A Mi Yar Distribution Group

A Mi Yar Distribution Group Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from A Mi Yar Distribution Group, Food & Drink, Pin Lon Road, North Dagon Township, Yangon.

ရန်ကုန်မြို့အတွင်းရှိ ဆိုင်များသို့
အရည်အသွေးကောင်းမွန်သော ဒိန်ချဉ်နှင့် ဆီသန့်ဝက်ခေါက်ကြော်များကို
ယုံကြည်စိတ်ချစွာ ဖြန့်ဖြူးရောင်းချပေးနေပါသော ကုမ္ပဏီဖြစ်ပါသည်။

စိတ်ခံစားချက်ပေါ်မူတည်ပြီး အဖော်ပြုပေးမယ့် အကောင်းဆုံး အရသာနှစ်မျိုး... ✨စိတ်အမောပြေစေမယ့် အနားယူချိန်လေးမှာ အေးမြစိမ့်အ...
17/08/2026

စိတ်ခံစားချက်ပေါ်မူတည်ပြီး အဖော်ပြုပေးမယ့် အကောင်းဆုံး အရသာနှစ်မျိုး... ✨

စိတ်အမောပြေစေမယ့် အနားယူချိန်လေးမှာ အေးမြစိမ့်အေးတဲ့ 'ပြာလောင် ဒိန်ချဉ်' ကို ရွေးမလား...
ဒါမှမဟုတ် အားလပ်ချိန်တွေကို ပိုမို တက်ကြွလှုပ်ရှားသွားစေမယ့် 'ရွှေနှစ် ဆီသန့် ဝက်ခေါက်ကြော်' ရဲ့ အကြွပ်ဆုံး အရသာကိုပဲ မြည်းမလား...။

ဘယ်အရသာကိုပဲ ရွေးချယ်ရွေးချယ် တစ်နေ့တာအတွက် ပေါ့ပါးလန်းဆန်းသွားစေမှာ အမှန်ပါပဲ။ အေးအေးစိမ့်စိမ့် #𝐓𝐞𝐚𝐦𝐘𝐨𝐠𝐮𝐫𝐭 လား၊ ကြွပ်ကြွပ်ဆတ်ဆတ် #𝐓𝐞𝐚𝐦𝐏𝐨𝐫𝐤𝐑𝐢𝐧𝐝𝐬 လား? Comment မှာ ဝေမျှပေးသွားပါဦး။ 😉 𝐀𝐄𝐎𝐍 𝐎𝐫𝐚𝐧𝐠𝐞 , 𝐅𝐚𝐦𝐢𝐥𝐲 𝐌𝐚𝐫𝐭 နဲ့ မြို့နယ်စုံကဆိုင်တွေမှာလဲ ဝယ်ယူရရှိနိုင်ပြီနော်။ 𝐑𝐞𝐭𝐚𝐢𝐥 / 𝐖𝐡𝐨𝐥𝐞𝐬𝐚𝐥𝐞 𝐎𝐫𝐝𝐞𝐫 များအတွက်လဲ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 နဲ့ ဖုန်းနံပါတ် 𝟎𝟗 𝟕𝟓𝟒 𝟒𝟒𝟐 𝟖𝟖𝟒 ကိုလဲ ဆက်သွယ်ပြီးအခုပဲ 𝐎𝐫𝐝𝐞𝐫 တင်လိုက်ပါ။



#ဝက်ခေါက်ကြော်

"ခေါင်းတွေ ရှုပ်နေပြီလား? 'ပြာလောင်' ကို သတိရလိုက်နော်... 😉✨                                                            ...
11/08/2026

"ခေါင်းတွေ ရှုပ်နေပြီလား? 'ပြာလောင်' ကို သတိရလိုက်နော်... 😉✨ 'ပြာလောင် ဒိန်ချဉ်' ဟာ သဘာဝ အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်တာမို့ စိတ်ဖိစီးမှုကို လျော့ကျစေပြီး ခန္ဓာကိုယ်အတွက်လည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့အကောင်းဆုံး အဖော်မွန်ပါ။

