Yo Yo Bubble Milk Tea - North Okkalapa

Yo Yo Bubble Milk Tea - North Okkalapa Enjoy Your Day with Yo Yo
Bubble Milk Tea, Smoothies, Juices, Green Tea/Black Tea, Waffle,Coffee

Milk Tea ဆိုတာ ဘာလဲ?? ဘယ်လဲ??Milk Tea ဆိုတာကတော့ အများအားဖြင့် Black Tea အမှုန့်ကို ကြိုချက်ပြီး ရလာတဲ့ Teaကို အခါးအရသာက...
21/05/2024

Milk Tea ဆိုတာ ဘာလဲ?? ဘယ်လဲ??

Milk Tea ဆိုတာကတော့ အများအားဖြင့် Black Tea အမှုန့်ကို ကြိုချက်ပြီး ရလာတဲ့ Teaကို အခါးအရသာကိုလျော့သွားစေရန် နွားနို့၊ပျားရည် ဒါမှမဟုတ် အချိုအရသာရှိတာတစ်မျိုးမျိုးနဲ့ ပြန်လည်ရောစပ်ပြီး သောက်သုံးကြတဲ့ Tea အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ နိုင်ငံ တစ်နိုင်ငံနဲဲ့ တစ်နိုင်ငံ ပေါ်မူတည်ပြီး ရောစပ်သောက်ကြပုံတွေ နဲ့ အခေါ်အဝေါ်တွေကတော့ ကွာခြားသွားကြပါတယ်။

ဒီMilkteaတွေထဲမှာမှ Bubble Milke Tea လို့လူသိများတဲ့ Boba ကတော့ ထိုင်ဝမ် နိုင်ငံကနေစတင်ပေါ်ပေါက်လာတာဖြစ်ပြီး ယေဘုယျအားဖြင့် ခါးသက်သက်အရသာရှိတဲ့ Black Tea ကို နွားနို့ ဒါမှမဟုတ် နို့မှုန့်ပေါင်ဒါ များနှင့်အတူရောစပ်ပြီး ရရှိလာတဲ့ Milk tea ကို ပုလဲသီးလို့ခေါ်ကြတဲ့ Bubble အစိလေးများနှင့်အတူ ရောပြီးသောက်သုံးကြတဲ့ Milk Tea အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။

Bubble အစိလေးများကို Milk Tea နှင့်အတူသောက်ရာတွင်လည်း ဝါးရမာနေတာမျိုးမရှိစေရန် စနစ်တကျကြိုချက်ပြီး သကြားရည်နှင့်ပြန်နှပ်ကာအအေးခံထား ပေးရပါတယ်။ ဒီ့အပြင် Boba ခေါ် Bubble Milk Tea ဟာ ရေခဲတုံးလေးများနှင့်အတူတွဲကာ သောက်သုံးပေးရတဲ့ Iced Milk Tea အမျိုးအစားဖြစ်ပြီး မူလအစမှာတော့ Classic Black Tea အရသာနှင့်သာသောက်သုံးကြသော်လည်း နောက်ပိုင်းတွင် အရသာမျိုးစုံ၊ Topping မျိုးစုံပါဝင်တဲ့ Bubble Milk Tea အမျိုးစားများစွာပေါ်ထွက်လာတာပဲ ဖြစ်ပါတယ်။

ဒီအမျိုးအစားများစွာထဲကမှ Original Bubble Milk tea,Brownsugar Milk tea,Chocolate Milk tea,Matcha Milk tea,Taro Milk tea Coconut Jelly Milk tea, Grass Jelly Milk tea အစရှိသဖြင့် အနံ့အရသာမျိုးစုံ၊ Topping မျိုးစုံပါဝင်တဲ့ Milk Tea Series များကို ကျွန်တော်တို့ YoYo Bubble Milk Tea ဆိုင်မှာ ဝယိယူအားပေးလို့ရနေပြီပဲဖြစ်ပါတယ်။

May လ 21 ရက်ကနေ 31 ရက်နေ့အတွင်း ဒီ Post လေးကို ပြန်ပြီး Share ထားတဲ့ Screenshot လေးကိုပြပြီး လာဝယ်သောက်မယ်ဆိုရင်တော့ Milk Tea Series တိုင်းအတွက် 25% Discount ချပေးသွားမှာပဲဖြစ်ပါတယ်။

