JNK Family

JNK Family Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from JNK Family, Sittwe.

သူ့ဖက်ရှင်နဲ့ သူပိုစ့်ပေးတာတွေက လိုက်ကိုဖက်နေရော😂😂😂
20/11/2025

သူ့ဖက်ရှင်နဲ့ သူပိုစ့်ပေးတာတွေက လိုက်ကိုဖက်နေရော
😂😂😂



18/11/2025

အကိုက cameraman ညီက Model ထိုင်
သူ့ဟာနဲ့သူတော့ အတိုင်အဖောက်ညီနေရော 😆
ပုံရိုက်ဖ်ု့ Shooting Background တွေပါ
အကိုက သူ့ideaနဲ့ Decoration လုပ်ထားတာပါတဲ့လေ

တနေ့တမျိုးမရိုးရပါသော အမွှေသီးလေးတွေ 😂



17/11/2025

Unforgettable moments 💖💖

ကုန်ဆုံးခဲ့တဲ့အချိန်တွေဆိုပေမယ့်လည်း ပြန်တွေးတိုင်း
သတိရမိတိုင်း ရင်ခုန်ပြီးတော့ ထပ်ထပ်ချစ်ရပါသော
အသဲကျော်လေးတွေ 😁💖




24/09/2025

Painting with your child — it helps mothers relax, calms the child, and increases closeness between parent and child.💟

ဒီစာအုပ်လေး ဖတ်ဖြစ်တယ်စာအုပ်ခေါင်းစဥ်လေးကတော့တချို့တွေ အမြင်မှာ ဘာလဲပေါ့ဒီစာအုပ်ကို ဆိုင်မှာ မြင်မိတော့လေတချို့စာအုပ်လာဝ...
23/09/2025

ဒီစာအုပ်လေး ဖတ်ဖြစ်တယ်
စာအုပ်ခေါင်းစဥ်လေးကတော့
တချို့တွေ အမြင်မှာ ဘာလဲပေါ့
ဒီစာအုပ်ကို ဆိုင်မှာ မြင်မိတော့လေ
တချို့စာအုပ်လာဝယ်တဲ့သူတွေက
ဒီစာအုပ်က ဘာလဲပေါ့ စိတ်ဝင်စားကြပေမယ့်
နာမည်မြင်တာနဲ့ ဟွန့် ဆိုတဲ့ အသံတွေချည်း
ကြုံခဲ့ရတယ် ကျမ ရင်ဘတ်တွေ အောင့်သွားတယ်

စာအုပ်ရဲ့နာမည်ကိုတောင် အဲလို အထင်သေးကြတာ လက်တွေ့မှာဆို ဘလောက်တောင်
အနှိမ်ခံနေရမလဲပေါ့.... တွေးမိလိုက်တယ်

ကျမတို့မိန်းမသားတွေရဲ့ စိတ်တွေ
ဘယ်လောက်တောင် ရိုက်ချိုးခံထားရပြီလဲ

ပတ်ဝန်းကျင်ကလူတွေ သူတို့ကိုဂုဏ်ပြုပေးရမယ့်အစား ဝေဖန်ရှုတ်ချသံတွေနဲ့ဘဲ ကြိုဆိုလိုက်ကြတယ်

ဘာကြောင့်လဲ သူတို့ခံစားချက်ကို
နားလည်ပေးမယ့်သူ မရှိဘူး နားထောင်ပေးမယ့်သူလည်း မရှိဘူး ပတ်ဝန်းကျင်ရဲ့မျက်လုံးပေါင်းစုံကို
ရင်မဆိုင်နိုင်လို့ ပုန်းကွယ်ရှက်ကွယ်နဲ့ ဖျက်ချလိုက်ကြတယ် ကလေးရော အမေပါ ဘဝကူးသွားရတယ်

ဘာလို့လဲ သူတို့ခံစားချက်ကို
ရင်ဘတ်ရဲ့အနက်ရှိုက်ဆုံးတနေရာမှာ ဖွက်ထားတယ် သိမ်ငယ်စရာအားကိုးရာမဲ့ဘဝအထဲ
ဝင်ကူမယ့်သူမရှိဘူး နှစ်သိမ့်ပေးမယ့်သူလည်း
မရှိဘူး

