HYDRO EXPERTISE Trading Co.,Ltd

HYDRO EXPERTISE Trading Co.,Ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HYDRO EXPERTISE Trading Co.,Ltd, Water Treatment Service, (No)48, Yangon-Insein Road, Sanyeiknyein Quarter, Kamayut Tsp, Yangon.

ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာဖို့အတွက် သန့်ရှင်းတဲ့ သောက်သုံးရေက ပထမဆုံး အခြေခံလိုအပ်ချက...
01/06/2026

ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာဖို့အတွက် သန့်ရှင်းတဲ့ သောက်သုံးရေက ပထမဆုံး အခြေခံလိုအပ်ချက် ဖြစ်ပါတယ် 🌱

အခုတစ်ခေါက်မှာတော့ Hydro Expertise ကနေပြီး နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအပြည့်နဲ့ သောက်သုံးရေ အမှန်တကယ် လိုအပ်နေတဲ့ ဒီ Project အတွက် Potable Water Treatment Plant ကို အောင်မြင်စွာ တည်ဆောက်ပြီးစီးခဲ့ပါတယ်💯

ဒီ Project မှာဆိုရင် Multi Media Filtration System ဖြစ်တဲ့ အနယ်အနှစ်၊ အရောင်၊ အနံ့နဲ့ မသန့်ရှင်းမှုတွေကို စနစ်တကျ အဆင့်ဆင့် စစ်ထုတ်ပေးတဲ့ အဆင့်မြင့် ရေစစ်စနစ် ကိုတပ်ဆင်ပေးခဲ့တာပဲဖြစ်ပါတယ်။

လုပ်ငန်းခွင်သုံး၊ စက်ရုံသုံးနဲ့ အများပြည်သူသုံး ရေပေးဝေရေး စနစ်တွေ၊ ရေဆိုးသန့်စင်စနစ် (Wastewater Treatment) တွေအတွက် နည်းပညာပိုင်းဆိုင်ရာ စိတ်ချရတဲ့ Partner တစ်ခု လိုအပ်နေပြီဆိုရင်..HYDRO EXPERTISE ကို သတိရလိုက်ပါ ✅

HYDRO EXPERTISE Trading Co.,Ltd

🏡 (No)48, Yangon-Insein Road, Sanyeiknyein Quarter, Kamayut Tsp, Yangon, Myanmar.
📞09791895048
📞09786292216
📞09770532194





ဘာကြောင့် Calgon Carbon ကို ရွေးချယ်သင့်တာလဲ? 💧High AdsorptionIodine Value အလွန်မြင့်မားလို့ ရေထဲမှာပါတဲ့ အနံ့အသက်ဆိုး၊ ...
29/05/2026

ဘာကြောင့် Calgon Carbon ကို ရွေးချယ်သင့်တာလဲ?

💧High Adsorption
Iodine Value အလွန်မြင့်မားလို့ ရေထဲမှာပါတဲ့ အနံ့အသက်ဆိုး၊ အရောင်၊ ကလိုရင်းနဲ့ ဓာတုအဆိပ်အတောက်တွေကို သာမန် Carbon တွေထက် ပိုမိုမြန်ဆန်စွာ စုပ်ယူဖယ်ရှားပေးပါတယ်။

💧သက်တမ်းကြာရှည်ပြီး စရိတ်သက်သာခြင်း

Hardness မြင့်လို့ အလွယ်တကူ အမှုန့်ကြေမသွားပါဘူး။ လဲလှယ်ရမယ့်အကြိမ်ရေ နည်းသွားတဲ့အတွက် ပြုပြင်ထိန်းသိမ်းမှုစရိတ်ကို ထိရောက်စွာ လျှော့ချပေးပါတယ်။

💧တသမတ်တည်းရှိသော အရည်အသွေး
ထုတ်လုပ်မှု စံချိန်စံညွှန်း တိကျလွန်းလို့ အိတ်တိုင်း၊ Batch တိုင်းရဲ့ အရည်အသွေးက တသမတ်တည်းရှိပြီး မိတ်ဆွေပရောဂျက်ရဲ့ ရေထွက်နှုန်း Quality ကို အမြဲစိတ်ချရစေပါတယ်။

ကျွန်တော်တို့ Hydro Expertised ဟာ ရေသန့်စင်မှုပညာရပ်ပိုင်းဆိုင်ရာ Technician သူများဖြစ်တာကြောင့် လုပ်ငန်းခွင်နဲ့ ရေသန့်စနစ်တွေအတွက် အရည်အသွေးအစစ်မှန်ဆုံး Calgon Carbon များကို အိမ်တိုင်ရာရောက် ရောင်းချပေးနေပါတယ်။

