Yum Yum ULTRA

Yum Yum ULTRA Taste The Power

လူတိုင်းမှာ ကိုယ့် Privacy နဲ့ကိုယ်ရှိသလို ကိုယ့် Spicy နဲ့ကိုယ်လည်း ရှိတယ်…😊🌶️ကိုယ့်အတွက် အစပ်ဆုံးနဲ့ အမိုက်ဆုံး Spicy ...
17/08/2026

လူတိုင်းမှာ ကိုယ့် Privacy နဲ့ကိုယ်ရှိသလို ကိုယ့် Spicy နဲ့ကိုယ်လည်း ရှိတယ်…😊🌶️

ကိုယ့်အတွက် အစပ်ဆုံးနဲ့ အမိုက်ဆုံး Spicy ကတော့ Yum Yum Ultra Volcano Chicken ပဲလေ…🌋🔥




ကျောင်းနဲ့ကျူရှင်ကြား အားဖြည့်ဖို့ လိုနေပြီလား❓မွှေးပျံ့တဲ့ BBQ အရသာနဲ့ Yum Yum Ultra BBQ Chicken ခေါက်ဆွဲသားအိအိလေးက ကျ...
13/08/2026

ကျောင်းနဲ့ကျူရှင်ကြား အားဖြည့်ဖို့ လိုနေပြီလား❓

မွှေးပျံ့တဲ့ BBQ အရသာနဲ့ Yum Yum Ultra BBQ Chicken ခေါက်ဆွဲသားအိအိလေးက ကျောင်းနဲ့ကျူရှင်ကြား ခရီးလမ်းကို ပေါ့ပါးသွက်လက်စွာ ဖြတ်သန်းဖို့ လိုအပ်တဲ့ အားအင်တွေကို ပြည့်ဝစေမှာပါ ⚡️




“ရေဘေးဒဏ်ကြားမှ မိသားစုများအတွက် နွေးထွေးသော လက်တစ်စုံ” လေးမျက်နှာမြို့နယ်တွင် ဖြစ်ပွားနေသည့် ရေဘေးကြောင့် အခက်အခဲများနှ...
11/08/2026

“ရေဘေးဒဏ်ကြားမှ မိသားစုများအတွက် နွေးထွေးသော လက်တစ်စုံ”

လေးမျက်နှာမြို့နယ်တွင် ဖြစ်ပွားနေသည့် ရေဘေးကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသော ဒေသခံမိသားစုများထံ ရသာချိုစက်မှုလုပ်ငန်း မိသားစုက ကိုယ်တိုင်သွားရောက်၍ အားပေးကူညီ လှူဒါန်းခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့တွင် လေးမျက်နှာမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်းများသို့ ရသာချို၀န်ထမ်းမိသားစုများ၏ ကယ်ဆယ်ရေးထောက်ပံ့ငွေများ၊ Yum Yum အမှတ်တံဆိပ်အသင့်စားခေါက်ဆွဲများအပြင် လိုအပ်သည်များကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

ကျွန်ုပ်တို့သည် သဘာဝဘေးအန္တရာယ်ကြောင့် ခက်ခဲနေချိန်တွင် အချိန်မီရောက်ရှိလာသည့် အကူအညီတစ်ခုသည် နေ့စဉ်စားဝတ်နေရေးအတွက်သာမက မိသားစုများ၏ စိတ်အားနှင့် မျှော်လင့်ချက်တို့ကိုပါ ပြန်လည်အားဖြည့်ပေးနိုင်မည်ဟု ယုံကြည်ပါသည်။

အခက်အခဲကြုံတွေ့နေရသော မိသားစုတိုင်း ဘေးအန္တရာယ်မှ အမြန်ဆုံးလွတ်မြောက်ပြီး မူလ လူနေမှုဘဝများကို အေးချမ်းစွာ ပြန်လည်တည်ဆောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

“အခက်အခဲတွေကို အတူကျော်ဖြတ်မယ်။”
“မျှော်လင့်ချက်တွေကို အတူပြန်လည်တည်ဆောက်ကြမယ်။”



#လေးမျက်နှာမြို့နယ်
#ရေဘေးကူညီထောက်ပံ့မှု
#အတူတကွရပ်တည်မယ်

အဏုဇီဝပိုးမွှားများ ရှင်သန်ပေါက်ပွါးရန်အတွက် ရေလိုအပ်သည်။ ♦️အဏုဇီဝပိုးမွှားများ ပေါက်ပွါးမှုကို ရပ်တန့်နိုင်ရန် စားသောက်...
31/07/2026

