Myeik Premium Seafood

Myeik Premium Seafood Quality You Can Trust

ရေဘဝဲလက်တိုလေးတွေ လတ်လတ်ဆတ်ဆတ် ရောက်တော့မှာနော်! 🐙🐙🐙​မင်္ဂလာပါရှင်။ ပင်လယ်စာချစ်သူတို့အတွက် အရသာရှိပြီး လတ်ဆတ်တဲ့ ရေဘဝဲလ...
14/08/2026

ရေဘဝဲလက်တိုလေးတွေ လတ်လတ်ဆတ်ဆတ် ရောက်တော့မှာနော်! 🐙🐙🐙

​မင်္ဂလာပါရှင်။
ပင်လယ်စာချစ်သူတို့အတွက် အရသာရှိပြီး လတ်ဆတ်တဲ့ ရေဘဝဲလက်တိုလေးတွေ မနက်ဖြန်(15.8.2026)မှာ ရန်ကုန်ကိုရောက်ရှိတော့မှာဖြစ်လို့ ကြိုတင်အော်ဒါလေးတွေ လက်ခံနေပါပြီ။

​ပုံထဲမှာ မြင်တွေ့နေရတဲ့အတိုင်း အရမ်းကို လတ်ဆတ်ပြီး အသားကလည်း တင်းရင်းနေတာမို့ အရသာရှိရှိ ရောင်းချင် စားချင်တယ်ဆိုရင်တော့ အမြန်ဆုံးလေး ဆက်သွယ်လိုက်တော့နော်။
ဈေးနှုန်းလေးကတော့ ၁ပိဿာ=38000ပါ။
⛩️ဆိုင်မှာကိုယ်တိုင်ကိုယ်ကျဝယ်ယူလိုပါက-F-6/Fရုံ၊ရွှေပိတောက်ငါးဈေး၊လှိုင်မြို့နယ်ပါ။

​🛒 မှာယူလိုပါက - [ဖုန်းနံပါတ်] 09789080328 / 09780918205 ကို ဆက်သွယ်ပေးပါရှင်။CB. ကဆင့်လည်းမှာယူနိုင်ပါတယ်

🚚 ရန်ကုန်မြို့တွင်းကို deliလေးတွေနဲ့လည်းပို့ဆောင်ပေးနေပါပြီ အိမ်မှာ ချက်စားဖို့ဖြစ်စေ ဆိုင်မှာပြန်ရောင်းဖို့ဖြစ်စေ ယုံယုံကြည်ကြည်နဲ့ မှာယူနိုင်ပါတယ် 5ပိဿာအထက်ကို deli freeဖြင့်ပို့ဆောင်ပေးမှာဖြစ်ပါတယ် ။
#100%သဘာဝစစ်စစ် ဖြစ်ကြောင်းအာမခံရောင်းချပေးနေပါပြီ။
#နယ်မြို့များကိုလည်း ၁ဖော့ကစ ဂိတ်ချfreeဖြင့်ပို့ဆောင်ပေးနေပါသည်။
ရေဝိတ် အာမခံပါသည်။

မနက်ဖြန်ပုဇွန်ရောက်မယ်။ အပို10ပိဿာကျော်ရှိလို့ လက်လီလေးရောင်းပါမယ်။အ‌ကြီးအလတ်အရောတွေပါ။1ပိဿာ 45000/-25ကျပ်သား 50သား လိုခ...
18/06/2026

မနက်ဖြန်ပုဇွန်ရောက်မယ်။ အပို10ပိဿာကျော်ရှိလို့ လက်လီလေးရောင်းပါမယ်။အ‌ကြီးအလတ်အရောတွေပါ။
1ပိဿာ 45000/-
25ကျပ်သား 50သား လိုချင်သလိုယူလို့ရပါတယ် ရေခဲသေတ္တာအိုကေရင်တော့ deliခတန်အောင်များများယူပေါ့နော်။😝😝
deliခကမြို့တွင်း 4000
ရွှေပြည်သာ မင်္ဂလာဒုံ ရွှေပေါက်ကံ သန်လျင် 5000ပါ
ယူမယ်ဆို
Viber no.09442040396နှင့် CB ကနေလည်းမှာယူနိုင်ပါတယ်ရှင်။

