Kell Kell

Kell Kell Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kell Kell, Food & Drink, Yangon.

Finished Order ^_^Thanks For Order❤️လူကြီးရော ကလေးပါ ကြိုက်တဲ့mini donut 🍩 made with heart ❤️ 💙 နွားနို့,သကြား,ဂျုံ ကို ...
21/07/2025

Finished Order ^_^
Thanks For Order❤️
လူကြီးရော ကလေးပါ ကြိုက်တဲ့
mini donut 🍩 made with heart ❤️ 💙
နွားနို့,သကြား,ဂျုံ ကို အဓိကသုံးထားပြီး
တာရှည်ခံဆေးတွေမသုံးတာမို့ ကလေးတွေအတွက်စိတ်ချရပါတယ် Orderမှာ မှ မုန့်လုပ်ပေးတာမို့ မလက်ဆက်မှာလဲ စိတ်မပူရဘူးနော် သန့်ရှင်းမှုလည်းအဓိကထားတာမို့ စိတ်ချလက်ချနဲ့ Orderမှာယူနိုင်ပါတယ်
1Piece for 500 Ks
#ကျောင်းစျေး
#အများစျေးအတွက်လည်းသီးသန့်ရှိပါတယ်နော်
#ရောင်းချင်တဲ့မုန့်ဆိုင်တွေလည်းဆက်သွယ်လို့ရတယ်နော်

Can order now!1= 500Ksကလေးတွေ အကြိုက် နွားနို့ ,ဂျုံ နဲ့သကြား အဓိက ပါတာမို့ နူးညံပြီးစားလို့ကောင်းတယ်အချိုမကြိုက်ရင်လည်း...
20/07/2025

Can order now!
1= 500Ks
ကလေးတွေ အကြိုက်
နွားနို့ ,ဂျုံ နဲ့သကြား အဓိက ပါတာမို့ နူးညံပြီးစားလို့ကောင်းတယ်
အချိုမကြိုက်ရင်လည်း အဆင်ပြေတယ်
#ရောင်းချင်တဲ့မုန့်ဆိုင်တွေလည်းဆက်သွယ်လို့ရတယ်နော်
#အများစျေးသီးသန့်ရှိပါတယ်

Can order now!1= 500Ksကလေးတွေ အကြိုက် နွားနို့ ,ဂျုံ နဲ့သကြား အဓိက ပါတာမို့ နူးညံပြီးစားလို့ကောင်းတယ်အချိုမကြိုက်ရင်လည်း...
19/07/2025

Can order now!
1= 500Ks
ကလေးတွေ အကြိုက်
နွားနို့ ,ဂျုံ နဲ့သကြား အဓိက ပါတာမို့ နူးညံပြီးစားလို့ကောင်းတယ်
အချိုမကြိုက်ရင်လည်း အဆင်ပြေတယ်
#ရောင်းချင်တဲ့မုန့်ဆိုင်တွေလည်းဆက်သွယ်လို့ရတယ်နော်
#အများစျေးသီးသန့်ရှိပါတယ်

ပေါင်မုန့်ယိုသုတ် ၃၆ခု အော်ဒါလေးပါ ဝယ်ယူအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော် ပိုလည်းထည့်ပေးပါတယ် မှာယူချင်ရင် ၂ရက်ကြိုတင်ပြ...
04/07/2024

ပေါင်မုန့်ယိုသုတ် ၃၆ခု အော်ဒါလေးပါ ဝယ်ယူအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော် ပိုလည်းထည့်ပေးပါတယ် မှာယူချင်ရင် ၂ရက်ကြိုတင်ပြီးမှာလို့ရပါပြီချစ်တို့ရေ 🥰🥰🥰
600 kyats for each




 #၂မျိုးလွယ်  #ရောက်ကုန် အိတ်လေး မလှမှာ မပူနဲ့နော် အသဲတို့ရေ အပြင်ပုံလေးပါပြထားတယ်နော် 26000Ks နဲ့  #အမိုက်စားလေးကိုင်ကြ...
03/07/2024

