𝑯𝒐𝒎𝒆𝒎𝒂𝒅𝒆 𝑩𝒚 𝑻𝒉𝒂𝒛𝒊𝒏

  • Home
  • Myanmar
  • Yangon
  • 𝑯𝒐𝒎𝒆𝒎𝒂𝒅𝒆 𝑩𝒚 𝑻𝒉𝒂𝒛𝒊𝒏

𝑯𝒐𝒎𝒆𝒎𝒂𝒅𝒆 𝑩𝒚 𝑻𝒉𝒂𝒛𝒊𝒏 အိမ်ချက်အတိုင်းသန့်ရှင်းလတ်ဆတ်စွာ?

19/07/2022

ရေခဲသေတ္တာထဲမှာ ဘယ်တော့မှ သိမ်းမထားသင့်တဲ့ အစားအစာများ

ရေခဲသေတ္တာဟာ အစားအစာတော်တော်များများရဲ့ ပျက်စီးယိုယွင်းမှုကို လျော့ပါးစေနိုင်ပေမယ့် မီးဖိုချောင်မှာရှိတဲ့ အရာသာရှိတဲ့ အစားအစာတိုင်းအတွက်တော့ မဟုတ်ပါဘူး။ အေးတဲ့အပူအချိန်ဟာ အစားအစာတွေရဲ့ မျက်နှာပြင်နဲ့ အရသာကို ပြောင်းလဲစေနိုင်ပြီး အကျိုးကျေးဇူးတွေကိုတောင် ထိခိုက်စေနိုင်တပါ။ ဒါကြောင့် ရေခဲသေတ္တာထဲမှာ ဘယ်တော့မှမထည့်သင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

- ကော်ဖီ
ကော်ဖီမှုန့် သို့ ကော်ဖီစေ့တွေကို ခြောက်သွေ့ပြီးအေးမြတဲ့ နေရာမှာသာ ထားသင့်ပါတယ်။ ရေခဲသေတ္တာရဲ့အပူချိန်ဟာ ပုံမှန်အားဖြင့် အရမ်းကိုအေးတာကြောင့် ကော်ဖီတွေအတွက် သင့်တော်တဲ့ နေရာမဟုတ်ပါဘူး။ ကော်ဖီတွေကို အခန်းအပူချိန်တွင်သာထားသင့်ပြီး အရမ်းပူတာ၊ စိုစွတ်မှုနဲ့ နေရောင်တို့ကို ရှောင်ရှားသင့်ပါတယ်။

- ပေါင်မုန့်
တော်တော်များများသောအိမ်တွေမှာ ပေါင်မုန့်တွေကို ရေခဲသေတ္တာထဲ ထည့်ထားတတ်ကြတာကို တွေ့ရတတ်ပါတယ်။ ပေါင်မုန့်ကို အေးစက်နေတဲ့ရေခဲသေတ္တာထဲ ထည့်လိုက်တဲ့အခါ ခြောက်သွေ့ပြီး ပျက်စီးသွားစေနိုင်ပါတယ်။

-ခရမ်းချဉ်သီး
အိမ်တိုင်းလိုလိုကတော့ ခရမ်းချည်သီးကို ရေခဲသေတ္တာထဲ ထည့်သိမ်းတတ်ကြမှာပါ။ ဒါပေမယ့် ခရမ်းချည်သီးကို ရေခဲသေတ္တာထဲထည့်လိုက်တဲ့အခါ သူတို့ရဲ့အဆိမ့်အရသာကို အနည်းငယ်ဆုံးရှုံးသွားတတ်ပါတယ်။ အေးတဲ့အပူချိန်ဟာ ခရမ်းချည်သီးရဲ့မျက်နှာပြင်ကို ပြောင်းလဲစေရုံမက အတွင်းအလွှာတွေကိုလည်း ပြောင်းလဲစေနိုင်ပါတယ်။ နောက်ဆုံးတွင် ခရမ်းချည်သီးဟာ မာတောင့်ခြင်း သို့ ပျော့ပျောင်းပြီး မွဲခြောက်သွားတာမျိုး ဖြစ်စေနိုင်တာပါ။ ခရမ်းချည်သီးကို အခန်းအပူချိန်မှာထားတာက အကောင်းဆုံးပါပဲ။