🦐 ပုဇွန်ကြိုက်သူများအတွက်... ပင်လယ်စာရဲ့ အမှန်တရားနဲ့ ကျန်းမာရေး သတိပြုစရာ 🌊​ပုဇွန်ဆိုရင်... ပိုက်ပုဇွန် (Sea White)၊ မီ...
17/06/2026

🦐 ပုဇွန်ကြိုက်သူများအတွက်... ပင်လယ်စာရဲ့ အမှန်တရားနဲ့ ကျန်းမာရေး သတိပြုစရာ 🌊

​ပုဇွန်ဆိုရင်... ပိုက်ပုဇွန် (Sea White)၊ မီးနီပုဇွန်၊ ပုဇွန်ကြား၊ ရေချိုပုဇွန်၊ ကန်ပုဇွန်၊ ဘော့ချိတ် ဆိုပြီး အမျိုးအစားတွေ အစုံအလင် ရှိကြတာပါ။ အဲဒီထဲမှာမှ သဘာဝ ပင်လယ်ပုဇွန်တွေဖြစ်တဲ့ "မီးနီပုဇွန်" နဲ့ "Sea White " ကတော့မင်မင်အကြိုက်ဆုံးပါ။ Flower Tiger တွေကတော့ ဈေးကြီးလို့မစားပါဘူး။😆😆

​💡 လူအများ အလွဲသိနေတဲ့ ပင်လယ်စာရဲ့ အရသာ

ပင်လယ်စာဆိုတာ အများထင်သလို ငံကျိကျိမဟုတ်ပါဘူးနော်။ သဘာဝအတိုင်း လတ်ဆတ်တဲ့ ပင်လယ်စာဟာ လေးလေးပင်ပင်နဲ့ ချိုမြိန်တဲ့ အရသာမျိုး ရှိပါတယ်။ အပြင်မှာ ဝယ်စားလို့ ငံနေတယ်ဆိုတာကတော့... တာရှည်ခံအောင်၊ ဝိတ်တိုးအောင် ဆားတွေနဲ့ မွှေထားကြလို့ပဲ ဖြစ်ပါတယ်။

​🤔 ပုဇွန်တွေမှာ ဘာလို့ အမဲစက် (Spot) တွေ ထလာရတာလဲ?

ပုဇွန်ကို ရေခဲရိုက်ထားတာ ရက်နည်းနည်းကြာလာရင် ခေါင်းကျိုးတာ၊ ခေါင်းဖျား/အမြီးဖျားနဲ့ ခါးလယ်တွေမှာ အမဲစက်တွေ ထလာတာကို မြင်ဖူးကြမှာပါ။ ဒါက ပုဇွန်ပုပ်လို့ မဟုတ်ပါဘူးနော်။

​ပုဇွန်ရဲ့ သဘာဝအကာအကွယ် အခွံထဲမှာ ပါဝင်တဲ့ အင်ဇိုင်းဓာတ် (Enzymes) တွေက လေထုထဲက အောက်ဆီဂျင်နဲ့ ထိတွေ့ပြီး ဓာတ်ပြုတဲ့အခါ (Melanosis) မယ်လနင် ဓာတ်ခြယ်ပစ္စည်းတွေ ထွက်လာလို့ အမဲကွက်တွေ ဖြစ်သွားရတာပါ။ (မင်မင်တို့ ပန်းသီးကို လှီးထားရင် လေထဲမှာ ညိုသွားတတ်တဲ့ သဘောတရားအတိုင်းပါပဲ။)