အလုပ်တွေ ရှုပ်နေတဲ့ အချိန်မှာပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဖြည့်တင်းချင်တဲ့ အချိန်မှာပဲဖြစ်ဖြစ် 'ပြာလောင်' ကို အမြဲ သတိရလိုက်ပါ။" 𝐅𝐚𝐦𝐢𝐥𝐲 𝐌𝐚𝐫𝐭 နဲ့ မြို့နယ်စုံကဆိုင်တွေမှာလဲ ဝယ်ယူရရှိနိုင်ပြီနော်။ 𝐑𝐞𝐭𝐚𝐢𝐥 / 𝐖𝐡𝐨𝐥𝐞𝐬𝐚𝐥𝐞 𝐎𝐫𝐝𝐞𝐫 များအတွက်လဲ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 နဲ့ ဖုန်းနံပါတ် 𝟎𝟗 𝟕𝟓𝟒 𝟒𝟒𝟐 𝟖𝟖𝟒 ကိုလဲ ဆက်သွယ်ပြီးအခုပဲ 𝐎𝐫𝐝𝐞𝐫 တင်လိုက်ပါ။


" 𝐂𝐡𝐞𝐞𝐫 𝐔𝐩! စိတ်ညစ်သမျှ အစားနဲ့ဖြေဖို့ 'ရွှေနှစ်' ကို သတိရလိုက်ပါ။ " ✨                                                  ...
03/08/2026

" 𝐂𝐡𝐞𝐞𝐫 𝐔𝐩! စိတ်ညစ်သမျှ အစားနဲ့ဖြေဖို့ 'ရွှေနှစ်' ကို သတိရလိုက်ပါ။ " ✨

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆီသန့်နဲ့ သန့်ရှင်းစွာ ပြုလုပ်ထားလို့ ညှော်နံ့ လုံးဝမရှိဘဲ ကြွပ်ဆတ်ဆတ် အရသာကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။

စိတ်ညစ်စရာမှန်သမျှကို ရွှေနှစ်ရဲ့ အရသာနဲ့ အမောဖြေလိုက်ပါနော်။

အိမ်မှာပဲနေနေ၊ ခရီးပဲသွားသွား အမြဲဆောင်ထားသင့်တဲ့ အဆာပြေလေးပါ။

ရွှေနှစ်ဆီသန့်ဝက်ခေါက်ကြော်ကို 𝐀𝐄𝐎𝐍 𝐎𝐫𝐚𝐧𝐠𝐞 နဲ့ မြို့နယ်စုံကဆိုင်တွေမှာလဲ ဝယ်ယူရရှိနိုင်ပြီနော်။
𝐑𝐞𝐭𝐚𝐢𝐥 / 𝐖𝐡𝐨𝐥𝐞𝐬𝐚𝐥𝐞 𝐎𝐫𝐝𝐞𝐫 များအတွက်လဲ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 နဲ့ ဖုန်းနံပါတ် 𝟎𝟗 𝟕𝟓𝟒 𝟒𝟒𝟐 𝟖𝟖𝟒 ကိုလဲ ဆက်သွယ်ပြီး အခုပဲ 𝐎𝐫𝐝𝐞𝐫 တင်လိုက်ပါ။

#ဝက်ခေါက်ကြော်

ထူးမြတ်လှတဲ့ ဝါဆိုလပြည့် နေ့ထူးနေ့မြတ်မှစ၍ မြန်မာပြည်သူ/ပြည်သားအပေါင်းတို့  စိတ်၏အေးချမ်းခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ကိ...
29/07/2026

ထူးမြတ်လှတဲ့ ဝါဆိုလပြည့် နေ့ထူးနေ့မြတ်မှစ၍ မြန်မာပြည်သူ/ပြည်သားအပေါင်းတို့ စိတ်၏အေးချမ်းခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ကို ပိုင်ဆိုင်နိုင်ကြပါစေ။ 🥰🥰

လိုအင်ဆန္ဒများအားလုံး တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေကြောင်း
𝐀 𝐌𝐢 𝐘𝐚𝐫 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐢𝐨𝐧 𝐆𝐫𝐨𝐮𝐩 မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။🥰🥰


