Transform Soil &Trransform plus1+2

Transform Soil &Trransform plus1+2 Transform သဘာဝဓာတ်မြေသြဇာ ဖြန့်ချီရေး

အကုန်ကျလည်းသက်သာပီး အသီနှံတွေအထွက်တိုးဖို့အတွက် ဘာဆေးသုံးရင်ကောင်းမလည်း ဝေခွဲလို့မရဘူးလား အဲ့တာဆိုရင်တော့ စိတ်ပူဖို့မလို...
24/01/2023

အကုန်ကျလည်းသက်သာပီး အသီနှံတွေအထွက်တိုးဖို့အတွက် ဘာဆေးသုံးရင်ကောင်းမလည်း ဝေခွဲလို့မရဘူးလား
အဲ့တာဆိုရင်တော့ စိတ်ပူဖို့မလိုတော့ဘူးနော် Transformလာပ်ီ

🌳Transform အစွမ်း တကယ်စွမ်းတယ်ဆိုတာ
သုံးကြည့်မိသူတိုင်းသိနေပါပီ
အခု့လည်းဆက်လတ်သုံးနေကြစဲပါ
အသုံးပြုပုံ နည်းစနစ်မှန်ဖို့တော့ လိုပါတယ်

☘️Transform ဟာဆိုရင်
ထိုင်းနိုင်ငံထုတ်ဖြစ်ပြီး မြန်မာနိုင်ငံ က တရားဝင် အသိမှတ်ပြု ထားတဲ့
သဘာဝမြေသြဇာ ရွက်ဖျန်း ဆေး ဖြစ်ပါတယ်

🌾ရွက်ဖျန်း အား ဆေး တွေ အများကြီး ရှိပေမဲ့
Transform ရွက်ဖျန်းမြေသြဇာ က အခြားရွက်ဖျန်းဆေးတွေနှင့်မတူပါ ဘူး
နည်းပညာအားဖြင့် နာနို
နည်းပညာဖြင့်ထုတ်လုပ်ထားပါတယ်
(စုတ်ယူမှု့အားကောင်းသလိုစိမ့်ဝင်မှု့ အားလည်း မြန်ပါတယ်)
အပင်တစ်ပင် အတွက် အဟာရဓါတ် (၁၆) မျိုး လိုအပ်ပါ တယ်
(၁၆)မျိုး လိုအပ်သည့် အထဲ မှ Transform အဟာရဓါတ်
(၁၃) မျိုး ပါဝင်ပါတယ်

💐အပင်အတွက် အစာချက်လုပ်မှု့ကို လည်း (၂၄)နာရီ
လုပ်ဆောင်ပေးနိုင်ပါတယ်

🍃Transform သဘာဝ မြေသြဇာ ကို ဖျန်းခြင်းဖြင့် အပင်တစ်ပင်အတွက် အဓိက ကျတဲ့
အမြစ်ပွားနှုံး ကောင်းခြင်း ပင်စည်တုတ်၍ အခြေခိုင်းခြင်း
ကိုင်းထွက်အားကောင်းခြင်း အရွက်များသန်မာ ၍ လှပခြင်း
အသီးများ ဝေဝေ ဆာဆာသီးခြင်း

🌱သဘာဝမြေ သြဇာ ဖြစ်သဖြင့်
ဆေးဖျန်းရာ ၌ လည်း အန္တရယ်မရှိသလို စားသုံးသူမှာလည်း
အန္တရယ် မရှိပါ
မည့်သည့် အပင်အမျိုးအစား မဆို သုံးစွဲ လို့ရပါသည်

🌿တောင်သူဦးကြီးများ
အထွက်နှုန်းကောင်းပြီး
ကျန်းမာ၍ ပြုံးပျော် နိုင်ဖို့ Transformကို သုံးကြပါစို့

☎️☎️☎️09-751 326 236
Cb မှာ ဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ဗျာ
မြန်မာနိုင်ငံအနှံ့ကားဂိတ်အရောက်ပို့ပေးနေပါပြီ

#ရန်ကုန်ကုမ္ပဏီတိုက်ရိုက်

အလွယ်တကူ အိမ်တွင်း ခရမ်းသီးပင် စိုက်ပျိုးနည်း။==========================100%ခရမ်းပင်ဟာစတင်စိုက်ပျိုးချိန်ကနေ အသီးသီးချိန...
24/01/2023

အလွယ်တကူ အိမ်တွင်း ခရမ်းသီးပင် စိုက်ပျိုးနည်း။
==========================100%

ခရမ်းပင်ဟာစတင်စိုက်ပျိုးချိန်ကနေ အသီးသီးချိန်ထိ ရက်ပေါင်း ၁၂၀ ကနေ ၁၅၀ ထိကြာပါတယ်။စိုက်ပျိုးချိန်
ကြာပေမယ့် စိုက်ပြီးသွားရင်လဲ တစ်နှစ်ကျော်ထိ ဆက်
လက်ခူးဆွတ်စားသုံးနိုင်မှာဖြစ်ပါတယ်..