-ပင်စိမ်း
ပင်စိမ်းကို အေးတဲ့နေရာမှာထားလိုက်တဲ့အခါ မတူညီတဲ့အနံကို ထုတ်ပေးတာ ဖြစ်ပါတယ်။ ပင်စိမ်းကိုသိမ်းဆည်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ ရေခွက်တစ်ခုတွင် ရေအနည်းငယ်ထည့်ပြီး ပင်စိမ်းအပင်ကို စိုက်ပျိုးထားလိုက်ရုံပါပဲ။

-ခရမ်းသီး
ခရမ်းသီးကို ရေခဲသေတ္တာထဲထည့်လိုက်ခြင်းက သူတို့ကို ပျက်စီးသွားစေတတ်ပါတယ်။ နောက်ပြီး မြေဆီလွှာပါတဲ့ ဟင်းသီးဟင်းရွက်တွေရဲ့ အဝေးမှာထားသင့်ပြီး နေရောင်နဲ့ တိုက်ရိုက်မထိတွေ့တဲ့ အေးမြတဲ့နေရာမှာ သိမ်းဆည်းသင့်ပါတယ်။

SHWEMOM
Photos from freepik

Hello May
01/05/2022

Hello May

28/03/2022

ထမင်းစားပြီးနောက် မလုပ်သင့်သည့် အန္တရာယ် (၈)ရပ်

(၁) ဆေးလိပ် မသောက်ပါနှင့်။
ďżź
ထမင်းစားပြီးနောက် စီးကရက် ၁-လိပ်သောက်ခြင်း သည် သာမန် အချိန် စီးကရက်၁၀-လိပ်သောက်ခြင်းနှင့် ညီ မျှပြီး၊ ကင်ဆာ ရောဂါဖြစ်နိုင်ချေ အလားအလာပိုများကြောင်း ဆေးသိပ္ပံပညာရှင် များက သတိပေးထား သည်။

(၂) သစ်သီးများ အလျင်စလို မစားပါနှင့်။

ထမင်စားပြီးနောက် အချိုပွဲ သစ်သီး စားခြင်းသည် မှားယွင်းသော အစဉ်အလာ တစ်ခုဖြစ်နေကြပါသည်။ အမှန် အားဖြင့် ထမင်းစား ပြီးပြီးချင်း သစ်သီးစားခြင်းက လေပွစေပြီး၊ အစာအိမ် ကို ဘေးဥပါသ်ဖြစ်စေ၏။

ထို့ကြောင့် ထမင်းစားပြီး အနည်းဆုံး နာရီ၀က်ခန့် ကြာမှ သာ သစ်သီး စားသင့်သည်။

(ကျမ္မာရေး အမြင် ရှိသော ဟိုတယ်ကြီးများနှင့် စားသောက်ဆိုင် အချို့့တွင် သစ်သီးအစား၊ ဥပမာ … ဌက်ပျောသီးပေါင်း (သို့မဟုတ်) ရွှေဖရုံသီးပေါင်း စသည့် တို့ကို အချိုပွဲ အဖြစ်တည်ခင်း ဧည့်ခံလာကြသည်)

(၃) လ္ဘက်ရည် မသောက်ပါနှင့်။

လ္ဘက်ရည် အချိုခြောက် ထဲတွင် အက်ဆစ်ဓာတ် အမြောက်အများ ပါရှိကြပေရာ၊ ၄င်းတို့က ထမင်း ဟင်းထဲ တွင် ပါရှိသည့် ပရိုတင်း များကို အနှောင့်် အယှက်ပြုကာ အစာချေဖျက်မှု ကိုလည်း ဟန့်တားစေပါသည်။

Google တွင် ဟုစာရိုက်ရှာပြီး 'မြန်မာဆေးစွမ်းကောင်းများနှင့် ကျန်းမာစေသော အစားအစာ' Page တွင် မြန်မာ့ဆေးနည်းမျိုးစုံကို လေ့လာနိုင်ပါသည်။


(၄) ခါးပတ်ကြိုး မလျော့ပါနှင့်။

ထမင်း စားပြီးပြီးချင်း ခါးပတ်ကြိုး (သို့မဟုတ်) ပုဆိုး၊ လုံချည်လျော့၀တ်ခြင်း က အူသိမ် အူမ တို့ကို လိမ်ခေါက် ၍ အူလမ်းကြောင်း ပိတ်ဆို့စေပါသည်။