ဆိုင်လိပ်စာလေးကတော့ ဆေးတက္ကသိုလ် ၂အရှေ့မှလမ်း-ဥက္ကာ၆လမ်းထိပ်(ကပ်လျက်တွင် စိုပြေ ကုန်စုံဆိုင်ရှိ)၊​(ဂ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်မှာပဲဖြစ်ပါတယ်။ Online Deliveryတွေဖြစ်တဲ့ Foodpanda မှ တစ်ဆင့်လည်း အလွယ်တကူ မှာယူသောက်သုံးနိုင်ပါတယ်။



# Credit photos from Online Sources

22/04/2024

အအေးသောက်ရတာ ကြိုက်တဲ့ ​ကာကာတို့အတွက် YOYO Bubble Milk Tea ဆိုင်မှာ အရသာရှိပြီး သောက်လို့ကောင်းတဲ့ Bubble Milk Tea Series, Fresh Juice & Soda series, Smoothies and Milk Shake Series, Green Tea & Black Tea Series တွေအားလုံးကိုဝယ်ယူအားပေးလို့ရနေပြီနော်...😍

ကုန်ကြမ်း(Raw Material)များကိုလည်း အရည်သွေးကောင်းမွန်တဲ့ Syrup,Powder နဲ့ Jam များကိုပဲ အသုံးပြုထားတဲ့အတွက် သောက်လိုက်တိုင်းမှာ အရသာကောင်းမွန်ပြီး လျှာပေါ်မှာစွဲကျန်နေခဲ့စေမှာပဲဖြစ်ပါတယ်...🤤

ကဲ ဆိုင်မှာရှိတဲ့ အအေးSeries တွေ အကြောင်း နဲ့ တစ်ခြားသော Promotion အစီစဥ်လေးတွေကိုလည်း အမြဲသိရအောင် Page ကို Like and Follow လုပ်ပြီး စောင့်မျှော်လိုက်ရအောင်နော်...😊

Green Tea ဆိုတာ အစိမ်းရောင် Tea လား?...🤔Green Tea လို့ပြောလိုက်တာနဲ့ မျက်လုံးထဲမှာ အစိမ်းရောင် Tea ကို တန်းမြင်မိကြမယ်လိ...
18/04/2024

Green Tea ဆိုတာ အစိမ်းရောင် Tea လား?...🤔

Green Tea လို့ပြောလိုက်တာနဲ့ မျက်လုံးထဲမှာ အစိမ်းရောင် Tea ကို တန်းမြင်မိကြမယ်လို့ထင်ပါတယ်...

တကယ်တမ်းက Matcha Powder (ဂျပန်လက်ဖက်စိမ်းအမှုန့်)ကို ဖျော်မှ ချိုချိုစိမ့်စိမ့်လေးနဲ့ အစိမ်းရောင်ရှိတဲ့ Matcha series လေးကိုရမှာဖြစ်ပါတယ်...🤩

Green Tea ဆိုတာက (Green Tea လက်ဖက်ခြောက်)ကို ရေနွေးပူပူနဲ့ နှပ်ပြီး ဖျော်ရတာမျိုးဖြစ်ပြီး သူ့ရဲ့အရောင်က ရေနွေးအပူကို လက်ဖက်ခြောက်ရွက်နဲ့နှပ်ပြီး ရလာတဲ့အရောင်မျိုးပဲဖြစ်မှာဖြစ်ပါတယ်...😉

ကဲအစိမ်းရောင် Tea လေး သောက်ချင်တယ်ဆိုပြီး Matcha နဲ့ Green Tea ခနခနမှားတတ်တဲ့သူငယ်ချင်းတွေအတွက်လည်း ဒီPostလေးကိုshare ပြီးပြောပြပေးလိုက်ပါအုံး..🤗

နောက်နေ့တွေမှာလည်းဒီ Item ၂မျိုးလုံးရဲ့ အရသာနဲ့ ရရှိနိုင်တဲ့အမျိုးအစားတွေကို ပြောပြပေးမှာမို့ page ကို like & follow လုပ်ပြီးစောင့်မျှော်ပေးကြပါအုံးနော်။