မြေကြီး ၆၀%၊ သဲ ၂၀%၊ သဘာဝမြေဆွေး ၂၀% တို့ကို သမအောင်ရောမွှေပါ။ပန်းအိုး၊ရေပုံးအဆင်ပြေရာအ
သုံးပြု၍စိုက်ပျိုးနိုင်သည်။အောက်ခြေတွင် ရေထွက်မည့်အပေါက်သုံးပေါက်ခန့်ဖောက်ပါ။ ပြီးလျှင် အိုး၏ အောက်ခြေရှိရေထွက်ပေါက်ကို ဖုံး၍ကျောက်စရစ်ခဲအနည်းငယ်ခင်းပါ။
မြေအရောကို အပင်စိုက်မည့်အိုးထဲသို့ဖြည့်ပါ။
အစေ့များကို ဖြန့်ကျဲပြီးလျှင် အပေါ်မှ မြေကြီးအရော
ကို ပါးပါးပြန်ဖုံးပေးပါ။ ရေလောင်းပေးပါ။
ရေအများကြီးမလောင်းမိစေရန် သတိထားပါ။ (၆ - ၈) ရက်ကြာလျှင် အပင်ပေါက်လေးများကို မြင်တွေ့နိုင်ပါပြီ..

အပင်ပေါက်လေးများ အမြင့် (၄-၅)လက်မခန့်ရောက်လျှင် အိုးခွဲ၍အပင်သီးသန့် စိုက်ပျိုးနိုင်ပါတယ်။ အသန်ဆုံးအပင်များကို ရွှေးချယ်စိုက်ပျိုးသင့်ပါတယ်။
နှစ်ပါတ်တစ်ခါ သဘာဝမြေသြဇာကျွေးနိုင်ပြီးတော့ တစ်ရက်ခြားတစ်ခါလောက် ရေလောင်းပေးနိုင်ပါတယ်။ အပင်အနည်းငယ်ကြီးလာရင်တော့ နေရောင်ကောင်း
ကောင်းရတဲ့နေရာမှာ ပြောင်းရွှေ့စိုက်ပျိုးသင့်ပါတယ်။ မြေကြီးကို အမြဲစိုစွတ်နေအောင်ထားပေးပြီး အပင်အမြစ်များမပုပ်အောင်လို့ ရေပိုမလောင်းမိစေရန် သတိထားရပါမယ်။ ရက် (၇၀ - ၈၀) လောက်ကြာရင် အသီးမြင်ရပါပြီဖြစ်ပါတယ်...
---------------
Credit

မြေဆွေး အမြန်ဖန်တီးနိုင်မယ့် လျှို့ဝှက်ချက် ၃ ခု      ♻✅✅✅✅✅✅✅✅✅✅✅♻💢         နွေရာသီအချိန်ဟာ မြေဆွေးဖန်တီးပြုလုပ်ဖို့အတွ...
05/01/2023

မြေဆွေး အမြန်ဖန်တီးနိုင်မယ့် လျှို့ဝှက်ချက် ၃ ခု
♻✅✅✅✅✅✅✅✅✅✅✅♻

💢 နွေရာသီအချိန်ဟာ မြေဆွေးဖန်တီးပြုလုပ်ဖို့အတွက် အသင့်တော်ဆုံး အချိန်ဖြစ်ပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ ပူနွေးလှတဲ့ အပူချိန်နဲ့ စိုထိုင်းဆများခြင်းတို့ဟာ မြေဆွေးပုံတွေရဲ့ အပူချိန်ကို ပိုမိုတက်စေနိုင်ပြီး လျင်မြန်စွာပြိုကွဲနိုင်တာကြောင့် ဖြစ်ပါတယ်။
♻ နောက်ပြီး နွေရာသီအချိန်ဟာ မြေဆွေးပြုလုပ်ရာမှာ လိုအပ်တဲ့ပစ္စည်းတွေ ရှာဖွေဖို့ လွယ်ကူတဲ့အချိန်လည်း ဖြစ်ပါတယ်။
💢 မြေဆွေး ပြုလုပ်တဲ့အခါ ဘာတွေထည့်ရမလဲ ဆိုတဲ့ ခေါင်းစဥ်နဲ့ ထည့်သွင်းအသုံးပြုနိုင်တဲ့ သဘာဝပစ္စည်းတွေအကြောင်းကို ယခင်က မျှဝေခဲ့ပြီးပြီ ဖြစ်ပါတယ်။
♻ မြေဆွေးပုံတွေ ပြုလုပ်တဲ့အခါ မိမိထည့်သွင်းလိုက်တဲ့ ပါဝင်ပစ္စည်း၊ ပြုလုပ်တဲ့နေရာ၊ အရွယ်အစား၊ ရာသီဥတုနဲ့ နည်းစနစ်တွေအပေါ် မူတည်ပြီး မြေဆွေးပုံရဲ့ ဆွေးမြေ့ချိန်က ကွာခြားမှု ရှိနိုင်ပါတယ်။
💢 ယေဘူယျအားဖြင့် မြေဆွေးပုံပြုလုပ်တဲ့အခါ အနည်းဆုံးတော့ ရက်သတ္တပတ် ၆ ပတ်ကနေ ၈ ပတ်လောက်အထိ ကြာမြင့်နိုင်ပြီး အဲ့ထက်ပိုများမယ်ဆိုရင်တော့ ၁ နှစ် နဲ့ အထက် ကြာမြင့်တာမျိုးတွေလည်း ရှိပါတယ်။
♻ ဒါ့ကြောင့် ယခုဆောင်းပါးမှာတော့ မြေဆွေးအမြန်ရရှိနိုင်ဖို့အတွက် သိထားသင့်တဲ့ လျှို့ဝှက်ချက် ၃ ခုကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

