Vepo Channel

Vepo Channel USA Authentic

20/09/2022

SIM မှတ်ပုံတင် စစ်ဆေးရန်

MPT - *601 #
Ooredoo - *666 #
Telenor - *979*3*3 #
Mytel - *966 # , 6 , 2

Crd

31/08/2022

အသက် ၆၀ကျော်တဲ့ Delivery တွေလည်းရှိတယ် 😥

ဒီနေ့အကြေကွဲရဆုံးပါ

dlခပေးရတာရများလိုက်တာဆိုတဲ့သူတွေ
dlခကမှာတဲ့ပစ္စည်းထက်များတယ်ဆိုတဲ့သူတွေ
dl ခ freeမရဘူးလားပြောတဲ့သူတေ

😭😭😭
deliခကိုမတန်ဖူးလို့မထင်ပါနဲ့အသက်တွေရင်းရတာပါ

မလာသေးဘူးလား မရောက်သေးဘူးလားနက် မိုးရွာကြီးထဲ ဖုန်းထုတ်ပြောနေရတာ ဆိုင်ကယ်စီးတာရပ်ပီး ဖုန်းဖြေနေရတာ လိုင်းမကောင်းလို့ သဲသဲကွဲကွဲမကြားရလို့ လမ်းမှားဝင်တာက တစ်မျိုး လမ်းက သေချာမညွှန်တတ်ကြလို့ ဖုန်းခနခနဆက်ပီးမေးနေရတာကတစ်မျိုး မသိလို့မေးရင်လဲ deli ပို့စားနေပီး လမ်းလေးတောင်မသိဘူး လုပ်စားမနေနက်ဆိုပီးက ပြောခံရသေးတာ အော် တရားကြပါပေတယ် ဖုန်းတေခနခနဆက်လို့ စိတ်လောပီး ဆိုင်ကယ် အက်ဆီးဒင့် ဖစ်ခဲ့ရင် ဖုန်းတေတဂွမ်ဂွမ်ဆက်ပီး မလာသေးဘူးလား မရောက်သေးဘူးလားနက် ဖုန်းဖြေနေရင်း ရိုက်လုခံရရင် ဘယ်သူက တာဝန်ယူပေးမှာလဲ သူများအစားတစ်လုတ်အတွက် deli ပို့သူတေ ရင်းနှီးပေးဆပ်ထားရတာ အများကြီး ဒါတောင် deli ခ များတယ် ကဆိုချင်သေး အော် ကိုယ်ချင်းစာတရား ပျောက်ဆုံးလာကြပီ
crd #

27/07/2022

‼️အားလုံးအတွက်သတိပေးချက်‼️

⛔️အပြင်သွားရင် တစ်ယောက်ထဲမသွားပါနဲ့ အဖော်နဲ့သွားပါ ⛔️

မိန်းကလေးမှ မဟုတ်ပါဖူး
ယောက်ကျားလေးရော အဖော်ပါမှသွားပါ
ကိုယ်ပိုင်ကားနဲ့မောင်းရင်တောင်
အ​​ဖော်တစ်ယောက်ပါမှသွားပါ

တက်စီ စီးရင်လဲ တစ်ယောက်ထဲမစီးပါနဲ့
အဖော်နဲ့စီးပါ
လမ်းသွားနေရင်း ဖုန်းပြောပီး သတိလက်လွတ်မဖြစ်မိပါစေနဲ့ ဖြစ်နိုင်ရင် ဖုန်းကို လက်ကမကိုင်ပဲ အိတ်ထဲထည့်ထားပါ အရေးကြီးမှ ထုတ်ပြောပါ

ဘာလို့အခုလို သတိပေးရလဲဆို တော်တော်အခြေနေဆိုးနေလို့ပါ လုယက်တာတင်မကဖူး အသက်ပါ သတ်ဖြတ်တဲ့ထိအခြေအနေ ဆိုးနေတာပါ
လိုင်းကားစီးလဲ သတိထားပါ
အိတ်ဓားနဲ့ခွဲလုပါတယ်