ရေစစ်စနစ်တွေမှာ Calgon Carbon ပြောင်းလဲအသုံးပြုဖို့ လိုအပ်နေရင်ဖြစ်စေ၊ ရေအရည်အသွေး မြှင့်တင်ချင်ရင်ဖြစ်စေ အခုပဲ စိတ်ချလက်ချ ဆက်သွယ်တိုင်ပင်လိုက်ပါ။

HYDRO EXPERTISE Trading Co.,Ltd

🏡 (No)48, Yangon-Insein Road, Sanyeiknyein Quarter, Kamayut Tsp, Yangon, Myanmar.
📞09791895048
📞09786292216
📞09770532194





ရေသန့်စက်တွေမပေါ်ခင် ရေကို ဘယ်လိုသန့်စင်ကြသလဲ? 🤔အဆင့်မြင့် RO System တွေ မပေါ်ခင် အရင်တုန်းက ရေကြည်လင်ဖို့နဲ့ ရောဂါပိုးက...
27/05/2026

ရေသန့်စက်တွေမပေါ်ခင် ရေကို ဘယ်လိုသန့်စင်ကြသလဲ? 🤔

အဆင့်မြင့် RO System တွေ မပေါ်ခင် အရင်တုန်းက ရေကြည်လင်ဖို့နဲ့ ရောဂါပိုးကင်းဖို့ သုံးခဲ့တဲ့ နည်းလမ်း (၃) မျိုး ရှိပါတယ်။

🧪အနည်ထိုင်ခြင်းနှင့် စစ်ထုတ်ခြင်း
မြစ်ရေ၊ ကန်ရေတွေကို အိုးထဲမှာ ငြိမ်ငြိမ်ထားပြီး အနယ်ချပါတယ်။ ပိုကြည်ချင်ရင်တော့ အဝတ်စ၊ သဲ၊ ကျောက်ခဲတွေနဲ့ အဆင့်ဆင့် စစ်ထုတ်ကြပါတယ်။

🧪ပွက်ပွက်ဆူအောင် ကျိုချက်ခြင်း
မျက်စိနဲ့မမြင်ရတဲ့ ဘက်တီးရီးယားနဲ့ ရောဂါပိုးမွှားတွေကို သတ်ဖို့အတွက် ရေကို ဆူပွက်အောင် ကျိုချက်သောက်သုံးခဲ့ကြပါတယ်။

🧪သဘာဝပစ္စည်းများ အသုံးပြုခြင်း
ရေကြည်မြန်အောင် ကျောက်ချဉ်ကို သုံးပြီး အနည်ချသလို၊ ရေရဲ့ အနံ့အသက်ဆိုးတွေကို ဖယ်ရှားဖို့ မီးသွေးကို အသုံးပြုခဲ့ကြပါတယ်။

ဒါပေမဲ့... ဒီနည်းလမ်းတွေက ရေကို ကြည်ရုံပဲ တတ်နိုင်ပြီး ယနေ့ခေတ် ရေထဲမှာ ပါဝင်နေတဲ့ စက်ရုံထွက်ဓာတုပစ္စည်းတွေ၊ ပိုးသတ်ဆေးတွေနဲ့ သတ္တုဓာတ်လွန်ကဲမှုတွေကိုတော့ အပြည့်အဝ မဖယ်ရှားပေးနိုင်ပါဘူး။

အရင်က သဘာဝအတိုင်း အနယ်ချစစ်ထုတ်မှုတွေ၊ မီးသွေးသုံးစနစ်တွေဟာ ယနေ့ခေတ်မှာတော့ အဆင့်မြင့်နည်းပညာတွေ ဖြစ်လာပါပြီ။

ကျွန်တော်တို့ Hydro Expertised မှာလုပ်ငန်းသုံး ရေစစ်စနစ်တွေအတွက် အရည်အသွေးမြင့် Activated Carbon က ရေရဲ့ အနံ့အသက်၊ အရောင်နဲ့ ကလိုရင်းတွေကို အထိရောက်ဆုံး စုပ်ယူဖယ်ရှားပေးပြီး Membrane ကသေးငယ်တဲ့ ရောဂါပိုးမွှားနဲ့ အဆိပ်အတောက်တွေကိုပါ ရာခိုင်နှုန်းပြည့် စစ်ထုတ်ပေးပါတယ်။

ရေစစ်စနစ်တွေအတွက် Membrane နဲ့ Carbon လဲလှယ်ဖို့ လိုအပ်နေရင်ဖြစ်စေ၊ ရေအရည်အသွေး အဆင့်မြှင့်တင်ချင်ရင်ဖြစ်စေ အခုပဲ Page Messenger ကနေ တဆင့် စိတ်ချလက်ချ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

HYDRO EXPERTISE Trading Co.,Ltd

🏡 (No)48, Yangon-Insein Road, Sanyeiknyein Quarter, Kamayut Tsp, Yangon, Myanmar.
📞09791895048
📞09786292216
📞09770532194