အဏုဇီဝပိုးမွှားများ ရှင်သန်ပေါက်ပွါးရန်အတွက် ရေလိုအပ်သည်။

♦️အဏုဇီဝပိုးမွှားများ ပေါက်ပွါးမှုကို ရပ်တန့်နိုင်ရန် စားသောက်ကုန်များအနေဖြင့်-

▪️အစိုဓာတ်ပါဝင်မှုကို ကန့်သတ်နိုင်ရန် အစားအစာများကို အခြောက်ခံသင့်သည်။
▪️ဆားနယ်ခြင်း - ဆားသည် ရေနှင့်ပေါင်းစပ်ပြီး အဏုဇီဝပိုးမွှားများ စားသုံးမည့်ရေကို ကန့်သတ်ပေးသည်။
▪️သကြားပေါင်းထည့်ခြင်းဖြင့်လည်း ရေပါဝင်မှုကို လျှော့ချနိုင်သည်။

Yum Yum Ultra ထုတ်ကုန်များဟာ နိုင်ငံတကာစံနှုန်းများနဲ့အညီ ပါဝင်ပစ္စည်းကုန်ကြမ်းများကို တင်သွင်းတဲ့အဆင့်မှစပြီး ထုတ်လုပ်ခြင်းအဆင့်၊ သိုလှောင်ခြင်းအဆင့်၊ စားသုံးသူများထံရောက်ရှိတဲ့အထိ သယ်ယူပို့ဆောင်ပေးတဲ့အဆင့်တိုင်းအား အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ရည်ရွယ်ပြီး ဦးစားပေးလုပ်ဆောင်လျက်ရှိပါတယ်။ 🙏


❝ ဝါဆိုလပြည့်နေ့ ၊ ဓမ္မစကြာ အခါတော်နေ့ ❞သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ ဆိုသည့်အတိုင်း ထူးကဲမွန်မြတ်လှသော ဝါဆိုလ...
29/07/2026

❝ ဝါဆိုလပြည့်နေ့ ၊ ဓမ္မစကြာ အခါတော်နေ့ ❞

သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ ဆိုသည့်အတိုင်း ထူးကဲမွန်မြတ်လှသော ဝါဆိုလပြည့်နေ့အခါသမယတွင် ဓမ္မစကြာတရားတော်များကို နာယူပူဇော်ရင်း ထူးမြတ်လှသော ကုသိုလ်ထူးများကို ပိုင်ဆိုင်နိုင်ကြပါစေ။ 🪷

ဓမ္မအေးရိပ်အောက်တွင် ကိုယ်စိတ်နှစ်ဖြာပြည့်စုံအေးချမ်းကြပါစေကြောင်း Yum Yum Ultra မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🌟

#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့

25/07/2026

🌧️ မိုးသည်းသည်းနဲ့ ရာသီဥတုက အေးနေချိန်လေး ဗိုက်ထဲထိ နွေးသွားစေမယ့် Yum Yum Ultra Volcano Chicken လေး ရှိနေပြီလေ 🍝🔥

နူးညံ့အိစက်တဲ့ ခေါက်ဆွဲသားအလုံးကြီးကြီးနဲ့ သူ့ရဲ့Spicy အရသာက မိုးရာသီရဲ့အေးမြမှုနဲ့ အလိုက်ဖက်ဆုံးပဲပေါ့…😋

ဒီနေ့တော့ မိုးသံလေးနားထောင်ရင်း Ultra Volcano Chicken နဲ့အတူ အဖော်ပြုလိုက်ရအောင်နော် 🥢🌶️




Ultra မာလရှမ်းကော အလိုအပ်ဆုံးအချိန်... ကိုယ်စီမှာ ရှိကြတယ်မလား? ⚡️🔥မာလရှမ်းကောရဲ့ထူးခြားတဲ့ အရသာကို အချိန်တိုင်း စားချင်...
20/07/2026

Ultra မာလရှမ်းကော အလိုအပ်ဆုံးအချိန်... ကိုယ်စီမှာ ရှိကြတယ်မလား? ⚡️🔥

မာလရှမ်းကောရဲ့ထူးခြားတဲ့ အရသာကို အချိန်တိုင်း စားချင်ပေမယ့် တကယ်အလိုအပ်ဆုံးအချိန်က ဘယ်အချိန်ဖြစ်မလဲ…🤔

