Lucky money bank box by pae pae

Lucky money bank box by pae pae Pae Pae

ပိုက်ဆံရှာပါ။ပိုက်ဆံရှိမှဖြစ်တော့မယ်လို့တွေးမိတဲ့အချိန်ဟာခရီးတစ်ခုကိုစတင်ဖို့လက်မှတ်စဝယ်တာနဲ့တူပါတယ်။လောကမှာပိုက်ဆံရှိမှ...
20/05/2023

ပိုက်ဆံရှာပါ။
ပိုက်ဆံရှိမှဖြစ်တော့မယ်လို့တွေးမိတဲ့အချိန်ဟာ
ခရီးတစ်ခုကိုစတင်ဖို့လက်မှတ်စဝယ်တာနဲ့တူပါတယ်။
လောကမှာပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်...။

မိသားစုထဲမှာကြည့်ပါ။
ပိုက်ဆံရှာနိုင်တဲ့သူကပိုအရေးပါအရာရောက်ပါတယ်...။

အပေါင်းအသင်းတွေကြားထဲကြည့်ပါ။
ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်..။

လူမှုအဖွဲ့အစည်းတစ်ခုခုကိုကြည့်ပါ။
ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်...။

ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်းတော်တော်များများဖြစ်နေတာပါ...။

ဘယ်နည်းနဲ့ကြည့်ကြည့်သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်..။

သင်ပိုက်ဆံရှိမှ
သင်ချစ်တဲ့သူတွေအတွက်
သင်လုပ်ချင်တဲ့အရာတွေအတွက်
သင်ပြောချင်တဲ့စကားတွေအတွက်
သင်လိုချင်တဲ့အရာတွေအတွက်
အားလုံးမဟုတ်ရင်တောင်
တော်တော်များများလုပ်လို့ရမှာပါ...။

" #ခင်မင်မှုကပိုအရေးကြီးတယ်"
ဟုတ်ကဲ့ လူတော်တော်များများကတော့ ငွေရှိရင် ပိုခင်ကြပါတယ်...။

" #ရိုးသားမှုကပိုအရေးကြီးတယ်"
ဟုတ်ကဲ့ လူအများစုကတော့ မရိုးသားရင်တောင်ငွေရှိတဲ့လူဆို သိပ်မပြောရဲကြပါဘူး...။

" #ပညာကပိုအရေးကြီးတယ်"
ဟုတ်ကဲ့ ငွေရှိမှပညာသင်လို့ရတဲ့ခေတ်မှာ
ပညာရွှေအိုးက ငွေရှိမှဝယ်လို့ရတာပါ...။

" #ကိုယ်ကျင့်တရားကအရေးအကြီးဆုံး"
ဟုတ်ကဲ့ ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေငွေရှိလာရင် အမှန်တရားကရောက်လာဖို့ခြေလှမ်းသိပ်နှေးလွန်းပါတယ်...။

" #အချစ်ကအရေးကြီးတယ်"
ဟုတ်ကဲ့ ရယ်စရာအကောင်းဆုံးပြက်လုံးပါ။
လူအားလုံးလိုလိုကတော့..
ငွေမရှိရင် ရုပ်ဆိုးတယ်လို့မြင်တယ်
ငွေမရှိရင် နံတယ်လို့ထင်တယ်
ငွေမရှိရင် ပိုင်းလုံးလို့မြင်တယ်
ငွေမရှိရင် ရင်မခုန်ကြတော့ပါဘူး...။

ဒါပါဘဲ
ဘယ်နည်းနဲ့တွေးတွေး
ဘယ်ဖက်ကတွေးတွေး
ငွေရှိမှ အရာအားလုံးလိုလိုအဆင်ပြေနိုင်ပါမယ်...။