17/04/2024

မြန်မာ့ နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ အချိန်အခါသမယ မှစ၍ ချစ်ရတဲ့ Customer များအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကာ စီးပွားလာဘ်လာဘ များ ဆထက်တပိုး ကြီးပွားတိုးတက်ကြပါစေလို့ ကျွန်တော်တို့ YoYo Bubble Milk Tea - North Okkalapa မှ ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ခင်ဗျာ။

ဒီသင်္ကြန်မှာ ရာသီစာဖြစ်တဲ့ "သာကူမုန့်လုံး" စားပြီးကြပြီလား?မစားရသေးရင်တော့ ဒီနေ့သင်္ကြန် 'အတက်' နေ့လေးမှာ ကျွန်တော်တို့...
16/04/2024

ဒီသင်္ကြန်မှာ ရာသီစာဖြစ်တဲ့ "သာကူမုန့်လုံး" စားပြီးကြပြီလား?

မစားရသေးရင်တော့ ဒီနေ့သင်္ကြန် 'အတက်' နေ့လေးမှာ ကျွန်တော်တို့ "YoYo" bubble milk tea ဆိုင်မှာ ဝယ်ယူအားပေးသူများအားလုံးကို"သာကူမုန့်လုံး"မေတ္တာလက်ဆောင်ထည့်ပေးသွားမှာဖြစ်ပါတယ်..😍

သင်္ကြန်အတတ်နေ့ဖြစ်တာကြောင့် ယနေ့ဆိုင်ကိုစောစောပိတ်မှာမို့ ယခုချိန်မှစ၍ နေ့ခင်း ၃နာရီခွဲမတိုင်ခင်အထိသာမှာယူအားပေးကြဖို့ မေတ္တာရပ်ခံလိူပါတယ်ဗျ...🥰

ဆိုင်ကိုလာရောက်ဝယ်ယူသူတွေကိုပဲမဟုတ်ဘဲ online food delivery များဖြစ်တဲ့ Food Panda တို့ကနေတစ်ဆင့်မှာယူတဲ့ customerများအတွက်လဲ သာကူမုန့်လုံးလေးတွေ ထည့်ပေးသွားမှာဖြစ်ပါတယ်ဗျ....🙇‍♂️

YOYO Family မှ customer တစ်ဦးတစ်ယောက်စီတိုင်းကို နှစ်သစ်ကူးအချိန်ခါသမယမှာ စိတ်၏ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခဗျာ....😊

ချစ်ရတဲ့ Customer များအားပေးမှုကြောင့် ၃နာရီအတွင်း မုန့်လုံးရေပေါ် toppingလေးတွေ အကုန်ကုန် သွားပါပြီဗျာ...🥰မှာယူအားပေးခဲ...
15/04/2024

ချစ်ရတဲ့ Customer များအားပေးမှုကြောင့် ၃နာရီအတွင်း မုန့်လုံးရေပေါ် toppingလေးတွေ အကုန်ကုန် သွားပါပြီဗျာ...🥰

မှာယူအားပေးခဲ့ကြတဲ့ Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျွန်တော်တို့ YoYo Family မှ ကျေးဇူးအထူးတင်ရှိပါတယ်.

နောက်နေ့တွေမှာလဲတခြားpromotionအစီအစဥ်လေးတွေရှိနေသေးတာမို့ Page ကို Like and Follow လုပ်ပြီး စောင့်မျှော်ပေးကြပါဖို့လည်း မေတ္တာရပ်ခံပါတယ်ဗျ..😍

မုန့်လုံး‌ရေပေါ် Topping ရနေပြီနော်...ဒီနေ့ (၁၅.၄.၂၀၂၄)သင်္ကြန်အကြတ်နေ့မှာ ဆိုင်သို့လာရောက်ဝယ်သူများအတွက် မုန့်လုံးရေ‌ပေ...
15/04/2024

မုန့်လုံး‌ရေပေါ် Topping ရနေပြီနော်...

ဒီနေ့ (၁၅.၄.၂၀၂၄)သင်္ကြန်အကြတ်နေ့မှာ ဆိုင်သို့လာရောက်ဝယ်သူများအတွက် မုန့်လုံးရေ‌ပေါ်မေတ္တာလက်ဆောင်ပေးမှာ ဖြစ်ပါတယ်...

