Shwe Padauk အဆင့်မြင့်ရွှေဘိုပေါ်ဆန်းမွှေးရှယ်

  • Home
  • Myanmar
  • Yangon
  • Shwe Padauk အဆင့်မြင့်ရွှေဘိုပေါ်ဆန်းမွှေးရှယ်

Shwe Padauk အဆင့်မြင့်ရွှေဘိုပေါ်ဆန်းမွှေးရှယ် အရသာမှာစွဲ အရည်သွေးမှာ စိတ်ချရတဲ့ "ရွှေပိတောက်" အဆင့်မြင့်ရွှေဘိုပေါ်ဆန်းမွှေး

ဆက်သွယ်ဝယ်ယူရန် 09-798419651                                  09-763597271
07/11/2024

ဆက်သွယ်ဝယ်ယူရန် 09-798419651
09-763597271

17/06/2024

ဇွန် ၁၇ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ဈေးနှုန်းများ ဖြစ်ပါသည်။

ပြည်တွင်း ဆန်ဈေး

ရွှေဘိုပေါ်ဆန်း ၁ အိတ်လျှင် ၁၄၅၀၀၀ ကျပ် ဝန်းကျင်မှ ၁၇၈၀၀၀ ကျပ် (ရှယ်စ(အမြင့်လိုင်း) များ ယခင်တပတ်ထက် တအိတ်လျှင် ကျပ် ၂၀၀၀ ခန့်ဈေးတက်လာသည်။)
ဧရာဝတီပေါ်ဆန်း ၁ အိတ်လျှင် ၁၃၅၀၀၀ ကျပ်မှ ၁၅၅၀၀၀ ကျပ်
ပေါ်ကျွဲဆန် ၁ အိတ် ၁၀၅၀၀၀ ကျပ်ကျော်မှ ၁၁၃၀၀၀ ကျပ်
ဆန်ကြမ်း (အဟောင်း ရက် ၉၀) ၁ အိတ်လျှင် ၁၂၀၀၀၀ ကျပ်ကျော် မှ ၁၃၁၀၀၀ ကျပ်အထိ (ယခင်တပတ်ထက် တအိတ်လျှင် ကျပ် ၃၀၀၀ ခန့်ဈေးတက်လာသည်။)

ဆန်ကြမ်း ( အသစ် ရက် ၉၀) ၁ အိတ်လျှင် ၉၅၀၀၀ ကျပ်မှ ၁၀၈၀၀၀ ကျပ်အထိရှိ
ဆန်ကြမ်း (နှံကား) ၁ အိတ်လျှင် ၉၀၀၀၀ ကျပ်ကျော်
မနောသုခဆန် ၁ အိတ်လျှင် ၉၀၀၀၀ ကျပ်

ယခုတပတ်ပြင်ပ ဆန်ဈေးကွက်တွင် ဈေးကွက်အတွင်း ပစ္စည်း ရှားပါးသောကြောင့် ရွှေဘိုပေါ်ဆန်း ရှယ်စ (အမြင့်လိုင်း) တအိတ်လျှင် ကျပ် ၂၀၀၀ ခန့်နှင့် ဆန်ကြမ်း (ရက် ၉၀ အဟောင်း) တအိတ်လျှင် ကျပ် ၃၀၀၀ ခန့် ဈေးတက်လာပြီး ကျန်ဆန်အမျိုးအစားများမှာ ဈေးနှုန်းအပြောင်းအလဲမရှိကြောင်း ဝါးတန်းလမ်းကုန်စည်ဒိုင်ရှိ လက်ကား ဈေးကွက်အတွင်းမှ သိရသည်။