စိတ်အာရုံကို ချက်ချင်းလန်းဆန်းသွားစေမယ့် "𝐏𝐞𝐫𝐟𝐞𝐜𝐭 𝐌𝐚𝐭𝐜𝐡"🥰                                                               ...
26/07/2026

စိတ်အာရုံကို ချက်ချင်းလန်းဆန်းသွားစေမယ့် "𝐏𝐞𝐫𝐟𝐞𝐜𝐭 𝐌𝐚𝐭𝐜𝐡"🥰

ချိုချဉ်အေးမြတဲ့ သမီးတော် စတော်ဘယ်ရီဒိန်ချဉ် နဲ့ သန့်ရှင်းလတ်ဆတ်ပြီး ကြွပ်ရွမွှေးပျံ့တဲ့ ရွှေနှစ် ဆီသန့် ဝက်ခေါက်ကြော် 💓
လူကြီးမင်းတို့ရဲ့ နေ့လည်ခင်းကို ကျန်းမာရေးနဲ့ညီညွတ်ပြီး စိတ်ချရတဲ့ 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐒𝐧𝐚𝐜𝐤 အတွဲအစပ်ကို ရှာဖွေနေတယ်ဆိုရင်တော့ ဒီ𝐏𝐞𝐫𝐟𝐞𝐜𝐭 𝐌𝐚𝐭𝐜𝐡 ကိုသာ ရွေးချယ်လိုက်ပါ။

𝐀𝐄𝐎𝐍 𝐎𝐫𝐚𝐧𝐠𝐞 , 𝐅𝐚𝐦𝐢𝐥𝐲 𝐌𝐚𝐫𝐭 နဲ့ မြို့နယ်စုံကဆိုင်တွေမှာလဲ ဝယ်ယူရရှိနိုင်ပြီနော်။ 𝐑𝐞𝐭𝐚𝐢𝐥 / 𝐖𝐡𝐨𝐥𝐞𝐬𝐚𝐥𝐞 𝐎𝐫𝐝𝐞𝐫 များအတွက်လဲ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 နဲ့ ဖုန်းနံပါတ် 𝟎𝟗 𝟕𝟓𝟒 𝟒𝟒𝟐 𝟖𝟖𝟒 ကိုလဲ ဆက်သွယ် ပြီးအခုပဲ 𝐎𝐫𝐝𝐞𝐫 တင်လိုက်ပါ။



#ဝက်ခေါက်ကြော်

မန္တလေးမြို့ရဲ့ နာမည်ကြီး 𝐏𝐲𝐚𝐫 𝐋𝐚𝐮𝐧𝐠 𝐘𝐨𝐠𝐮𝐫𝐭 က နေ့စဉ် 𝐃𝐢𝐞𝐭 𝐆𝐨𝐚𝐥 တွေကို ပံ့ပိုးပေးမယ့် အကောင်းဆုံးအဖော်မွန်ပါ။ ❤အဆီဓာတ်နည်...
20/07/2026

မန္တလေးမြို့ရဲ့ နာမည်ကြီး 𝐏𝐲𝐚𝐫 𝐋𝐚𝐮𝐧𝐠 𝐘𝐨𝐠𝐮𝐫𝐭 က နေ့စဉ် 𝐃𝐢𝐞𝐭 𝐆𝐨𝐚𝐥 တွေကို ပံ့ပိုးပေးမယ့် အကောင်းဆုံးအဖော်မွန်ပါ။ ❤

အဆီဓာတ်နည်းလို့ ကယ်လိုရီအတွက် ပူစရာမလိုဘူး။ 🥰

ပရိုတင်းဓာတ်မြင့်လို့ လေ့ကျင့်ခန်းလုပ်ပြီး ခန္ဓာကိုယ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်တယ်။

အစာခြေစနစ်ကို ကောင်းမွန်စေလို့ ခန္ဓာကိုယ်ကို ပေါ့ပါးသွက်လက်စေတယ်။

လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာပဲဖြစ်ဖြစ်၊ ကြားဖြတ်ဗိုက်ဆာတဲ့အချိန်မှာပဲဖြစ်ဖြစ် အာဟာရရှိရှိနဲ့ ဗိုက်ဖြည့်ဖို့ 𝐏𝐲𝐚𝐫 𝐋𝐚𝐮𝐧𝐠 ကို သတိရလိုက်ပါ!

