17/08/2026
🥘ဟင်းအိုးလေး တည်လိုက်တာနဲ့ တစ်အိမ်လုံး မွှေးကြိုင်သွားစေမယ့် ဖွားထွေးရဲ့ လျှို့ဝှက်ချက်!
မြေးတို့ရေ... ထမင်းဝိုင်းမှာ ဟင်းက အရသာရှိဖို့ အရေးကြီးသလို ဟင်းအိုးဖွင့်လိုက်တာနဲ့ ပျံ့လွင့်လာတဲ့ ဆီမွှေးနံ့လေးကလည်း အဓိကကျတယ်နော်။ အဘွားငယ်ငယ်တုန်းကဆို ဟင်းနံ့လေးရတာနဲ့ ဗိုက်ဆာလာရောပဲ😋
ဒါပေမဲ့ တချို့မြေးတွေက ပြောကြတယ်၊ "ဟင်းက ဆီပြန်ပေမယ့် ဆီမွှေးက သိပ်မထွက်ဘူး" တဲ့။ အဲ့ဒါဆိုရင် အဘွားရဲ့ လက်ဖက်သုပ် စားသုံးရင်းရတဲ့ အတွေ့အကြုံနဲ့ အဘွားရဲ့ "အထူး Cooking Tips" လေးကို စမ်းကြည့်လိုက်ပါဦး🍽️
၁။ အနှစ်ကျက်မှ ဆီသတ်ပါ🍳
ကြက်သွန်နီ၊ ဂျင်း (ချင်း)၊ ကြက်သွန်ဖြူ အနှစ်တွေကို အရင်ဆုံး ရွှေညိုရောင်သန်းပြီး ဆီကျက်တဲထိ စိတ်ရှည်ရှည်နဲ့ ကျက်အောင်ချက်ပါ။ အနှစ်မကျက်ခင် ဆီထည့်ရင် ဆီစိမ်းနံ့ရပြီး အနံ့မွှေးမှာ မဟုတ်ဘူးကွယ်။
၂။ မီးအေးအေးနဲ့ ဆီထွက်စေပါ🔥
ဟင်းခတ်အမွှေးအကြိုင်တွေ (ငရုတ်သီးမှုန့်၊ နနွင်းမှုန့်) ထည့်ပြီးရင် မီးကို အလွန်အမင်းမပြင်းဘဲ မီးအေးအေးလေးနဲ့ ဆီပြန်လာအောင် အချိန်ယူပါ။ ဒါမှ ဆီမွှေးက အကောင်းဆုံး ထွက်လာမှာ။
၃။ အချိုးအစား မှန်ပါစေ🌿
ဆီပြန်ဟင်းများ ဆီမွှေးထွက်ကောင်းစေရန် အဘွားရဲ့ ထပ်တိုးလျှို့ဝှက်ချက်လေးကတော့ အချက်အပြုတ်ပြီးခါနီးမှာ အဘွားတို့ရဲ့ "ဖွားထွေး” လက်ဖက်အညွန့်နှပ် အနည်းငယ်ထည့်ပြီး မွှေပေးလိုက်တာပါပဲ။ ဒီနည်းလမ်းလေးက ဟင်းရဲ့အရသာကို ပိုပြည့်စုံစေပြီး ဆီမွှေးကို ပိုမိုထွက်ပေါ်စေပါတယ်ကွယ်။ (တစ်ခြားနည်းလမ်းတွေလည်းရှိရင် 👇🏻ကွန်းမန့်မှာ ပြောပြခဲ့ပါဦးနော်)
#ဆီပြန်ဟင်း #ဖွားထွေးလက်ဖက်နှင့်နှစ်ပြန်ကြော် #အသင့်စားလက်ဖက် #မြန်မာ့ရိုးရာအစားအစာ