာစပ်တဲ့အခါ မှာ ပါဝင်ပစ္စည်းများအားလုံး သန့်ရှင်းလတ်ဆတ်နေဖိ...
25/01/2022

ကောင်းခြင်းမြိုင် ရဲ့ ဒေသကြက် ကိုယ်ပိုင် စပ်စာ ပါ။

#အဓိက ကြက်စာစပ်တဲ့အခါ မှာ ပါဝင်ပစ္စည်းများအားလုံး သန့်ရှင်းလတ်ဆတ်နေဖို့ ဦးစားပေးပါတယ်။
#ပြောင်းလဲလာတဲ့ ဈေးကွက်အခြေအနေကို လိုက်ပြီး သင့်တင့် မှန်ကန်တဲ့ အစာကုန်ကြမ်း များကို ရွေးချယ် ရပါမယ်။

စိတ်ဝင်စားလို့ မှာယူချင်တယ်ဆိုရင်
ဖုန်း 09 42 52 8 9193
09 76 52 8 9193 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ကျန်းမာသန်စွမ်း အံ့မခန်း[၇ လသားအရွယ် လိုက်ကြက်ဖ များလိုအပ်ပါက ဆက်သွယ်မှာယူနိုင်ပါပြီ။အစာ၊ဆေးဝါး နှင့် အခြားကျန်းမာရေးစော...
07/01/2022

ကျန်းမာသန်စွမ်း အံ့မခန်း

[၇ လသားအရွယ် လိုက်ကြက်ဖ များလိုအပ်ပါက ဆက်သွယ်မှာယူနိုင်ပါပြီ။အစာ၊ဆေးဝါး နှင့် အခြားကျန်းမာရေးစောင့်ရှောက်မှု့များကို ဂရုတစိုက် ပေးထားတာမို့ အပြည့်အဝ တာဝန်ယူပါတယ်]


Address


Telephone

+959765289193

Website

Alerts

Be the first to know and let us send you an email when Kaung Chinn Myaing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kaung Chinn Myaing:

  • Want your business to be the top-listed Food & Beverage Service?

Share