𝐏𝐲𝐚𝐫 𝐋𝐚𝐮𝐧𝐠 𝐘𝐨𝐠𝐮𝐫𝐭 ကို ရန်ကုန်မြို့က 𝐅𝐚𝐦𝐢𝐥𝐲 𝐌𝐚𝐫𝐭 နဲ့ မြို့နယ်စုံကဆိုင်တွေမှာလဲ ဝယ်ယူရရှိနိုင်ပြီနော်။

𝐑𝐞𝐭𝐚𝐢𝐥 / 𝐖𝐡𝐨𝐥𝐞𝐬𝐚𝐥𝐞 𝐎𝐫𝐝𝐞𝐫 များအတွက် 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှတဆင့်လည်း ဆက်သွယ်နိုင်ပြီး ဖုန်းနံပါတ် 𝟎𝟗 𝟕𝟓𝟒 𝟒𝟒𝟐 𝟖𝟖𝟒 ကိုလဲ ဆက်သွယ်နိုင်ပါသည်။



𝟐𝟎𝟐𝟔 ခုနှစ် ဇူလိုင်လ 𝟏𝟗 ရက်နေ့တွင် ကျရောက်သော (၇၉) နှစ်မြောက် အာဇာနည်နေ့အား 𝐀 𝐌𝐢 𝐘𝐚𝐫 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐢𝐨𝐧 𝐆𝐫𝐨𝐮𝐩 မှအစဉ်လေးစား ဦး...
19/07/2026

𝟐𝟎𝟐𝟔 ခုနှစ် ဇူလိုင်လ 𝟏𝟗 ရက်နေ့တွင် ကျရောက်သော (၇၉) နှစ်မြောက် အာဇာနည်နေ့အား
𝐀 𝐌𝐢 𝐘𝐚𝐫 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐢𝐨𝐧 𝐆𝐫𝐨𝐮𝐩 မှအစဉ်လေးစား ဦးညွှတ်အလေးပြုအပ်ပါသည်။


"တစ်ကိုက်ကိုက်လိုက်တိုင်းမှာ ခံစားရမယ့် ထူးခြားတဲ့ အကြွပ်ဆုံးအထိအတွေ့... ✨ရိုးရိုးဝက်ခေါက်ကြော်တွေနဲ့ မတူဘဲ သန့်ရှင်းလတ်...
16/07/2026

"တစ်ကိုက်ကိုက်လိုက်တိုင်းမှာ ခံစားရမယ့် ထူးခြားတဲ့ အကြွပ်ဆုံးအထိအတွေ့... ✨

ရိုးရိုးဝက်ခေါက်ကြော်တွေနဲ့ မတူဘဲ သန့်ရှင်းလတ်ဆတ်တဲ့ ဆီသန့်နဲ့ အချိုးအစားကျကျ ကြော်လှော်ထားလို့ 'ရွှေနှစ်' ရဲ့ အရသာက ညှော်နံ့ လုံးဝမရှိဘဲအနံ့အရသာနဲ့ ပြည့်စုံနေမှာပါ။

နေ့ရက်တိုင်းရဲ့ အဆာပြေ အချိန်လေးတွေကို အကောင်းမွန်ဆုံး အရသာနဲ့ ဖြတ်သန်းဖို့ 'ရွှေနှစ် ဆီသန့် ဝက်ခေါက်ကြော်' ကို ရွေးချယ်လိုက်ပါ။"
𝐑𝐞𝐭𝐚𝐢𝐥 / 𝐖𝐡𝐨𝐥𝐞𝐬𝐚𝐥𝐞 𝐎𝐫𝐝𝐞𝐫 များအတွက် 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှတဆင့်လည်း ဆက်သွယ်နိုင်ပါသည်။


#ဝက်ခေါက်ကြော်

ဒိန်ချဉ်ဟာ သာမန်အစားအစာတစ်ခု မဟုတ်ဘဲ လူကြီးမင်းတို့ ခန္ဓာကိုယ်ကို အတွင်းပိုင်းကနေ ပြောင်းလဲပေးနိုင်တဲ့ "Superfood (အစွမ်...
13/07/2026