တသောင်း ဆယ်ခါဖြုန်းရင် တသိန်းပါ။
တသိန်း ဆယ်ခါဆို ၁၀သိန်းပါ...။

ကျွန်တော်တို့ အများကြီးဖြုန်းခဲ့ပြီးပါပြီ...။

မလိုတာတွေဝယ်ခဲ့ဖူးတယ်..။

မတန်တာတွေ စားခဲ့ဖူးတယ်။

မတန်တာတွေ ဝယ်ဝတ်ခဲ့ဖူးတယ်..။

မရှိရင်လည်း ချေးငှားပြီးပျော်ခဲ့ဖူးတယ်..။

သဒ်ဓါမပါဘဲ ကြွားဝါပြီးလှူခဲ့ကြဖူးတယ်..။

အားနာပြီး ကုန်ခဲ့ကြဖူးတယ်..။

အချိန်တန်တော့
ကျွန်တော်တို့ဆီမှာ ဘာမှအဖက်တင်မကျန်ခဲ့ဘူး..။

အသုံးနိုင်ဆုံးဆုလည်းမရခဲ့ဘူး..။

အစားနိုင်ဆုံး ဆုလည်းမရခဲ့ပါဘူး..။

အဝတ်နိုင်ဆုံးဆိုပြီးလည်းကမ္ဘာမကျော် နိုင်ငံမကျော်ခဲ့ပါဘူး..။

သူ့နေရာနဲ့သူ သုံးသင့်တဲ့နေရာသုံး မဖြုန်းသင့်တဲ့နေရာ မဖြုန်းဘဲ
စနစ်တကျစုဆောင်းသွားတဲ့သူတွေ အလုပ်လုပ်သွားတဲ့သူတွေကသာ
သူဌေးဖြစ်ပြီး နာမည်ကျော်သွားတာပါ..။

ကျွန်တော်တို့ဖြုန်းခဲ့တဲ့အတွက်
ဘာရလိုက်သလဲ...?

ဒါ့ကြောင့်...
ကျွန်တော်တို့ သိပ်နောက်မကျခင်ငွေစစုကြရအောင်လား...။

ကဲ.... မိတ်ဆွေ
သင် ဖြုန်းမယ်ပြင်ထားတဲ့ငွေစက္ကူတွေကို
အိတ်ထဲပြန်ထည့်ထားလိုက်ပါ

ငွေစုခြင်း၊ သို့မဟုတ် ငွေပိုဝင်စေမယ့် နည်းလမ်းလုပ်ငန်းရှင်ကြီးတစ်ယောက်ပြောဖူးတယ်။ မီးခံသေတ္တာဝယ်ဖြစ်အောင် ဝယ်ထားပါတဲ့။ အ...
19/05/2023

ငွေစုခြင်း၊ သို့မဟုတ် ငွေပိုဝင်စေမယ့် နည်းလမ်း

လုပ်ငန်းရှင်ကြီးတစ်ယောက်ပြောဖူးတယ်။ မီးခံသေတ္တာဝယ်ဖြစ်အောင် ဝယ်ထားပါတဲ့။ အဲဒါဆိုရင် ခင်ဗျား ငွေများများဝင်လာလိမ့်မယ်တဲ့။

သူ့ရဲ့အကြံဉာဏ်က ရုတ်တရက်ဆိုရင်တော့ ကြောင်းကျိုးမဆီလျော်တဲ့ ရယ်စရာလိုလို၊ ယတြာလိုလို။ အရပ်ထဲပြောကြတဲ့ ရတနာရှိရာ ရတနာလာတယ်ဆိုတဲ့ စကားမျိုးလိုဖြစ်နေပါတယ်။

ဒါပေမဲ့ မီးခံသေတ္တာပဲဖြစ်ဖြစ်၊ ဇီးကွက်ကော်ရုပ်ပဲဖြစ်ဖြစ် ကိုယ့်ဆီမှာ စုဘူးတစ်ခုခုရှိရင်ဆိုပြီး တွေးကြည့်လိုက်။ လူတစ်ယောက်ဟာ ဒီအတိုင်းဆိုရင် ပိုက်ဆံစုဖို့ ခက်တတ်ပေမဲ့ စုဘူးရှိရင် ပိုက်ဆံစုဖြစ်သွားတတ်တယ်။ ဘဏ်အကောင့်ရှိရင် ပိုက်ဆံစုဖြစ်သွားတတ်တယ်။ ဒါဟာ Psychology အရ အရေးပါတယ်လို့ ပြောလို့ရတယ်။ ကိုယ့်ရဲ့ လုပ်ချင်ကိုင်ချင်စိတ်ကို နှိုးဆွပေးတဲ့နည်းတစ်ခုပဲ။