#၂မျိုးလွယ်
#ရောက်ကုန် အိတ်လေး
မလှမှာ မပူနဲ့နော် အသဲတို့ရေ အပြင်ပုံလေးပါပြထားတယ်နော် 26000Ks နဲ့
#အမိုက်စားလေးကိုင်ကြမယ်

#အိမ်အရောက်ငွေချေ ရပါတယ်

03/07/2024
ပေါင်မုန့်ယိုသုတ်အော်ဒါလေးပါ ဝယ်ယူအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော် ပိုလည်းထည့်ပေးပါတယ် မှာယူချင်ရင် ၂ရက်ကြိုတင်ပြီးမှာလ...
02/07/2024

ပေါင်မုန့်ယိုသုတ်အော်ဒါလေးပါ ဝယ်ယူအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော် ပိုလည်းထည့်ပေးပါတယ် မှာယူချင်ရင် ၂ရက်ကြိုတင်ပြီးမှာလို့ရပါပြီချစ်တို့ရေ 🥰🥰🥰
600 kyats for each




သိုးမွှေးနှင်းဆီရောင်စုံရပါပြီနော်ပန်းစည်းလေးတွေလည်း‌ရပါတယ်preorder
30/06/2024

သိုးမွှေးနှင်းဆီရောင်စုံရပါပြီနော်
ပန်းစည်းလေးတွေလည်း‌ရပါတယ်
preorder


အစွမ်းထက်တဲ့ ကြိတ်မှန်ရွက်ကြိတ်မှန်ပင်သည် အဖြူ၊ အဝါမျိုးကိုသာ အများဆုံးတွေ့ရပြီး အနက်မျိုးတွင် တွေ့ရခဲပေသည်။ ကြိတ်မှန် ပ...
22/08/2021

အစွမ်းထက်တဲ့ ကြိတ်မှန်ရွက်

ကြိတ်မှန်ပင်သည် အဖြူ၊ အဝါမျိုးကိုသာ အများဆုံးတွေ့ရပြီး အနက်မျိုးတွင် တွေ့ရခဲပေသည်။ ကြိတ်မှန် ပင်သည် အလေ့ကျပေါက်သော အပင်မျိုးဖြစ်ပြီး၊ မြန်မာနိုင်ငံ နေရာအနှံ့ ပေါက်ရောက်လေ့ရှိသည်။ မိုးများသောဒေသများတွင် များစွာပေါက်ရောက်လေ့ရှိသည်။ ကြိတ်မှန်ပင်သည် တစ်ပေမှ တစ်ပေ ခြောက်လက်မထိ မြင့်ပြီး၊ ထောင်မတ်၍ ပေါက်လေ့ရှိသည်။ ပင်စည်မှာ ခရမ်းညို ရောင်ရှိပြီး အမွေးကြမ်းကလေးများ ပါရှိသည်။ အရွက်မှာ ရွက်ဆိုင်ထွက်ပြီး လှံစွပ်ပုံ ဖြစ်သည်။ ရွက်ထိပ်ချွန်သည်။ ရွက်ရင်းသွယ်ပြီး၊ အညှာတိုပါသည်။ အရွက်၏ ထက်အောက်မျက်နှာပြင်တွင် အမွေးကြမ်းလေး များရှိကြသည်။ ပန်းခိုင်ထိပ်တွင် သေးငယ်သောအပွင့်ကလေးများ စုပေါင်း၍ တစ်ပွင့်တည်းကဲ့သို့ ဖြစ်နေသည်။ ပန်းပွင့်မှာ ခေါင်း လောင်းပုံသဏ္ဌာန်ဖြစ်သည်။ အပွင့်သည် အဖြူ၊ သို့မဟုတ်အဝါရောင်ဖြစ်သည်။



