Dairy Dreamers-Myanmar

Dairy Dreamers-Myanmar Profitable dairy knowledge sharing and farm facilities selling

Mastilep နို့အုံရောင်လိမ်းဆေး ပြန်ရပါပြီရှင်
22/02/2026

Mastilep နို့အုံရောင်လိမ်းဆေး ပြန်ရပါပြီရှင်

DCP ရပါသေးတယ်ရှင့်
20/01/2026

DCP ရပါသေးတယ်ရှင့်

ဒီနေ့ မနက် ကျော်သရဖူသွားရင်း တွေ့ခဲ့တဲ့ ဆေးလေးကို မျှဝေပေးလိုက်ပါတယ် အဓိက Calcium နဲ့ phosphorus ပါဝင်ပြီး Vitamin A , D...
30/11/2025

ဒီနေ့ မနက် ကျော်သရဖူသွားရင်း တွေ့ခဲ့တဲ့ ဆေးလေးကို မျှဝေပေးလိုက်ပါတယ်
အဓိက Calcium နဲ့ phosphorus ပါဝင်ပြီး
Vitamin A , D , E , B12 ပါဝင်ပါတယ်
နို့ညှစ်နွားမတွေအတွက် အသုံးဝင်မဲ့ ဆေးဆိုတော့ ဝယ်လာခဲ့တာပါ
စမ်းတော့ မသုံးရသေးပါဘူးနော် သုံးဖူးသူတွေရှိရင်လည်း ပြောပြခဲ့ပေးပါအုံးရှင်

နို့စားနွားမွေးမြူသူတိုင်း သိကြလောက်တဲ့ Calcium (ကယ်လ်ဆီယမ်) နဲ့ ပတ်သက်လို့ ကျွန်တော်သိသလောက် မျှဝေပေးပါမယ် ။Calcium ကို...
03/11/2025

နို့စားနွားမွေးမြူသူတိုင်း သိကြလောက်တဲ့ Calcium (ကယ်လ်ဆီယမ်) နဲ့ ပတ်သက်လို့ ကျွန်တော်သိသလောက် မျှဝေပေးပါမယ် ။

Calcium ကို စျေးကွက်မှာ အကြောဆေး ၊ ထိုးဆေး ၊ တိုက်ဆေးနဲ့ ဆေးမှုန့် စသည်ဖြင့် ပုံစံလေးမျိုးလောက်နဲ့ တွေ့ရပါတယ်။

ဘာကြောင့် နို့စားနွားမွေးမြူရေးမှာ Calcium က အရေးကြီးတာလဲ ဆိုရင် နို့မှာ Calcium ဓာတ်ပါဝင်တာကြောင့် နို့ထုတ်လုပ်မှု စတင်လိုက်တာနဲ့ နွားမအတွက် Calcium လိုအပ်ချက် အဆမတန်မြင့်တက်လာတာကြောင့်ပါ ။

နွားမအတွက် လိုအပ်တဲ့ Calcium ကို
(၁) အစာမှ ရပြီး (အူလမ်းကြောင်းက စုပ်ယူပါတယ်/စုပ်ယူဖို့အတွက် Vitamin Dက အရေးပါပါတယ်။ Vitamin D မချို့တဲ့ဖို့လည်းအရေးကြီးပါတယ်)
(၂)နွားမတွေဟာ သူတို့တဲ့ အရိုးတွေမှာ သိုလှောင်ထားတဲ့ Calcium ကိုလည်း ထုတ်ယူသုံးစွဲပါတယ်(အဲ့ဒီဖြစ်စဉ်ကိုတော့ parathyroid hormone (PTH)ကို ထိန်းချုပ်ပါတယ်)
(၃) ကျောက်ကပ်မှလည်း လိုအပ်တဲ့ Calcium ကို ပြန်လည်စုပ်ယူပါတယ် ။

အကယ်၍ နွားမတစ်ကောင်အတွက် Calcium လိုအပ်ချက်နဲ့ ရရှိတဲ့ Calcium ပမာဏ မမျှတတဲ့ အခါမှာ သွေးထဲမှာ ရှိတဲ့ Calcium ပမာဏ နည်းလာပြီး Hypocalcemia (milk fever - နို့ရှိန်ဖျားရောဂါ ဖြစ်လာပါတယ်။

အဲ့လို မဖြစ်စေဖို့အတွက်နဲ့ ကုသရန်အတွက် Calcium ထိုးဆေး အကြောဆေးတွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြတာဖြစ်ပါတယ် ။ နို့ရှိန်ဖျားရောဂါကို ဂရုမပြုမိတဲ့ အခါ အသက်သေဆုံးတဲ့ထိ ဖြစ်နိုင်တဲ့ အတွက် စောစောစီးစီး သိရှိဖို့လည်း အရေးပါပါတယ်။