(၅) ရေ မချိုးပါနှင့်။

ထမင်းစားပြီးနောက် ရေချိုးခြင်း သည် လက်/ခြေထောက်နှင့် ခန္ဓာကိုယ် တစ်ခုလုံးရှိ သွေး လည်ပတ်စီးဆင်း မှု တိုးပွားလာပြီး၊ အစာအိမ် တဝုိက် သွေးလည်ပတ် စီးဆင်းမှု လျော့ကျ လာသောကြောင့် အစာ အိမ်ကောင်း စွာ အလုပ် မလုပ်နိုင်တော့ပေ။

(၆) သွက်သွက် လမ်း မလျှောက်ပါနှင့်။

ရှေး လူကြီးမျာက “ထမင်းစားပြီး အချိုစား၊ ခြေလှမ်း ၂၀၀ သွား” ဟု အဆို ရှိခဲ့ကြလေ၏။ ထို အဆိုမှာ တက် တက် စင် မှားယွင်းနေ ကြောင်း ယနေ့ဆေးသိပ္ပံပညာရှင် များက အတည်ပြုထားကြသည်။

အကြောင်းရင်း မှာ …. ထမင်း စားပြီးချင်း ခပ် သွက်သွက် လမ်းလျှောက်ခြင်း က ဗိုက်အောင့်စေတတ်ပြီး၊ထမင်း ဟင်း ထဲမှပါ၀င်သော အာဟာရ စုပ်ယူရန် အတွက် အစာချေ စံနစ်ကို အနှောင့် အယှက်ဖြစ် စေ တတ် သည်။ (ထမင်းစားပြီး ငြိမ်ငြိမ် ထိုင်နေရမည် ဟု မဆိုလိုပါ) ကျန်းမာရေး နဲ့ ညီညွတ်စေဖို့အတွက် ထမင်းစားပြီး ပါက အနည်းဆုံး ၁၅-မိနစ်ခန့် မတ်တပ် ရပ်နေပါ (သို့မဟုတ်) ဖြည်းဖြည်း မှန်မှန်လမ်းလျှောက်ပါ။

(၇) မအိပ်ပါနှင့်။

ထမင်းစားပြီး ချက်ချင်း လှဲအိပ်ခြင်းသည် အစာကောင်းစွာ မကျေညက်စေတော့ဘဲ၊ အစာအိမ်ရောဂါဖြစ်စေ သည့်ပြင်၊ အူ များကို ကူးစက်ရောဂါပိုး ၀င်စေသည်။

(၈) အားကစား မလုပ်ပါနှင့်။

အားကစား မလုပ်ခင် အနည်းဆုံး နာရီ၀က် မှ အများဆုံး ၂-နာရီ ခန့်ကြိုတင်၍ ထမင်းစားထား ပါ။ သို့မဟုတ် ပါက၊ အကြော ဆွဲခြင်း (သို့မဟုတ်) ရုတ်တရက်နှလုံးခုန် ရပ်တန့်ခြင်း (သို့မဟုတ်) အသက်သေစေနိုင်သည်။

Credit:(ဆောင်းပါးရှင်…ပေါက်ပေါက်၏ ဆောင်းပါးအား
ကူးယူမျှဝေပါသည်)

#ကျန်းမာရေးနှင့်အထွေထွေဗဟုသုတ
Crd - opo by
#ထမင်းစားပြီးနောက်မလုပ်သင့်သည့်အန္တရာယ်၈ရပ်

မနက်ဖြန် ရမယ်နော်
15/03/2022

မနက်ဖြန် ရမယ်နော်

🅷🅾🅼🅴 🅼🅰🅳🅴 🅱🆈 🆃🅷🅰🆉🅸🅽 🆂🅿🅴🅲🅸🅰🅻 🅼🅴🅽🆄

ဂဏန်းပြောင်းဖူးချဉ်စပ်🦀🌽
ပုဇွန်ကင်းမွန်‌ပေါင်းချဉ်စပ်🦐🦑

အိမ်ချက်လက်ရာအတိုင်း
သန့်သန့်ရှင်းရှင်းလတ်လတ်ဆတ်ဆတ်နဲ့စားရမယ်ရှင့်
အချိုမှုန့်မသုံးဘူး ၊နေကြာဆီပဲသုံးတယ်