ယခုဖော်ပြပါ ဈေးနှုန်းများသည်ကုန်စည်ဒိုင်လက်ကားဈေး ဖြစ်ပြီး လက်လီဈေးမှာ ဆန်တအိတ်လျှင် ၄၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိမြို့နယ်အနီးအဝေးနှင့် ဆိုင်ပေါ်မူတည်၍ ဈေးနှုန်း မြင့်တက်မှုများ ရှိနိုင်ပြီး ယခုတပတ်တွင်ဆန်ကြမ်း တချို့လည်း ထပ်မံ ဈေးနှုန်း မြင့်တက်မှု ရှိလာကြောင်း သိရသည်။

ထို့ပြင် လက်ရှိတွင် စစ်ကောင်စီ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးမှာလည်း ကုန်စည်ဒိုင်တွင် ယခင်အတိုင်းရှိနေဆဲ ဖြစ်သော်လည်း ယင်းဖြင့် အလုပ်လုပ်ခြင်းမရှိတော့ကြောင်း ကုန်သည်များထံက သိရသည်။

စားအုန်းဆီ

စစ်ကောင်စီ၏ စားအုန်းဆီ ရည်ညွှန်းလက်ကား သတ်မှတ်ဈေးမှာ ၁ ပိဿာ ၅၃၇၀ ကျပ်

(ယခင်တပတ်ထက် အနည်းငယ်ဈေးတက်လာ)

ယင်းဈေးမှာ ဇွန်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ စစ်ကောင်စီ သတ်မှတ်ထားသည့် ရန်ကုန် အထိုင် လက်ကားဈေးဖြစ်ပြီး စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှတဆင့် စားဆီ တင်သွင်းသည့် ကုမ္ပဏီများထံမှ ခွဲတမ်းရသည့် ဆိုင်တချို့တွင် လက်လီဈေးအနေဖြင့် ၁ ပိဿာလျှင် ၅၇၀၀ ကျပ်ဖြင့် လူတဦးလျှင် ၅၀ သားနှုန်းဖြင့် ရောင်းချပေးခြင်းများ ရှိကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် တချို့မြို့နယ်များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ တံဆိပ်တုံးပါမှသာ သတ်မှတ်ဈေးဖြင့် ရောင်းချပေးခြင်း၊ တချို့မြို့နယ်များတွင် နံပါတ်စဉ် (တုံကင်ပြား) ဖြင့် ရောင်းချပေးခြင်း တို့ဖြင့် ရောင်းချပေးခြင်း ဖြစ်ကြောင်း လက်လီဆိုင်ပိုင်ရှင်များက ပြောသည်။

သတ်မှတ်ဈေးဖြင့် ရောင်းချပေးနေသော်လည်း စားဆီ ဈေးမှာ လက်လီ စားသုံးသူများ၊ ဆိုင်သမားများ လိုသလောက်မရရှိပဲ ပြင်ပပေါက်ဈေး (မှောင်ခိုဈေး) မှာရန်ကုန်ဈေးကွက်မှာပင် ၁ ပိဿာလျှင် ၁၁၅၀၀ ကျပ် အထိ ပေါက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

(ယင်းဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများ ဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသလိုက်၍ ဈေးနှုန်းကွာခြားမှုများ၊ ပို၍ မြင့်တက်မှုများ ရှိနိုင်သည်။)

စက်သုံးဆီ

ဓာတ်ဆီ ၉၂ ၁ လီတာ ၂၅၁၅ ကျပ်
ဓာတ်ဆီ ၉၅ ၁ လီတာ ၂၆၄၅ကျပ်
ဒီဇယ် ၁ လီတာ ၂၃၀၅ ကျပ်
ပရီမီယံ ဒီဇယ် ၁ လီတာ ၂၇၀၅ ကျပ်

ယင်းမှာ စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသည့် ရန်ကုန်မြို့ အခြေစိုက် စက်သုံးဆီ ဈေးနှုန်းများဖြစ်ပြီး ယင်းကို တပတ်တခါ ဈေးနှုန်းအပြောင်းအလဲ ပြုလုပ်ထားသည်ကို တွေ့ရသည်။

လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် စက်သုံးဆီ ရရှိရန်အတွက် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရခြင်း၊ တချို့နေရာများတွင် ပြတ်လပ်ခြင်းများ ရှိနေဆဲဖြစ်သည်။

ထို့ပြင် တခြားတိုင်းနှင့် ပြည်နယ်များတွင် သယ်ယူပို့ဆောင်မှု စရိတ်အပေါ် မူတည်၍ ဈေးနှုန်း ကွာဟမှုရှိနိုင်သလို ပြင်ပဈေးကွက်နှင့် ဝေးလံခေါင်ဖျားသည့် ဒေသများတွင်မှု စစ်ကောင်စီ၏ သတ်မှတ်ဈေးထက် ပို၍မြင့်တက်မှုများ ရှိနိုင်သည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၄၅၅၀ ကျပ်ကျော်တွင်ရှိနေ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း (YGEA)၏ အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား ၄၅၈၈၂၁၆ ကျပ်
ကမ္ဘာ့ရွှေ ၁ အောင်စ အမေရိကန်ဒေါ်လာ ၂၃၁၇ ဒေါ်လာ
ပြင်ပ အကယ်ဒမီအခေါက်ရွှေဈေး ၅၄၀၀၀၀၀ ကျပ်ဝန်းကျင်တွင်ရှိနေ
ပြင်ပ ၁၅ ပဲရည် လက်ဝတ်ရတနာဈေး ၅၁၀၀၀၀၀ ကျပ်ဝန်းကျင်တွင်ရှိနေ

လက်ရှိတွင် ရွှေနှင့် ဒေါ်လာ ဈေးကွက်အတွင်း အဖမ်းအဆီးများကြောင့် ပြင်ပဈေးကွက်တွင် ယုံကြည်ရသည့် သူနှင့်သာ ကြိုက်ရောင်း ကြိုက်ဝယ် လုပ်ကြကြောင်း သိရသည်။

စစ်ကောင်စီ၏ လက်အောက်ခံ ဗဟိုဘဏ်က သတ်မှတ်သည့် ဒေါ်လာဈေးမှာ တဈေးရှိပြီး ယင်းဈေးမှာ ဝန်ဆောင်မှု လုပ်ငန်းများအတွက်သာ အလုပ်ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အထက်ပါ ဈေးနှုန်းများမှာ အချိန်နှင့်အမျှ အပြောင်းအလဲ ရှိနိုင်ပါသည်။

#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး

13/06/2024
AAA ဧရာဝတီရှယ်ပေါဆန်းရောက်ပါသည်* ဆက်သွယ်ဝယ်ယူရန် 09-798419651/09-763597271/09-266004550
07/03/2024

AAA ဧရာဝတီရှယ်ပေါဆန်းရောက်ပါသည်* ဆက်သွယ်ဝယ်ယူရန် 09-798419651/09-763597271/09-266004550

02/03/2024

မမြတ်ဘူး..ရောင်းတယ်....

အရောင်းအဝယ်လောကကမဟုတ်ရင် ဒီစကားက အဆန်းကြီးပါ...

Sales and Marketing သမားတွေတော့ ရင်းနှီးပြီးဖြစ်ပါတယ်။ စျေးကွက်ထဲမှာ အမြတ်မရှိဘဲ ရောင်းနေရတဲ့ ကုန်ပစ္စည်းများကို တွေ့ဘူးကြမှာ​ပါ။

ဒီလိုတွေ့တော့ ဘာကြောင့်ရောင်းကြတယ်ဆိုတာ လေ့လာကြည့်တာ အမျိုးအစား ၅ မျိုးလောက်တွေ့ရဘူးပါတယ်။

အချို့ဆို ကုမ္ပဏီ စျေးထက်လျှော့ရောင်းတဲ့ အရောင်းလက်ကားဆိုင်တွေကိုလည်း တွေ့ဘူးကြမှာပါ။ ဘာကြောင့်လဲ?