ဒိန်ချဉ်ဟာ သာမန်အစားအစာတစ်ခု မဟုတ်ဘဲ လူကြီးမင်းတို့ ခန္ဓာကိုယ်ကို အတွင်းပိုင်းကနေ ပြောင်းလဲပေးနိုင်တဲ့ "Superfood (အစွမ်းထက်အာဟာရ)" တစ်ခုဆိုတာ သင်သိပါသလား? ဒိန်ချဉ် (Yogurt) ဟာ အရသာရှိရုံတင်မကဘဲ ကျန်းမာရေးအတွက် တကယ့်ကို အကျိုးထူးတဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်တဲ့ အစားအစာတစ်ခုပါ။
ဒိန်ချဉ်မှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် (Vitamin) နဲ့ သတ္တုဓာတ် (Mineral) တွေ အများကြီး ပါဝင်ပါတယ်။

ဗီတာမင် B12 (Cobalamin): သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်ဖို့နဲ့ အာရုံကြောစနစ် ကောင်းမွန်ဖို့အတွက် အလွန်အရေးကြီးပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။

ဗီတာမင် B2 (Riboflavin): ခန္ဓာကိုယ်က အစားအစာတွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးတဲ့နေရာမှာ ကူညီပေးပါတယ်။

ကယ်လ်စီယမ် (Calcium): လူအများသိထားသလိုပဲ အရိုးနဲ့ သွားတွေကို သန်မာစေဖို့အတွက် အဓိကဓာတ်ပါ။ ဒိန်ချဉ် တစ်ခွက်စာမှာတင် တစ်နေ့တာ လိုအပ်တဲ့ ကယ်လ်စီယမ် ပမာဏရဲ့ ၄၉% ဝန်းကျင်အထိ ပါဝင်ပြီးသားဖစ်ပါတယ်။

ဖော့စဖရပ်စ် (Phosphorus) နဲ့ မဂ္ဂနီစီယမ် (Magnesium): ကယ်လ်စီယမ်လိုပဲ အရိုးကျန်းမာရေး၊ သွေးဖိအားနဲ့ ဇီဝကမ္မဖြစ်စဉ် (Metabolism) ကို ထိန်းညှိပေးဖို့ ကူညီပါတယ်။

ဗီတာမင် D: ဒိန်ချဉ်တွေမှာ ဗီတာမင် D ထပ်ဖြည့်ပေးထားလေ့ရှိပြီး အရိုးတွေကို ကယ်လ်စီယမ်ဓာတ် ပိုမိုစုပ်ယူနိုင်အောင် ကူညီပေးပါတယ်။

ဒိန်ချဉ်သောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးများ
၁။ အစာအိမ်နဲ့ အူလမ်းကြောင်းကို အားကောင်းစေတယ် (Probiotics ရရှိခြင်း)
ဒိန်ချဉ်မှာ Probiotics လို့ခေါ်တဲ့ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အသက်ရှိ "ဘက်တီးရီးယားကောင်း" တွေ ပါဝင်ပါတယ်။ သူတို့က အူလမ်းကြောင်းထဲက ဘက်တီးရီးယားစနစ်ကို မျှတစေပြီး လေပွတာ၊ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာနဲ့ အစာမကြေတဲ့ ပြဿနာတွေကို သိသိသာသာ သက်သာစေပါတယ်။

၂။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်
ပုံမှန် ဒိန်ချဉ်သောက်ပေးခြင်းက ကိုယ်ခံအားကို တက်စေပြီး ဖျားနာမှု ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်။ Probiotics တွေက အူလမ်းကြောင်း ကရောဂါပိုးတွေကို တိုက်ထုတ်ပေးသလို၊ ဒိန်ချဉ်မှာပါတဲ့ ဇင့် (Zinc) နဲ့ ဆီလီနီယမ် (Selenium) ဓာတ်တွေကလည်း ခုခံအားကို ပိုကောင်းစေပါတယ်။