မြန်မာ့ဆေးကြမ်းများ အလိုအရ ကြိတ်မှန်ပင်တစ်ပင်လုံး ဆေးဖက်ဝင်ပြီး အရွက်က ပို၍ဆေးစွမ်းကောင်းသည်။ ကြိတ်မှန်ရွက်သည်ပူ၏။ သွေးကို တက်ကြွစေ၏။ ချွေးထွက်စေ၏။ ဆံပင်နက်၍ သန်စွမ်းစေသည်။ အနာအမျိုးမျိုးကို နိုင်၏။ အားကိုဖြစ်စေ၍ ဓာတ်တို့ကို ပြေစေ၏။ အနာရောင်ရမ်းခြင်းတို့ကို ပျောက်ကင်း၏။ အရေပြားအနာ၊ အထူးသဖြင့် ပွေး၊ ဒက်၊ ယားနာ အရေပြားအနီပြင်ဖြစ်ခြင်း၊ ယားယံခြင်း၊ ဝက်သက်တို့ကို ကုသရာတွင် အသုံးဝင်သည်။ အခြားဆေးဖက်ဝင်အပင်များနှင့် ပေါင်းစပ်၍ အသည်းကို
အားဖြစ်စေသည့်အတွက် အသည်းအားဆေး အတွက်လည်းကောင်း၊ သွေးအားတိုးဆေး အဖြစ်လည်းကောင်း၊ သွေးတိတ်ဆေး အဖြစ်လည်းကောင်း အသုံးပြုသည်။ ထို့ပြင်ကြိတ်မှန်ရွက်သည် စအိုကျနာ၊ ရေယုန်ကြီးနာ၊ ခရုသင်းနာ၊ မီးလောင်နာတို့ကိုလည်း ပျောက်ကင်းသည်။

ဆံပင်ဖြူခြင်း၊ ဆံပင်ကျွတ်ခြင်းတွင်လည်းကောင်း၊ အသုံးပြုသည့် ကြိတ်မှန်ပင်၏ ပဉ္စငါးပါးအရည်နှစ်စက်ခန့် အားပျားရည်နှင့် ရော၍ မွေးစကလေးများကို တိုက်ပေးပါက နှာစေးချောင်းဆိုးခြင်းကို ပျောက်ကင်းစေနိုင်သည်။ အရွက်ကိုထောင်း၍ နွားနို့နှင့် နေ့စဉ်သောက်သုံးပါက မျက်စိအမြင်သန်စေသည်။ ကြိတ်မှန်ရွက်နှင့် ပင်စိမ်းရွက်ရည်ရော၍ တစ်နေ့ နှစ်ကြိမ်မီးလောင်နာပေါ်တွင် လိမ်းပေးပါက ပူလောင်ခြင်းပျောက်၍ အမာရွတ်ပါ ပျောက်ကင်းသည်။ ကြိတ်မှန်ရွက်နှင့် နှမ်းနက် ဆတူရော၍ နွားနို့နှင့် အမြဲမှီဝဲသောက်သုံးပေးခြင်းဖြင့် အနာရောဂါများ ကင်းစေ၍ အသက်ရှည်ကာ ဆံပင်များ နက်မှောင်လာစေသည်။ မိန်းကလေးများအတွက်
သွေးငုတ်လျှင် ကြိတ်မှန်ရွက်ကို ထန်းလျက်နှင့် သုံးခွက်တစ်ခွက်တင်ကြိုသောက်လျှင် သွေးပေါ်စေသည်။

ကြိတ်မှန်ရွက်၊ ခွေးသေးပန်းရွက်တို့ကို ရှိန်းခိုအနည်းငယ်ထည့်၍ ရောကြိတ်ပြီး ကလေးနှာပိတ်လျှင် ငယ်ထိပ်မှ နှာခေါင်းအထိ ဆွဲပေးပါက ပျောက်ကင်း သည်။