​⚠️ လှပခြင်းရဲ့ နောက်ကွယ်က "ချွတ်ဆေး" အန္တရာယ်

အဲဒီလို အမဲစက်ထရင် အမြင်မလှတော့တဲ့အတွက် ရောင်းသူအချို့က "ချွတ်ဆေးမှုန့်" (Bleaching Powder / Chemical) တွေ ဖြူးပြီး မွှေလိုက်ကြပါတယ်။ တစ်ညအိပ်လိုက်ရင် မနက်ကျ ဖွေးဆွတ်သွားလို့ ဝယ်သူတွေက အလတ်ကြီးဆိုပြီး ကြိုက်တတ်ကြပါတယ်။ ဒါက ရေရှည်မှာ ကျန်းမာရေးအတွက် တကယ် အန္တရာယ်ကြီးပါတယ်။

​တကယ်တော့...

အမဲစက် (Spot) ထတဲ့အဆင့်က အသားမပုပ်သေးဘူး၊ အနံ့မရသေးဘူးဆိုရင် အခွံခွာချက်စားလိုက်ရင် အကောင်းအတိုင်း ကျန်းမာရေးအတွက် ဘေးကင်းပါတယ်။ အရမ်းလတ်ဆတ်တာမျိုး မဟုတ်ပေမယ့် အသားတင်းရင်းပြီး ချိုတဲ့အဆင့်မှာ ရှိပါသေးတယ်။

​ဒါကြောင့် ဝယ်သူမိဘများအနေနဲ့ အပြင်ပန်း အလှအပထက် "မိမိတို့ရဲ့ ကျန်းမာရေး" ကို ဦးစားပေးပြီး အန္တရာယ်များတဲ့ ချွတ်ဆေးပုဇွန်တွေကို ရှောင်ကြဉ်ဖို့ တိုက်တွန်းချင်ပါတယ်ရှင်။

​🚚 မင်မင်တို့ရဲ့ ကတိကဝတ်

အခုလက်ရှိ လမ်းခရီး အခြေအနေတွေကြောင့် ကုန်ပစ္စည်းတွေ ရက်ကြာသွားတာမျိုး ကြုံရတတ်ပါတယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် မင်မင်ကတော့ ကျန်းမာရေးအတွက် စိတ်ချရတဲ့၊ အနာဆာကင်းပြီး လတ်ဆတ်တဲ့ ကွာလတီကိုပဲ အဓိကထား ရောင်းချပေးသွားမှာပါ။

​တစ်ခါတလေ လမ်းခရီးကြောင့် ကွာလတီ အနည်းငယ် လျော့သွားတဲ့ ပစ္စည်းမျိုးရှိခဲ့ရင်လည်း...

✨ "ကွာလတီကောင်းရင် ထိုက်တန်တဲ့ နှုန်းထား၊ ကွာလတီ အားနည်းရင် သက်သာတဲ့ နှုန်းထား" ✨ ဆိုတဲ့အတိုင်း မှန်ကန်တဲ့ ဈေးနှုန်းနဲ့ပဲ ရောင်းချပေးသွားပါမယ်ရှင်။

ချစ်ရတဲ့မိသားစုဝင်တို့ ကျန်းမာရေးအတွက် အမြဲတမ်း စေတနာထားလျက်... ❤️

​ #ပုဇွန်လတ်လတ်ဆတ်ဆတ် #ပင်လယ်စာဗဟုသုတ #ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်မှု

[ ဖမ်းမှာကြောက်လို့လား ❓ အန္တရာယ်ကြောက်လို့လား ❓ ]ဒီနေ့ စက်ရုံမှာ ကင်းမွန်အခဲတွေ သွားထုတ်တော့ ကားဆရာက လမ်းတွေရှောင်မောင်...
17/06/2026

[ ဖမ်းမှာကြောက်လို့လား ❓ အန္တရာယ်ကြောက်လို့လား ❓ ]