အမျိုးအစား ၁

ဒီလိုကုန်သည်ကြီးတွေက မိမိဆိုင်က သက်သာတယ်ဆိုတာ လိုချင်ကြတယ်။ ရောင်းကောင်းတဲ့ ပစ္စည်း ကို စျေးလျှော့ရောင်းတော့ ဆိုင်ကိုဖောက်သည်တွေလာကြတယ်။ အဲဒီမှာ အခြား ကုန်ပစ္စည်းလည်း ရောင်းရတယ်။ အမြတ်က အခြား ပစ္စည်း တွေမှာ ယူပါတယ်။ ဒါ အမျိုးအစား ၁ လို့ဆိုပါစို့...

အမျိုးအစား ၂

မမြတ်တဲ့အပြင် အရှုံးခံရောင်းတဲ့အမျိုးအစား ကုန်သည်ပါ။

ရတဲ့ခံစားခွင့်အားလုံး နှုတ်ပြီးတဲ့အပြင် ၊ လချုပ် ၊ နှစ်ချုပ် ပါ အကုန်တွက်ပြီး စျေးလျှော့ရောင်းသူပါ။

မိတ်ဆွေ ကုန်သည်တစ်ဦးရှိပါတယ်။ ကုမ္ပဏီ က ပြုလုပ်တဲ့ ကုန်သည်ဧည့်ခံပွဲမှာ တစ်နိုင်ငံလုံး ရောင်းအား ပထမ ပါ ။ ကုမ္ပဏီ ကလည်း ဆုကြေးငွေ ရာချီပေးပါတယ်။ သူ့ကို လက်ဆွဲနှုတ်ဆက်ပြီး Congratulations လို့ဆိုတော့ သူက "ကိုယ်လျှော့ပေးထားတဲ့ပိုက်ဆံ ကိုယ်ပြန်ရတာပါဗျာ" လို့ဆိုပါတယ်။ Risk ကြီးပါတယ်။ ကုမ္ပဏီ က သာ မပေးရင် သူရုံးပါပြီ။ သူ့ကိုမေးကြည့်ပါတယ်။ဘာကြောင့် ဒီလိုလုပ်တာလဲ? ဘယ်အချိန် မြတ်မှာလဲ? ဆိုတာပါ။

သူပြောတာ က အရင်တုံးက မြတ်တဲ့အချိန် ၂ချိန်ရှိတယ်တဲ့...

တစ်ချိန်က ငွေစျေးတက်တဲ့အချိန်ဆို ကုမ္ပဏီ တွေက ငါတို့ကိုစျေးအဟောင်းနဲ့ တစ်ကြိမ်ရောင်းပေးတယ်။ အဲဒီ့အချိန်ရယ်။ နောက်တစ်ကြိမ်က ပစ္စည်း ပြတ်တဲ့အချိန် တဲ့...

လေ့လာသင့်ပါတယ်...

အမျိုးအစား ၃

စျေးရောင်းတာ (စီးပွားရေး) လုပ်တာ ဂုဏ်သိက္ခာ အတွက်လုပ်တာ တွေ့ဖူးပါတယ်။ အထူးသဖြင့် နာမည်ကြီး အမှတ်တံဆိပ်တွေ ကိုယ်စားလှယ်ရသူတွေပါ။ မမြတ်ကြပါဘူး။ ရင်းထားတဲ့ ပိုက်ဆံ နဲ့ အမြတ်တွက်ရင်မကိုက်ပါဘူး။ ဘဏ်တိုးတောင် မရချင်ပါ။ တစ်ခါတံရံ Risk ကလည်းများပါတယ်။ ဝန်ထမ်းရေးရာကလည်း စိတ်ရှုတ်ရပါတယ်။ ဒါပင်မဲ့ မမြတ်ဘူး၊ရောင်းကြပါတယ်😁

