30/05/2026
admin ဒီနေ့အားနေတော့ accessories လေးတွေစရောင်းဖြစ်တဲ့အကြောင်းလေးနဲ့ page ရဲ့
“Accessories is art ”
ဆိုတဲ့ ဆောင်ပုဒ်လေးကို ပိကျိတို့ကိုပြောပြချင်လို့🫶🏻
- ပထမအချက်က
admin ကအရမ်း ဂျီးများတဲ့ထဲပါတယ် အထူးသဖြင့် fancy တွေဝယ်တိုင်း design ပိုင်းကိုဘယ်တော့မှစိတ်တိုင်းမကျဘူး အဲ့ဒါကြောင့်တော်ရုံလဲမဝယ်ဖြစ်ဘူးလှတာလေးတွေက brand အစစ်လေးတွေမှာရှိပြီးစျေးက သိန်းဂဏန်းမကပဲဆယ်ကျော်ဖြစ်နေတော့ နှမြောပြီးမဝယ်ဖြစ်ပြန်ဘူး
-ဒုတိယ က
အမြဲ ထည်လှဲဝတ်ချင်တာ ၊အပြင်သွားတိုင်း တစ်set ပြီးတစ် set design အမျိုးမျိုး outfit type အမျိုးမျ်ုးတွက်ပေါ့ but fancy ဆန်တာဆိုလည်းမကြိုက်ပြန်ဘူး
အဲ့တော့ admin ရဲ့ လိုချင်တဲ့
-စျေးသက်သာရမယ်
- design ကမြင်တဲ့သူတိုင်းငေးမိစေရမယ်
- ကြည့်လိုက်တာနဲ့ fancy vibe မလိုချင်ဘူး
- daily wear ကနေ ပွဲတက်တွေထိ
သင့်တော်စေရမယ်
အဲ့အချက်တွေနဲ့ကိုက်ညီတဲ့ စျေးကွက်ထဲတွေ့ဖို့ရှားတဲ့ fancy တွေကို admin ကိုယ်တိုင်ပဲ quality and design ကိုသေချာရွေးချယ်ပြီး အရေအတွက် အနည်းငယ်စီပဲတင်သွင်းဖြစ်တယ်ပေါ့ အဓိကကတော့ unique ဖြစ်ချင်တာ admin ရဲ့ page ကdesign ပေါ်ပဲမူတည်ထားတယ်
လူတိုင်းဝတ်နေရင် unique ဆိုတာမရှိတော့ဘူး
“Art of Accessories ”
ဆိုတာအဲ့ဒါပါပဲ outfits ဘယ်လောက်ပဲ ပြည့်စုံပါစေ accessories မပါရင် perfect မဖြစ်ဘူး
Accessories Match ဖြစ်ရင် ရိုးရှင်းစွာဝတ်စားထားရင်တောင် vibe တစ်ခုရသွားစေပြီး လှည်ပြန်ကြည့်ရလောက်အောင် unique ဖြစ်သွားစေတယ်
admin က အဲ့ဒါကြောင့်accessories တွေရောင်းရတာကိုချစ်တယ် အနုပညာတစ်ခုလိုခံစားရလို့ 🥰
📌 Photo for reference only.
No copyright infringement intended.