ဒီနေ့ စက်ရုံမှာ ကင်းမွန်အခဲတွေ သွားထုတ်တော့ ကားဆရာက လမ်းတွေရှောင်မောင်းတယ်။ "ဟိုနားလည်း ဖမ်းတယ်၊ ဒီနားလည်း ဖမ်းတယ်၊ မော်တော်ပီကယ်တွေနဲ့ တိုးမှာစိုးလို့" တဲ့။

ကားဆရာ့စကား ကြားရတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ဆယ်တန်းဖြေပြီးစ "သွေးကြွ" ခဲ့တဲ့ အရွယ်လေးကို ပြန်သတိရမိသွားတယ်။ အဲဒီတုန်းက ကန်ဖျားကြံတောလမ်း (ကောလိပ်ဘက်) မှာ ဆိုင်ကယ်ဦးထုပ်မပါလို့ ဖမ်းခံရဖူးတယ်၊ ချလံပေးပြီး ဒဏ်ကြေးဆောင်ခိုင်းတာပေါ့။

လူငယ်သဘာဝ မကျေနပ်တော့ ဘာလုပ်လဲဆိုတော့... ချလံကို ချက်ချင်းသွားမဆောင်ဘူး။ အဲဒီချလံကို ကိုင်ပြီး သွားချင်တဲ့နေရာတွေ အကုန်ပတ်မောင်းတာ။ ဘိတ် (မြိတ်) မှာက လမ်းကြားတွေ လှည့်ပတ်သွားလို့ရပေမယ့် တမင်ရွဲ့ပြီး ဖမ်းတဲ့နေရာကို ပြန်ပတ်ပြတယ်။ သူတို့တားရင် "ခုနက ဖမ်းထားပြီးပြီ" ဆိုပြီး ချလံထုတ်ပြတာပေါ့။ သူငယ်ချင်းကလည်း ခပ်ရွဲ့ရွဲ့၊ ကိုယ်ကလည်း ခပ်ဆတ်ဆတ်ဆိုတော့ မော်တော်ပီကယ်တွေ အလုပ်ရှုပ်တာကို ကြည့်ပြီး ကျေနပ်နေတာ။ (ဆိုင်ကယ်နဲ့ ၂ ပတ်လောက် အဲလို ရွဲ့ပြီးမှ ရုံးမှာ ဒဏ်ကြေးသွားဆောင်တယ်) 😅


ဒါပေမဲ့... အချိန်တွေကြာလို့ အသက်အရွယ်ရလာပြီး အန္တရာယ်ဆိုတာကို နားလည်လာတဲ့အခါမှာတော့ အတွေးတွေ ပြောင်းလဲလာခဲ့တယ်။

နောက်ပိုင်း ရွှေပြည်သာမှာ နေတုန်းကဆို ညဘက်အပြင်ထွက်ရင် ဆိုင်ကယ်ဦးထုပ် မရရအောင် ရှာပြီးဆောင်းတယ်။ အနီးနားကလူတွေက "ညဘက် မဖမ်းပါဘူး" လို့ပြောကြပေမယ့် ကိုယ့်စိတ်ထဲမှာ "ဖမ်းခြင်း၊ မဖမ်းခြင်းထက် ငါ့ရဲ့ ဘေးကင်းလုံခြုံဖို့က ပိုအရေးကြီးတယ်" ဆိုတာ သိလာလို့ပါ။

ကျမတို့တွေဟာ "ဥပဒေရဲ့ ပြစ်ဒဏ်ကို ကြောက်လို့ လိုက်နာနေကြတာလား" ဒါမှမဟုတ် "တကယ့်ကို အကျိုးရှိလို့ လိုက်နာသင့်လို့ လိုက်နာကြတာလား" ဆိုတာပါပဲ။