အမျိုးအစား ၄

ဒီအမျိုးအစားကတော့ ဝေးဝေးရှောင်သင့်ပါတယ်။ သူက ငွေလှည့်တာပါ။ ရောင်းကောင်းပြီး စီးပွားရေးကောင်းချိန်မှာ မဆိုသာပင်မဲ့ အရောင်းပါးလာလို့ငွေကျပ်လာရင် ပြေးမဲ့သူပါ။ သူတို့လည်း မမြတ်ဘူး ။ရောင်းကြပါတယ်။

အမျိုးအစား ၅

ဒီအမျိုးအစားက ကိုယ့်ပြိုင်ဘက်ဆိုရင် ကိုယ်နာပြီလို့သာမှတ်ပါတော့...

ဒီအမျိုးအစားက ငွေဖြူပြချင်လို့ စီးပွားရေး ထလုပ်တာပါ။ တရားမဝင် ရထားတဲ့ငွေတွေကို အခွန်ဆောင် ငွေဖြူပြချင်တာပါ။ အကျယ်မရေးတော့ပါဘူး။ သူတို့က "ဝုန်း" နိုင်သူပါ။ သူတို့လည်း မမြတ်ဘူး။ရောင်းပါတယ်။ ဒီလူတွေ ကိုယ့်စျေးကွက်ထဲဝင်လာရင် ယှဥ်ဖို့မလွယ်ပါဘူး။ "ဝုန်း" နိုင်သူများပါ။

မမြတ်ဘူး။ရောင်းတယ်။
ရှင်းပြရတော်တော်ခက်ပါတယ်။

အထူးသဖြင့် နိုင်ငံခြားသားတွေကိုပါ။ ကုမ္ပဏီ စျေးထက် လျှော့ရောင်းကြတယ်ဆိုတာ ဘယ်လိုမှ ရှင်းပြလို့မရတာပါ။ နိုင်ငံခြားသားတွေနဲ့တွဲလုပ်ခဲ့တော့ ဒီကိစ္စကို ပြောရင် သူတို့ အံသြကြပါတယ်။ စျေးကွက်ထဲ ခေါ်ပြရပါတယ်။

မမြတ်ဘူး။ရောင်းတယ်😁
မြန်မာပြည် မှာပါ...

ချစ်ခြင်းများစွာဖြင့်

Crdကိုအောင်စည်လင်း

06/02/2024

ရွှေဘိုဟောင်းရှယ်လေးတွေရပြီနော် အမြန်ဝယ်ထားမှစိတ်ချရမယ်

12/01/2024

ရေးဖို့အကြွေးကျန်နေတာလေး 🙂

ဒီဘက်ခေတ် စီးပွားရေးလုပ်ငန်းတွေ (အထူးသဖြင့် အရောင်းဆိုင်တွေ)မှာ Customer Service , Customer Care ဆိုတာတွေဟာ
မပါမဖြစ်လုပ်ဆောင်လာကြရတာတွေပါ။ ကုန်ပစ္စည်းချင်းတူ၊ ဈေးချင်းတူရင်တောင် Customer Service & Care ကောင်းတဲ့ဆိုင်ကပိုရောင်းရတာပါ။
ပိုလည်းနာမည်ရလာပါတယ်။ အရင်ခေတ်လို Customer ကို ခပ်မာမာရောင်းလို့ရတဲ့ခေတ်မျိုးမဟုတ်တော့ပါဘူး။ ကိုယ့်ဆိုင်လာတဲ့Customer ကို
စိတ်ချမ်းသာအောင် အဘက်ဘက်ကနေ ဝန်ဆောင်မှုပေးကြရပါတယ်။ ဒါမှလည်း နာမည်ကောင်းရလာမယ့် ဆိုင်မျိုးဖြစ်လာမှာပါ။