ကျောပူ၊ ခေါင်းပူ၊ ချွဲထပါက ငယ်ထိပ်တွင် ပါးပါးလိမ်းပေးရမည်။ ကလေး ညှော်မိခြင်း၊ သန်ထိခြင်း၊ သန်ဝမ်းသွား ခြင်း၊ ဝက်သက်၊ ရေကျောက်၊ ကျောက်ပေါက်ခြင်းများဖြစ်ပါက ကြိတ်မှန်ရွက်ရည်နှင့် မိခင်နို့ရေရော၍ တိုက်ကျွေးနိုင်သည်။ ကြိတ်မှန်ရွက်၊ ထောလပတ်ရွက်၊ မြင်းခွာရွက်ကို အရိပ်တွင်လှမ်း၍ ရောထုချေပါ။ အမှုန့်ကို အုန်းဆီနှင့်ဖျော်၍ ပုလင်းတွင်ထည့် နေ့စဉ် ဦးခေါင်းဆံပင် အရေပြားအထိ ပွတ်လိမ်းပါက ဆံပင်သန်စေသည်။ စွဲ၍လိမ်းပါက ဆံပင်ဖြူများ နက်လာစေသည်။ နောက်တစ်မျိုး ကြိတ်မှန်ရွက်၊ မြင်းခွာရွက်၊ ထောလပတ်ရွက်၊ ကွမ်းရွက်၊ လက်ဖက်ပုပ်၊ ဆီးဖြူသီးတို့ကို အလေးချိန်ဆတူရော၍ ကြိတ်ချေကာ ရလာသောအရည်ကို အုန်းဆီစစ်စစ်နှင့် ဆတူရောပြီး အညိုရောင်ပုလင်းတွင်ထည့်၍ နေ့စဉ်လိမ်းပေးခြင်းဖြင့် ဆံပင်များ နက်မှောင်လာခြင်း၊ ဆံပင် ဖြူများနက်လာခြင်း၊ ညဘက်တွင် ၎င်းဆီကို များများလိမ်းပြီး နောက်နေ့မနက် ခေါင်း လျှော်ပါ။

ထို့နောက် ဆက်လိမ်းပါ။ ကြာလာလျှင် ဆံပင်ဖြူများ နက်လာပါမည်။ ကြိတ်မှန်ရွက်၊ မန်ကျည်းသီးမှည့်၊ ဆီးဖြူသီးကိုရောပြီး ကြေညက်စွာ ကြိတ်၍ အနေတော်မှီဝဲစားသုံးလျှင် ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်း၊ ဆံပင်ပြန်ပေါက် ခြင်း၊ အပင်တစ်ပင်လုံး ကြိတ်ချေ၍ ရလာသော သတ္တုရည်ကို ဆံပင်နက်ဆေးအဖြစ် အသုံးပြုနိုင်သည်။ ၎င်းရည်ဖြင့် ဦးရေများကို နှိပ်နယ်ပေးခြင်းဖြင့် ဆံပင်သန်စွမ်းသည်။ ကြိတ်မှန်ရွက် တစ်ပင်လုံးကိုယူ၍ အရိပ်တွင် ခြောက်သွေ့စေပြီး၊ အမှုန့်ပြုလုပ်၍ တြိဖလအမှုန့်နှင့် ဆတူစပ်ပါ။ သကြားမှုန့်ရော၍ စားပါက သွေးအားနည်း ရောဂါပျောက်ကင်းသည်။ ကြိတ်မှန်ရွက်သတ္တုရေဖြင့် ညအိပ်ရာဝင်ချိန်တွင် နေ့စဉ် ပွတ်သပ်လိမ်းပေး ပါက ခြောက်လအကြာ၌ ခန္ဓာကိုယ်တွင် များပြားစွာတိုးနေသော အဆီများ လျော့ပါးစေသည်။ ခန္ဓာကိုယ် တခုလုံးတွင် ထွက်နေသော အဆီပိုများလည်း ပျောက်ကင်းစေပါသည်။