ဥပဒေဆိုတာ လက်တွေ့မှာ ဖောက်ဖျက်ချင်တဲ့သူကတော့ နည်းမျိုးစုံနဲ့ ဖောက်ဖျက်ကြမှာပါပဲ။ ဒါပေမဲ့... "အသိပညာ" ကို ရင်ထဲ၊ အသည်းထဲအထိ ထည့်ပေးနိုင်မယ်ဆိုရင်တော့ ဥပဒေဆိုတာ တကူးတက သတိရပြီး ကြောက်နေစရာတောင် မလိုတော့ပါဘူး။

ကလေးတစ်ယောက်ကို "သူများကို အနိုင်မကျင့်နဲ့ ဆရာမရိုက်လိမ့်မယ်" လို့ အကြောက်တရားနဲ့ ခြောက်လှန့်မယ့်အစား... "အနိုင်ကျင့်ခြင်းဟာ ရွံရှာစရာ၊ ရှက်ရွံ့စရာကောင်းတဲ့ အလုပ်" ဆိုတာကို နှလုံးသားထဲ စွဲမြဲသွားအောင် သင်ပေးတာက ပိုပြီး အကျိုးရှိလှပါတယ်။

ဒီအတွေးအတိုင်းပါပဲ... ကျမတို့တွေ ဘာသာတရားကို ကိုးကွယ်တဲ့အခါမှာလည်း မိရိုးဖလာမို့လို့ ကိုးကွယ်တာမျိုး၊ ဒါမှမဟုတ် မကောင်းမှုလုပ်ရင် "ငရဲကြီးလိမ့်မယ်၊ ငရဲကျလိမ့်မယ်" ဆိုတဲ့ အကြောက်တရားတစ်ခုတည်းနဲ့ ခြောက်လှန့်ပြီး စည်းကမ်းထိန်းခိုင်းတာမျိုးထက်... "ကံ၊ ကံ၏အကျိုး (အကြောင်းတရားနဲ့ အကျိုးတရား)" ကို တိတိကျကျ၊ ရှင်းရှင်းလင်းလင်း နားလည်အောင် သင်ကြားပေးဖို့ လိုအပ်ပါတယ်။

"ကိုယ်စိုက်တဲ့ မျိုးစေ့အတိုင်း ကိုယ်ပဲပြန်ရိတ်သိမ်းရမှာပဲ၊ ကိုယ်လုပ်တဲ့ အပြုအမူ (ကံ) က ကိုယ့်ဆီပဲ ပြန်လာမှာပဲ"

ဆိုတဲ့ သဘာဝတရားကို နှလုံးသားထဲက အမှန်တကယ် လက်ခံနားလည်ပြီး လိုက်နာကျင့်သုံးကြမယ်ဆိုရင်... ဘယ်သူမှ မြင်မြင် မမြင်မြင်၊ ဘယ်ဥပဒေကမှ ဖမ်းဖမ်း မဖမ်းဖမ်း၊ ကိုယ့်အသိစိတ်နဲ့ကိုယ် မကောင်းမှုကို ရှောင်ကြဉ်ပြီး ကောင်းမှုကို ပြုလုပ်တဲ့သူတွေ ဖြစ်လာကြမှာပါ။

ကျမ ဒီအကြောင်းအရာလေးကို မျှဝေရတဲ့ အဓိကရည်ရွယ်ချက်က... ကျမတို့အားလုံး အပြင်ထွက်တဲ့အခါဖြစ်ဖြစ်၊ နေ့စဉ်ဘဝမှာ ရှင်သန်တဲ့အခါမှာဖြစ်ဖြစ် 'အဖမ်းခံရမှာ ကြောက်လို့၊ ငရဲကျမှာ ကြောက်လို့' ဆိုတဲ့ စိုးရိမ်စိတ်တွေထက်... 'ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့စိတ်၊ ကိုယ့်ကြောင့် သူတစ်ပါး မထိခိုက်စေချင်တဲ့ စေတနာ၊ အကြောင်းအကျိုးကို မြင်တတ်တဲ့ အသိဉာဏ်' လေး‌တွေနဲ့သတိထားလျှောက်လှမ်းဖို့ ကိုယ့်ကိုယ်ကိုသတိပေးရင်း ချစ်ခင်ရတဲ့သူတွေကိုလည်း သတိထားမိစေဖို့ပါ။