လက်ငင်းသုံးစွဲစရာမလိုဘဲ အပိုဆာဒါးစုဆောင်းထားနိုင်တဲ့ပိုက်ဆံလေးရှိနေတာ တကယ်ပျော်စရာပါ။ တိုးသထက်တိုးပွားလာတာလေးကို ရေတွက်နေရတာဟာ သုံးရတာထက်တောင် အရသာပိုရှိပါတယ်။ ဆိုတဲ့ The Richest Man In Babylon စာအုပ်ထဲက Alfred H. Shrewsbury ပြောသလိုပဲ လူဆိုတာ ကိုယ့်လက်ထဲ ပိုက်ဆံလေးစုမိရင် ကျေနပ်ပျော်ရွှင်နေတာ။ ပိုက်ဆံစုတဲ့သူတိုင်း ဒီခံစားချက်ကို သိတယ်။ ငွေကြေးစုဆောင်းတဲ့အလေ့အကျင့်ဟာ ချမ်းသာကြွယ်၀ဖို့အတွက် လမ်းစတစ်ခုပါပဲ။ ကိုယ့်ရဲ့ ဝင်ငွေထဲက ဘယ်လောက်ကိုသုံး၊ ဘယ်လောက်ကိုစုပြီး အဲဒီထဲက ဘယ်လိုရင်းနှီးမြုပ်နှံမလဲဆိုပြီးဖြစ်လာတာပါ။

ကျွန်တာ်တို့ဘ၀မှာ တိုးတက်ကြီးပွားဖို့အတွက် အရေးကြီးတာတစ်ခုက လုပ်သင့်လုပ်ထိုက်တာတွေကို စလုပ်ဖြစ်သွားဖို့ပဲဗျ။ ချမ်းသာချင်တယ်မလား၊ မီးခံသေတ္တာနဲ့ဖြစ်ဖြစ်၊ ဘဏ်အကောင့်နဲ့ဖြစ်ဖြစ်၊ နောက်ဆုံးဗျာ ဗီရိုအံဆွဲတို့၊ ဇီးကွက်ကော်ရုပ်တို့နဲ့ပဲဖြစ်ဖြစ် ခင်ဗျား ကိုယ့်ဝင်ငွေထဲကတချို့တဝက်ကို စုဆောင်းဖြစ်ဖို့ အရေးကြီးတယ်။ ဆိုလိုတာက ရလာတဲ့ဝင်ငွေကို တစ်ပြားမကျန်လျှောက်သုံးတတ်တဲ့အကျင့်ကိုဖျောက်ပြီး ဘယ်လောက်ပဲစုနိုင်စုနိုင် စုဖြစ်ဖို့လိုတယ်။ (တစ်ခုတော့ရှိတယ် မီးခံသေတ္တာကြီးဝယ်ပြီး ဒီအတိုင်းပစ်ထားရင်တော့လည်း မီးခံသေတ္တာဖိုးကုန်တာပဲ အဖတ်တင်မှာသေချာတယ်။) စုဖြစ်အောင်စုပါ။ နည်းနည်းစုမိလို့ ပျော်လာရင် အဲဒီအရသာကိုသိသွားပြီး နောက်ထပ်များများစုချင်လိမ့်မယ်။ အဲဒီကနေ များများစုလို့ရမယ့် ဝင်ငွေလမ်းကြောင်းကို ခင်ဗျားရှာဖြစ်သွားလိမ့်မယ်။

ပိုက်ဆံရှာတတ်ဖို့၊ ပိုက်ဆံသုံးတတ်ဖို့က ကိုယ့်ရဲ့ Emotion၊ ကိုယ့်ရဲ့ အလေ့အကျင့်ကောင်းနဲ့ အများကြီးဆိုင်တယ်။




ီ_ဘာ_ဘာ

အချိန်တိုင်းမှာ ပိုက်ဆံက ကျွန်တော့်အတွက် Motivation ပဲ။အိတ်ဖောင်းနေရင် ဘယ်နေရာသွားသွား Confidence ရှိတယ်။ဆိုင်အကောင်းစား...
18/05/2023

အချိန်တိုင်းမှာ ပိုက်ဆံက ကျွန်တော့်အတွက် Motivation ပဲ။

အိတ်ဖောင်းနေရင် ဘယ်နေရာသွားသွား Confidence ရှိတယ်။
ဆိုင်အကောင်းစားမှာ စားချင်လည်း တွေဝေနေစရာမလိုဘူး။
လမ်းသွားရင်း လိုချင်တာတွေ့ရင်လည်း ဝင်ဝယ်လိုက်ဖို့ ဝန်လေးနေမှာမဟုတ်ဘူး။