ဂဏန်းပြောင်းဖူးချဉ်စပ်🦀🌽ပွဲသေး ၃,၀၀၀ကျပ်
ဂဏန်းပြောင်းဖူးချဉ်စပ်🦀🌽ပွဲကြီး ၅,၀၀၀ကျပ်

ပုဇွန်ကင်းမွန်‌ပေါင်းချဉ်စပ်🦐🦑ပွဲသေး ၅,၀၀၀ကျပ်
ပုဇွန်ကင်းမွန်ပေါင်းချဉ်စပ်🦐🦑ပွဲကြီး ၁၀,၀၀၀ကျပ်

✨တစ်ရက်ကြိုမှာပေးနော်✨
အမှန်တကယ်စားချင်မှ မှာပေးပါရှင့်
မှာပြီးမှ Cancelမလုပ်ဖို့အထူးမေတ္တာရပ်ခံပါတယ်ရှင့်

တောင်ဥက္ကလာအတွင်း ပို့ခ ၇၀၀
သုဝဏ္ဏ၊သင်္ဃန်းကျွန်း၊ရန်ကင်း ပို့ခ ၁၀၀၀
တာမွေ ပို့ခ ၁၅၀၀

မှာယူမယ်ဆိုရင် အမည်၊ဖုန်း၊လိပ်စာအပြည့်အစုံ
ပေးထားပါနော်
အော်ဒါမှာချင်ရင် Chat Box (or) 📱09420183935🤙
အိမ်မှာလာယူချင်လဲရပါတယ် ဖုန်းတော့ကြိုဆက်ပေးနော်
အမှတ်(၃၅)/ဒုတိယထပ်/အနော်မာ(၂)လမ်း/(၁၃)ရပ်ကွက်/တောင်ဥက္ကလာပါ

အိမ်မှာလုပ်စားဖြစ်တာလေး အာ့မျိုးလေးရောင်းပေးရင်ရော အားပေးကြမလား
04/03/2022

အိမ်မှာလုပ်စားဖြစ်တာလေး
အာ့မျိုးလေးရောင်းပေးရင်ရော အားပေးကြမလား

🅷🅾🅼🅴 🅼🅰🅳🅴 🅱🆈 🆃🅷🅰🆉🅸🅽 🆂🅿🅴🅲🅸🅰🅻 🅼🅴🅽🆄ဂဏန်းပြောင်းဖူးချဉ်စပ်🦀🌽ပုဇွန်ကင်းမွန်‌ပေါင်းချဉ်စပ်🦐🦑အိမ်ချက်လက်ရာအတိုင်းသန့်သန့်ရှင်းရ...
28/02/2022

🅷🅾🅼🅴 🅼🅰🅳🅴 🅱🆈 🆃🅷🅰🆉🅸🅽 🆂🅿🅴🅲🅸🅰🅻 🅼🅴🅽🆄

ဂဏန်းပြောင်းဖူးချဉ်စပ်🦀🌽
ပုဇွန်ကင်းမွန်‌ပေါင်းချဉ်စပ်🦐🦑

အိမ်ချက်လက်ရာအတိုင်း
သန့်သန့်ရှင်းရှင်းလတ်လတ်ဆတ်ဆတ်နဲ့စားရမယ်ရှင့်
အချိုမှုန့်မသုံးဘူး ၊နေကြာဆီပဲသုံးတယ်

ဂဏန်းပြောင်းဖူးချဉ်စပ်🦀🌽ပွဲသေး ၃,၀၀၀ကျပ်
ဂဏန်းပြောင်းဖူးချဉ်စပ်🦀🌽ပွဲကြီး ၅,၀၀၀ကျပ်

ပုဇွန်ကင်းမွန်‌ပေါင်းချဉ်စပ်🦐🦑ပွဲသေး ၅,၀၀၀ကျပ်
ပုဇွန်ကင်းမွန်ပေါင်းချဉ်စပ်🦐🦑ပွဲကြီး ၁၀,၀၀၀ကျပ်

✨တစ်ရက်ကြိုမှာပေးနော်✨
အမှန်တကယ်စားချင်မှ မှာပေးပါရှင့်
မှာပြီးမှ Cancelမလုပ်ဖို့အထူးမေတ္တာရပ်ခံပါတယ်ရှင့်