ဥပဒေနဲ့ အကြောက်တရားထက် 'ကိုယ်ချင်းစာတရားနဲ့ အသိဉာဏ်' ကသာ ကျမတို့ လူ့အဖွဲ့အစည်းကို ပိုမိုလှပပြီး ငြိမ်းချမ်းစေမှာ အမှန်ပါပဲ။

ချစ်ရတဲ့ မိသားစုဝင် အားလုံးလည်း အတွေးသစ် အသိသစ်လေးတွေနဲ့အတူ နေ့ရက်တိုင်း ဘေးကင်းလုံခြုံပြီး စိတ်နှလုံး အေးချမ်းကြပါစေရှင်။ စေတနာများစွာဖြင့်... 🙏🤍

မနက်အတွက် နောက်ထပ်အလှည့်ကျတာတော့ ရေဘဝဲလက်ရှည် လတ်လတ်ဆတ်ဆတ်လေးတွေပါ ၊🐙🐙🐙​မင်္ဂလာပါရှင်။ ပင်လယ်စာချစ်သူတို့အတွက် အရသာရှိပြ...
16/06/2026

မနက်အတွက် နောက်ထပ်အလှည့်ကျတာတော့ ရေဘဝဲလက်ရှည် လတ်လတ်ဆတ်ဆတ်လေးတွေပါ ၊🐙🐙🐙

​မင်္ဂလာပါရှင်။
ပင်လယ်စာချစ်သူတို့အတွက် အရသာရှိပြီး လတ်ဆတ်တဲ့ ရေဘဝဲလက်ရှည်အကိတ်လေးတွေ မနက်ဖြန်(17.6.2026)မှာ ရန်ကုန်ကိုရောက်ရှိတော့မှာဖြစ်လို့ ကြိုတင်အော်ဒါလေးတွေ လက်ခံနေပါပြီ။

​ပုံထဲမှာ မြင်တွေ့နေရတဲ့အတိုင်း(ယခင်ပုံပါ) အရမ်းကို လတ်ဆတ်ပြီး အသားကလည်း တင်းရင်းနေတာမို့ အရသာရှိရှိ ရောင်းချင် စားချင်တယ်ဆိုရင်တော့ အမြန်ဆုံးလေး ဆက်သွယ်လိုက်တော့နော်။
ဈေးနှုန်းလေးကတော့ ၁ပိဿာ=48000ပါ။
လက်ကားဈေးသီးသန့်ရှိပါတယ်ရှင်။
⛩️ဆိုင်မှာကိုယ်တိုင်ကိုယ်ကျဝယ်ယူလိုပါက-F-6/Fရုံ၊ရွှေပိတောက်ငါးဈေး၊လှိုင်မြို့နယ်ပါ။

​🛒 မှာယူလိုပါက - [ဖုန်းနံပါတ်] 09789080328 / 09780918205 ကို ဆက်သွယ်ပေးပါရှင်။CB. ကဆင့်လည်းမှာယူနိုင်ပါတယ်။viberကဆင့်ဆက်သွယ်ချင်ရင်တော့ 09789080328/09442040396 ကိုဆက်သွယ်မှာယူနိုင်ပါတယ်။

🚚 ရန်ကုန်မြို့တွင်းကို deliလေးတွေနဲ့လည်းပို့ဆောင်ပေးနေပါပြီ အိမ်မှာ ချက်စားဖို့ဖြစ်စေ ဆိုင်မှာပြန်ရောင်းဖို့ဖြစ်စေ ယုံယုံကြည်ကြည်နဲ့ မှာယူနိုင်ပါတယ် 5ပိဿာအထက်ကို deli freeဖြင့်ပို့ဆောင်ပေးမှာဖြစ်ပါတယ် ။
#100%သဘာဝစစ်စစ် ဖြစ်ကြောင်းအာမခံရောင်းချပေးနေပါပြီ။
#နယ်မြို့များကိုလည်း ၁ဖော့ကစ ဂိတ်ချfreeဖြင့်ပို့ဆောင်ပေးနေပါသည်။
ရေဝိတ် အာမခံပါသည်။