ဒါကြောင့်မို့ စာရေးသူက သူတို့အစား
ဖွင့်ချပေးတယ် သူတို့ခံစားချက်ကို လူတွေနားလည်လက်ခံလာတယ် အထင်သေးကြတဲ့သူတွေက လက်ခုပ်တီးပြီး ဂုဏ်ပြုပေးလာကြတယ်

လင်ယောကျ်ားမရှိဘဲ ကိုယ့်ကလေးကို ဖခင်တချီ
မိခင်တလှည့် စောင့်ရှောက်နိုင်တဲ့ မိခင်တပါး ဆိုတာ ဘယ်လောက်ထိ မွန်မြတ်လိုက်သလဲ 🙏🙏🙏

လောကကြီးရဲ့ ဘယ်ဘက်ခြမ်းမှာ လင်ကောင်းမရခဲ့ပေမယ့် ညာဘက်ခြမ်းကတော့ သင့်ကို မိခင်ကောင်းတစ်ယောက်အဖြစ် ကြိုဆိုနေမယ့်
ဗိုက်ထဲက ကလေးလေးတစ်ယောက်တော့
ရှိပါသေးတယ်.......🍀🍀🍀

ြတ်သန့်
#လင်ကောင်းမရသောမိန်းမများအကြောင်း
's Gardenia


လိပ်ပြာလေးတွေကို ချစ်ရင်းကနေပန်းပွင့်တွေရဲ့နူးညံ့မှုကို ခံစားမိခဲ့တယ်ဆိုပါတော့.....လွတ်လပ်တဲ့လိပ်ပြာလေးလို မပျံသန်းရရင်တ...
26/07/2025

လိပ်ပြာလေးတွေကို ချစ်ရင်းကနေ
ပန်းပွင့်တွေရဲ့နူးညံ့မှုကို ခံစားမိခဲ့တယ်ဆိုပါတော့.....

လွတ်လပ်တဲ့လိပ်ပြာလေးလို မပျံသန်းရရင်တောင်
သူ(လိပ်ပြာ)ချစ်တဲ့ပန်းပွင့်တွေနဲ့ ထိတွေ့နေရရင်လည်း
ဘဝကြီးက ပြီးပြည့်စုံတယ်လေနော့်........🦋🍀

My very first creation 💐💚

𝐃𝐨𝐦𝐛𝐞𝐲'𝐬 𝐆𝐚𝐫𝐝𝐞𝐧𝐢𝐚
☘️☘️☘️☘️☘️☘️



တယောက်တည်းလို့ ခံစားရတဲ့အချိန် 🤦‍♀️ဘာကိုလွမ်းလို့ လွမ်းမှန်းမသိရင်ဘတ်ထဲမှာ အောင့်သက်သက်နဲ့ ခံစားရတာကြီးကခံရခက်လိုက်တာဗျာ...
14/06/2025

တယောက်တည်းလို့ ခံစားရတဲ့အချိန် 🤦‍♀️

ဘာကိုလွမ်းလို့ လွမ်းမှန်းမသိ
ရင်ဘတ်ထဲမှာ အောင့်သက်သက်နဲ့ ခံစားရတာကြီးက
ခံရခက်လိုက်တာဗျာ

ကြည်လင်နေတဲ့ကောင်းကင်ကြီးကို ကြည့်ရင်းနဲ့လည်း
မျက်လုံးတွေ စူးရှပြီး မျက်ရည်တွေ စီးကျလာပြန်ရော

ပင်လယ်ကြီးရဲ့လှိုင်းတွေကလည်း တရွေ့ရွေ့နဲ့လိမ့်လာရင်းနဲ့ ကိုယ့်အနားရောက်မလာဘဲ ပိုဝေးသွားပြန်တယ်