🔰၁။ ကာဗွန်၊ နိုက်ထရိုဂျင် အခြေခံပစ္စည်းများကို မှန်ကန်စွာရောစပ်ပါ။
♻ အပူဓာတ်ကောင်းကောင်းရှိပြီး လျင်မြန်စွာဆွေးမြေ့နိုင်တဲ့ မြေဆွေးပုံဆိုတာဟာ ကာဗွန်နဲ့ နိုက်ထရိုဂျင်ကို အခြေခံတဲ့ ပါဝင်ပစ္စည်းတွေကို မှန်မှန်ကန်ကန် ရောစပ်အသုံးပြုထားခြင်းကြောင့် ဖြစ်ပါတယ်။
💢 ကာဗွန်ကို အခြေခံတဲ့ ပစ္စည်းတွေက ဘာတွေလဲဆိုတော့ သစ်ရွက်ခြောက်၊ ကောက်ရိုး၊ သစ်သား၊ ပြာ၊ သစ်သားအပိုင်းအစတွေနဲ့ မြက်ခြောက် စတဲ့ ခြောက်သွေ့တဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။
♻ ဖော်ပြပါ ပစ္စည်းတွေဟာ မြေဆွေးပုံကို ပိုမိုအစွမ်းထက်စေတဲ့ ပစ္စည်းများ (သို့မဟုတ်) အညိုရောင်ပစ္စည်းများလို့ ခေါ်ဆိုကြပါတယ်။ နိုက်ထရိုဂျင်ကို အခြေခံတဲ့ ပစ္စည်းတွေကတော့ အစိမ်းရောင်ပစ္စည်းတွေ ဖြစ်ကြပြီး ၎င်းတို့ဟာ မြေဆွေးပုံကို ပိုမိုအသက်ဝင်စေကာ အပူဓာတ်ကို မြှင့်တင်ပေးတာ ဖြစ်ပါတယ်။
💢 လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်အပိုင်းအစတွေ၊ အစိမ်းရောင်မြက်ပင်တွေ၊ ကော်ဖီမှုန်နဲ့ တိရစ္ဆာန်စွန့်ပစ် ပစ္စည်းတွေပဲ ဖြစ်ပါတယ်။
♻ အပူဓာတ်များပြီး လျင်မြန်စွာပြိုကွဲနိုင်တဲ့ မြေဆွေးပုံတစ်ခုကိုဖန်တီးဖို့ဆိုတာ မှန်ကန်တဲ့အချိုးအစားနဲ့ ပါဝင်ပစ္စည်းတွေကို ထည့်သွင်းပေးဖို့ လိုအပ်ပါတယ်။
💢 မြေဆွေးပုံပြုလုပ်တဲ့အခါ သင့်တော်တဲ့ အချိုးအစားကတော့ နိုက်ထရိုဂျင်အခြေခံပစ္စည်း ၁ ဆကို ကာဗွန်အခြေခံပစ္စည်း ၄ ဆနဲ့ ရောစပ်သင့်တာ ဖြစ်ပါတယ်။
♻ မြေဆွေးလျင်မြန်စွာ ရရှိနိုင်ဖို့အတွက် စတင်ပြုလုပ်ချိန်ကတည်းက ၎င်းပစ္စည်းအားလုံးကို တစ်ကြိမ်တည်းနဲ့ နှံ့စပ်အောင် ကြိုတင်ရောမွှေပေးခြင်းက မြန်မြန်ဆွေးမြေ့ဖို့ ကူညီနိုင်မှာ ဖြစ်ပါတယ်။
💢 နောက်ပြီး ကောင်းစွာဆွေးမြေ့ပြီးသား မြေဆွေးပုံကနေ မြေဆွေးအနည်းငယ်ယူပြီး ထည့်သွင်းခြင်းဖြင့် ဘက်တီးရီးယားနဲ့ အကျိုးပြုသက်ရှိတွေဟာ မြေဆွေးကို အမြန်ဖန်တီးပေးနိုင်ဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