ဒီနေ့မှာတော့ Hydro Expertise ကနေပြီး ရေသန့်စက်နဲ့ ပတ်သက်ပြီး လူမေးအများဆုံး မေးခွန်းတွေကို ဖြေကြားပေးသွားမှာဖြစ်လို့ ဖတ်...
22/05/2026

ဒီနေ့မှာတော့ Hydro Expertise ကနေပြီး ရေသန့်စက်နဲ့ ပတ်သက်ပြီး လူမေးအများဆုံး မေးခွန်းတွေကို ဖြေကြားပေးသွားမှာဖြစ်လို့ ဖတ်ကြည့်လိုက်ရအောင်နော်။ 👇

Q1: RO Membrane ရဲ့ 4 လက်မ (4040) နဲ့ 8 လက်မ (400) က ဘယ်လို လုပ်ငန်းတွေအတွက် သင့်တော်လဲ?
Ans: မိမိတို့ လုပ်ငန်းရဲ့ရေထွက်နှုန်း လိုအပ်ချက်ပေါ် မူတည်ပါတယ်။

▪️ 4" Membrane (BW30-4040) က အသေးစား/အလတ်စား ရေသန့်လုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများနှင့် ရေလိုအပ်ချက် အသင့်အတင့်ရှိသော စက်ရုံများအတွက် သင့်တော်ပြီး၊
▪️ 8" Membrane (BW30-400) ကတော့့ရေသန့်စက်ရုံကြီးများ၊ High-Capacity စနစ်များနှင့် ရေအမြောက်အမြား နေ့စဉ် သန့်စင်ပေးရမယ့် စက်မှုဇုန်လုပ်ငန်းကြီးများအတွက် သီးသန့် ထုတ်လုပ်ထားတာဖြစ်ပါတယ်။

Q2: HYDRO EXPERTISE မှာရနိုင်တဲ့ Calgon Carbon (GAC) က အခြား ကာဗွန်တွေနဲ့ ဘာကွာလဲ?
Ans: Calgon Carbon ဟာ ကမ္ဘာ့ထိပ်တန်း အရည်အသွေးမြင့် ကာဗွန်အမှတ်တံဆိပ်ဖြစ်ပြီး အမှုန်အမွှား ဖြစ်ပွားမှုနည်းခြင်း၊ ရေထဲမှာပါတဲ့ အရောင်၊ အနံ့ဆိုးနဲ့ ကလိုရင်း ဓာတ်တွေကို စုတ်ယူနိုင်စွမ်း အလွန်မြင့်မားခြင်းကြောင့် ရေသန့်စနစ်ရဲ့ သက်တမ်းကို ပိုမိုရှည်ကြာစေပြီး ရေရဲ့ အရသာကို အကောင်းမွန်ဆုံးဖြစ်စေပါတယ်။

Q3: ပစ္စည်းတွေရဲ့ အရည်အသွေးက စိတ်ချရလား?
Ans: လုံးဝ (လုံးဝ) စိုးရိမ်စရာ မလိုပါဘူးခင်ဗျာ။ HYDRO EXPERTISE Trading Co.,Ltd အနေနဲ့ ကမ္ဘာကျော် အမှတ်တံဆိပ်များဖြစ်တဲ့ Calgon Carbon နှင့် DOW FILMTEC™ မူရင်း စစ်စစ် Original ပြည်ပသွင်းကုန် များကိုသာ တိုက်ရိုက် တင်သွင်းရောင်းချပေးနေတာဖြစ်လို့ အရည်အသွေးပိုင်းကို ရာနှုန်းပြည့် အာမခံပါတယ်။

Q4: Membrane တွေကို ဘယ်နှနှစ်တစ်ကြိမ် လဲရမလဲ?
Ans: ပုံမှန်အားဖြင့် Membrane တစ်ခုကို (၃) နှစ်အထိ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ Raw Water ရဲ့ အရည်အသွေး၊ Pretreatment system စံချိန်စံညွှန်းမီ အသုံးပြုမှုနဲ့ ပုံမှန်ပြုပြင်ထိန်းသိမ်းမှုတွေအပေါ်မှာ မူတည်ပါတယ်။

CIP (Chemical-in-Place) ဓာတုဆေးရည်ဖြင့် ဆေးကြောသန့်စင်မှု ပြုလုပ်ပြီးသည့်တိုင်အောင် ရေထွက်နှုန်း ပြန်လည်ရရှိမှုနှုန်းက မူလထက် (၃၀) ရာခိုင်နှုန်းအောက် လျော့နည်းသွားပါက Membrane ကို မဖြစ်မနေ လဲလှယ်ရပါမယ်။