ဆိုင်ကိုလာရောက်ဝယ်ယူသူတွေကိုပဲမဟုတ်ဘဲ online food delivery များဖြစ်တဲ့ Food Panda,Grabတို့ကနေမှာယူတဲ့ customerများအတွက်လဲ မုန့်လုံးရေပေါ်မေတ္တာလက်ဆောင်ပေးမှာဖြစ်ပါတယ်....

YOYO Family မှ customer တစ်ဦးတစ်ယောက်စီတိုင်းကို နှစ်သစ်ကူးအချိန်ခါသမယမှာ စိတ်၏ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခဗျာ😊

ကျွန်တော်တို့ YoYo Bubble Milk Tea ဆိုင်ရဲ့ Buy One Get one Flower အစီစဥ်လေးမှာ ပန်းအပွင့်ပေါင်း ၄၀ကျော်ကုန်အောင် မှာယူအ...
14/04/2024

ကျွန်တော်တို့ YoYo Bubble Milk Tea ဆိုင်ရဲ့ Buy One Get one Flower အစီစဥ်လေးမှာ ပန်းအပွင့်ပေါင်း ၄၀ကျော်ကုန်အောင် မှာယူအားပေးခဲ့ကြတဲ့ Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို YoYo Family မှ များစွာကျေးဇူးတင်ရှိပါတယ်ဗျ။

မြန်မာ့နှစ်သစ်ကူးသင်္ကြန်အချိန်အခါသမယ မှာလည်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေ​လို့လည်း ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်။

မနက်ဖြန် 15ရက်နေ့(သင်္ကြန်အကြတ်နေ့) မှာလည်းအအေးတစ်ခွက် ဝယ်ယူသူတိုင်းကို မုန့်လုံးရေပေါ်တစ်ဘူး လက်ဆောင်ပေးသွားမယ့် အစီစဥ်လေးလည်းရှိတာကြောင့် page ကို like and follow လုပ်ထားပြီး စောင့်မျှော်ပေးကြဖို့ ဖိတ်ခေါ်လိုပါတယ်ဗျ။

ချစ်ရတဲ့ Customer များအတွက် ကျွန်တော်တို့ YoYo Bubble Milk Tea ဆိုင်မှာ အအေးတစ်ခွက်ဝယ်ယူတိုင်း ပန်းတစ်ပွင့်လက်ဆောင်ပေးမယ...
13/04/2024

ချစ်ရတဲ့ Customer များအတွက် ကျွန်တော်တို့ YoYo Bubble Milk Tea ဆိုင်မှာ အအေးတစ်ခွက်ဝယ်ယူတိုင်း ပန်းတစ်ပွင့်လက်ဆောင်ပေးမယ့် အစီစဥ်လေးကို ယနေ့ သင်္ကြန်အကြိုနေ့မှ စတင်နေပါပြီ ။ ဝယ်ယူအားပေးကြတဲ့သူတွေလည်းများတာမို့ ပန်းလေးတွေမကုန်ခင်အမြန်ဆုံးမှာယူကြဖို့ တိုက်တွန်းပါတယ်ဗျ....😍

သင်္ကြန်ကာလတွင်းမှာလဲ ရေစိုမှာကြောက်လို့ အပြင်မထွက်ချင်တဲ့ Customer တွေအတွက်လဲ Food online Delivery များဖြစ်တဲ့ Food panda,Grabတို့ကနေလဲမှာယူနိုင်တဲ့အပြင် 09982009459/09974781510 တွေကိုလည်းဆက်သွယ်ပြီးမှာယူလို့ရပါတယ်...

နောက်နေ့တွေမှာလည်းအခြားသော promotion လေးတွေရှိနေတာကြောင့် page က်ို Like & Follow လုပ်ပြီး စောင့်မျှော်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျ။

Chocolate မှ Chocolate ကြိုက်နှစ်သက်ကြတဲ့ customer များအတွက် Chocolate Smoothie နဲ့ Chocolate Milk Tea တွေကို "YoYo" Bub...
12/04/2024

Chocolate မှ Chocolate ကြိုက်နှစ်သက်ကြတဲ့ customer များအတွက် Chocolate Smoothie နဲ့ Chocolate Milk Tea တွေကို "YoYo" Bubble Milk Teaဆိုင်မှာ အားပေးလို့ ရပြီနော်....😊

