Shwe Axung Chin - ဆာဗူးသီးချင်းရိုးရာအစားအစာ

  • Home
  • Myanmar
  • Yangon
  • Shwe Axung Chin - ဆာဗူးသီးချင်းရိုးရာအစားအစာ

Shwe Axung Chin - ဆာဗူးသီးချင်းရိုးရာအစားအစာ ``ဝေးဝေးကြီးက ဒေသစာတွေကိုနီးနီးလေးမှာထားပြီးစားရအောင်´´ 🌶🌽🛒

ဒေသစုံ အရသာစုံ ရှေ့လရောက်ရင် စျေးနှုန်းအပြောင်းအလဲလေးတွေ ရှိမှာမို့ မိုးရာသီ promotion အမှီ တန်မှတန် ဝယ်ထားဖို့ လိုပြီနေ...
12/08/2026

ဒေသစုံ အရသာစုံ

ရှေ့လရောက်ရင် စျေးနှုန်းအပြောင်းအလဲလေးတွေ ရှိမှာမို့ မိုးရာသီ promotion အမှီ တန်မှတန် ဝယ်ထားဖို့ လိုပြီနော်။

#တန်မှတန် #ဆာဗူးသီး
#ရွှေအောက်ချင်း

အပြည်ပြည်ဆိုင်ရာ ဒေသခံတိုင်းရင်းသားများနေ့ (International Day of the World's Indigenous Peoples) တွင် တိုင်းရင်းသားမျိုး...
09/08/2026

အပြည်ပြည်ဆိုင်ရာ ဒေသခံတိုင်းရင်းသားများနေ့ (International Day of the World's Indigenous Peoples) တွင် တိုင်းရင်းသားမျိုးနွယ်စုများ၏ သဘာဝပတ်ဝန်းကျင်နှင့် ဟန်ချက်ညီစွာ နေထိုင်မှု၊ ဒေသတွင်းထွက် စိုက်ပျိုးသီးနှံများကို အခြေခံသည့် ရိုးရာအစားအစာ ယဉ်ကျေးမှုများကို ဂုဏ်ပြုဖော်ထုတ်လေ့ရှိကြသည်။

ချင်းတိုင်းရင်းသားတို့၏ နာမည်ကျော် "ဆာဗူးသီး" (Sabuti) စားသောက်သည့် အလေ့အထသည်လည်း တောင်ပေါ်ဒေသ၏ သဘာဝပတ်ဝန်းကျင်နှင့် ခွဲခြား၍မရသော ထူးခြားသည့် ဒေသခံရိုးရာ အမွေအနှစ်တစ်ခု ဖြစ်သည်။
​ဆာဗူးသီးနှင့် ချင်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့
​သဘာဝသီးနှံနှင့် ရိုးရာဖန်တီးမှု: ဆာဗူးသီး၏ အဓိကပါဝင်ပစ္စည်းမှာ တောင်ယာစိုက်ပျိုးရေးမှ ထွက်ရှိသော ပြောင်းဆန်ခြောက်နှင့် အသား (အမဲသား၊ ဝက်သား သို့မဟုတ် ဆိတ်သား) ဖြစ်သည်။ ပြောင်းဆန်စေ့များကို မညှက်တညှက် ထောင်း၍ အသား၊ အရိုးတို့နှင့်အတူ နာရီပေါင်းများစွာ နူးအိနေအောင် ပြုတ်ချက်ရသည့် အာဟာရပြည့်အစားအစာ ဖြစ်သည်။

​ရာသီဥတုနှင့် လိုက်လျောညီထွေရှိမှု: အေးမြသော ချင်းတောင်တန်း ရာသီဥတုနှင့် အညီ ခန္ဓာကိုယ်ကို နွေးထွေးစေပြီး အာဟာရပြည့်ဝစေရန် ဖန်တီးထားသည့် ရိုးရာစွတ်ပြုတ်ပူပူတစ်မျိုး ဖြစ်သည်။ ပြောင်းဆန်ကို ရေရှည်သိမ်းဆည်းနိုင်အောင် အခြောက်လှန်းပြီးမှ ချက်ပြုတ်သည့် နည်းလမ်းသည် ရှေးဘိုးဘေးများ၏ အစားအစာ သိမ်းဆည်းမျှဝေမှု အသိပညာကို ဖော်ပြနေသည်။
​စည်းလုံးညီညွတ်မှု၏ သင်္ကေတ: ဆာဗူးသီးကို အိမ်ထောင်စုတစ်ခုတည်း စားသုံးရန်တင်မကဘဲ ရွာလုံးကျွတ် ပွဲတော်များ၊ အိမ်သစ်တက်ပွဲများနှင့် ဧည့်သည်တော်များ လာရောက်သည့်အခါဧည့်ခံရန် အိုးကြီးများဖြင့် ချက်ပြုတ်လေ့ရှိသည်။ အိုးတစ်အိုးတည်းမှ ဆာဗူးသီးကို အတူတကွ ဝေမျှသောက်သုံးခြင်းသည် ချင်းတိုင်းရင်းသားတို့၏ စည်းလုံးမှုနှင့် ဧည့်ဝတ်ကျေပွန်မှုကို ဖော်ပြသည့် အလေ့အထဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ဒေသခံ တိုင်းရင်းသားများနေ့သည် တိုင်းရင်းသားတို့၏ အစဉ်အလာ အသိပညာများ၊ ဒေသထွက် အစားအစာဆိုင်ရာ လွတ်လပ်ခွင့်နှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းရန် တိုက်တွန်းသည့်နေ့ ဖြစ်သည်။