လုပ်ငန်းခွင်အလိုက် လိုအပ်တဲ့ Membrane အမျိုးအစားနဲ့ အခမဲ့ ကုန်ကျစရိတ် တွက်ချက်ခြင်း ဝန်ဆောင်မှုအတွက် အခုပဲ Chat box မှာ လာရောက်ဆွေးနွေးတိုင်ပင်လိုက်ပါဗျာ။ 📩

HYDRO EXPERTISE Trading Co.,Ltd

🏡 (No)48, Yangon-Insein Road, Sanyeiknyein Quarter, Kamayut Tsp, Yangon, Myanmar.
📞09791895048
📞09786292216
📞09770532194






Water Treatment Plant တစ်ခု ရေရှည်ခံဖို့ Operation & Maintenance က ဘာကြောင့် အရေးကြီးသလဲ?စက်ရုံ၊ အလုပ်ရုံ ဒါမှမဟုတ် လုပ်...
21/05/2026

Water Treatment Plant တစ်ခု ရေရှည်ခံဖို့ Operation & Maintenance က ဘာကြောင့် အရေးကြီးသလဲ?

စက်ရုံ၊ အလုပ်ရုံ ဒါမှမဟုတ် လုပ်ငန်းခွင်တွေမှာ ကုန်ကျစရိတ်အများဆုံး အသုံးပြုပြီး တည်ဆောက်ထားရတဲ့ Water Treatment Plant တွေဟာ အချိန်ကြာလာတာနဲ့အမျှ စွမ်းဆောင်ရည် ကျဆင်းလာတတ်ပါတယ်

စက်တပ်ဆင်ပြီးရုံနဲ့ မပြီးသေးပါဘူး။ စနစ်တကျ လည်ပတ်ခြင်း (Operation) နဲ့ ပြုပြင်ထိန်းသိမ်းခြင်း (Maintenance) မရှိရင် ရေရှည်မှာ ငွေကုန်ကြေးကျ ပိုများလာနိုင်ပါတယ်။"

ဒီနေ့မှာတော့ ရေသန့်စင်စနစ်ကို ကုန်ကျစရိတ်သက်သာပြီး သက်တမ်းအရှည်ဆုံးဖြစ်အောင် ထိန်းသိမ်းနိုင်မယ့် အဓိကသော့ချက် (၃) ချက်ကို မျှဝေပေးသွားပါမယ်။ 👇

💧နေ့စဉ်စောင့်ကြည့်စစ်ဆေးခြင်း
Filter နှင့် Membrane များ ပိတ်ဆို့မှု ရှိ/မရှိ စစ်ဆေးရန်။
သတ်မှတ်ချက်အတိုင်း ရေထွက်နှုန်း မှန်/မမှန် စောင့်ကြည့်ရန်
TDS, pH နှင့် Chlorine ပါဝင်မှုကို နေ့စဉ် တိုင်းတာရန်။

💧ကြိုတင်ကာကွယ် ထိန်းသိမ်းခြင်း
ပြဿနာမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းက ပြုပြင်စရိတ်ကို ၅၀% ကျော်အထိ လျှော့ချပေးနိုင်ပါတယ်။
Media Filter များကို ပုံမှန် Backwash လုပ်ပေးပြီး ပိတ်ဆို့မှု ကာကွယ်ပါ။
Membrane သက်တမ်းရှည်စေရန် Antiscalant ဆေးနှုန်းထားကို တိကျစွာ ချိန်ညှိပါ။
ရေထွက်နှုန်း ၁၀% ကျဆင်းသွားသည်နှင့် Chemical Cleaning (CIP) ပုံမှန်လုပ်ပေးပါ။

🤝 လုပ်ငန်းခွင်မှာ Water Treatment System တွေရဲ့ Operation & Maintenance ပိုင်းနဲ့ ပတ်သက်ပြီး အခက်အခဲရှိနေပြီဆိုရင်တော့ Hydro Expertise မှ ကျွမ်းကျင်ပညာရှင်များက -

System Maintenance ဝန်ဆောင်မှု ပေးခြင်း နှင့် လိုအပ်သော Spare Parts & Chemicals များကို သင့်တင့်သော ဈေးနှုန်းဖြင့် ပံ့ပိုးပေးခြင်း တို့ကို ဆောင်ရွက်ပေးနေပါတယ်။

HYDRO EXPERTISE Trading Co.,Ltd

🏡 (No)48, Yangon-Insein Road, Sanyeiknyein Quarter, Kamayut Tsp, Yangon, Myanmar.

