WVC Wastewater Treatment Solution

WVC Wastewater Treatment Solution WVC has been providing the dynamic solutions for wastewater treatment system.

IME Construction မှ တည်ဆောက်နေသော Mandalay ,နေအိမ်ကြီးအတွက် site survey team သွားကြည့်စဉ်
28/05/2024

IME Construction မှ တည်ဆောက်နေသော Mandalay ,နေအိမ်ကြီးအတွက် site survey team သွားကြည့်စဉ်

ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးကို ကောင်းကောင်း ဒုက္ခပေးနေတဲ့ Wastewater စွန့်ပစ်ရေဆိုးစက်ရုံအလုပ်ရုံတွေ ပေါများလာခ...
12/10/2023

ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးကို ကောင်းကောင်း ဒုက္ခပေးနေတဲ့ Wastewater စွန့်ပစ်ရေဆိုး

စက်ရုံအလုပ်ရုံတွေ ပေါများလာခြင်းကနေ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ကုန်စည်စီးဆင်းမှုတွေ အားကောင်းလာသလို…

အခြားတစ်ဖက်မှာလည်း စွန့်ပစ်ပစ္စည်းနဲ့ရေဆိုးရေညစ်တွေထွက်ရှိမှုက အရှိန်အဟုန်နဲ့ မြင့်တက်နေတယ်ဆိုတာကို သတိပြုသင့်ပါတယ်။

စက်ရုံအမျိုးအစားပေါ်မူတည်ပြီး ထွက်ရှိလာတဲ့ စွန့်ပစ်ပစ္စည်း(Waste Materials)တွေက ကွဲပြားနိုင်ပေမဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တာခြင်းကတော့ အတူတူပဲဖြစ်ပါတယ်။

ကုန်ကြမ်းပစ္စည်းတွေကို စက်ရုံထဲ ထည့်လိုက်ရုံနဲ့ကုန်ချောပစ္စည်းတွေချည်းပဲ သီးသန့် ထွက်လာတာမျိုးမဟုတ်တော့ By Products လို့ခေါ်တဲ့ စွန့်ပစ်ပစ္စည်း (Waste Materials ) တွေကိုလည်း မဖြစ်မနေ လက်သင့်ခံနေကြရပါတယ်။

စက်မှုလုပ်ငန်း ထွန်းကားလာပြီးတဲ့နောက်မှာ လူတွေဟာ သဘာဝသယံဇာတတွေကို အမြောက်အမြား ထုတ်ယူသုံးစွဲကာ ကုန်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချလာကြပြီး ထုတ်ယူသုံးစွဲခံရမှု အများဆုံးကတော့ ရေပဲဖြစ်ပါတယ်။

အချိုရည်စက်ရုံ၊ဘီယာနဲ့အရက်ချက်စက်ရုံတွေဟာ ရေသုံးစွဲမှု အများဆုံးလို့ဆိုနိုင်ပြီး Wastewater ထွက်ရှိမှုလည်း အများဆုံးပါပဲ။

စက်ရုံတွေကနေ ထွက်လာတဲ့ ရေဆိုးရေညစ်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေကို သန့်စင်မှုမပြုလုပ်ဘဲ အလွယ်တကူ တိုက်ရိုက်စွန့်ပစ်လိုက်တဲ့အခါမှာ ရေထုညစ်ညမ်းခြင်းတွေဖြစ်လာပြီး ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာမြေကြီးကို နေ့စဉ်နဲ့အမျှ နာမကျန်းဖြစ်လာစေပါတယ်။

စက်ရုံတွေမှာ Wastewater Treatment Plant (WWTP)တွေ ထည့်သွင်းတည်ဆောက်ပြီး ရေဆိုးရေညစ်တွေကို သန့်စင်ပြီးမှ စွန့်ပစ်နိုင်တယ်ဆိုပေမဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိအမြင်တွေ အားနည်းနေသေးတာရော၊သိနေရင်တောင် ငွေကုန်ကြေးကျသွားပြီး ဘာအကျိုးအမြတ်မှ ပြန်မရတာရောကြောင့် ကျွန်တော်တို့ မြန်မာနိင်ငံမှာ Wastewater Treatment Plant ထည့်သွင်းတည်ဆောက်ထားတဲ့ စက်ရုံအရေအတွက်ဟာ အတော်လေး နည်းနေပါသေးတယ်။