📣 လာကြဟေ့… ဈေးလည်းရောင်းမယ်၊ အတင်းလည်း ပြောမယ်!အန်တီတို့၊ မေမေတို့ ကိုကို မမမောင်လေး ညီမလေးတို့ရေ… ငယ်ငယ်က Facebook တွေ၊...
16/06/2026

📣 လာကြဟေ့… ဈေးလည်းရောင်းမယ်၊ အတင်းလည်း ပြောမယ်!
အန်တီတို့၊ မေမေတို့ ကိုကို မမ
မောင်လေး ညီမလေးတို့ရေ… ငယ်ငယ်က Facebook တွေ၊ TikTok တွေ မပေါ်ခင်တုန်းက ရပ်ကွက်ဈေးဆိုင်တွေ၊ ရေခဲခြစ်ဆိုင်တွေမှာ ဝိုင်းဖွဲ့ပြီး အတင်းပြောခဲ့ကြတာကို သတိရမိကြသေးလားရှင်။😁😁
အဲဒီတုန်းက ဈေးဆိုင်တွေဆိုတာ သတင်းလည်းအစုံဆုံး၊ အတင်းလည်း အစုံဆုံးပဲ။ အခု မင်မင်ကလည်း အဲဒီငယ်ဘဝ အငွေ့အသက်လေးကို သတိရလို့… ဒီ Page မှာ ဈေးလည်းရောင်းမယ်၊ အန်တီတို့နဲ့အတူ အတင်းလည်း ပေါ့ပေါ့ပါးပါး ဖောက်သည်ချမယ်နော်။ 😆😆
လာဝယ်တဲ့သူကိုလည်း မင်မင်တို့က စေတနာအပြည့်နဲ့ ရောင်းပေးမယ်၊ မဝယ်ဘဲ ဘေးကနေ လာချောင်းနေတဲ့သူတွေကိုလည်း အတင်းဆွဲခေါ်ပြီး အတူတူ အတင်းပြောပစ်ဦးမှာ။ ပျော်စရာကြီး မဟုတ်ဘူးလား။😉😉
မင်မင့်ရဲ့ အစီအစဉ်ကတော့လေ -
ပထမဆုံး: ကိုယ့်အတင်းကိုယ် အရင်ချပြမယ် (လူမသိတဲ့ လျှို့ဝှက်ချက်တွေ ရှိတယ် ဟိဟိ)
ဒုတိယ: တစ်အိမ်ထဲနေတဲ့ Tin Tin Moe အကြောင်းကို သေချာ အတင်းပြောမယ်
တတိယ: နောက်ပိုင်းကျ Page ထဲက အမြဲအားပေးတဲ့ အန်တီတို့ကိုပါ တစ်ယောက်ချင်းစီ စနောက်ပြီး အတင်းပြောမှာမို့လို့ အလှည့်ကျရင် ငြိမ်ခံကြပါနော်။ 😂😂
ကဲ… အားလုံးပဲ အတင်းပြောဖို့ Ready ပဲလားရှင်?
မင်မင်က ပွဲတွေအများကြီး သိတယ်နော်။ ပွဲတစ်ခုခု ဖြစ်ပြီဆိုရင် လုပ်လက်စအလုပ်တွေအကုန် ပစ်ချ၊ နေ့မနားညမအိပ်ဘဲ ဇောက်ချပြီး စပ်စုတာမို့လို့… သတင်းတွေကို အချိန်နဲ့တပြေးညီ သိချင်ရင်တော့ ဒီ Page လေးကို Follow သာ လုပ်ထားကြတော့။
လဖက်ရည်ဆိုင်က ခုံတွေ၊ ရေခဲခြစ်ဆိုင်က ခုံတန်းလျားတွေ ပင်လယ်စာဆိုင်ဘက်ရွေ့ပြီး....အတင်းလာပြောဖို့ နေရာဦးထားကြတော့နော် အသည်းတို့ရေ...