တောင်ဥက္ကလာအတွင်း ပို့ခ ၇၀၀
သုဝဏ္ဏ၊သင်္ဃန်းကျွန်း၊ရန်ကင်း ပို့ခ ၁၀၀၀
တာမွေ ပို့ခ ၁၅၀၀

မှာယူမယ်ဆိုရင် အမည်၊ဖုန်း၊လိပ်စာအပြည့်အစုံ
ပေးထားပါနော်
အော်ဒါမှာချင်ရင် Chat Box (or) 📱09420183935🤙
အိမ်မှာလာယူချင်လဲရပါတယ် ဖုန်းတော့ကြိုဆက်ပေးနော်
အမှတ်(၃၅)/ဒုတိယထပ်/အနော်မာ(၂)လမ်း/(၁၃)ရပ်ကွက်/တောင်ဥက္ကလာပါ

ကပ်ဆိုက်တဲ့ အခါ...(1) ငါးပါးသီလ မြဲခြင်း(2) အသားငါး စားသုံးမှုနည်းခြင်း(3)ပရိတ်ရွတ်ပုံနေရာ ကျခြင်း တို့ဟာ      ကပ်ဘေးကို...
24/02/2022

ကပ်ဆိုက်တဲ့ အခါ...
(1) ငါးပါးသီလ မြဲခြင်း
(2) အသားငါး စားသုံးမှုနည်းခြင်း
(3)ပရိတ်ရွတ်ပုံနေရာ ကျခြင်း တို့ဟာ
ကပ်ဘေးကို အကောင်းဆုံးကာကွယ်ခြင်းပဲတဲ့။

ကပ်ဆိုက်တယ် ဆိုတာ လူသားတွေ လောဘ ,ဒေါသ , မောဟတွေ များလို့သဘာဝတရားကြီးက ရပ်တန့်သွားအောင် ပညာပေးတာ။

ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းခြင်းရဲ့ အကျိုးကို
သိပ္ပံကိရိယာတွေနဲ့တိုင်းလို့မရဘူး။

ကမ္ဘာလောကဓါတ်ကြီးဟာ သတ္တဝါတွေရဲ့ ကံတရားအတိုင်း ဖြစ်တည်နေတာ။

ဘုရားရှင်တွေ မပွင့်တဲ့ အချိန်သာသနာပ ကာလမှာလည်း
လူသားတွေ ငါးပါးသီလ လုံခြုံကြလို့ နတ်ကောင်း နတ်မြတ်တွေ ဝဠာဟာက ဆိုတဲ့ ရာသီဥတုကို စောင့်ကြပ်တဲ့နတ်တွေ
စောင့်ကြပ်ပေးကြတယ်။

အဲဒီ အခါမျိုးမှာ ဥတုမှန်ပြီး တိုင်းသူပြည်သားတွေ
လယ်ယာမြေလုပ်ကိုင်စားသောက်ရတာ ကောင်းမွန်တယ်။

အဲဒီအတွက် အငတ်ဘေး မဆိုက်ဘူး။

လူသားတွေ သီလပျက်ပြီ ဆိုရင် ဝဠာဟာကနတ်တွေဟာ သွားမြဲလမ်းက မသွားပဲ၊တခြားလမ်းက သွားတယ်။

အဲဒီအတွက် ဥတုတွေ ဖေါက်ပြန်တယ်။

လူသားတွေ ဥတုမမှန်တော့ လုပ်ကိုင်စားသောက်ရတာ ခက်ခဲကုန်တယ်။

ပြောချင်တာက ငါးပါးသီလ စောင့်ထိန်းတဲ့ အကျိူးဟာ
နည်းနည်းနောနောမဟုတ်ဘူး။

မမြင်ရတဲ့ နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက်တာခံရတယ်။

ဒီသဘောတွေကို ဖန်ဆင်းရှင်က ဖန်ဆင်းလို့
အရာရာဖြစ်တာဆိုတဲ့ သူတွေ ဘယ်လို လက်ခံမလဲ။
ဒါက လွဲချော်မှု နံပါတ်တစ် ပါ ။

