05/09/2026
အစွန်ကအပင်တွေ ဘာလို့ အတွင်းဘက်ကို ယိုင်နေတာလဲ? 🤔..
Germination ဖြစ်ပြီးလို့ sprout အဆင့်, Microgreens အဆင့်, baby plant ကနေ mature ဖြစ်တဲ့အဆင့်အထိ လုံလောက်တဲ့အလင်းရောင်ကို စတင်လိုအပ်လာပါပြီ..
အစေ့တွင်းစာပါပေမဲ့ ပိုမိုထိရောက်ဖို့ အလင်းရောင်နဲ့ photosynthesis လုပ်ကြပါတယ်.....
အပင်တွေအတွက်လိုအပ်တဲ့ အလင်းအားတိုင်းတာတဲ့ ယူနစ်တွေမှာ PPFD ဆိုတာရှိပါတယ်..seedlings stage မှာ ၁၀၀ ကနေ ၁၅၀ ကြားလောက် အပင်အမျိုးအစားပေါ်မူတည်ပြီး လိုအပ်ပါတယ်....
အခု နံနံပင်ပေါက်လေးတွေမှာ မီးချာင်းနဲ့တည့်တည့် (အနီးဆုံး) အပင်တွေက အလင်းလုံလောက်လို့ ဘာပြသနာမှာမရှိပေမဲ့...အစွန်ပိုင်းတွေက မီးနဲ့အနည်းငယ်ပိုဝေးလို့ အလင်းရှိရာကို response လုပ်နေတာဖြစ်ပါတယ်..ဒါ့ကြောင့်ယိုင်နေတာပါ....
ဒါ့ကြောင့် မြို့ပြတိုက်ခန်းတွေမှာ indoor နဲ့ပဲဖြစ်ဖြစ် ၀ရံတာမှာပဲဖြစ်ဖြစ် အပင်လေးတွေစိုက်မယ်ဆိုရင် အလင်းရောင်လုံလောက်နေလား မလုံလောက်ဘူးလားဆိုတာကို အပင်လေးတွေ တည့်တည့်မပေါက်ပဲ ဘယ်ဘက်ကိုယိမ်းနေလဲဆိုတာကြည့်ပြီး ဆုံးဖြတ်လို့ရပါတယ်...
ယိမ်းတဲ့ဘက်ကိုရွှေ့ပေးရမှာဖြစ်ပါတယ်...
Technically တိုင်းတာချင်တယ်ဆိုရင်တော့ Play Store နဲ့ App Store မှာ PPFD meter ဆိုတာ free download ရယူပြီး တိုင်းတာကြည့်လို့ရပါတယ်..
စိုက်တဲ့အပင်ရယ် အပင်ရဲ့ stage ရယ်ပေါ်မူတည်ပြီး ppfd rating ကိုရှာကြည့်ပြီး တကယ်ရနေလား မရနေလားဆိုတာ တိုင်းတာကြည့်လို့ရပါတယ်...
လိုရင်နေရာရွှေ့ များနေရင် အစိမ်းစကာတာလေးတွေ လုပ်ပေးလို့ရပါတယ် 🥰