ဆာဗူးသီးသည် ပြင်ပပြုပြင်ဖန်တီးထားသည့် အစားအစာများအကြား တောင်ပေါ်ဒေသ၏ သဘာဝစစ်စစ် ရိုးရာအရသာနှင့် စိုက်ပျိုးရေးယဉ်ကျေးမှုကို ယနေ့ထက်တိုင် လက်ဆင့်ကမ်း ထိန်းသိမ်းထားနိုင်သည့် ချင်းတိုင်းရင်းသားတို့၏ ဂုဏ်ယူဖွယ် အမှတ်သင်္ကေတတစ်ခု အဖြစ်ဖော်ပြလိုက်ရပါသည်။

#ဆာဗူးသီး #ရွှေအောက်ချင်း #ပြောင်းဆန် #ချင်းငရုတ်

ဆာဗူးသီး ဘယ်နေ့က ချက်စားဖြစ်လဲ ?ပြောင်းဆန်ကို အခွံချွတ်၊ ခြောက်သွေ့အောင်လှမ်း (အခြောက်ခံ) ပြီးမှ ပြန်လည်ပြုတ်၍ စားသုံးခြ...
22/06/2026

ဆာဗူးသီး ဘယ်နေ့က ချက်စားဖြစ်လဲ ?

ပြောင်းဆန်ကို အခွံချွတ်၊ ခြောက်သွေ့အောင်လှမ်း (အခြောက်ခံ) ပြီးမှ ပြန်လည်ပြုတ်၍ စားသုံးခြင်း

(ဥပမာ - ချင်းရိုးရာ ဆာဗူးသီး (Sabuti) ချက်သကဲ့သို့ ပြုလုပ်ခြင်း) သည် ရိုးရာအစားအစာတစ်ရပ် ဖြစ်ရုံသာမက အောက်ပါ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိစေပါသည်။

မိုးရာသီမှာနွေးနွေးထွေးထွေးနဲ့ အားအင်သစ်ကို ရှာဖွေဖို့ ဆာဗူးသီးစားကြစို့နော်
06/06/2026

မိုးရာသီမှာနွေးနွေးထွေးထွေးနဲ့ အားအင်သစ်ကို ရှာဖွေဖို့

ဆာဗူးသီးစားကြစို့နော်

ရွှေအောက်ချင်းတို့လည်း ရှိနေပါမယ် ❤️
25/03/2026

ရွှေအောက်ချင်းတို့လည်း ရှိနေပါမယ် ❤️

Laikpyar Event 2026 ✨

သူမလက်ရာအဖွဲ့ဝင်တွေရဲ့ Activity တစ်ခုအနေနဲ့ ပါဝင်ကြမည့် မနက်ဖြန် မတ်လ (၂၆) ရက်နေ့တွင် Yangon International School ကနေ ကျင်းပပြုလုပ်မည့် Laikpya Event လေး အကြောင်းပြောပါရစေ ရှင် 🩵

ဘယ်လို အစီအစဉ်တွေပါကြမလဲ ဆိုရင်တော့… 🎨 Creativity ကို ဦးတည်မည့် Workshop Sessions များအဖြစ် Lucky Pot မှ Pop painting & planting နဲ့ T Four Fashion မှ Macramé- Wall hanging လေးများကို ပြုလုပ်ကြမည့်အပြင် Handmade creations များဖြင့် ပြည့်နှက်နေမည့် Pop-up Market တို့တွင် သူမလက်ရာမှ အမျိုးသမီးဖန်တိးသူများ ပါဝင်တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ✨