🔰၂။ ပါဝင်ပစ္စည်းများကို အပိုင်းစငယ်လေးတွေပြုလုပ်ပြီး ထည့်သွင်းပါ။
💢 ပါဝင်ပစ္စည်းတွေကို နှံ့စပ်အောင် သေချာရောနှောပြီးပြီဆိုရင် မြေဆွေးပြုလုပ်ဖို့ အချိန်ကျရောက်ပြီ ဖြစ်ပါတယ်။
♻ နောက်ပြီး မြေဆွေးပုံကနေ အပူဓာတ်ကောင်းကောင်းထုတ်လွှတ်နိုင်ဖို့အတွက် မိမိပြုလုပ်မယ့် မြေဆွေးပုံရဲ့ အရွယ်အစားကလည်း အရေးကြီးပါတယ်။
💢 အသင့်တော်ဆုံး မြေဆွေးပုံ အရွယ်အစားကတော့ (အလျား၊ အနံနဲ့ အမြင့်) ၃ ပေ (သို့မဟုတ်) ၄ ပေ ပတ်လည် ဖြစ်ပါတယ်။
♻ ၎င်းအရွယ်အစားဟာ ပါဝင်ပစ္စည်းတွေကနေ အပူဓာတ်ထုတ်လွှတ်ဖို့ လုံလောက်တဲ့အရွယ်အစားဖြစ်ပြီး အထက်အောက်လှန်ဖို့နဲ့ ထိန်းသိမ်းဖို့အတွက်လည်း သင့်တော်တဲ့ အရွယ်အစား ဖြစ်ပါတယ်။
💢 နောက်ထပ်အရေးကြီးတဲ့ အချက်က ပြိုကွဲမှုမြန်ဆန်နိုင်ပြီး မြေဆွေးလျင်မြန်စွာရရှိဖို့အတွက် ပါဝင်ပစ္စည်းတွေရဲ့ အရွယ်အစားကို သေးနိုင်သမျှသေးအောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပါဝင်ပစ္စည်းတွေကို ဖြစ်နိုင်ရင် ကြေညက်အောင်ပြုလုပ် လှီးဖြတ်ပြီးမှ ထည့်သွင်းသင့်ပါတယ်။
♻ ကြေညက်အောင် မလုပ်နိုင်ရင်လည်း အနည်းဆုံး ၁ - ၂ လက်မ ဝန်းကျင်ရှိတဲ့ အစိတ်အပိုင်းလေးတွေ ပြုလုပ်ပီးမှ မြေဆွေးလုပ်ရာမှာ ထည့်သွင်းမယ်ဆိုရင် ရက်ပေါင်း ၃၀ မှ ၆၀ အတွင်းမှာ ကောင်းကောင်းဆွေးမြေ့တဲ့ မြေဆွေးကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