ပြောချင်တဲ့အကြောင်းက ခုမှစပါတယ်။ တော်တော်များများလုပ်ငန်းရှင်များက သူတို့ရဲ့အရောင်းဆိုင်တွေမှာ Customer Service & Care ပိုင်းအတွက်
ဝန်ထမ်းသက်သက်ထားကြပေမဲ့ တော်တော်များများ ဆိုင်တွေရဲ့ Customer Service & Care ဟာ သူတို့ဆိုင်အတွင်းရောက်နေချိန်မျိုးမှာပဲ
ဂရုတစိုက်ဆောင်ရွက်တတ်ကြပါတယ်၊ Customer တွေ ဆိုင်ထဲရောက်မလာခင်ဖြစ်လာနိုင်တာတွေ၊ ဝယ်သွားပြီးမှဖြစ်လာနိုင်တာတွေကို
ကြိုတင်ကာကွယ်နိုင်တာမျိုးတွေမှာ တော်တော်အားနည်းကြ၊ သတိမထားကြတာမျိုးတွေ တွေ့နေရပါတယ်။ ပြောချင်တာက ကိုယ့်ဆိုင်ကရောင်းပေးတဲ့ပစ္စည်းက
ဈေးကွက်ပစ္စည်းပြတ်လို့ ကိုယ့်ဆိုင်က ဦးရာလူစနစ်နဲ့ ရောင်းချပေးရတဲ့အခြေအနေမျိုးကြုံလာခဲ့ပြီဆိုရင် Customer Service & Care အပိုင်းက အရမ်းအရေးကြီးလာပါပြီ။

ဥပမာအနေနဲ့ပြောပြရရင် တလောက စက်သုံးဆီဆိုင်တွေမှာ ယာဉ်တန်းအရှည်ကြီးတွေ တန်းစီကြရတုန်းက ကျနော်ကြုံခဲ့တာလေး ဝေမျှပါရစေ။

(၁) တစ်ညမှာ ကျနော်လည်း ကားဆီထည့်ဖို့ ကားအစီးရေ ၁၀၀ ကျော် တန်းစီနေတဲ့ ဆီဆိုင်ကိုပတ်ကြည့်ရင်း ဝင်တန်းစီတာပေါ့။ ကိုယ့်ကားဆီဂိတ်ကလည်း
ခုန်နေပြီဆိုတော့ ဒီညမရလို့မဖြစ်တဲ့အနေအထားမျိုး၊ ကျနော်တန်းစီတဲ့နေရာက ဆီဆိုင်ရဲ့ တည့်တည့်နောက်ကျောလမ်းကနေတစ်ပတ်ကြီးပတ်ပြီး
စီနေရတာ။ အဲလိုကျနော် စတန်းစီနေခါစမှာပဲ ဆီဆိုင်ကဝန်ထမ်းချာတိတ်လေး ကျနော့နားရောက်လာတယ်။ " အကိုခင်ဗျား၊ စိတ်မရှိပါနဲ့၊
ဒီညအကို့ရှေ့ ၂စီးကျော်အထိပဲ ကျနော်တို့ရောင်းချပေးနိုင်မှာဖြစ်ပါတယ်၊ အဲ့ရှေ့ကားနောက်ကနေ ကျနော်တို့ တားလိုက်ပါပြီ" လို့လာပြောပါတယ်။
ကျနော်က " ဟာ အကို့ကားလည်း ဆီလစ်နေပြီိ၊ အကို့နောက်ကစ တားပါလားကွာ" လို့ပြန်ပြောတော့၊ "မရလို့ပါခင်ဗျာ၊ နက်ဖြန်မနက်မှာ ပြန်လာစီလိုက်ပါအကို၊
ကျနော်တို့အကို့ကားကို ထည့်ပေးလိုက်ရင် နောက်ကကားတွေကို မလေးစားရာကျသွားမယ့်အနေအထားမို့ပါအကို၊အခုလိုပြောပေးတာက၊
အကိုတို့ အကြာကြီး အချိန်ပေးပြီး တန်းစီပြီး ဆိုင်ထဲရောက်မှ ဆီမရဘူးဖြစ်နေမစိုးလို့ လာပြီးကြိုတင်အကြောင်းကြားပေးတာပါခင်ဗျာ" လို့ ပြန်ပြောပါတယ်။
သူပေးတဲ့အဖြေကို ကျေနပ်စွာနဲ့ပဲ ကျနော်လှည့်ပြန်ခဲ့ပါတယ်။ ဆီမရတာကိုကျနော်စိတ်မဆိုးတဲ့အပြင် သူတို့ဆိုင်ရဲ့ Customer Service ပိုင်းမှာ အမြော်အမြင်ရှိမှုကို
ချီးကျူးမိပါတယ်။ အဲလိုမဟုတ်ဘဲ ကျနော်တို့တွေ အကြာကြီးတန်းစီ၊ ဆိုင်ထဲရောက်မှ ဒီညအတွက် ဆီကုန်ပြီဆိုတာမျိုးဖြစ်ခဲ့ရင် အကုန်ပေါက်ကွဲနိုင်တဲ့အနေအထားမျိုးကို
ကြိုတင်ကာကွယ်စီမံနိုင်တဲ့ သူတို့ရဲ့ Customer Service ပိုင်းကို မချီးကျူးဘဲမနေနိုင်ပါဘူး။