ဒါကြောင့် တတ်နိုင်သမျှနည်းလမ်းတွေနဲ့ ရေဆိုးရေညစ်တွေရဲ့ အန္တရာယ်ကို မြင်လာအောင်၊သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရကောင်းမှန်း သိလာအောင် အင်တိုက်အားတိုက် အသိပညာပေးခြင်းတွေကို ဆောင်ရွက်ဖို့လိုနေပါပြီ။

ဒါမှလည်း စွန့်ပစ်ရေဆိုးတွေကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းပျက်စီးခြင်း၊ရေရှည်မှာရေသယံဇာတ ရှားပါးလာနိုင်ခြင်း၊ဖြစ်လာနိုင်တဲ့ကျန်းမာရေးအန္တရာယ်​တွေကိုပါ သိမြင်လာမှာ ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်လာကြမှာပဲဖြစ်ပါတယ်ခင်ဗျာ။




ဆေးရုံ , ဟိုတယ် , စား​သောက်ဆိုင် , စက်ရုံ , လုံးချင်းအိမ်များအတွက် Waste Water Treatment System ကို အထူးဝန်​ဆောင်မှု့​ပေ...
15/09/2023

ဆေးရုံ , ဟိုတယ် , စား​သောက်ဆိုင် , စက်ရုံ , လုံးချင်းအိမ်များအတွက်
Waste Water Treatment System ကို အထူးဝန်​ဆောင်မှု့​ပေး​နေ​သော
WATER VISION Care Co., Ltd ( Waste Water Treatment Engineering & Solution Team အသင့်ရှိပါ​ကြောင်း...

မင်္ဂလာပါခင်ဗျာ

ကျွန်တော်များ Water Vision Care Co.,Ltd. သည် ရန်ကုန်မြို့တွင်းသာမက မန္တလေး ၊ နေပြည်တော် ၊ ပုဂံ ၊ ညောင်ဦး ၊ အောင်ပန်း ၊ အေးသာယာ ၊ တောင်ကြီး မြို့များတွင် Service Team များထားရှိပြီး ၎င်းမြို့များတွင်လည်း customer များအဆင်ပြေချောမွေ့စေရန် အချိန်နှင့်တစ်ပြေးညီ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
လူကြီးမင်းတို့၏ စက်ရုံ၊အလုပ်ရုံ၊လုပ်ငန်းများအတွက် လိုအပ်သော သုံးရေ၊သောက်ရေ သန့်စင်စနစ်များကို ဈေးနှုန်း၊အရည်အသွေး အာမခံဖြင့် လူကြီးမင်းတို့စိတ်တိုင်းကျ တာဝန်ယူဆောင်ရွက်ပေးနေပါပြီ။
ရှမ်းပြည်နယ် အ​ရှေ့ပိုင်း ကျိုင်းတုံမြိုနယ် Medical Hospital အတွက် လိုအပ်သော Waste Water Treatment System နှင့် RO ​သောက်​ရေသန့်စက်တို့ကို Customer စိတ်တိုင်းကျ တာဝန်ယူတပ်ဆင်ပေးထားပါသည်။
🤝ယုံကြည်စွာဖြင့် လုပ်ငန်းအပ်နှံပြီး လက်တွဲလုပ်ဆောင်ခွင့်ပေးပါသော
Dr Aung Ko Ko နှင့်တကွ ရုံးအဖွဲ့ဝင်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊အောင်မြင်မှုများ ယခုထက်ပို၍ဆထက်တိုးရရှိနိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျာ။
တာဝန်ယူ ​ရောင်းချ​ပေး​သော Ko Aung Ko Win နှင့် WVc မှ လုပ်​ဖော်ကိုင်ဖက်များကိုလည်း ​​လေးစားစွာ ဂုဏ်ပြုပါတယ် 🏆🏆🏆

👨‍⚕️👩‍⚕️Medical Hospital 👨‍⚕️👩‍⚕️
👷Best Solution with Best Service By WVc👷

🤝 THANK YOU FOR DOING BUSINESS WITH US!🤝
🤗 Our customers are our extended family.
🤗 Without them,our career would not have been possible.

Customer Hotline 📞 09 954044881
📞 09 953044881
Information Hotline 📞 09 443800012
Sale&Service Hotlines 📞 09 954488927

No.141,Third floor,45 street (up),Bo Ta Htaung Township,Yangon,Myanmar.
[email protected]



treatment system

Address

No. 141, 3rd Floor, 45th Street (Upper Block) , Botahtaung Township
Yangon
11161

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when WVC Wastewater Treatment Solution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share