နံပါတ်နှစ် အသားငါး စားသုံးမှု နည်းခြင်းဟာ ကပ်ဘေးကို ကာကွယ်စေတယ် ဆိုတာ ဒီနေ့တော်တော်များများ လက်ခံနိုင်မှာ မဟုတ်ဘူး။

ရောဂါပိုး ဆိုတာ ကိုယ်ခံအားကောင်းမှ ခံနိုင်တာ
အသားငါး မစားရင်ကိုယ်ခံအား မကောင်းဘူး လို့
လက်ခံထားသူတွေဟာ ပိုများနေလိမ့်မယ်။

ကိုယ်စောင့်နတ် သာသနာစောင့်နတ်နဲ့ မိမိနဲ့ပဌာန်းဆက်ပါတဲ့ ပုဂ္ဂိုလ်တွေဟာ ပျက်စီးတော့မယ့် အကြောင်းအရာတွေအတွက် ကြိုတင်ပြီး သတိပေးချင်တယ်။

အသားငါး စားထားသူတွေ ဆိုရင်သူတို့ အနားကပ်လို့မ
ရဘူး ။

အသားငါး စားထားသူဟာ အနံ့အသက် မကောင်းဘူး။

အိမ်မက်ပေးဖို့မလွယ်ဘူး နိမိတ်တွေပြဖို့ ခက်ခဲတယ်။

အသားငါး မစားခြင်းရဲ့ နောက်တမျိုး ရလဒ်က တိရစ္ဆာန်တွေအပေါ် မေတ္တာဓါတ် ပိုပြီးသက်ရောက်စေတယ်။

အထူးသဖြင့် တခြားသတ္တဝါတွေရဲ့ အကုသိုလ်ကံတွေကြောင့် ကိုယ်ပါရောပါသွားတတ်တဲ့ သဘောရှိတယ်။

ဒါကို ကိုယ်စောင့်နတ်တွေက သိပြီး သတိပေးချင်တယ်။

ဒါပေမယ့် သူတို့အနားကပ်လို့မရဘူး။

အဲဒီသဘောကြောင့် အသားငါး လျော့ခြင်းဟာ
ကပ်ဘေးကို လျော့ပါးစေတယ်လို့ပြောတာဒါက လွဲချော်မှု နံပါတ် နှစ်။

နံပါတ်သုံးက ပရိတ်ရွတ်ပုံ နေရာကျခြင်း ဆိုတာကတော့
တခြားဘာသာတွေ အတွက် ယုံကြည်မှုမရှိတဲ့ အတွက်
ပရိတ်က အရံအတား မဖြစ်စေဘူး။

ပရိတ်ရွတ်တဲ့ အခါ ဘုရားရှင်ရဲ့ တရားတော်မြတ်ရဲ့ အရှိန်အဝါဟာ ဖြည့်ဆည်းခဲ့တဲ့ ပါရမီတော်ကြောင့်
စင်္ကြာဝဠာတိုက်တစ်သောင်းထိ သြဇာအာဏာ သက်ရောက်တယ်။

ကပ်ဘေးကြောင့် လူတွေ သေကြတယ်။

အဲဒီ သေတဲ့ သူတွေကို ညအခါ ဘီလူး ,မြေဘုတ်,ပြိတ္တာတွေက လုယူစားသောက်ကြတယ်။

ဒါတွေကို ပကတိ မျက်စိနဲ့မမြင်နိုင်ကြတော့ မယုံကြည်ကြဘူး။

ပရိတ်ရွတ်တဲ့ အခါ ပရိတ်ရဲ့ သြဇာ ရွတ်ဖတ်သူရဲ့
သီလ ,သမာဓိ , ပညာကြောင့် ဘီလူးတွေ ပြိတ္တာတွေဟာ
ကြောက်လန့်ပြီး ထွက်ပြေးကြတယ်။

ကပ်ဘေး ဖြစ်ချိန်မှာ အမနုဿ လို့ခေါ်တဲ့ သူတို့တွေဟာ
လူတွေကို မူးဝေအောင်လုပ်ကြတယ်။

ပူးကပ်ပြီး လူ့လောကကို အနိဋ္ဌာရုံတွေဖြစ်အောင် ကြိုးစားကြတယ်။

ပရိတ်ရွတ်ဖတ်ခြင်းနှင့် ပရိတ်ရေဖျန်းခြင်းကြောင့်
ဘီလူးတွေ ထွက်ပြေးရကြောင်း ဘုရားရှင်လက်ထက်က ကပ်ဘေးမှာဖြစ်ခဲ့ဘူးတာပဲ။