(၂) နောက် ၂ ရက်နေတော့ ကျနော် ဆီထည့်ဖို့ အဲ့ဆိုင်ကိုပဲ သွားခဲ့ပြန်ပါတယ်။ ဒီတစ်ခါလည်း ဟိုနေ့က နေရာလောက်မှာပဲ စီရပြန်ပါတယ်။ နောက်ဝန်ထမ်းချာတိတ်
တစ်ယောက် ကားနားကိုရောက်လာပြန်ပါတယ်။ " အကိုခင်ဗျာ၊ တန်းစီတာတော့ စီပါအစ်ကို၊ ဆိုင်မှာတော့ လက်ကျန် ဆီနည်းနေပြီမို့ ရဖို့တော့ ၅၀/၅၀ ပါအစ်ကို။
အစ်ကိုတို့ကိုကြိုပြီးလာပြောပြထားတာပါ" လို့ ပြောပြလာပြန်ပါတယ်၊ ကျနော်ဆက်စီလိုက်တာ ကျနော့်နောက်က သုံးလေးစီးမြောက်မှာ ဆီကုန်သွားပါတယ်၊
ကျနော်ဆီထည့်လို့ရခဲ့ပါတယ်။

(၃) နောက်သုံးရက်လောက်မှာလည်း ထပ်ရောက်ရပြန်ပါတယ်။ အဲ့ညကတော့ ကားတန်းတိုပါတယ်။ အားရဝမ်းသာဝင်စီတော့ ဝန်ထမ်းချာတိတ်တစ်ယောက်
ကားနားကပ်လာပါတယ်။ "အကို ဘာဆီထည့်မှာလဲဗျ" လို့မေးပါတယ်၊ကျနော်က 95 လို့ဖြေတော့ " အဲဒါဆိုရင်ရပါတယ်ဗျ၊ 92 ကုန်နေလို့ လာပြောပြတာပါခင်ဗျ" လို့
ပြောပါတယ်။
အထက်ပါအချက်တွေကတော့ ကျနော်သွားထည့်နေကျ ဆီဆိုင်ရဲ့ သဘောကျစရာကောင်းတဲ့ Customer Service & Care အပိုင်းတွေပါ။
တော်တော်လေး Managementကောင်းတယ်လို့ မှတ်ချက်ပေးချင်ပါတယ်။