သူမလက်ရာနဲ့အတူ Event Pop up Market တွင်ပါဝင်ကြမှာကတော့
1. Pure
2. TOY craft house
3. Snow’ Craft Shop
4. Amazing Grace Crafts and Workshop
5. CC's Handmade Accessories
6. 𝐓.𝐇.𝐒 𝐇𝐚𝐧𝐝𝐦𝐚𝐝𝐞 𝐂𝐨𝐫𝐧𝐞𝐫
7. MKK Creations
8. Eden Jewellery Yangon
9. 𝗕𝗲𝗮𝗻𝗶𝗲 𝗕𝘂𝗱𝗱𝗶𝗲𝘀
10. Shwe Axung Chin - ဆာဗူးသီးချင်းရိုးရာအစားအစာ
11. Hand I CrafT
12. Venus Skinlux + Huu
13. DT Bathhouse
14. Royal : clay Jewelry
15. Burmese Chic Handicrafts & Jewellery
16. Tharaphi Collections
17. HONEY - Made In Myanmar
18. Wai Wai's Noodle Place တို့ပဲ ဖြစ်ပါတယ် ရှင်…

ဖန်တီးမှုများနှင့် အတွေ့အကြုံအသစ်များကို အတူတကွ မျှဝေခံစားကြရအောင်ပါရှင် 🌿

🧚‍♀️*Laikpyar Schedule*🧚‍♀️
♣️ Date : 26.3.2026
♣️ Place : Yangon International School
No.117, Thumingalar Main Road, Thumingalar Housing, Thingangyun Township,

မြစ်တို့ လက်ခုပ်တီး၍တောင်များလည်း ရွှင်လန်းစွာ တေးဆိုနိုင်ကြစေ။ဆာလံ ၉၈Merry Christmas 🎄
24/12/2025

မြစ်တို့ လက်ခုပ်တီး၍
တောင်များလည်း ရွှင်လန်းစွာ တေးဆိုနိုင်ကြစေ။

ဆာလံ ၉၈

Merry Christmas 🎄

Shwe Axung Chin တို့တက်ရောက်ဖြစ်ခဲ့တဲ့ World food Program ,Food systems forum 2025 သင်ယူလေ့လာခွင့် ပါဝင်ဆွေးနွေးခွင့်မျာ...
22/10/2025

Shwe Axung Chin တို့တက်ရောက်ဖြစ်ခဲ့တဲ့

World food Program ,

Food systems forum 2025

သင်ယူလေ့လာခွင့် ပါဝင်ဆွေးနွေးခွင့်များအတွက် ကျေးဇူးပါ။

#ရွှေအောက်ချင်း #ဆာဗူးသီး

OXFAM myanmar မှဦးဆောင်ကျင်းပသည့်အမျိုးသမီးများဦးဆောင်နေသောအဖွဲ့အစည်းများ၊ လက်ရှိလူနေမှု့ဆိုင်ရာအခက်အခဲများ၊ ရာသီဥတု အ...
16/10/2025

OXFAM myanmar မှဦးဆောင်ကျင်းပသည့်
အမျိုးသမီးများဦးဆောင်နေသောအဖွဲ့အစည်းများ၊ လက်ရှိလူနေမှု့ဆိုင်ရာအခက်အခဲများ၊ ရာသီဥတု အပြောင်းအလဲကြောင့် ရင်ဆိုင်ရမှု့များအတွက် ဆွေးနွေးပွဲများကို Novotal Yangon,Myanmar မှာပြုလုပ်ကျင်းပခဲ့ပါသည်။

SHWE AXUNG CHIN ရွှေအောက်ချင်းစားသောက်ကုန်မှ ချင်းပြည်နယ်ထွက်ပစ္စည်းများကိုသွားရောက်ပြသရန် ဖိတ်ခေါ်ပေးသော Women Transformation Myanmar (WTM) ကို ကျေးဇူးအထူးတင်ရှိပါသည်။

#ရွှေအောက်ချင်း #ဆာဗူးသီး

ဝါလကင်းလွတ် သီတင်းကျွတ်.🌟✨️🧨🎈ကုသိုလ်လည်းရ ပျော်စရာရွှင်စရာတွေပေါများတဲ့သီတင်းကျွတ်လတွေမှာ နောက်ထပ်ပျော်ရွှင်စရာသီတင်းကော...
13/10/2025

ဝါလကင်းလွတ် သီတင်းကျွတ်.🌟✨️🧨🎈

ကုသိုလ်လည်းရ ပျော်စရာရွှင်စရာတွေပေါများတဲ့သီတင်းကျွတ်လတွေမှာ နောက်ထပ်ပျော်ရွှင်စရာသီတင်းကောင်းလေးတစ်ခုရှိပါတယ်....