Chocolate Smoothieရဲ့အရသာကတော့ ​ ချိုချိုစိမ့်စိမ့်အေးအေးလေးနဲ့သောက်လို့ကောင်းပြီး အခုလိုပူပြင်းတဲ့ရာသီဥတုမှာChocolate Smoothieလေးတစ်ငုံလောက်သောက်ကြည့်ယုံနဲ့ ရင်ထဲအေးမြနေမှာဖြစ်တဲ့အပြင် Oreoထည့်ပြီးသောက်မယ်ဆိုရင်ပိုစိမ့်ပြီးအရသာကောင်းနေမှာနော်...🤤

Chocolate Milk Teaရဲ့အရသာကတော့ Bubble စိအိအိလေးတွေနဲ့ ချောကလက် အရသာအပြည့်ပါဝင်မှာဖြစ်ပြီးစိမ့်စိမ့်လေးနဲ့တစ်ခါသောက်ဖူးတိုင်းအရသာဆွဲနေမယ့် ဆိုင်ရဲ့ ရောင်းအားအကောင်းဆုံး item တွေထဲက တစ်ခုဖြစ်ပါတယ်...🤩

ဆိုင်လေးကတော့ မြောက်ဥက္ကလာပမြို့နယ် ဥက္ကာ 6 လမ်းထိပ်မှာရှိပြီး မနက်9နာရီကနေ ည8နာရီ နေ့စဥ်ဖွင့်လှစ်တာမို့ဆိုင်ကိုလာပြီးအားပေးလို့လည်းရပါတယ်ဗျ။
Online Delivery တွေဖြစ်တဲ့ Foodpanda,Grab တို့ကလည်းမှာယူရရှိနိုင်ပြီး 09974981510 / 09982009459 တို့ကိုလည်းဆက်သွယ်ပြီး မှာယူလို့ရပါတယ်ဗျ။

နှစ်သစ်ကူစသင်္ကြန်မှာ ချစ်ရသူတွေအတွက် ပန်းလက်ဆောင်ပေးပြီးကြပြီလား?ကျွန်တော်တို့ YoYo Bubble Milk Teaဆ်ိုင်မှ ချစ်ရသောCus...
12/04/2024

နှစ်သစ်ကူစသင်္ကြန်မှာ ချစ်ရသူတွေအတွက် ပန်းလက်ဆောင်ပေးပြီးကြပြီလား?

ကျွန်တော်တို့ YoYo Bubble Milk Teaဆ်ိုင်မှ ချစ်ရသောCustomer များအတွက် မနက်ဖြန် 13ရက်နေ့
နှင့်14ရက်နေ့ (သင်္ကြန်အကြိုနေ့နဲ့သင်္ကြန်အကျနေ့) ၂ရက်တိုင်တိုင် ဆိုင်မှ မည်သည့်အအေးကိုမဆို ဝယ်ယူအားပေးကြသူများအတွက် အဝါရောင်နှင်းဆီပန်းလေးတစ်ပွင့် လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

ကဲ...ချစ်ရသူတွေကို ပန်းလက်ဆောင်ပေးချင်ကြတဲ့သူများအတွက်လည်း အအေးလည်းဝယ် ပန်းလက်‌‌ဆောင်လည်းပေးလို့ရမှာဆ်ိုတော့တစ်ခါထဲအဆင်ပြေသွားပြီပေါ့။

သင်္ကြန်ကာလတွင်းမှာလဲ ရေစိုမှာကြောက်လို့ အပြင်မထွက်ချင်တဲ့ customerတွေအတွက်လဲ food online delivery များဖြစ်တဲ့ food panda,grabတို့ကနေလဲမှာယူနိုင်တဲ့အပြင် 09982009459/09974781510 တွေကိုလည်းဆက်သွယ်ပြီးမှာယူလို့ရပါတယ်ဗျ။

နောက်ရက်တွေမှာလည်း တစ်ခြား Promotion တွေရှိတာကြောင့် page ကို Like and Follow လုပ်ပြီး စောင့်မျှော်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

Address

No. 159, Oakkar 6th Street, C-Quarter, North Okkalapa Township
Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959420024165

Website

Alerts

Be the first to know and let us send you an email when Yo Yo Bubble Milk Tea - North Okkalapa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yo Yo Bubble Milk Tea - North Okkalapa:

Share