05/01/2023
ရှေ့မှာနေရင်သူရဲကောင်းလို တိုက်ပွဲဝင်နိုင်သလို နောက်မှာနေရင်လည်း ခြံစည်းရိုးလို လုံခြုံမှုပေး နိုင်စွမ်းရှိတာ အမေတွေပါ၊ စီးပွါးတွေရှာ ပညာတွေရှာနေရလို့ အဝေးမှာရှိနေရရင်တောင် အမေ့အိမ်ကို ပြန်ရောက်တဲ့အချိန်တိုင်း အနွေးထွေးဆုံးသော မေတ္တာတွေကိုပေးစွမ်းနိုင်တာ အမေတွေပါ၊ အဝေးရောက်သားသမီးတွေအတွက် လေလှိုင်းကတဆင့်လည်း မေတ္တာလွှမ်းခြံုပေးနိုင်တာ အမေတွေပါ။ ယနေ့ကျရောက်တဲ့ ပြာသိုလပြည့်နေ့ အမေများနေ့ မှာ ကမ္ဘာပေါ်က မိခင်များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ ဆုတောင်းလျက် Happy Mother Day ပါ
Photo Crd