Milk fever အကြောင်းကို အောက်က linkလေးမှာ ဝင်နိုင်ပါတယ်။
https://www.facebook.com/share/1EcD6MDUeZ/?mibextid=wwXIfr

နို့ရှိန်ဖျားရောဂါ တနည်းအားဖြင့် Calcium လိုအပ်ချက် မဖြစ်ပွါးအောင် ပြုလုပ်ရမဲ့ အရေးကြီးတဲ့ အချက်တွေကတော့

နွားမ မမွေးဖွားမီ low DCAD (Dietary Cation-Anion Difference (DCAD) အစာကို ကျွေးရပါမယ်။ အလွယ်အားဖြင့်ကတော့ မမွေးခင်မှာ ခန္ဓာကိုယ်ကို ကြိုတင်ပြင်ဆင်ဖို့ negative minerals (chloride နဲ့ sulfur) ကို ပိုစားခိုင်းပြီး calcium ကို အရိုးထဲမှာ သိုလှောင်ထားစေဖို့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

အရေးကြီးဆုံးကတော့ နို့ညှစ်နွားအတွက် အစာကို Calcium နဲ့ phosphorus အချိုးမျှတစွာပါဝင်တဲ့ မျှတတဲ့ အစာဖြစ်ဖို့ အရေးကြီးပါတယ်။
နို့ပေးများတဲ့ နွားမတွေနဲ့ နို့ထုတ်လုပ်မှု အမြင့်ဆုံးအချိန်တွေမှာ အစာထဲမှာ Calcium နဲ့ phosphorus ပါတဲ့ ဖြည့်စွက်ဆေးမှုန့် DCPကို ကျွေးပေးနိုင်ပါတယ် ။
ထိုးဆေးတွေလည်း အသုံးပြုနိုင်ပေမဲ့ အစာထဲ ထည့်ကျွေးတာကတော့ ရေရှည်နဲ့ ကုန်ကျစရိတ်အတွက်ပိုအဆင်ပြေပါတယ်။

သတိထားရမဲ့ အချက်ကတော့ နို့နားကာလတွေမှာ Calcium ကို ထည့်ကျွေးတာ ထိုးပေးတာတွေကတော့ ခန္ဓာကိုယ်ရဲ့ ပုံမှန်ဖြစ်စဉ်ကို တုန့်ဆိုင်းသွားစေနိုင်ပြီး မလိုအပ်ဘဲ ငွေကုန်စေနိုင်ပါတယ်။

အဆုံးထိ ဖတ်ပြီး မှတ်သားစရာတစ်ခုခု ရသွားရင် ကျေးဇူးတင်ပါတယ်ရှင်။ လိုအပ်ချက်ရှိရင်လည်း ဝင်ရောက် ဆွေးနွေးပေးနိုင်ပါတယ်ရှင် ။

နို့စားနွားမွေးမြူရေးအတွက် အခြေခံအချက်များအကြောင်းအမျိုးမျိုးကြောင့် တစ်ရက်ထက် တစ်ရက် နို့စားနွားမ၊ နို့ပေးနွားမ ရွေးချယ...
30/08/2025

နို့စားနွားမွေးမြူရေးအတွက် အခြေခံအချက်များ

အကြောင်းအမျိုးမျိုးကြောင့် တစ်ရက်ထက် တစ်ရက် နို့စားနွားမ၊ နို့ပေးနွားမ ရွေးချယ်ဝယ်ယူရခက်ခဲလာကြောင်း သတင်းများကို ကြားသိရပါတယ်။
နို့စားနွားတစ်ကောင်၏ တန်ဖိုးလည်း တဖြည်းဖြည်း မြင့်တက်လာနေပါသည်။

ဒါကြောင့် မိမိထံမှာ ရှိနေပြီးသား နို့စားနွားမများကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ပြီး အလေအလွင့် မရှိစေရန် အရေးကြီးပါသည်။

ထို့အပြင် အစားထိုးအုပ်စုဖြစ်သော နွားကလေးများကို
• မွေးစအချိန်
• သားခွဲချိန်၊
• အရွယ်ရောက်ချိန် (သားစပ်ချိန်)
• ကိုယ်ဝန်ဆောင်ပြီး ပထမသားမွေးချိန်အထိ

အဆင့်ဆင့် မှန်မှန်ကန်ကန် ထိန်းသိမ်းစောင့်ရှောက်ပေးရပါမည်။နွားကလေးကောင်းမွန်စွာ ကြီးထွားမှသာ သားစပ်နိုင်ပြီး အသက် နှစ်နှစ်ဝန်းကျင်တွင် ပထမသားမွေးကာ နို့ရနိုင်မည်ဖြစ်ပါသည်။