Money Makes Me Happy ဆိုတဲ့အတိုင်း ပိုက်ဆံရှိနေရင် ကျွန်တော် ပျော်တယ်။ ကိုယ်တိုင်ကြိုးစားပြီး ရှာထားလို့ရလာတဲ့ ပိုက်ဆံတွေဆို တစ်ကျပ်ကအစ ကျွန်တော့်အတွက် Proud ဖြစ်စေတယ်ဆိုတာ အမှန်ပဲ။

ပိုက်ဆံရှိမှ ကျွန်တော်ချစ်တဲ့သူတွေအတွက် ဖြည့်ဆည်းပေးနိုင်မယ်။
ပိုက်ဆံရှိမှ ကျွန်တော့်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မယ်။
ပိုက်ဆံရှိမှ ကျွန်တော်လုပ်ချင်တာမှန်သမျှ လုပ်လို့ရမယ်။
ပိုက်ဆံက အရေးကြီးတယ်။

ပိုက်ဆံရှိချင်တာထက် ပိုက်ဆံရှာနိုင်ချင်တာ။
ကိုယ်ရှာထားတဲ့ပိုက်ဆံကို ရေတွက်ရင်း " ငါ ရှာနိုင်သားပဲ " ဆိုပြီး ပျော်ပစ်ချင်တာ။

အချိန်တိုင်းမှာ ကျွန်တော့်အတွက် ပိုက်ဆံကအရေးကြီးတယ်။
သူများဆီက အချောင်ရတဲ့ ပိုက်ဆံကို ယောင်လို့တောင် စိတ်မဝင်စားဘူး။
ဒါပေမဲ့ ကိုယ်ရှာထားတဲ့ ပိုက်ဆံဆို ၁၀၀ ကအစ တန်ဖိုးရှိတယ်။
တန်ဖိုးထားတယ်။

ပိုက်ဆံတွေရှိလာတဲ့တစ်နေ့ကျ ငါတို့တွေ  စကားပြောစရာရှိတယ်...။ဒေါသတွေလျှော့ပြီး သည်းခံလိုက်တာမျိုးကြုံဘူးတယ်မဟုတ်လား...။ဘာမ...
18/05/2023

ပိုက်ဆံတွေရှိလာတဲ့တစ်နေ့ကျ
ငါတို့တွေ စကားပြောစရာရှိတယ်...။

ဒေါသတွေလျှော့ပြီး သည်းခံလိုက်တာမျိုးကြုံဘူးတယ်မဟုတ်လား...။

ဘာမှမသိလိုက်ဘဲ အပြောခံရတာမျိူလည်း ကြုံဘူးကြမှာပါ...။

တချို့အချိန်တွေမှာ သည်းခံလိုက်ရတာတွေလည်း အများကြီးပဲ...။

ခန္တီပါရမီ ဘယ်လောက်များတယ်ပြောပြော တချို့စကားတွေကို တုန့်ပြန်ချင်မိတယ်...။

အနေအထားအချို့ကြောင့် သည်းခံလိုက်ရတာပါ...။

တစ်ခါတစ်လေ ကျေနပ်လို့ပြုံးပြလိုက်တာ မဟုတ်ဘူး...။

အခြေအနေအမျိုးမျိုးကြောင့် ငြိမ်နေလိုက်ရပေမဲ့ ပြောချင်နေတဲ့ စကားတွေမှ အများကြီးပဲ...။

လူတချို့ကို ပြောချင်ပေမဲ့ မပြောလိုက်ရတဲ့စကားတွေရှိတယ်...။

အဖြစ်အပျက်တစ်ချို့ကို စိတ်ထဲမှာ ထင်ရှားပြတ်သားစွာကို မှတ်မိနေလေရဲ့...။

ပိုက်ဆံတွေရှိလာတဲ့တစ်နေ့ကျ
ငါတို့တွေ စကားပြောစရာရှိတယ်.