Taxi တွေလဲမယုံရတော့ပါဖူး
ကိုယ်ပိုင်ကားနဲ့သူတောင်
လူသတ်ပြီးကားလုခံရတဲ့အခြေအနေပါ
အုပ်စုလိုက်တွေ လုယက်သတ်ဖြတ်မှုတွေဖြစ်နေတာမလို့ အပြင်သွားရင် တစ်ယောက်ထဲ လုံးဝမသွားကြပါနဲ့ လို့ သတိပေးချင်ပါတယ်



🫶🏻❤️✨

ပူပြင်းလွန်းတဲ့ရာသီဥတုမှာလည်း အစစအရာရာဂရုစိုက်ကြပါရှင် ☀️☀️☀️အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ လူအများစုကနေပူထဲက ပြန်လ...
29/04/2022

ပူပြင်းလွန်းတဲ့ရာသီဥတုမှာလည်း အစစအရာရာဂရုစိုက်ကြပါရှင် ☀️☀️☀️

အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ
လူအများစုက
နေပူထဲက ပြန်လာပြီး
ရုတ်တရက် ရေချိုးလိုက်တာတို့ ၊
‎ မျက်နှာသစ်လိုက်တာတို့ကြောင့် လို့
ထင်နေကြတယ်။

ရုတ်တရက် သတိလစ်
အသက်ရှူရပ်သွားတယ်ပေါ့။

တကယ်တမ်းတော့ အဲ့ဒါဟာ
အပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော ဖြစ်ရပ်သာဖြစ်တယ်။

ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့်
အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။
သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင်
ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။
အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။

တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့
ဒီလို မသက်သာပါဘူး။
ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။
အပူလျှပ်ခြင်း အစစ်ကတော့
ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။

နွေရာသီလို ပူတဲ့အခါ
ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါ

🔹ချွေးတွေအရမ်းထွက်ပါတယ်
🔹ဆားတွေပါ ပါသွားပါတယ်။
🔹ဆားတွေများများပါသွားလေလေ
🔹ရေက မငတ်တော့လေလေ ပါပဲ။
🔹ရေက မသောက်မိဘူး။
ပိုပို ဆိုးလာတော့တာပေါ့။

အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။

ဘယ်လိုထိန်းသလဲဆိုတော့
🔴ဆီးသိပ်မသွားဘူး
ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။
🔴ဒီတော့ ဆီးအရောင် ရင့်လာပါတယ်။

ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ
ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။

ဒီလိုနဲ့ ရေက မသောက်မိတော့
ချွေးတွေ အလွန်ထွက်ပြီး
‎ရေနဲ့ဆားတွေ ဆုံးရှုံးရတော့
‎လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။
‎အခုထိ ချွေးကတော့ ထွက်မြဲပါပဲ။
‎ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။
‎အပူလွန်၍ပင်ပန်းခြင်း ပေါ့။

ဒီအချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့
ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့
ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။

သူ့ ကြည့်လိုက်ရင်
ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့
အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ်
ချွေးက နည်းနည်း မှ မရှိဘူး။
ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီး
ဆေးရုံ မြန်မြန်ပြေးပါ။
( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်)

🔴ဆေးရုံနဲ့ဝေးရင် ၊ ဒါမှမဟုတ် ဆေးရုံမရောက်ခင်
ဘာလုပ်ရမှာလဲ ဆိုတော့

🟢အပူကျအောင် လုပ်ရပါမယ်။
အဓိကမှတ်ထားရမှာပါက အဖျားကျတဲ့ Paracetamol လို ဆေးမျိုး ပေးဖို့မသင့်ပါဘူး။
Organ Failure အတွင်းအင်္ဂါပျက်စီးမှု ပိုဆိုးစေလို့လို့ ဆိုပါတယ်။

🟢ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီးတိုက်ရပါမယ်
သီးစုံဓာတ်ဆား မတိုက်သင့်ပါ။
Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး
အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။

🟢လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့
ရေခဲသေတ္တာထဲ အအေးခံထားတဲ့
အငံ ပုလင်း NS ကို သွေးကြောကနေ မြန်မြန်ချိတ်သွင်းရပါမယ်။ Rapid Cool NS infusion ။