ကြိတ်မှန်ရွက် သတ္တုရည်ကို ငရုတ်ကောင်းမှုန့်ရော၍ နံနက်စောစောတွင် ဒိန်ချဉ်နှင့် ခုနစ်ရက်ဆက် သောက်ပါက နာတာရှည်ခေါင်းကိုက်နာ ပျောက်ကင်းပါသည်။ ကြိတ်မှန်ရွက် သတ္တုရည်ကို ဆိတ်နို့တွင် ရောပြီးနေလှန်းပါ။ ပူနွေးနွေးရှိလာပါကရှူပေးပါက ခေါင်းကိုက်ဝေဒနာ ပျောက်ကင်းသည်။ ကြိတ်မှန်ရွက်နှင့် နှမ်းနက်ကို ဆတူရောကာ အမှုန့်ပြုလုပ်ပြီး နွားနို့နှင့်ရောပြီး အမြဲသောက်သုံးပါက အနာရောဂါများ ကင်းစင်ပြီး၊ အသက်ရှည်ကာ ဆံပင်သန်စွမ်းစေကြောင်း ရေးသားလိုက်ရပါသည်။




CategoryHealth Herbal KNOWLEDGETagsFalse Daisy ကြိတ်မန် ကြိတ်မှန် ဂျိတ်မန် ဆံပင်သန် ဆေးဖက်ဝင် တိုင်းရင်းဆေး အဆီကျ

လက်သည်းလေးတွေပွင့်နေတယ် (အဖြူစက်ကလေး)ဆန်းပွင့်နေတယ်ဆိုပြီး ကျိတ်ပျော်မနေပါနဲ့အဲ့ဒါဆန်းပွင့်တဲ့အမှတ်အသားမဟုတ်ဘူး။မိမိအတွင...
13/08/2021

လက်သည်းလေးတွေပွင့်နေတယ်
(အဖြူစက်ကလေး)
ဆန်းပွင့်နေတယ်ဆိုပြီး
ကျိတ်ပျော်မနေပါနဲ့

အဲ့ဒါဆန်းပွင့်တဲ့
အမှတ်အသားမဟုတ်ဘူး။

မိမိအတွင်းအင်္ဂါရပ်
organ တွေ အားနည်းလာ
တာဖြစ်တယ်။

လက်ညိုးမှာ တွေ့ရင်
အစာအိမ်အားနည်းတယ်လို့မှတ်။
အစိမ်းရောင်ရှိအရွက်တွေ
များများစားပေးပါ။
ကွကျဥအကာ
မကြာခဏစားပေးပါ။

လက်ခလယ်မှာတွေ့ခဲ့ရင်
ဦးနှောက်အာရုံကျောတွေ
အားနည်းနေပြီမှတ်ပါ။
သတိခဏခဏမေ့လာရင်
ပိုသေချာပြီ။
အာရုံကြောအားဆေး
လေးတွေသောက်ပေးရမည်။
ငါးများများစားပေးပါ။

လက်သူကြွယ် မှာတွေ့ခဲ့ရင်
အသည်းအားနည်းနေပြီး
အသည်းအောက်က
သည်းခြေအိပ် အင်ဆူလင်
ထုတ်အားနည်းနေပြီ
ရွှေဖယုံသီးများ
ချက်စားပေတော့
အသောက်သမား
ယမကာလုလင်ဆိုရင်
လျှော့ပေတော့

လက်သန်းမှာ တွေ့ခဲ့ရင်
ကျောက်ကပ်အားနည်းနေပြီ
ကျောက်ဖရုံသီးသာ
များများချက်စားပေတော့
ဆီလမ်းကြောင်းတွေ
သတိထားပေး ခရမ်းချည်သီးသုတ်
မြင်းခွာရက်သုတ် တွေ
အားပြုပြီးစားပါ။

လက်မမှာ တွေ့ခဲ့ရင် တော့
အဆုပ်အားတွေနည်းပြီ။
အိပ်ရေးဝဝအိပ်ပေးပါ။
အားရှိမယ့်ဗီတာမင်အုပ်စုပါတဲ့
အားဆေးတွေသောက်ပေးပါ။
သို့မဟုတ် ဒိန်ချည် နွားနို့
မကြာခဏသောက်ပေးပါ။

လက်သည်းအရောင်တွေက
ပန်းရောင်သန်းနေပြီး
အဖြူစက်မရှိ
အမည်းစက်မရှိ
အပြစ်ကင်းစင်နေရင်
ကျန်းမာရေး အထူး
ကံကောင်းတယ်မှတ်ပါ။

Credit......
Mal Hla

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Kell Kell posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category