📞09791895048
📞09786292216
📞09770532194







RO System တပ်ဆင်ဖို့ စဉ်းစားတဲ့အခါ ဘယ်ပစ္စည်းတွေ သုံးရမလဲ၊ ကုန်ကျစရိတ်ကရော ဘယ်လောက်ရှိမလဲ ဆိုပြီး ခေါင်းခဲနေရလား? 🤔စိတ်မ...
19/05/2026

RO System တပ်ဆင်ဖို့ စဉ်းစားတဲ့အခါ ဘယ်ပစ္စည်းတွေ သုံးရမလဲ၊ ကုန်ကျစရိတ်ကရော ဘယ်လောက်ရှိမလဲ ဆိုပြီး ခေါင်းခဲနေရလား? 🤔

စိတ်မပူပါနဲ့။ ရေသန့်နည်းပညာပိုင်းဆိုင်ရာ အကြံပေးချက်တွေနဲ့ အရည်အသွေးမြင့် စက်ပစ္စည်းတွေကို Hydro Expertise မှာ တစ်နေရာတည်း စုံစုံလင်လင် ရရှိနိုင်ပါပြီ။

🛒 Hydro Expertise မှာ အလတ်စားရေသန့် လုပ်ငန်းသုံးကနေ စက်မှုဇုန်သုံးအထိ ရေစစ်ထုတ်မှုနှုန်း အထူးကောင်းမွန်တဲ့ စံချိန်မှီ Membrane များ။

🛒 ရေထဲက အနံ့၊ အရောင်၊ ကလိုရင်းနဲ့ ဓာတုဓာတ်ကြွင်းတွေကို အထိရောက်ဆုံး စုပ်ယူဖယ်ရှားပေးမည့် အရည်အသွေးမြင့် ကာဗွန်များ။

🛒 ရေထွက်နှုန်း၊ ရေအရည်အသွေးကို သေချာတွက်ချက်ပေးမှာမို့လို့ ကုန်ကျစရိတ် လေလွင့်မှုမရှိဘဲ မိမိလုပ်ငန်းနဲ့ အကိုက်ညီဆုံး Design ကို ရရှိမှာ ဖြစ်ပါတယ်။

လုပ်ငန်းခွင်အလိုက် လိုအပ်တဲ့ စက်ပစ္စည်းအမျိုးအစားနဲ့ အခမဲ့ ကုန်ကျစရိတ် တွက်ချက်ခြင်း ဝန်ဆောင်မှုအတွက် အခုပဲ Chat box မှာ လာရောက်ဆွေးနွေးတိုင်ပင်လိုက်ပါဗျာ။ 📩

HYDRO EXPERTISE Trading Co.,Ltd

🏡 (No)48, Yangon-Insein Road, Sanyeiknyein Quarter, Kamayut Tsp, Yangon, Myanmar.

📞09791895048
📞09786292216
📞09770532194







အရည်အသွေးမြင့် ရေသန့်စင်ပစ္စည်းတွေ သုံးခြင်းရဲ့ ကောင်းကျိုး (၄) ချက်အရည်အသွေးမြင့် ရေသန့်စင်ပစ္စည်းတွေကို ရွေးချယ်တာဟာ ရ...
15/05/2026

အရည်အသွေးမြင့် ရေသန့်စင်ပစ္စည်းတွေ သုံးခြင်းရဲ့ ကောင်းကျိုး (၄) ချက်

အရည်အသွေးမြင့် ရေသန့်စင်ပစ္စည်းတွေကို ရွေးချယ်တာဟာ ရေရှည်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခု လုပ်လိုက်တာနဲ့ အတူတူပါပဲ။ အရည်အသွေးမြင့် ရေသန့်စင်ပစ္စည်းတွေကို ဘာကြောင့် ဦးစားပေးသင့်သလဲဆိုတဲ့ အချက်တွေကို ရှင်းပြပေးချင်ပါတယ်ခင်ဗျာ။ ✨

🛡️ ကျန်းမာရေးအတွက် အပြည့်အဝ အာမခံချက်ရှိခြင်း
အရည်အသွေးကောင်းတဲ့ Membrane နဲ့ Filter တွေဟာ ရေထဲမှာပါတဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယား၊ ပိုးမွှားနဲ့ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို ၉၉% ကျော်အထိ ဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ်။ မိသားစုဝင်တွေ ဒါမှမဟုတ် သင့်လုပ်ငန်းက ထွက်တဲ့ရေကို သောက်သုံးမယ့်သူတွေအတွက် ကျန်းမာရေးအရ လုံးဝစိတ်ချရသွားတာပေါ့။

🛡️ ရေရှည်မှာ ငွေကုန်ကြေးကျ ပိုသက်သာစေခြင်း
ဈေးသက်သာတဲ့ ပစ္စည်းတွေက ခဏခဏ ပျက်စီးတတ်သလို၊ Membrane လဲရတဲ့ အကြိမ်ရေလည်း ပိုများပါတယ်။ အရည်အသွေးမြင့်တဲ့ ပစ္စည်းတွေကတော့ တာရှည်ခံတဲ့အတွက် ခဏခဏ လဲလှယ်နေရတဲ့စရိတ်နဲ့ ပြုပြင်ထိန်းသိမ်းခတွေကို အများကြီး လျှော့ချပေးနိုင်ပါတယ်။ "တစ်ခါဝယ် အကြာကြီးသုံး" ဆိုတာမျိုးပေါ့။