နွားကလေး ပြုစုမွေးမြူနည်း အကျဉ်းချုပ်
• နွားကလေးမွေးပြီးသည်နှင့် ကိုယ်အလေးချိန် တိုင်းတာမှတ်သားရန် အရေးကြီးပါသည်။
• မွေးကင်းစကနေ ၆ နာရီအတွင်း နို့ဦးရည် (Colostrum) ကို အတတ်နိုင်ဆုံး မြန်မြန်တိုက်ပါ။
• ခြောက်သွေ့ပြီး နွေးထွေးသော နေရာတွင် ထားရမည်။
•ချက်တိုင်ကို အိုင်အိုဒင်းဆေးရည်ဖြင့် တစ်ရက်၂ကြိမ် ပိုးသတ်ပေးရမည်။
• နွားမကြီးထံ တိုက်ရိုက်မစို့စေဘဲ နို့ဘူး / နို့သီးခေါင်းဖြင့် တိုက်ပါက အကောင်းဆုံး ဖြစ်ပြီး တံတွေးပိုမိုထွက်ကာ အစာချေဖျက်မှုကို အထောက်အကူပြုသည်။
• နို့မခွဲမှီအထိ နေ့စဉ် အချိန်မှန်မှန် တစ်ရက်လျှင် ၂.၅–၃.၀ ပိသာခန့် တိုက်ကျွေးသင့်ပြီး နို့ဖြတ်ချိန်တွင် တဖြည်းဖြည်း လျော့ပေးရန် (ရုတ်တရက်မဖြတ်သင့်ပါ)။
• နွားငယ် ၃ ရက်သားခန့်မှ စပြီး မြက်ခြောက် ကို rumen ဖွင့်ဖြိုးရန် စတင်မိတ်ဆက်ကျွေးပေးရမည်။
• ၂ ပတ်သားခန့်တွင် နို့အစားထိုး နွားငယ်စာ (Calf starter) ကို ၁၀၀ ဂရမ်မှ စတင်ကျွေးပြီး တဖြည်းဖြည်း တိုးပေးရမည်။
• တစ်လသားအရွယ်တွင် အစာစိမ်း ကို စတင်ကျွေးပေးရမည်။
• သန့်ရှင်းသောရေကို မွေးစမှစ၍ အမြဲထားပေးရမည်။
• ကိုယ်အလေးချိန်ကို ၂ ပတ်တစ်ကြိမ် တိုင်းတာပြီး ပုံမှန် ကြီးထွားနှုန်းရှိ/မရှိ စောင့်ကြည့်ရမည်။
• တစ်ရက်လျှင် ပျမ်းမျှ ၆၀၀–၇၀၀ ဂရမ် ကြီးထွားနေရမည်။
• နို့ဖြတ်ချိန် သားခွဲချိန် အသက် ၃လဝန်းကျင်တွင် ကိုယ်အလေးချိန် ၉၀ ကီလိုဂရမ်အနည်းဆုံး ရှိရမည်။
• နို့ဖြတ်ပြီးနောက် ဆက်လက်ကြီးထွားနိုင်ရန် နွားငယ်စာ ၁ ကီလိုဂရမ်အနည်းဆုံး စားနိုင်မှသာ နို့ဖြတ်သင့်သည်။
• ၂ ပတ်သားအရွယ်တွင် သန်ချဆေး တိုက်ကျွေးပြီး၊ တစ်လခြားပြီး ပုံမှန် သန်ချပေးရမည်။
•ချက်ရောင်ခြင်း ၊ နွားငယ်ဝမ်းလျောခြင်း၊ အဆုတ်ယောင်ခြင်းစသည့် နွားငယ်များတွင်ဖြစ်တတ်သော ရောဂါများမဖြစ်အောင်ဂရုပြုပြီး ဖြစ်ပွါးပါက ထိရောက်သော ကုသမှုပေးရမည်။

နွားကလေးမွေးမြူခြင်းတွင် နို့ဖိုး၊ အစာဖိုး
စသည့် ကုန်ကျစရိတ်များ များပြားသော်လည်း ဝင်ငွေမရရှိသေးပဲ စိုက်ထုတ်ကျွေးမွေးရသည်။
အဲဒါကြောင့် မိမိခြံ၏ နွားကောင်ရေ၊ အခြေအနေများနှင့် ချိန်ညှိပြီး ဝန်မပိအောင် စီမံခန့်ခွဲနိုင်ဖို့ လိုအပ်ပါသည်။

အကယ်၍ နွားကလေးကို အသက်အရွယ်အလိုက် ကြီးထွားနှုန်းရအောင် မမွေးမြူပါက သားစပ်ချိန်နောက်ကျသွားပြီး ပိုမိုဆုံးရှုံးနိုင်သည်ကို နားလည်ထားရမည်။
ဆက်ရန်...........