#သဟာဆွေလိူင်း

ပိုက်ဆံပဲရှာ ကျန်တာတွေက အပိုတွေချည်းပဲ။လွန်ခဲ့တဲ့၁ဝနှစ်,အနှစ်၂ဝက အတန်းထဲကဆရာမ ကိုယ့်ကိုဘယ်လို ဆက်ဆံသလဲဆိုတာ ကိုယ့်မိဘဝင်...
18/05/2023

ပိုက်ဆံပဲရှာ ကျန်တာတွေက အပိုတွေချည်းပဲ။
လွန်ခဲ့တဲ့၁ဝနှစ်,အနှစ်၂ဝက အတန်းထဲကဆရာမ
ကိုယ့်ကိုဘယ်လို ဆက်ဆံသလဲဆိုတာ
ကိုယ့်မိဘဝင်ငွေနဲ့ တိုက်ရိုက်အချိုးကျတယ်။

နောက်လာမဲ့ ၁ဝနှစ်,အနှစ်၂ဝရောက်ရင်
ကိုယ့်ဝင်ငွေပေါ်မူတည်ပြီးတော့ ကိုယ့်မိဘကို
ပတ်ဝန်းကျင်က ဘယ်လိုဆက်ဆံမလဲ၊
ဝင်ငွေများရင် ကောင်းကောင်းဆက်ဆံမယ်၊
ဝင်ငွေနည်းရင် ဆိုးဆိုးဆက်ဆံမယ်။

ပတ်ဝန်းကျင်သူစိမ်းတွေမပြောနဲ့၊
အမျိုးတွေထဲမှာတောင် ပိုက်ဆံ
ပိုရှာနိုင်တဲ့ ကောင်ဆုံးဖြတ်တာက အတည်။
နောက်ဆုံး ပိုက်ဆံပိုရှာနိုင်တဲ့ကောင်က
စကားပြောရင်တောင် အသံပိုကျယ်တယ်

ပိုက်ဆံက မိုတီဗေးရှင်းပဲ။
အိပ်ကပ်ထဲငွေမပါပဲသွားတာနဲ့
ငွေအပြည့်ပါတာနဲ့ခံစားချက်မတူဘူး။
ဒါကြောင့် အိတ်ဖောင်းရင်စိတ်ပြောင်းတယ်တဲ့။

ရှေးတရုတ်အယူအဆမှာ ငွေကို ရန်သူလို့ မသတ်မှတ်ဘူး။
ငွေဆိုတာ စွမ်းအင်တစ်ခုလို့
မှတ်ယူကြတယ်။ငွေရှိတဲ့နေရာ ငွေပိုလာတယ်။

ဒါကြောင့် ဘဏ်အကောင့်ထဲ ဟောင်းလောင်းထားတာထက် ငွေဆောင်ထားတာ ငွေပိုလာတဲ့
အယူအဆဖြစ်တယ်။

ငွေကိုချစ်တာ ပြဿနာမဟုတ်ဘူး။ ချစ်ရက်နဲ့ မချစ်ဘူးလို့ညာတာ ပြဿနာ။

ငွေဆိုတာ စွမ်းအင်တစ်ခုပါ။ အဲ့စွမ်းအင် မပြတ်လပ်ဖို့ အရံအနေနဲ့ အဆောင်ထားပါ။
စဉ်းစားမှု၊ တွေးခေါ်မှု၊ လုပ်ဆောင်မှုပေါ် သက်ရောက်မှုရှိပါတယ်။

အသက်(၂၀)ကျော်လို့ ချမ်းသာကြွယ်ဝတဲ့ဘဝတခုတည်ဆောက်ချင်တယ်ဆိုရင် ယခုပြောပြပေးမယ့် အကြောင်းအရာတွေကို သေချာသိထားဖို့လိုပါတယ်
ကြည့်ကြရအောင်

ီ_ဘာ_ဘာ_စာ_ကြည့်_တိုက်
ီ_ဘာ_ဘာ

lucky money bank boxစုဘူးခရမ်းလေး နဲ့ပန်းရောင်လေး ဝယ်ယူအားပေးတဲ့ကာကာလေး ကျေးဇူးပါစုဘူးလေးရောက်တဲ့အချိန်ကစပီး ဝင်ငွေမပြတ်...
10/05/2023

lucky money bank boxစုဘူးခရမ်းလေး နဲ့ပန်းရောင်လေး ဝယ်ယူအားပေးတဲ့ကာကာလေး ကျေးဇူးပါ