🔰၃။ အောက်စီဂျင်နဲ့ အစိုဓာတ် မျှတအောင် ပြုလုပ်ပါ
သင့်တော်တဲ့ မြေဆွေးပုံအရွယ်အစားနဲ့ ပါဝင်ပစ္စည်းတွေကို ကောင်းစွာရောနှောပြီးပြီဆိုရင် မြေဆွေးပုံရဲ့ အောက်စီဂျင်နဲ့ အစိုဓာတ်ကို မျှတအောင်လုပ်ပေးဖို့ လိုအပ်ပါတယ်။
💢 မြေဆွေးပုံကနေ အပူတွေထုတ်လွှတ်နိုင်ဖို့ဆိုတာ ရေရော အောက်စီဂျင်ရော ၂ မျိုးစလုံး လိုအပ်ပါတယ်။ ရေနဲ့ အောက်စီဂျင်မရှိတဲ့အခါ ရလဒ်အနေနဲ့ အနံ့အသက်ဆိုးတွေကို စတင်ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။
♻ ဒါ့ကြောင့် မြေဆွေးပုံကို နေ့စဥ် (သို့မဟုတ်) ၂ ရက်လျှင် ၁ ကြိမ် အထက်အောက်လှန်ပေးခြင်းဖြင့် မြေဆွေးပုံရဲ့ အစိတ်အပိုင်းအားလုံးကို အောက်စီဂျင် ရရှိစေမှာ ဖြစ်ပါတယ်။
💢 အောက်စီဂျင်ရရှိခြင်းဖြင့် မြေဆွေးပုံထဲမှာရှိနေတဲ့ အကျိုးပြုသက်ရှိတွေကို ကောင်းမွန်စွာ အသက်ရှင်နေထိုင်နိုင်စေမှာ ဖြစ်ပါတယ်။
♻ အောက်စီဂျင်လိုအပ်သလိုပဲ မြေဆွေးပုံမှာ အစိုဓာတ်လည်းလိုအပ်ပါတယ်။ မြေဆွေးပုံဟာဆိုရင် လက်နဲ့ထိကြည့်လိုက်တာနဲ့ အစိုဓာတ်ရှိနေဖို့ လိုအပ်ပါတယ်။
💢 တစ်နည်းအားဖြင့် စိုစွတ်နေတဲ့ ရေမြှုပ်ကဲ့သို့ ရှိသင့်တာ ဖြစ်ပါတယ်။ လုံးဝခြောက်သွေ့သွားပြီဆိုရင်တော့ အပူထုတ်တာလည်း ရပ်တန့်သွားမှာဖြစ်ပြီး ပြိုကွဲခြင်း ဖြစ်စဥ်လည်း ရပ်တန့်သွားမှာ ဖြစ်ပါတယ်။
♻ ဒါ့ကြောင့် မြေဆွေးပုံလုံးဝမခြောက်သွေ့ခင်မှာ ရေလောင်းပေးဖို့ လိုအပ်ပါတယ်။ ရေလောင်းတဲ့အခါ အသင့်အတင့်လောင်းဖို့သာ လိုအပ်တာဖြစ်ပြီး အလွန်စိုစွတ်မယ်ဆိုရင်လည်း ပြိုကွဲဖို့ လုပ်ဆောင်နိုင်တော့မှာ မဟုတ်တာကြောင့် သတိပြုသင့်ပါတယ်။

ပြန်လည်မျှဝေပေးသည်

🍃🍃Transform Plus / Soil အသုံး၍ ကွမ်းစိုက်ပျိုးနည်း🦜🦜☺️ ပထမဆုံး မြေကြီး ဘောင် များကို မြေပြင်မှုန့် Transform Soil နဲ့ပြု...
04/01/2023

🍃🍃Transform Plus / Soil အသုံး၍ ကွမ်းစိုက်ပျိုးနည်း🦜🦜

☺️ ပထမဆုံး မြေကြီး ဘောင် များကို မြေပြင်မှုန့် Transform Soil နဲ့ပြုပြင်ပါ။ 50 gm ရေ 4 ဂါလံနဲ့ မစိုက်ပျိုးခင်ဖြန်းပါ။

😄စိုက်မည့်ကွမ်းရိုးကိုTransform Plus No1 အနည်းငယ်နဲ့ မြေကြီးမြှပ်မည့်နေရာကို မိနှစ် 30လောက်ဆေးရေစိမ်ပါ။ ပြီးလျှင်စစိုက်နိုင်ပါပြီ။

☺️ စိုက်ပြီ 5 /၇ရက်အကြာတွင် No1/10CC ရေ4 ဂါလံရောပြီးကွမ်း 1000 လျှင် 1ပုံးဖြန်းပါ ။

😊ဒုတိယ တတိယအကြိမ်များတွင် အပင်ပေါ်မူတည်၍ No1 /15CC/20CC ရေ 4 ဂါလံရော၍ ကွမ်း 1000 ဆေးပုံးတစ်ပုံး ဖြန်းပါ ။

☺️ခူးခါနီးလျှင် No1+No2 ရောဖြန်းပါ ။ အပင်ပေါ်မူတည်ပြီးဆေးချိန်ဆထည့်ပါ ။

ပုံမှန် 5 ရက် 7 ရက်တစ်ကြိမ်ဖြန်းလျှင်ပိုကောင်းသလို ရောဂါဝင်လျှင် ဆေးအနည်းချိုပြီး 3 ရက်ခြားဖြန်းပါ ရိုးမဲ ဆီစွန်း မှိုရောဂါများကိုရှင်းပေးပါလိမ့်မည်။
ဖြန်းတိုင်း ဆေးကိုချိန်ထည့်ပါ။ ကွမ်း 1000 လျှင် 1ပုံးသာဖြန်းပါ ။ရောဂါသက်ဆေးများနဲ့ရောမသုံးပါနဲ့ 3 ရက်ခြားပါ ဆေးဖြန်းပုံးအသန့်ကိုသုံးပါ။

ခူးနေကြရက်မစောင့်ပဲ အရွက်ထွားမှုပေါ်မူတည်ခူးပါ

#ရန်ကုန်ကုမ္ပဏီတိုက်ရိုက်
#အပင်ထွား #အထွတ်တိုး #အမြစ်သန်

#မြန်မာနိုင်ငံနေရာအနှံ့ ပို့ဆောင်ပေးပါတယ်

😊😊Transform Soil အသုံးပြုပုံ☺️☺️ 📢 Transform Soil ၏အကြိုးကျေးဇူးများဟာဓာတုအသုံးများ၍  အငန်  အချဉ်  အဆိတ်  အတောက်များပြီး...
04/01/2023