🛡️ စွမ်းဆောင်ရည်နဲ့ ထုတ်လုပ်မှုနှုန်း မြင့်မားခြင်း
အဆင့်မြင့်နည်းပညာသုံး ပစ္စည်းတွေဟာ ရေထွက်နှုန်းကို ကောင်းမွန်စေရုံတင်မကဘဲ လျှပ်စစ်စွမ်းအင်ကိုပါ ချွေတာပေးနိုင်ပါတယ်။ အထူးသဖြင့် ရေသန့်လုပ်ငန်းရှင်တွေအတွက်ဆိုရင် ကုန်ထုတ်စွမ်းအားကို တိုးတက်စေပြီး အလေအလွင့် မရှိစေတာကြောင့် အမြတ်အစွန်းကို ပိုမိုရရှိစေပါတယ်။

🛡️ ရေရဲ့ အရသာနဲ့ အနံ့ကို သိသိသာသာ ထူးခြားစေခြင်း
အရည်အသွေးမြင့်တဲ့ Activated Carbon တွေက ရေထဲက ကလိုရင်းနံ့နဲ့ တခြားမနှစ်မြို့ဖွယ် အနံ့အသက်တွေကို ဖယ်ရှားပေးပါတယ်။ ဒါကြောင့် သောက်သုံးတဲ့အခါမှာ ပိုပြီး သန့်စင်တဲ့ အရသာကို ပေးစွမ်းနိုင်တာပါ။

ပစ္စည်းကောင်းကို ရွေးချယ်တာဟာ ပြဿနာတွေကို ကြိုတင်ဖြေရှင်းလိုက်တာပါပဲ။ Hydro Expertise Trading Co., Ltd. မှာအကောင်းဆုံးနဲ့ စိတ်ချရဆုံး ပစ္စည်းတွေကိုပဲ ရောင်းချပေးနေပါတယ်ရှင့်။ 🤝

HYDRO EXPERTISE Trading Co.,Ltd

🏡 (No)48, Yangon-Insein Road, Sanyeiknyein Quarter, Kamayut Tsp, Yangon, Myanmar.

📞09791895048
📞09786292216
📞09770532194







ရေထွက်နှုန်းမြှင့်ချင်တာလား? အရည်အသွေးကို စိတ်ချချင်သလား? DOW FILMTEC™ ရှိပါတယ်။ရေသန့်လုပ်ငန်းမှာ နာမည်ကျော်ကြားပြီးသားဖ...
13/05/2026

ရေထွက်နှုန်းမြှင့်ချင်တာလား?
အရည်အသွေးကို စိတ်ချချင်သလား? DOW FILMTEC™ ရှိပါတယ်။

ရေသန့်လုပ်ငန်းမှာ နာမည်ကျော်ကြားပြီးသားဖြစ်တဲ့ DOW FILMTEC™ RO Membrane များကို Hydro Expertise မှာ အသင့်ရရှိနိုင်ပါပြီ။ စက်မှုဇုန်သုံး၊ လုပ်ငန်းသုံး အမျိုးမျိုးအတွက် အောက်ပါ Model (၂) မျိုးကို ရွေးချယ်နိုင်ပါတယ်။

💧 DOW FILMTEC™ BW30-4040

အသေးစားနှင့် အလတ်စား စီးပွားဖြစ် ရေသန့်စက်များအတွက် Standard တစ်ခုဖြစ်ပါတယ်။

✅ Size: 4" x 40"
✅ တစ်ရက်လျှင် ရေဂါလံ (၂,၄၀၀) GPD ထွက်ရှိပါတယ်။
✅ ရေအရည်အသွေး တည်ငြိမ်မှုရှိပြီး စက်လည်ပတ်မှုစရိတ်ကို လျှော့ချပေးနိုင်ပါတယ်။

💧 DOW FILMTEC™ BW30-400

အကြီးစား ရေထုတ်လုပ်မှုစနစ်များအတွက် အထူးထုတ်လုပ်ထားတဲ့ High-Capacity Membrane ဖြစ်ပါတယ်။
✅ Size: 8" x 40"
✅ တစ်ရက်လျှင် ရေဂါလံ (၁၀,၅၀၀) GPD အထိ ထွက်ရှိပါတယ်။
✅ အချိန်တိုအတွင်း ရေပမာဏ အများအပြား လိုအပ်တဲ့ လုပ်ငန်းကြီးများအတွက် အထိရောက်ဆုံး စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါတယ်။