🟢အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။
Air con ခန်းထဲခေါ်ရပါမယ်
Air con ကို Dehumifying mode or Dry mode မှာ ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။

🟢ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။
ရေနွေးနွေးလေး ကို ရေအေးငါးခါလောင်းပြီးတိုင်း
တစ်ခါလောင်းပေးရပါမယ်။
သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။

တစ်ခု ထူးခြားတာက
အပူလျှပ်ခြင်း ဖြစ်သွားရင်တော့
ဆေးရုံမှာ ကုသပေမယ့်လည်း
၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။

ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။
ကာကွယ်တာလည်း မခက်ဘူး
ဓာတ်ဆားရည် ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး သောက်ပေးနေရုံပါပဲ။
သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။
အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။
အရမ်းလည်း အပင်ပန်းမခံဖို့လိုပါသေးတယ်။

ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။

Heat stroke
အပူလျှပ်ခြင်း အကြောင်း သိကောင်းစရာ

ကျောင်းသားဘဝတုန်းက Short Noteအတွက်
ပြင်ဆင် ထားတဲ့ စာတွေ ကို ပြန်လည်ကောက်နုတ်ဖော်ပြတာပါ

🟥အရေးကြီးသည့်အချက်
ယခုလို နွေကာလ အပူကြီးချိန်တွင်
ဖျားတဲ့သူတွေကို စောင်မခြုံဖို့ အနွေးထည်အထူမဝတ်ဖို့ နဲ့ ရေဖတ်ခဏခဏတိုက်ပေးဖို့ (နဖူးအပြင် ပိုအရေးပါသည့် ဂုတ်၊ပေါင်ခြံ၊ဒူးခေါက်ကွေး၊ချိုင်းကြားတို့၌ တိုက်ရန်၊ လေသလပ်ဖို့ ယက်ခပ်ရန်) အထူးလိုအပ်ပါတယ်🟥


#အပူလျှပ်ခြင်း

Credit ;
အထက်ပါအကြောင်းအရာရေးသားသူကို ကျေးဇူးတင်ပါတယ်🙏
ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်

😝ကဲ ...နာမည်လေးတွေပြောကျိ 😝
22/04/2022

😝ကဲ ...နာမည်လေးတွေပြောကျိ 😝

21/04/2022

🤗Like & share တွေအမြဲလုပ်ပေးနေတဲ့ချစ်တို့အတွက် 🎁surprise gift တွေ 🎁မဲဖောက်တာလေးတွေ လုပ်ပေးနေအုံးမှာပါ ❤️

❤️Withlove

17/04/2022

🤗မအိပ်သေးတဲ့သူတွေကို gift 🎁တခုပေးရင် ကောင်းမလား 😁
။
။
။
။
။
။
🎁
See firstလေးလုပ်ထားပေး 🤗

🍏🥦🥒🥬🍇🍉🍅နွေရာသီ ကာလ မှာ ခန္ဓာကိုယ်ရဲ့ ရေဓါတ် ကုန်ဆုံး မှုများတဲ့ အတွက် ဓါတ်ဆား ရေ နဲ့ အရည်ရွမ်း တဲ့ အသီးအနှံ အစားအသောက်တိ...
17/04/2022

🍏🥦🥒🥬🍇🍉🍅နွေရာသီ ကာလ မှာ ခန္ဓာကိုယ်ရဲ့ ရေဓါတ် ကုန်ဆုံး မှုများတဲ့ အတွက် ဓါတ်ဆား ရေ နဲ့ အရည်ရွမ်း တဲ့ အသီးအနှံ အစားအသောက်တို့ ကို စားပေးသင့်တယ်နော် 🍏🍉🍇🥦🥒

15/04/2022

🎁မနက်ဖန်ကျရင်လည်း gift away အစီအစဉ်တခုထပ်ရှိသေးတယ် amazingနော် ❤️❤️

Address

Yangon

Alerts

Be the first to know and let us send you an email when Vepo Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share