စုဘူးလေးရောက်တဲ့အချိန်ကစပီး ဝင်ငွေ
မပြတ်ဝင်ပီး များများစုနိုင်ပါစေ

#ရန်ကုမ်မန်းလေးအိမ်ရောက်ငွေချေရ



ုဗူး

#ဆင်တူရိုးမှားသတိပြုပါ
#

ြည့်ရှိ
#09758982013

ဘယ်သူ့ကိုမှ အားမကိုးပါနဲ့ဘဝမှာ ကိုယ်ကလွဲရင် ဘယ်သူကမှ ကိုယ့်အတွက် အမြဲရှိမနေပေးနိုင်ပါဘူး။ဘာကြောင့်ပဲဖြစ်ဖြစ် ရိုးသားပါဘယ...
10/05/2023

ဘယ်သူ့ကိုမှ အားမကိုးပါနဲ့
ဘဝမှာ ကိုယ်ကလွဲရင် ဘယ်သူကမှ
ကိုယ့်အတွက် အမြဲရှိမနေပေးနိုင်ပါဘူး။

ဘာကြောင့်ပဲဖြစ်ဖြစ် ရိုးသားပါ
ဘယ်နေရာရောက်ရောက် ရိုးသားပါ
ဘာလုပ်လုပ် ရိုးသားပါ
ဘာပြောပြော ရိုးသားပါ။

ဘယ်အခြေအနေမှာဖြစ်ဖြစ် ရိုးသားပါ
ရိုးသားခြင်းဟာ လူ့တန်ဖိုးအစစ်ဖြစ်လို့
ရိုးသားမှုမရှိလျှင် လူဟာ တန်ဖိုးမရှိပါဘူး။

ဘာမှမရှိပေမယ့် အမြဲရိုးသားမှုရှိနေတော့
ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်နေပါပြီ။

ဘာမှမသိယင်အောက်ကျို့ရတယ်
ဒါကြောင့် သိအောင် လေ့လာပါ

ဘာမှမရှိရင် မျက်နှာငယ်ရတယ်
ဒါကြောင့် ရှိအောင် ကြိုးစားပါ

ငွေရှာပါ၊ ပိုက်ဆံစုပါ
ဘယ်သူ့အပေါ်မှ မမှီခိုဘဲ
ဘယ်သူ့မျက်နှာကိုမှ မကြည့်ဘဲ
နေနိုင်တဲ့အထိ ကြိုးစားရှာဖွေပါ။

တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတယ်
ဒါပေမဲ့ အဲ့ဒီအထဲမှာ
ကိုယ်ကျင့်တရား မပါ ပါစေနဲ့။

ကိုယ့်ဒဏ်ရာကို လူတိုင်းကို ချမပြပါနဲ့
မင်းသိအောင် ကိုယ်ချင်းစာပေးမယ့်သူထက်
မင်းမသိအောင် ကြိတ်ပျော်နေမယ့်သူက
ပိုများပါတယ်။

လိုအပ်နေမှန်းသိရင် တစ်ချို့က
ထွက်သွားချင်တယ်။
လွယ်လွယ်နဲ့ရရင်
တန်ဖိုးမထားကြတော့ဘူး။
ဒါကြောင့်အများကြီးဖက်တွယ်မနေပါနဲ့နော်

တချို့က အများကြီးချစ်တာနဲ့ လုံးဝ
မတန်ပါဘူး။

တစ်ခါတလေမှာ
အေးအေးဆေးဆေးလေး အနားယူပြီး
တစ်ယောက်ထဲ နေတတ်အောင်
နေကြည့်ပါ။

လွတ်လပ်ပေါ့ပါး
စိတ်ချမ်းသာလာပြီးတော့
တချို့အရာတွေက ကိုယ်ထင်ထား
သလောက် အရေးမကြီးမှန်း၊ အရေးမပါမှန်း
သိလာပါလိမ့်မယ်။

ပျော်ရွှင်မှုဆိုတာ တစ်ခြားသူဆီမှာ မရှိပါဘူး။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကိုယ့်ဘဝထဲကပဲ
ကိုယ်ကိုယ်တိုင် ရှာယူရတာပါနော်။

to online writer

Address

Yangon
LUCKYMONEYBANKBOX.BYPAEPAEမမှကြိုဆိုပါတယ်ရှင့်����

Website

Alerts

Be the first to know and let us send you an email when Lucky money bank box by pae pae posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category