08/05/2026
မန်းမြို့တော်ပေါက်စီပင်ရင်းဆိုင်ကြီးအဆောင်သစ်တိုးချဲ့ဆောင်၌ ဘုရားအနေကဇာတင် ဘုန်းကြီးဆွမ်းကပ်ပွဲ
🙏🙏🙏
"မင်္ဂလာရှိသော နေ့၌ မန်းမြို့တော်ပေါက်စီပင်ရင်းဆိုင်ကြီး၏ စားသောက်ခန်းမ အဆောင်သစ်ကြီး တိုးချဲ့ပြီးစီးချိန် အလွန် ကောင်းမြတ်သော အချိန်အခါတွင် ဘုရားအနေကဇာတင် ဘုန်းတော်ကြီးများအား ဆွမ်းကပ်လှူဒါန်းခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ဤသို့ ကုသိုလ်မြတ်ကို ပြုခြင်းဖြင့် မိမိတို့၏ ချစ်ခင်လေးစားရပါသောစားသုံးသူမိတ်ဆွေများအားလုံး၊ မိသားစုနှင့် လုပ်သားအားလုံးတို့အား ဘေးရန်ကင်းဝေးကာ စီးပွားဥစ္စာ တိုးတက်ကြွယ်ဝခြင်း၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း အကျိုးများ ဖြစ်ထွန်းစေရန် ရည်သန်၍ ဆွမ်းကပ်လှူဒါန်းခြင်း ဖြစ်ပါသည်။
ဘုရားအနေကဇာတင် ဘုန်းတော်ကြီးများအား ပင့်ဆောင်ပြီး ဆွမ်းထမင်း၊ဆွမ်းဟင်းများဖြင့် ကပ်လှူပါသည်။ သာသနာတော်အပေါ် ကြည်ညိုလေးမြတ်သော စိတ်ဖြင့် လှူဒါန်းအပ်ပါသည်။
ဤကုသိုလ်ကောင်းမှု၏ အစွမ်းကြောင့် လုပ်ငန်းရှင်၊ အားပေးမိတ်ဆွေတစ်ဦးတစ်ယောက်စီတိုင်း၊ မိသားစုနှင့် ဝန်ထမ်းများ အားလုံး အန္တရာယ်ကင်း၍ စိတ်ချမ်းသာကိုယ်ချမ်းသာနှင့် ပြည့်စုံကြပါစေ။
အာရောဂျဗျာဘာဝါ သုခေန စိရံ တိဋ္ဌန္တု။"
မန်းမြို့တော်ပေါက်စီပင်ရင်းဆိုင်