ဘာမှ မမြဲတာ သိသိရက်နဲ့လည်း ပိုင်ဆိုင်လိုစိတ်တွေကို
ချုပ်ထိန်းမရခဲ့ဘူး

မင်းက ဘာလဲ ငါက ဘာလဲ မေးခွန်းတွေမေးရင်းနဲ့ဘဲ
အချိန်တွေ ကုန်သွားခဲ့ပြီလေ

အချိန်တွေကသာ အကုန်မြန်သွားတာ တချို့ခံစားချက်တွေက ရပ်တန့်နေခဲ့တယ်

ရှေ့ဆက်လည်း မတိုးတော့ဘူး ရပ်ပြီးတော့ စောင့်ကြည့်နေရတဲ့ဘဝမျိုးကတော့ မတောင်းဘဲရလာတဲ့
ဆုဒဏ်တမျိုးပါဘဲလား

ရင်ခုန်သံတွေက အရင်လိုမမြန်တော့ပေမယ့် ကြိမ်နှုန်းလေးတွေက စည်းချက်ညီလွန်းနေသေးတယ်

နှလုံးသားထဲမှာ နေရာတွေ လွတ်နေတာမဟုတ်ဘဲ
သူ့နေရာနဲ့သူ အပိုင်ဝင်ယူသွားတာမျိုးကြီးက
ဘောင်ကျော်နေတဲ့ ပြယုဒ်တခုလို
နားလည်ဖို့ ကြိုးစားရင်း အသက်တွေလည်း ရလာခဲ့ပြီ

𝐃𝐨𝐦𝐛𝐞𝐲'𝐬 𝐆𝐚𝐫𝐝𝐞𝐧𝐢𝐚
☘️☘️☘️☘️☘️☘️



ပိုင်ဆိုင်လိုစိတ်ပြင်းပြမှုရဲ့ နောက်ကွယ်မှာလွှတ်ချမိတော့မယ့်အထိ ထိန်းချုပ်မှုအားနည်းခဲ့တယ်တဖြည်းဖြည်းနဲ့ တန်ဖိုးမဲ့လာတဲ့...
02/06/2025

ပိုင်ဆိုင်လိုစိတ်ပြင်းပြမှုရဲ့ နောက်ကွယ်မှာ

လွှတ်ချမိတော့မယ့်အထိ ထိန်းချုပ်မှုအားနည်းခဲ့တယ်

တဖြည်းဖြည်းနဲ့ တန်ဖိုးမဲ့လာတဲ့ပန်းပွင့်လေးကတော့

သူ့ကိုယ်ပေါ်မှာ ပွင့်ဖတ်လေးတွေ ကြွေသွားတဲ့အထိ

သူ့ကိုယ့်သူ ဂရုစိုက်တန်ဖိုးထားပေးဖို့ မေ့လျော့နေလေပြီ....

လောကဓံရဲ့ထိုးနှက်မှုတွေထဲမှာ ချည်နှောင်ထားတဲ့

ကြိုးတွေကို ချည်ရင်းချည်ရင်း ကိုယ့်ကိုယ်ကိုကာကွယ်ဖို့

သတိတောင်မရတော့လေပြီ....

ကြောက်စရာကောင်းတဲ့ခံစားမှုတွေကြားထဲ မွေ့ပျော်နေရင်း

ဟိုးအရင်တုန်းက လွတ်လပ်ခဲ့တဲ့လိပ်ပြာလေးကတော့

ခုနေချိန်များ သူပျံသန်းနိုင်သေးရဲ့လား ဆိုတာ တွေးမိရင်း.....

𝐃𝐨𝐦𝐛𝐞𝐲'𝐬 𝐆𝐚𝐫𝐝𝐞𝐧𝐢𝐚
☘️☘️☘️☘️☘️☘️



🌻နေကြာပန်းလေးက ပြောတယ်သင့်ရဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုပေးပါတယ်တဲ့....🌻🌹နှင်းဆီရဲရဲနီလေးကတော့ ချစ်ရသူကို သင့်ရဲ့အချစ်တွေ...
30/05/2025