နောက်ရက်တွေကျတော့ ကျနော်မိသားစုနဲ့အတူ ပြင်ဦးလွင် အလည်ရောက်ခဲ့ပါတယ်။ တစ်ညမှာ ညစာစားဖို့ စားသောက်ဆိုင်တစ်ဆိုင်သွားတော့
အဲ့ဆိုင်မှာ ကျနော်တို့အုပ်စုထက်အရင် လူများတဲ့ အဖွဲ့တစ်ဖွဲ့လည်း ထိုင်နှင့်နေတာတွေ့ရပါတယ်။ ကိုယ်တွေလည်း ဗိုက်ဆာနေမှ ရောက်သွားတာဖြစ်လို့
ဆိုင်ထဲဝင်လိုက်တာနဲ့ ရှေ့တစ်ဝိုင်းက ဘာဟင်းလျာမှ ချမထားသေးတာမြင်တော့ ကိုယ်တွေအဖွဲ့လည်း စောင့်ရမယ်လို့ တွေးမိလိုက်တာပေါ့။

မှာမှသာချက်ပြုတ်ပေးတဲ့ဟင်းလျာတွေဖြစ်တဲ့အတွက် ဆိုင်ရှင်အမျိုးသမီးက အော်ဒါလာကောက်ပါတယ်။ စားပွဲထိုးလည်း သိပ်မရှိတော့
အဆင်မှပြေပါ့မလားလို့တွေးနေတုန်း ဆိုင်ရှင်အမျိုးသမီိးဟာ ကျနော်တို့ ဝိုင်းထဲကို ရေနွေးနဲ့ နေကြာစေ့တွေထည့်ထားတဲ့ ပန်းကန် သုံးပန်းကန်လာချပေးသွားတယ်။

သဘောကတော့ ဒါလေးဝါးပြီးထိုင်စောင့်ပါဆိုတဲ့သဘောပေါ့၊ ကျနော်သဘောကျမိပါတယ် ၊ နေကြာစေ့ကိုက်နေဦးဆိုတဲ့သဘောကိုက နည်းနည်းတော့ကြာမယ်ဆိုတဲ့
နိမိတ်ကိုပြထားတဲ့သဘောပဲ။ ဒါကိုက Customer Care လုပ်တဲ့သဘောပါ၊ ချက်ပြုတ်နေပါတယ် ၊ ဒါလေးအပျင်းပြေဝါးပြီး ကိုက်နှင့်လို့ Strategy သုံးပြီး
အသိပေးသွားတာမျိုးပါ၊

ဒါကြောင့် Customer Service & Care ဆိုတာ ဖြစ်လာတာကိုချည်း ဖြေရှင်းတာမျိုးမဟုတ်ဘဲ ဖြစ်လာလတ္တံ့သောများကို ကြိုတင်တွေးဆပြီး စီမံဆောင်ရွက်နိုင်မှသာ
အကောင်းဆုံး Customer Service & Care ဖြစ်လာမည်မဟုတ်ပါလား၊ Prevention is better than Cure ပါ။

Ye Man Aung
1:00AM
12/1/2024

ထမင်းကောင်းG 11 ဆန်ဟောင်းတွေရောက်ပါသည်
11/01/2024

ထမင်းကောင်းG 11 ဆန်ဟောင်းတွေရောက်ပါသည်

🍚 ဆန်အမျိုးမျိုးလက်လီလက်ကားရရှိနိင်ပါသည်🙏🙏🙏
21/12/2023

🍚 ဆန်အမျိုးမျိုးလက်လီလက်ကားရရှိနိင်ပါသည်🙏🙏🙏

Address

(ဇ/၂၄) ပိတောက်လမ်း၊ ဘုရင့်နောင်ပွဲစားရုံတန်း။
Yangon

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00

Telephone

+959798419651

Website

Alerts

Be the first to know and let us send you an email when Shwe Padauk အဆင့်မြင့်ရွှေဘိုပေါ်ဆန်းမွှေးရှယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Padauk အဆင့်မြင့်ရွှေဘိုပေါ်ဆန်းမွှေးရှယ်:

Shortcuts

Share