🛡️ Hydro Expertise မှာ ဝယ်ယူမယ်ဆိုရင်တော့ DOW FILMTEC™ ရဲ့ တိကျတဲ့ Specs များအတိုင်း စွမ်းဆောင်ရည်ကို အာမခံပါတယ်။
ရေသန့်စင်မှုဆိုင်ရာ နည်းပညာပိုင်းကို ကျွမ်းကျင်စွာ အကြံပြုပေးနိုင်ပါတယ်။

ရေထွက်နှုန်းမှန်ကန်ပြီး လုပ်ငန်းရဲ့ Capacity အလိုက် ဘယ် Membrane က အသင့်တော်ဆုံး ဖြစ်မလဲဆိုတာ Hydro Expertise မှာ အခုပဲ ဆွေးနွေးတိုင်ပင်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

HYDRO EXPERTISE Trading Co.,Ltd

🏡 (No)48, Yangon-Insein Road, Sanyeiknyein Quarter, Kamayut Tsp, Yangon, Myanmar.

📞09791895048
📞09786292216
📞09770532194







Activated Carbon က ရေထဲက အနံ့အသက်နဲ့ အရသာ မကောင်းတာတွေကို ဖယ်ရှားပေးတဲ့နေရာမှာ Adsorption ဆိုတဲ့ နည်းလမ်းနဲ့ အလုပ်လုပ်တာ...
11/05/2026

Activated Carbon က ရေထဲက အနံ့အသက်နဲ့ အရသာ မကောင်းတာတွေကို ဖယ်ရှားပေးတဲ့နေရာမှာ Adsorption ဆိုတဲ့ နည်းလမ်းနဲ့ အလုပ်လုပ်တာ ဖြစ်ပါတယ်။

ဒါဟာ သမားရိုးကျ အညစ်အကြေးတွေကို စစ်ထုတ်တာနဲ့ မတူဘဲ ဓာတုဗေဒဖြစ်စဉ်တစ်ခုလို အလုပ်လုပ်တာပါ။ အဆင့်ဆင့်ကို အလွယ်ပြောရရင် -

🧽 အလွန်များပြားလှတဲ့ အပေါက်ငယ်လေးများ
Activated Carbon ဖြစ်လာဖို့အတွက် မီးသွေးကို အပူချိန်အမြင့်ကြီးမှာ ဓာတ်ငွေ့တွေနဲ့ Activate လုပ်လိုက်တဲ့အခါ သူ့ရဲ့ မျက်နှာပြင်မှာ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ အလွန်သေးငယ်တဲ့ အပေါက်လေးတွေ သန်းပေါင်းများစွာ ဖြစ်ပေါ်လာပါတယ်။

🧲 Adsorption (စုပ်ကပ်ခြင်း) ဖြစ်စဉ်
ဒါက အဓိက အလုပ်လုပ်တဲ့ အဆင့်ပါ။ ရေက ကာဗွန်တုံး (သို့) ကာဗွန်မှုန့်တွေကြားထဲက ဖြတ်စီးသွားတဲ့အခါ ရေထဲမှာပါတဲ့ အနံ့အသက်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေ၊ အော်ဂဲနစ်ဒြပ်ပေါင်းတွေနဲ့ Chlorine ဓာတ်တွေဟာ ကာဗွန်ရဲ့ အပေါက်လေးတွေထဲမှာ သံလိုက်လိုမျိုး ကပ်ငြိ ကျန်ရစ်ခဲ့တာပါ။နောက်ရေထဲမှာပါလာတတ်တဲ့ residule chlorine က RO membrane ကိုပျက်ဆီးစေပါတယ်၊ အဲ့ဒါကြောင့် Activated Carbon Filter ကို RO membrane ရဲ့ရှေ့မှာ residule chlorine ဖယ်ဖို့အတွက် guard filter အနေနဲ့လည်းသုံးကျပါတယ်။

🧪 ဘာတွေကို ဖယ်ရှားပေးသလဲ။
Activated Carbon ဟာ အောက်ပါအချက်တွေကို ဖယ်ရှားရာမှာ အရမ်းထိရောက်ပါတယ် -

🧼 ရေထဲက ဆေးနံ့ကို ပျောက်စေပါတယ်။
🧼 ရေကို အနံ့ဆိုးစေတဲ့ အငွေ့ပျံလွယ်တဲ့ ဒြပ်ပေါင်းများ။
🧼 ရေထဲမှာပါတဲ့ ပုံမှန်မဟုတ်တဲ့ အရောင်နဲ့ အရသာတွေကို စုပ်ယူပေးပါတယ်။