အလှအပလက်မှု့အနုပညာတို့စုစည်းရာ

နှစ်ယောက်မရှိတဲ့သီးသန့်ဆန်တဲ့ ရသခံစားမှု့တို့ကိုသာပေးစွမ်းနိုင်ရာ

Made in Myanmar မြန်မာ့ထုတ်ကုန်တို့စုစည်းရာ

#သူမလက်ရာshecreates Centre မှာ ရွှေအောက်ချင်းတို့ရောက်ရှိနေပြီနော်

ဦးဝိစာရလမ်း ၊ စမ်းချောင်းမြို့နယ် မှာရှိတဲ့သူမလက်ရာကို ရောက်ဖြစ်ခဲ့ရင် ရွှေအောက်ချင်းကို သတိရပေးပါရှင်

#သူမလက်ရာ #ရွှေအောက်ချင်း

ဗေရိဂေဟာ သို့ရွှေအောက်ချင်း Shwe Axung Chinစားသောက်ကုန်လုပ်ငန်းမှ ရန်ကုန်တိုင်း  မှော်ဘီမြို့အနီးမှာ ပြောင်းရွှေ့နေထိုင်...
09/10/2025

ဗေရိဂေဟာ သို့

ရွှေအောက်ချင်း Shwe Axung Chinစားသောက်ကုန်လုပ်ငန်းမှ ရန်ကုန်တိုင်း မှော်ဘီမြို့အနီးမှာ ပြောင်းရွှေ့နေထိုင်လာသော ချင်းလူမျိုး မိသားစုများ ၊မိဘမဲ့ချင်းကလေးငယ်အများစုပါဝင်သော ဗေရိဂေဟာကို အောက်တိုဘာလအစမှာ လှူဒါန်းဖြစ်ခဲ့တဲ့ အမှတ်တရပုံရိပ်လေးများဖြစ်ပါတယ်။

🙏ပထမအကြိမ် ဖေ့ဘုတ်မိတ်ဆွေရဲ့ လက်မှု့အနုပညာ အလှူ postကတဆင့်သိရှိရပြီး ငွေသားပါဝင်လှူဒါန်းဖြစ်ခဲ့ပါတယ်။

🙏ဒုတိယအကြိမ်မှာတော့ ချင်းမိသားစုများပါ ပါဝင်နေတာသိရှိရလို့ ၄င်းတို့ဆန္ဒကိုသေချာမေးမြန်းပြီး YUA (United Youth Association) အဖွဲ့နှင့်ဆက်သွယ်ကာဆာဗူးသီးထုတ်ငယ်များ လှူဒါန်းဖြစ်ခဲ့ပါတယ်။

သွားရောက်လှူဒါန်းလိုသူများအတွက် 🚚

[ဗေရိဂေဟာ လမ်းညွှန်

YBS bus stop - စမ်းချောင်းပေါက် မှတ်တိုင်

✅ မြို့ထဲဘက်ကလာရင် လမ်းမကြီးရဲ့ ညာဘက် ဂိတ်လမ်း
တည့်တည့်ဝင်

- လမ်းနာမည် အနန္တမေတ္တာလမ်းမ

✅ တည့်တည့်ဝင်ပြီး
လမ်းဆုံတစ်ခု ရောက်ရင်ဘယ်ချိုး

ချိုးရမယ့်
လမ်းနာမည် စမ်းချောင်းဆေးခန်းလမ်း

✅ လမ်းအတိုင်းတည့်တည့်ဝင်ပြီး
ဂျိုးဖြူပိုက်လိုင်းနား
ဘုန်းကြီးကျောင်းနားထိ ကားဝင်လို့ရ

🚗 Parking ထိုးရန်နေရာ

မေတ္တာဂုဏ်ရည် ဓမ္မရိပ်သာကျောင်းတိုက်

✅ တံတားနားရောက်ရင်
လမ်းဆင်းလျှောက်ရပါမယ်

ဆရာတစ်ယောက် လာကြိုပါလိမ့်မယ်ဗျ

( ချင်းကျောင်းလို့မေးပြီး ဝင်လို့ရပါတယ်)]

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959950903968

Alerts

Be the first to know and let us send you an email when Shwe Axung Chin - ဆာဗူးသီးချင်းရိုးရာအစားအစာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Axung Chin - ဆာဗူးသီးချင်းရိုးရာအစားအစာ:

Shortcuts

Share