နို့စားနွားမွေးမြူရေးနှင့် ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်လိုပါက Viber 09797279467သို့ ဆက်သွယ်တိုင်ပင်နိုင်ပါသည်။

ဒီတစ်ခေါက် ဝင်တဲ့မျိုုးစေ့လေးတွေပါရှင့်် ဒီကြားထဲ လမ်းခရီးအခြေအနေကြောင့် ရောက်ဖို့နှောင့်နှေးတာကို စောင့်ပေးကြတဲ့custome...
05/06/2025

ဒီတစ်ခေါက် ဝင်တဲ့မျိုုးစေ့လေးတွေပါရှင့်် ဒီကြားထဲ လမ်းခရီးအခြေအနေကြောင့် ရောက်ဖို့နှောင့်နှေးတာကို စောင့်ပေးကြတဲ့customer အားလုံးကိုလည်း ကျေးဇူးများကြီးတင်ပါတယ်ရှင့် 🤍

ကျန်တာတွေကတော့ all sold out ပါ
Paspalumနဲ့ Sweet Jumboကတော့အနည်းငယ်ရပါဦးမယ်ရှင့်

Preorder ကတော့waiting time 3-4 weeks ပါရှင့်

28/05/2025

Paspalum 7 kg instock ရပါမယ်ရှင့်
09797279467

FYI
26/05/2025

FYI

သာကေတ ရှုခင်းသာလမ်းမကြီးပေါ်က Halo Pet Care Veterinary Clinic ရဲ့ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ လာမည့် စနေ၊တနင်္ဂနွေနဲ့ တနင်္လာနေ့(31.5.25-2.6.2025)အထိ ခွေးရူးပြန်ကာကွယ်ဆေး (ARV vaccine )- Free unlimited ထိုးပေးသွားမှာပဲ ဖြစ်ပါတယ်ရှင့် အသက်၃လအထက် ကျန်းမာရေးကောင်းမွန်သော ခွေး၊ကြောင် မည်သူမဆိုလာရောက် ထိုးနှံနိုင်ပါတယ်ရှင့်

ခွေးရူးပြန်ကာကွယ်ဆေးအပြင် သန်ချခြင်းပါ မေတ္တာလက်ဆောင်အနေဖြင့် ပြုလုပ်ပေးသွားမှာဖြစ်ကြောင်းလည်း အသိပေးအပ်ပါတယ်ရှင့်

ဆေးခန်းဖွင့်ချိန် မနက်9နာရီမှ ညနေ 6နာရီအထိ

လိပ်စာလေးကတော့ အမှတ် 786(က) ရှုခင်းသာလမ်း ဓမ္မာရုံမှတ်တိုင် သာကေတမြို့နယ် ရန်ကုန်မြို့ဖြစ်ပါတယ်ရှင့်

ဖုန်းနံပါတ်လေးကတော့ 09940014999ပါ 🤍🐾

Calcium IV လိုအပ်တဲ့သူတွေ အတွက်ပါ 09797279467
26/05/2025

Calcium IV လိုအပ်တဲ့သူတွေ အတွက်ပါ
09797279467

01/05/2025

မြက်မျိုးစေ့ အကုန်sold outခံနီးပါပြီရှင့်
လိုချင်ရင် အမြန်မှာပေးကြပါနော်
ရသေးတာလေးတွေရေးထားပေးပါတယ်page cb or 09797279467/ 09796903417

Sweet Jumbo 5kg
Paspalum 5kg
Ruzi 5kg (Sold out)
Stylo 4kg

မြက်မျိုးစေ့တွေ ရောက်ပါပြီရှင် အပင်ပေါက်နှုန်း အာမခံပါတယ် Mombasa  65000Mulatto II ----Stylo 65000Paspalum 65000Ruzi 300...
27/02/2025

မြက်မျိုးစေ့တွေ ရောက်ပါပြီရှင်
အပင်ပေါက်နှုန်း အာမခံပါတယ်

Mombasa 65000
Mulatto II ----
Stylo 65000
Paspalum 65000
Ruzi 30000
Sweet Jumbo 30000

09940014999
09797279467

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959940014999

Alerts

Be the first to know and let us send you an email when Dairy Dreamers-Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dairy Dreamers-Myanmar:

Share

Category