ပရိတ် အစွမ်းထက်ဖို့ အသံထွက် မှန်ရမယ်၊ယုံကြည်ရမယ်၊
ကံကြီးထိုက်သူမဖြစ်စေရ ဆိုတဲ့ အင်္ဂါသုံးချက်နဲ့ ညီရတယ်တဲ့ ။

ဒါ့ကြောင့် လယ်တီဆရာတော်ကြီးက ပရိတ်ရွတ်ပုံနေရာ ကျရမယ်လို့ ပြောခဲ့တာပါ။

ဒီသဘောတွေကတော့ ဗုဒ္ဓဘာသာဝင်တွေပဲ သိတယ်။

သိတာတောင် မယုံကြည်တဲ့သူက များတယ်
ဒါက လွဲချော်မှု နံပါတ် သုံး ပါပဲ။

အခုတော့လက်ဆေးကြ ,အပြင်မထွက်ကြနဲ့ ဆိုတဲ့
မျက်မြင်သဘော ကာကွယ်မှုတွေပဲတစ်ကမ္ဘာလုံး လုပ်နေကြတယ်။

မျက်မြင်သဘောနဲ့လည်း ကာကွယ်ရမယ် မမြင်နိုင်တဲ့ သဘောတွေနဲ့လည်းအခုတင်ပြခဲ့တဲ့အတိုင်း ကာကွယ်ကြမယ် ဆိုရင် မြန်မာပြည်သူတွေ ကပ်ဘေးကနေ ပိုပြီး လွတ်နိုင်ကြပါလိမ့်မယ်။

ဒီသဘောတွေကတော့ဗုဒ္ဓဘာသာဝင်တွေအတွက်
ကပ်ဘေးက လွတ်မြောက်စေနိုင်တဲ့အထူးအခွင့်အရေးဆိုတာ မမေ့ကြပါစေနဲ့ ။

#ပါမောက္ခချုပ်ဆရာတော်
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
#ပါချုပ်ဆရာတော် #တရား #တရားမှတ်စု

ဒီနေ့ နေ့လည်စာကို မုန်လာဥဖြူဟင်းချိုရယ် ဝက်ခေါင်းသုပ်လေးရယ် လုပ်စားတယ်
11/02/2022

ဒီနေ့ နေ့လည်စာကို မုန်လာဥဖြူဟင်းချိုရယ် ဝက်ခေါင်းသုပ်လေးရယ် လုပ်စားတယ်

ဂဏန်းပြောင်းဖူးချက်ကို ပုဇွန်လေးပါထပ်ထည့်ပြီးစားချင်လဲ မှာလို့ရတယ်နော် ၁ပွဲ ၇၀၀၀ပါ🦀🦐🌽စားကောင်းတယ်ဆိုပြီး နှစ်ရက်ဆက်တိုက်...
06/02/2022

ဂဏန်းပြောင်းဖူးချက်ကို ပုဇွန်လေးပါထပ်ထည့်ပြီးစားချင်လဲ မှာလို့ရတယ်နော် ၁ပွဲ ၇၀၀၀ပါ🦀🦐🌽

စားကောင်းတယ်ဆိုပြီး နှစ်ရက်ဆက်တိုက် မှာစားလို့များရီးချစ်ရတယ်

အိမ်ချက်လေးမိုလို့ လတ်ဆတ်သန့်ရှင်းတယ် အာဟာရပြည့်ပြီးစားလို့ကောင်းစေရမယ်
📱09420183935/09964183935
#𝑯𝒐𝒎𝒆𝑴𝒂𝒅𝒆𝑩𝒚𝑻𝒉𝒂𝒛𝒊𝒏

Address

Yangon

Telephone

+959420183935

Website

Alerts

Be the first to know and let us send you an email when 𝑯𝒐𝒎𝒆𝒎𝒂𝒅𝒆 𝑩𝒚 𝑻𝒉𝒂𝒛𝒊𝒏 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝑯𝒐𝒎𝒆𝒎𝒂𝒅𝒆 𝑩𝒚 𝑻𝒉𝒂𝒛𝒊𝒏:

Shortcuts

Share

Category