Activated Carbon က အနံ့နဲ့ အရသာအတွက် အကောင်းဆုံးဖြစ်ပေမယ့် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ရေထဲက ခဲ၊ အာဆင်းနစ် လိုမျိုး သတ္တုဓာတ်အချို့ကိုတော့ သူ့ချည်းပဲ သက်သက်နဲ့ အကုန်လုံး မဖယ်ရှားနိုင်ပါဘူး။ ဒါကြောင့် Filter အများစုမှာ Activated Carbon ကို အခြား စစ်ထုတ်စနစ် (ဥပမာ - RO system) တွေနဲ့ တွဲသုံးလေ့ရှိကြပါတယ်။

Activated Carbon ဆိုတာ ရေထဲက မလိုလားအပ်တဲ့ အနံ့အသက်တွေကို သူ့ရဲ့ ကျယ်ပြောလှတဲ့ မျက်နှာပြင်ပေါ်မှာ ဖမ်းကပ်ထားလိုက်တဲ့ နည်းပညာဖြစ်ပါတယ်ဗျာ။ RO System အတွက် လိုအပ်လာရင်တော့ HYDRO EXPERTISE ကိုဆက်သွယ်နိုင်ပါတယ်။

HYDRO EXPERTISE Trading Co.,Ltd

🏡 (No)48, Yangon-Insein Road, Sanyeiknyein Quarter, Kamayut Tsp, Yangon, Myanmar.

📞09791895048
📞09786292216
📞09770532194







မိသားစုအတွက် သောက်သုံးရေသန့်ရှင်းမှု ကဘယ်လောက်ထိအရေးကြီးလဲ?မသန့်ရှင်းတဲ့ရေမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ဘက်တီးရီးယား၊ ဗိုင်...
08/05/2026

မိသားစုအတွက် သောက်သုံးရေသန့်ရှင်းမှု ကဘယ်လောက်ထိအရေးကြီးလဲ?

မသန့်ရှင်းတဲ့ရေမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ပိုးမွှားတွေ ပါဝင်နေတတ်ပါတယ်။ ဒါတွေဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ အသည်းရောင်အသားဝါ (A) နဲ့ အူရောင်ငန်းဖျားတို့လို ပြင်းထန်တဲ့ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ သန့်ရှင်းတဲ့ရေကို သောက်သုံးခြင်းဟာ ဒီရောဂါတွေဖြစ်ပွားနိုင်ခြေကို 80% ကျော် လျှော့ချပေးနိုင်ပါတယ်။🦠

မိသားစုမှာ ကလေးငယ်တွေရှိရင် ရေသန့်ရှင်းမှုက ပိုလို့တောင် အရေးကြီးပါတယ်။ မသန့်ရှင်းတဲ့ရေကြောင့် ခဏခဏ ဝမ်းပျက်ဝမ်းလျှောဖြစ်မယ်ဆိုရင် ကလေးရဲ့ ကိုယ်ခံအားစနစ် ကျဆင်းလာပြီး အာဟာရဓာတ်စုပ်ယူမှု အားနည်းသွားတဲ့အတွက် ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ကိုယ်ခန္ဓာကြီးထွားမှုကို ထိခိုက်စေနိုင်ပါတယ်🧬

ခန္ဓာကိုယ်ရဲ့ 60 - 70% က ရေနဲ့ ဖွဲ့စည်းထားတာပါ။ သန့်ရှင်းတဲ့ရေဟာ -
🧪 အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။
🧪 ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။
🧪 အသားအရေကို စိုပြေစေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းစေပါတယ်။

မသန့်ရှင်းတဲ့ရေကြောင့် ဖျားနာမှုတွေဖြစ်လာတဲ့အခါ ဆေးကုသစရိတ် ကုန်ကျရုံသာမက မိသားစုဝင်တွေရဲ့ အလုပ်အကိုင်နဲ့ ပညာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ သန့်ရှင်းတဲ့ သောက်သုံးရေကို အသုံးပြုခြင်းဟာ ရေရှည်မှာ မိသားစုရဲ့ ကျန်းမာရေးနဲ့ စီးပွားရေးကို ကာကွယ်ပေးတာနဲ့ အတူတူပါပဲ။

HYDRO EXPERTISE မှာ ရေသန့်စင်မှုအတွက် Carbon နဲ့ Membrane များကိုစိတ်ကြိုက်‌ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

HYDRO EXPERTISE Trading Co.,Ltd

🏡 (No)48, Yangon-Insein Road, Sanyeiknyein Quarter, Kamayut Tsp, Yangon, Myanmar.

📞09791895048
📞09786292216
📞09770532194







Address

(No)48, Yangon-Insein Road, Sanyeiknyein Quarter, Kamayut Tsp
Yangon

Website

Alerts

Be the first to know and let us send you an email when HYDRO EXPERTISE Trading Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share