🌻နေကြာပန်းလေးက ပြောတယ်

သင့်ရဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုပေးပါတယ်တဲ့....🌻

🌹နှင်းဆီရဲရဲနီလေးကတော့ ချစ်ရသူကို သင့်ရဲ့အချစ်တွေကို

သတ္တိရှိရှိနဲ့ ဖွင့်ပြောလိုက်ပါတဲ့......🌹

𝐃𝐨𝐦𝐛𝐞𝐲'𝐬 𝐆𝐚𝐫𝐝𝐞𝐧𝐢𝐚
☘️☘️☘️☘️☘️☘️



ဝေးခဲ့ရတဲ့အကြောင်းရင်းတွေက တိုက်ဆိုင်မှုလားဖန်တီးမှုတွေလား ဆိုတာ ဝေခွဲရခက်လောက်ပေမယ့်ရွက်ဟောင်းကြွေလို့ ရွက်သစ်ဝေတာလိုမျ...
30/04/2025

ဝေးခဲ့ရတဲ့အကြောင်းရင်းတွေက တိုက်ဆိုင်မှုလား

ဖန်တီးမှုတွေလား ဆိုတာ ဝေခွဲရခက်လောက်ပေမယ့်

ရွက်ဟောင်းကြွေလို့ ရွက်သစ်ဝေတာလိုမျိုး

ရိုးရှင်းသွားတယ် ဖြစ်နိုင်မယ်ဆို ကံတရားကို

လက်ခံလိုက်တာမျိုးပေါ့

တွေးမိလာတဲ့အတွေးတွေက သိပ်ရှည်၂ဝေး၂

စဥ်းစားနေစရာမလိုဘဲ typing လုပ်ရတာ လွယ်လိုက်တာလို့

တွေးမိလိမ့်မယ် မင်းကိုမင်း သိပ်မပိုင်ခဲ့ဘူး ကိုယ့်လူ

ဘဝရထားရှည်လွန်းနေတာကိုမှ မင်း ခဏလေးနဲ့

ဖြတ်တောက်ပစ်ခဲ့တယ်လေ မင်းဆက်လျှောက်မယ့်

လမ်းခရီးက ဒဏ်ရာတွေ တပွေ့တပိုက်နဲ့ပေါ့လို့

ပြောခဲ့ချင်ပေမယ့် ပြောမထွက်ခဲ့ဘူး ကိုယ့်လူ

အချစ်ဆိုတာက ရတာလွယ်ပေမယ့် ပိုင်ဆိုင်ဖို့ခက်တယ်

ဆိုတာ ဒီလောက်ဆို သိလောက်ပါပြီလေ......

𝐃𝐨𝐦𝐛𝐞𝐲
🌿🌿🌿🌿🌿🌿

စရိုက်ချင်း မတူရင်စကားပြောရတာ အဆင်မပြေရင်စည်းတွေ ဘောင်တွေ ကျော်တဲ့သူတွေ အတ္တမာနကြီးတဲ့ သူတွေကိုဂရုလည်းမစိုက်တော့သလို သွာ...
21/03/2025

စရိုက်ချင်း မတူရင်

စကားပြောရတာ အဆင်မပြေရင်

စည်းတွေ ဘောင်တွေ ကျော်တဲ့သူတွေ

အတ္တမာနကြီးတဲ့ သူတွေကို

ဂရုလည်းမစိုက်တော့သလို သွားလည်းမပတ်သက်ချင်ပါဘူး

အတတ်နိုင်ဆုံး လူချင်းပါရှောင်ဖြစ်အောင်ရယ်

စိတ်ထဲကပါထုတ်နိုင်ဖို့ ကြိုးစာနေဆဲပါဘဲ

သူတို့ကြောင့်ဘဲ ကိုယ့်ရဲ တန်ဖိုးရှိလွန်းတဲ့အချိန်တွေ

ဆုံးရှုံးပေးဖို့ မတန်ဘူးမလား.....

ခွင့်လွှတ်နားလည်ပေးလိုက်တာမျိုးထက်

ကိုယ့်တန်ဖိုးထားမှုအလေးပေးမှုတွေကို

စော်ကားသွားတဲ့သူတွေလို့ဘဲ စိတ်ထဲမှတ်ထားလိုက်တာမျိုး

☘️☘️☘️☘️☘️☘️

#𝐃𝐨𝐦𝐛𝐞𝐲'𝐬 𝐆𝐚𝐫𝐝𝐞𝐧𝐢𝐚


Address

Sittwe

Website

Alerts

Be the first to know and let us send you an email when JNK Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share