😊😊Transform Soil အသုံးပြုပုံ☺️☺️

📢 Transform Soil ၏အကြိုးကျေးဇူးများဟာဓာတုအသုံးများ၍ အငန် အချဉ် အဆိတ် အတောက်များပြီး ပျက်စီးနေသောမြေကိုပြုပြင်ပြောင်းလဲပေးသည်။

Soil နှင့်မြေပြင်လျှင် အမြစ်ထွက်နုန်းတိုးစေသည်။
မြေကြီးအတွင်းရှိ အပင်၍အကျိုးပြုပိုးမွှားများတိုးစေသည်။
မြေကြီးအတွင်းရှိသဘာဝမှပေးသော NPK ကိုပွှားစေသည်။

အပင်၏ ခန္ဓာအားတုတ်ခိုင်သန်မာမှုကောင်းစေသည်။
ရာသီဥထုဖောက်ပြန်မှု ဒဏ်ခုခံအားကောင်းခြင်း အပင်အသီးကြီးထွားမှုတိုးစေခြင်းကိုအထူးအားပေးပါသည်။

အသုံးပြုပုံ။ ။ အပင်ငယ်စိုက်ခင်များကို (Soil 15gm) ရေ 4 ဂါလံနှင့် ရော၍မစိုက်ခင်ထွက်ယက်ထားသောမြေကြီးကိုဖြန်းပါ။

စပါး ပဲအမျိုးမျိုး နှမ်း ပင်တို့ကို (50gm) ရေ 4 ဂါလံ နှင့်ရော၍ 1 ဧကလျှင် 4 ဗုံးဖြန်းပါ။ ထွက်ယက်ထားသောမြေကြီးမစိုက်ပျိုးမှီဖြန်းပါ။

နှစ်ရှည်ပင်များကို ရေ 4 ဂါလံ နှင့်အတူ Soil 50gm ရော၍ အပင်ခြေရင်း 1 ပေပတ်လည်ကနေဝိုင်းပြီးဖြန်းပါ။

မှတ်ချက်။ ။ Soil နှင့်အတူ အခြားမြဩဇာများရော၍ အသုံးပြုနိုင်ပါသည်။ Soil သုံးထားလျှင် အခြားမြေဩဇာထက်ဝက်လျှော့သုံးပါ။ Transform Soil သည်မြေပြင်သီးသန့်မှုန့်ဖြစ်သလို ထွက်ယက်ပြီးမြေကြီးကို မစိုက်ခင် 24 နာရီအလိုမှကြိုတင်အသုံးပြုရပါမည်။
Soil သုံးပြီးချက်ခြင်း အပင်စိုက်၍မပါ။ Soil ကိုအသုံးပြုတဲ့အခါ အပင်ကိုဆေးရေလောင်းလို့မရပါ။

Transform Soil အမှုန့်သည် 1000gm ပါသည်အတွက် 1 ဧကမြေပြင်လျှင် 100gm သာကုန်ကျမှာဖြစ်ပါတယ်။
Soil တစ်ထုပ်လျှင် 7 ဧကထိအသုံးပြုနိုင်ပါတယ်။

အပင်စိုက်သူတွေ သိထားသင့်တဲ့ NPK (၃) မျိုး================================💠 မြေသြဇာနဲ့ ပတ်သက်ပြီး အပင်စိုက်သူတွေအတွက်ခေါင...
03/01/2023

အပင်စိုက်သူတွေ သိထားသင့်တဲ့ NPK (၃) မျိုး
================================

💠 မြေသြဇာနဲ့ ပတ်သက်ပြီး အပင်စိုက်သူတွေအတွက်ခေါင်းရှုပ်စရာတွေ ဖြစ်လေ့ရှိပါတယ်။

💠 အနည်းဆုံးတော့ အပင်တွေအတွက် မဖြစ်မနေလိုအပ်တဲ့ မြေသြဇာ NPK (၃) မျိုး ရှိတာကို သိရပါမယ်။

✅ နိုက်ထရိုက်ဂျင် Nitrogen ၊

✅ ဖော့စ်ဖေါရပ်စ် phosphorus (P)၊

✅ ပိုတက်စီယမ် Potassium (K) ဖြစ်ပါတယ်။

🔶 နိုက်ထရိုက်ဂျင် Nitrogenက
အရွက်၊ အညွှန့်အကိုင်းအခက်၊ အသီးအပွင့်၊ ဥ၊ အစေ့၊ အမြစ်နဲ့ပင်စည်တွေကို အားပေးတာ ဖြစ်တယ်။