စောင့်ဝယ်ပေးတဲ့အစ်ကို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။80 ပိဿာ အားပေးမှု🥰🥰🥰
15/06/2026

စောင့်ဝယ်ပေးတဲ့အစ်ကို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။
80 ပိဿာ အားပေးမှု🥰🥰🥰

14/06/2026
ရေဘဝဲလက်တိုလေးတွေ လတ်လတ်ဆတ်ဆတ် ရောက်တော့မှာနော်! 🐙🐙🐙​မင်္ဂလာပါရှင်။ ပင်လယ်စာချစ်သူတို့အတွက် အရသာရှိပြီး လတ်ဆတ်တဲ့ ရေဘဝဲလ...
14/06/2026

ရေဘဝဲလက်တိုလေးတွေ လတ်လတ်ဆတ်ဆတ် ရောက်တော့မှာနော်! 🐙🐙🐙

​မင်္ဂလာပါရှင်။
ပင်လယ်စာချစ်သူတို့အတွက် အရသာရှိပြီး လတ်ဆတ်တဲ့ ရေဘဝဲလက်တိုလေးတွေ မနက်ဖြန်(15.6.2026)မှာ ရန်ကုန်ကိုရောက်ရှိတော့မှာဖြစ်လို့ ကြိုတင်အော်ဒါလေးတွေ လက်ခံနေပါပြီ။

​ပုံထဲမှာ မြင်တွေ့နေရတဲ့အတိုင်း အရမ်းကို လတ်ဆတ်ပြီး အသားကလည်း တင်းရင်းနေတာမို့ အရသာရှိရှိ ရောင်းချင် စားချင်တယ်ဆိုရင်တော့ အမြန်ဆုံးလေး ဆက်သွယ်လိုက်တော့နော်။
ဈေးနှုန်းလေးကတော့ ၁ပိဿာ=43000ပါ။
⛩️ဆိုင်မှာကိုယ်တိုင်ကိုယ်ကျဝယ်ယူလိုပါက-F-6/Fရုံ၊ရွှေပိတောက်ငါးဈေး၊လှိုင်မြို့နယ်ပါ။

​🛒 မှာယူလိုပါက - [ဖုန်းနံပါတ်] 09789080328 / 09780918205 ကို ဆက်သွယ်ပေးပါရှင်။CB. ကဆင့်လည်းမှာယူနိုင်ပါတယ်

🚚 ရန်ကုန်မြို့တွင်းကို deliလေးတွေနဲ့လည်းပို့ဆောင်ပေးနေပါပြီ အိမ်မှာ ချက်စားဖို့ဖြစ်စေ ဆိုင်မှာပြန်ရောင်းဖို့ဖြစ်စေ ယုံယုံကြည်ကြည်နဲ့ မှာယူနိုင်ပါတယ် 5ပိဿာအထက်ကို deli freeဖြင့်ပို့ဆောင်ပေးမှာဖြစ်ပါတယ် ။
#100%သဘာဝစစ်စစ် ဖြစ်ကြောင်းအာမခံရောင်းချပေးနေပါပြီ။
#နယ်မြို့များကိုလည်း ၁ဖော့ကစ ဂိတ်ချfreeဖြင့်ပို့ဆောင်ပေးနေပါသည်။
ရေဝိတ် အာမခံပါသည်။

Address

F-6/Fရုံ ၊ရွှေပိတောက်ငါးဈေး၊လှိုင်မြို့နယ်။
Yangon

Website

Alerts

Be the first to know and let us send you an email when Myeik Premium Seafood posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category