၃။ အရိုးပွရောဂါကို ကာကွယ်ပေးတယ်
အသက်ကြီးလာရင် ကြုံရတတ်တဲ့ အရိုးပွခြင်း၊ အရိုးပါးခြင်းတွေကို ဒိန်ချဉ်မှာပါတဲ့ ကယ်လ်စီယမ်၊ ပရိုတင်း၊ ပိုတက်စီယမ်နဲ့ ဖော့စဖရပ်စ်ဓာတ်တွေက ကာကွယ်ပေးပြီး အရိုးထုထည်ကို သန်မာစေပါတယ်။

၄။ ကိုယ်အလေးချိန် ထိန်းညှိရလွယ်ကူစေတယ်
ဒိန်ချဉ်မှာ ပရိုတင်း (Protein) ဓာတ် မြင့်မားစွာ ပါဝင်ပါတယ်။ ပရိုတင်းက ဗိုက်ပြည့်လွယ်စေပြီး ခဏခဏ ဆာလောင်မှုကို လျှော့ချပေးတဲ့အတွက်
ဝိတ်ချချင်သူတွေ သရေစာအဖြစ် စားသုံးဖို့ အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါ။

၅။ နှလုံးကျန်းမာရေးကို ထောက်ကူပေးတယ်
ဒိန်ချဉ်မှာပါတဲ့ အဆီဓာတ်က နှလုံးကို ထိခိုက်စေတယ်လို့ အချို့က ထင်တတ်ကြပေမယ့် သုတေသနတွေအရ ဒိန်ချဉ်ကို ပုံမှန်စားသုံးခြင်းက "ကိုလက်စထရောကောင်း (HDL)" ကို တိုးပွားစေပြီး သွေးတိုးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တာ တွေ့ရပါတယ်။ ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့ Lifestyle တစ်ခုကို ပိုင်ဆိုင်ဖို့ ဒီနေ့ပဲ ဒိန်ချဉ်တစ်ခွက်နဲ့ စတင်လိုက်ပါ။

Retail / Wholesale Order
များအတွက် Page Messenger မှတဆင့်လည်း ဆက်သွယ်နိုင်ပါသည်။





🎉မန္တလေးမြို့ရဲ့ နာမည်ကြီး ပြာလောင်ဒိန်ချဉ် 🥛 နဲ့ သမီးတော်ဒိန်ချဉ် 🥛 ကို အခုတော့ ရန်ကုန်မှာပါ အလွယ်တကူ ဝယ်ယူသောက်သုံးနို...
22/06/2026

🎉မန္တလေးမြို့ရဲ့ နာမည်ကြီး ပြာလောင်ဒိန်ချဉ် 🥛 နဲ့ သမီးတော်ဒိန်ချဉ် 🥛 ကို အခုတော့ ရန်ကုန်မှာပါ အလွယ်တကူ ဝယ်ယူသောက်သုံးနိုင်ပါပြီနော်! 🎉

အရင်က မန္တလေးရောက်မှသာ မြည်းစမ်းခွင့်ရခဲ့တဲ့ ဒိန်ချဉ်အရသာစစ်စစ်ကို အခုတော့ ရန်ကုန်မှာပဲ အလွယ်တကူ ရရှိနိုင်ပါပြီရှင်။ 💙

✨ ဘာကြောင့် လူကြိုက်များတာလဲ?

✅ နို့စစ်စစ်ဖြင့် ထုတ်လုပ်ထားသော ဒိန်ချဉ်အရသာ
✅ ချိုချဉ်မျှတပြီး သဘာဝအရသာပြည့်ဝသော အရသာ
✅ လူကြီး၊ လူငယ်၊ ကလေး မိသားစုအားလုံး ကြိုက်နှစ်သက်စေမည့် အရည်အသွေး

Pyar Laung Yogurt & သမီးတော် Yogurt
📍 ရန်ကုန်မြို့တွင်း အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါပြီ။

#သမီးတော်ဒိန်ချဉ် 🥛✨

Address

Pin Lon Road, North Dagon Township
Yangon

Alerts

Be the first to know and let us send you an email when A Mi Yar Distribution Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category