🔶 ဖော့စ်ဖေါရပ်စ် Phosphorus (P)ဟာ
အပွင့်နဲ့ အသီးကိုအားပေးပါတယ်။

🔶 ပိုတက်စီယမ် Potassium (K) ဟာ
အမြစ်ကို အားပေးတယ်။ ပင်စည်ဆဲလ်တွေ သန်မာစေပါတယ်။ ပင်စည်ကနေ အညွှန့်အရွက်အထိကို မြေသြဇာပို့ပေးစေတယ်။ အသီးကို ချိုစေတယ်။ အသီးအရောင်လှစေပါတယ်။

🌴 ကိုယ်စိုက်တဲ့အပင်က အရွက်အခက် အပင်လား၊ အသီးအပွင့်အပင်လား၊ ပင်စည်းအသုံးပြုပင်လား ဆိုတာကို ခွဲခြားသိရမယ်။
ဒီတော့မှ လိုအပ်တဲ့မြေသြဇာကို
လိုအပ်ချိန်မှာ ပေးမယ်ဆိုရင် အပင်အတွက်လည်းကောင်းမယ်။ ကုန်ကျစရိတ်လည်းသက်သာမယ်။

ဥပမာ= သစ်သီးပင် အသီးသီးဖို့ အရွယ်မရောက်ခင်မှာ အပင်သန်ဖို့အပင်ကြီးဖို့အတွက် နိုက်ထရိုက်ဂျင်
Nitrogen 👎 ကို အဓိကထားပေးပြီး အမြစ်သန်ဖို့ မြေသြဇာအရွက်တွေဆီရောက်အောင် ပင်စည်းကောင်းဖို့အတွက် ပိုတက်စီယမ်
Potassium (K) ကို တွဲပေးရမယ်။

📌 မလိုအပ်သေးချိန်မှာ အပွင့်အသီးအတွက် မြေသြဇာကို ပေးရင် ပိုက်ဆံကုန်တာပဲ ရှိပါမယ်။

အလားတူပဲ အပွင့် ပွင့်ခါနီးအချိန်မှာ ဖော့စ်ဖေါရပ်စ်
Phosphorus (P) ကိုပေးရမယ်။

📌 တကယ်လို့ ..
နိုက်ထရိုက်ဂျင် (Nitrogen) ပေးနေရင် အပွင့်မထွက်ပဲ အကိုင်းအခက်တွေပဲထွက်နေမယ်။

🍋 အလားတူပဲ အသီးချိုအောင် အသီးလှအောင်ဖြစ်ဖို့အတွက် ပိုတက်စီယမ်
Potassium (K) မပေးရင် အသီးချိုမှာမဟုတ်ဘူး။

အပင်တွေအတွက် လိုအပ်ချိန်မှာ လိုအပ်တဲ့မြေသြဇာ ပေးတတ်ရပါမယ်။

Credit:
#စိုက်ပျိုးရေးဗဟုသုတ
#မြေဩဇာ

Transform1 ကိုလက်တွေ့စမ်းသပ်ချက်နဲ့ ရလဒ်လေးက်ို ပြန်မျှဝေပေးခြင်းဖြစ်ပါတယ်ထိုင်းနိုင်ငံ Successmore Companyက နာနိုနည်းပည...
03/01/2023

Transform1 ကိုလက်တွေ့စမ်းသပ်ချက်နဲ့ ရလဒ်လေးက်ို ပြန်မျှဝေပေးခြင်းဖြစ်ပါတယ်

ထိုင်းနိုင်ငံ Successmore Companyက နာနိုနည်းပညာနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်

Transformအကြောင်းအသေးစိတ်ရှိလို့ပါက
☎️09.751 326 236 ဆက်သွယ်မေးမြန်နိုင်ပါတယ်ခဗျာ

 #ပဲတီစိမ်း  စိုက်တဲ့တောင်သူတွေ အတွက်  မြေသြဇာ အသုံးပြုပုံ.......- Transform 1 - 10  CC /  ရေ 20 လီတာ 7 ရက် သို့ 10 ရက် ...
03/01/2023

#ပဲတီစိမ်း စိုက်တဲ့တောင်သူတွေ အတွက်
မြေသြဇာ အသုံးပြုပုံ.......

