Phyu’s dairy

Phyu’s dairy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phyu’s dairy, kyauktan Township, Yangon.

မိန်းကလေးတွေ မချစ်တော့ရင် အရင်ဆုံး ပြောင်းလဲသွားတာက သူမရဲ့ စိတ်ထားပါပဲ။မင်းအပေါ် သဝန်တိုတာ၊ ရစ်တာ၊ စိတ်ဆိုးစိတ်ကောက်တာမျ...
27/06/2026

မိန်းကလေးတွေ မချစ်တော့ရင် အရင်ဆုံး ပြောင်းလဲသွားတာက သူမရဲ့ စိတ်ထားပါပဲ။မင်းအပေါ် သဝန်တိုတာ၊ ရစ်တာ၊ စိတ်ဆိုးစိတ်ကောက်တာမျိုးတွေ လုံးဝ မရှိတော့ဘူး။အိမ်ပြန်နောက်ကျလား မမေးတော့သလို၊မင်း ဝမ်းနည်းနေလား၊ အဆင်ပြေရဲ့လားဆိုတာတွေကိုလည်း လိုက်ပြီး စိတ်မပူတော့ဘူး။

တစ်နေ့မှာပေါ့... မင်းနဲ့သူ့ကြား ဆက်ဆံရေးက အေးချမ်းတည်ငြိမ်သွားတယ်၊ မင်းအပေါ် အမေတစ်ယောက်လို ဂရုစိုက်တာမျိုးတွေ မရှိတော့ဘူး။တစ်နေကုန် ဖုန်းမဆက်လည်း စိတ်မတိုတော့လို့ မင်းဘက်က လွတ်လပ်ပေါ့ပါးသွားတယ်လို့ ခံစားရရင်... ဒါဟာ ကောင်းတဲ့ လက္ခဏာလို့ မထင်
လိုက်ပါနဲ့။သူမ မင်းအပေါ် စတင်အေးစက်သွားပြီဆိုတာကို သတိရပါ။

မိန်းကလေးတွေ တကယ်ချစ်မိသွားတဲ့အခါ အမေတစ်ယောက်လို မေတ္တာမျိုး ပေးတတ်ကြတယ်။အမေက သားကို ဂရုစိုက်သလိုမျိုး ပွစိပွစိနဲ့ ပြောလို့ကို မကုန်နိုင်ဘူး။မင်းအတွက်တော့ စိတ်ရှုပ်စရာ ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဒီလို စိတ်ပူတာတွေ ရပ်သွားတဲ့နေ့ဟာ အချစ်လည်း ရပ်သွားတဲ့နေ့ပါပဲ။အဲဒီအချိန်ကျရင် မင်းအကြောင်း ဘာဆိုဘာမှ စိတ်မဝင်စားတော့ပါဘူး။

မချစ်တော့ရင် မင်းနဲ့ ပိုပြီး နီးကပ်အောင်လည်း မနေတော့သလို၊မင်းဘက်က လက်ဆောင်ပစ္စည်းတွေ ဝယ်ပေးရင်တောင် လုံးဝ လက်ခံမှာ မဟုတ်တော့ဘူး။ "ဒီဆက်ဆံရေးကတော့ ပြီးဆုံးသွားပြီ" ဆိုတာကို လက်ဆောင်တွေကို ငြင်းပယ်ခြင်းအားဖြင့် အသိပေးလိုက်တာပါ။

သဘောကတော့ အခုကစပြီး မင်းနဲ့ပတ်သက်သမျှ ဘာမှမယူချင်တော့ဘူး၊ငွေရေးကြေးရေးကအစ ကင်းရှင်းချင်တာ။
ဒီအရာတွေကို မက်မောခဲ့တာ မဟုတ်ပါဘူး၊မင်းက သူ့အပေါ် စေတနာရှိတယ်ဆိုတဲ့ "အချက်" လေးကိုပဲ ပိုမက်မောခဲ့တာပါ။
မချစ်တော့ရင် ဒီစေတနာကိုလည်း မမက်မောတော့ပါဘူး။

မိန်းကလေးတွေ ချစ်နေသေးရင် ကလေးလို ဆိုးနွဲ့တယ်၊ပူညံပူညံလုပ်တယ်၊ လမ်းပြပေးတတ်
တယ်။ဒါပေမဲ့ မချစ်တော့ရင်တော့ လုံးဝကို တည်ငြိမ်သွားပြီး ရင့်ကျက်တဲ့ပုံစံ ပြန်ဖြစ်သွားတတ်ပါတယ်။

#နူးနူးအောင်

တောင်တန်းတွေနဲ့ကျမ ⛰️
24/06/2026

တောင်တန်းတွေနဲ့ကျမ ⛰️

Address

Kyauktan Township
Yangon
11303

Website

Alerts

Be the first to know and let us send you an email when Phyu’s dairy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share