🎬 တစ်ယောက်တည်း ရုပ်ရှင်ကြည့်ချိန်လား..
🎮 ဘော်ဒါတွေနဲ့ ဂိမ်းဆော့ချိန်လား..
😋 ဒီအတိုင်း ဘာမှ မလုပ်ဘဲ မာလရှမ်းကောကိုပဲ စားချင်စိတ်ပေါ်တဲ့အချိန်လား…❔

ဘယ်အချိန်မှာပဲ စားစား... Yum Yum Ultra မာလရှမ်းကောကတော့ အမြဲစားလို့ကောင်းနေတာ အသေအချာပဲပေါ့ 👌




စိုပြည်အေးချမ်းတဲ့ အနာဂတ်ကမ္ဘာကြီးမှာ သားစဥ်မြေးဆက် ရှင်သန်နေထိုင်နိုင်ဖို့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရမည...
18/07/2026

စိုပြည်အေးချမ်းတဲ့ အနာဂတ်ကမ္ဘာကြီးမှာ သားစဥ်မြေးဆက် ရှင်သန်နေထိုင်နိုင်ဖို့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရမည် ဆိုသော ခံယူချက်နဲ့ Cho Cho Group of Companies အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို July 15 ရက်နေ့မှာ ရွာသာကြီးသစ်တောကြိုးဝိုင်းမှာ ကျင်းပြုလုပ်ခဲ့ပါတယ် 🌲

Cho Cho မိသားစုဝင်တွေနဲ့အတူ တာဝန်ရှိသူများအားလုံးမှ အတူတူတက်ကြွစွာနဲ့ ပျိုးပင်ပေါင်း ၂၀၀ကျော်ကို စိုက်ပျိုးခဲ့ကြပြီး မျိုးစေ့ပေါင်း ၁ထောင်ကိုလည်း လှူဒါန်းပေးအပ်ခဲ့တဲ့ အခမ်းအနားမှ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်

အားလုံးအတူတူ စိုပြည်အေးချမ်းလှပတဲ့အနာဂတ်ကို ပိုင်ဆိုင်ကြပါစေလို့ ရည်ရွယ်ရင်း 🍃🌳




စာမေးပွဲနီးလို့ပဲဖြစ်ဖြစ်၊ Assignment တွေနဲ့ အလုပ်ရှုပ်နေတဲ့အချိန်ပဲဖြစ်ဖြစ်...ဒီလိုအချိန်တွေမှာ အားအင်ဖြည့်ဖို့ Yum Yum...
14/07/2026

စာမေးပွဲနီးလို့ပဲဖြစ်ဖြစ်၊ Assignment တွေနဲ့ အလုပ်ရှုပ်နေတဲ့အချိန်ပဲဖြစ်ဖြစ်...
ဒီလိုအချိန်တွေမှာ အားအင်ဖြည့်ဖို့ Yum Yum Ultra BBQ Chicken ထက် ပိုကောင်းတဲ့ရွေးချယ်မှု ရှိပါဦးမလား? 📚🍜

စာအုပ်တွေကြားမှာ မွှေးပျံ့တဲ့ BBQ အနံ့လေး တသင်းသင်းနဲ့ စားလိုက်ရတဲ့အခါ... နူးညံ့အိစက်တဲ့ ခေါက်ဆွဲသားအလုံးကြီးကြီးက စိတ်ဖိစီးမှုတွေကို တခဏတာ မေ့ပျောက်စေမှာပါ…




ရုံးမှာ အလုပ်များချိန် ခေါင်းထဲ လျှပ်စီးတွေ လက်သလို ဖြစ်နေပြီလား? ⚡️အလုပ်တွေ များလွန်းလို့ အမောဖြေချင်တဲ့အချိန်၊ စိတ်ဖိစ...
10/07/2026

ရုံးမှာ အလုပ်များချိန် ခေါင်းထဲ လျှပ်စီးတွေ လက်သလို ဖြစ်နေပြီလား? ⚡️

အလုပ်တွေ များလွန်းလို့ အမောဖြေချင်တဲ့အချိန်၊ စိတ်ဖိစီးမှုတွေ ပြေလျော့ဖို့ဆို Yum Yum Ultra Chilli Chicken က အကောင်းဆုံးပဲနော်…🍝👌




Address

MICT Park Building 3
Yangon
11051

Alerts

Be the first to know and let us send you an email when Yum Yum ULTRA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category