- Transform 1 - 10 CC / ရေ 20 လီတာ
7 ရက် သို့ 10 ရက် တစ်ကြိမ် ပုံမှန်သုံးပေးရမယ်

ပွင့်ခင်း လိုက်ချိန်
No.1&2 -10cc စီ ရေ4ဂါလံ×1ဧက(4ပုံး)

အပွင့်ကြွေ/သီးကင်းလိုက်ချိန်
NO.2 -20CC ရေ 4ဂါလံ×1ဧက(4ပုံး)

မှတ်ချက်။ ။ဓာတုမြေသြဇာဖြင့်ရောမဖျန်းရ။ရေမှုန် မွှားဖြင့် ဖျန်းရန်။

Transform သဘာဝမြေသြဇာကို အသုံးပြုလျှင်
အပင်အား ၊ အသီးအားကောင်းပြီး ပိုးကျသက်သာခြင်း၊ မှိုရောဂါကာကွယ်ခြင်း /အပင်တို့ရဲ့အစာချက်လုပ်ခြင်းအတွက် 24Hr လုပ်ဆောင်ပေးပါတယ်

Transform ကို နာနိုအင်ဇိုင်းနည်းပညာနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်

Transform.1 အပင်အားဖြည့်မြေသြဇာ
👍အပွင့်မြိုင်
👍အသီးခိုင်
👍အသီးထွား
👍အရွက်စိမ်း
👍အပင်သန်
👍အဆိပ်အတောက်ကင်း
👍ပါတ်ဝန်းကျင်အကျိုးပြု မှုနဲ့

Transform.2 အသီးအပွင့် အားဖြည့်မြေသြဇာ
👍ပင်စည်အရွက်တို့မှမြန်စွာစိမ့်ဝင်ပြီး
👍အပင်မှစားသောက်ရလွယ်ကူခြင်း
👍လိုအပ်သောအာဟာရများသိမ်းဆည်းပေးနိုင်ခြင်း
👍အထွက်နှုန်းတိုး
👍ပါတ်ဝန်းကျင်အကျိုးပြု မှုများ
👍Nanoနည်းပညာဖြင့်ထုတ်လုပ်ထားမှု
👍အပင်ရဲ့ဆဲလ်များအထိပို့ဆောင်ပေးမဲ့
👍အထွက်နှုံးတိုးစေ
👍အပင်ကိုကောင်းစွာကြီးထွားစေမဲ့

#ရန်ကုန်ကုမ္ပဏီတိုက်ရိုက်
ြန့်ချီရေး
#ပဲတီစိမ်း
#09751326236

🙏စိုက်ပျိုးရေးလုပ်ကိုင်သော တောင်သူဦးကြီးများအားလုံးပဲ မင်္ဂလာပါ🙏👉ထိုင်းနိုင်ငံ Successmore ကုမ္ပဏီထုတ်မှ နာနိုနည်းပညာဖြ...
01/01/2023

🙏စိုက်ပျိုးရေးလုပ်ကိုင်သော တောင်သူဦးကြီးများအားလုံးပဲ မင်္ဂလာပါ🙏

👉ထိုင်းနိုင်ငံ Successmore ကုမ္ပဏီထုတ်မှ နာနိုနည်းပညာဖြင့်ထုတ်လုပ်ထားတဲ့ သဘာဝရွက်ဖြန်းမြေဩဇာ
🌾Transform soil(မြေပြင်ဆေး)
🌾Transform plus 1+2(အပင်အားဆေးနဲ့အသီးအားဆေး)နဲ့ မိတ်ဆက်ပေးချင်ပါတယ်

Tf Soil ​မြေပြင်ဆေး
👍မြေရဲ့ ချဥ်/ငံ ဓာတ်ကို ပုံမှန်ဖြစ်အောင် ပြုပြင်ပေးသည်

Tf plus 1 အပင်အားဆေး
👍အမြစ်ရှည်
👍အမြစ်ပွား
👍အပင်သန်
👍အရွက်စိမ်း
👍ကိုင်းခွဲအားကောင်း
👍အညှာခိုင်

Tf plus 2 အသီးအားဆေး
👍အပွင့်မြိုင်
👍အသ်ိီးိီးခိုင်
👍အသီးထွား
👍အဆေ့ဆံအောင်
👍အရောင်ဆင်းလှ
👍အထွက်နှုန်းတိုး
👍အလေးချိန်စီး

🌾Transform Plus သည်
မြန်မာနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန၏တရားဝင်ဖြန့်ချီရောင်းချ ခွင့်မှတ်ပုံတင်လုပ်ငန်းလိုင်စဉ်အမှတ်။
TF Plus No1 -တသ ၆၇၆၄
TF Plus No2 -တသ ၆၇၆၅ ) နှင့်
မြန်မာနိုင်ငံ၏ မြို့ကြီး (5) မြို့မှာအခြေစိုက်၍လက်လီလက်က္ကားဖြန့်ချီပေးပါတယ်။(ရန်ကုန်/မန္တလေး/မြစ်ကြီးနား/မော်လမြိုင်/တောင်ကြီး)

တောင်သူဦးကြီးများသီးနှံတွေအထွက်တိုးလို့စျေးကောင်းရကြပါစေ🙏🙏🙏

31/12/2022

Address

Yangon

Telephone

+959751326236

Website

Alerts

Be the first to know and let us send you an email when Transform Soil &Trransform plus1+2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category