03/03/2026
ကလေးတွေက မွေးဖွားလာဖို့ရွေးချယ်ခဲ့ကြတာမဟုတ်ဘူး၊ ကိုယ်ကသာ ကလေးယူဖို့ရွေးချယ်ခဲ့တာပါ။
သူတို့က ကိုယ့်အပေါ် ဘာအကြွေးမှ မတင်ပါဘူး၊ ကိုယ်ကသာ သူတို့ကို အကြွေးတင်ရတာပါလို့
ကမ္ဘာ့အချမ်းသာဆုံးစာရင်းထဲပါသူ Elon Musk က ဆိုပါတယ်။
ကိုယ်လဲ အဲ့လိုပဲခံယူထားတယ်...။
လိုချင်လွန်းလို့ခေါ်လာခဲ့တဲ့ ဒီကလေးလေးတွေကို မွေးပေးရလို့ ဘယ်တော့မှ မိဘကျေးဇူးမြင့်မိုရ်ဦးဆိုတာနဲ့ ဂုဏ်ဆာပြီး ကိုင်မပေါက်ဘူး၊ မိဘကိုလဲ ပြန်မကြည့်ခိုင်း၊ မပြုစုခိုင်းဘူး။
တစ်နေ့ သူတို့ရဲ့ အသိစိတ်နဲ့
ကိုယ်တွေကို ပြန်လှည့်ကြည့်လာခဲ့မယ်ဆိုရင် အဲဒါက ကိုယ့်ဘဝအတွက် bonus တစ်ခုလိုအရမ်းကို ကြည်နူးစရာ ဖြစ်နေမှာပါ။
သူ့တို့ကိုပြုစုပျိုးထောင်ရလို့ ဘယ်လောက်ပင်ပန်းပါစေ သူကြီးလာရင် ဘယ်လောက်ပင်ပန်းခဲ့တာလို့သူတို့စိတ်ဒဏ်ရာဖြစ်စေမဲ့ စကားအဖြစ်မပြောဘူး။
သူတို့ဘဝကိုဝင်စွက်ဖက်ဖို့၊ လွှမ်းမိုးချုပ်ကိုင်ဖို့ မကြိုးစားဘူး... ။
သူတို့ဘဝကို သူတို့စိတ်တိုင်းကျ ပုံဖော်နိုင်အောင်လိုအပ်တဲ့ အသိပညာ၊ အတတ်ပညာတွေ ပေးနိုင်သလောက်ပေးပြီးမိဘအတွက် နောက်ဆံမတင်းစေဘဲ လွတ်လပ်စွာ ပျံသန်းနိုင်အောင်ပဲ လိုချင်တယ်။
အခုကတည်းက သူတို့ကို ကလေးတစ်ယောက်မဟုတ်ဘဲ လူသားသေးသေးလေးတစ်ယောက်လို သဘောထားတယ်။သူတို့ဆန္ဒကို အလေးထားတယ်၊
သူတို့ခံစားချက်တွေကို နားထောင်ပေးတယ်။
“ငါမိဘ — ငါပြောတာလုပ်” ဆိုတဲ့
အာဏာရှင်ပုံစံနဲ့ မထိန်းချုပ်ချင်ဘူး။
သူတို့နဲ့အတူရှိနေတဲ့ နေ့ရက်တိုင်းကို တန်ဖိုးထားပြီး သူ့ကို ချစ်မယ်၊ ဘယ်လောက်ချစ်ကြောင်းပြောမယ်၊
အားရအောင် ဖက်မယ်။
တစ်ချိန်တည်းမှာပဲ
တစ်နေ့ သူတို့ ကိုယ့်ရင်ခွင်ထဲက ထွက်သွားရမယ့်နေ့အတွက်
သူတို့ကို ကိုယ့်မပါဘဲလည်း
ခိုင်ခိုင်မာမာ ရပ်တည်နိုင်တဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုတင်ပြင်ဆင်ပေးနေမယ်။
&Mommy