01/06/2026
🌈 Pride Month 2026
ကမ္ဘာတဝှမ်းတွင် ချစ်ခြင်းမေတ္တာနှင့် မတူကွဲပြားမှုများကို လက်ခံအသိအမှတ်ပြုရန် နှစ်စဉ် ဇွန်လမှာ အမှတ်တရ ပြုလုပ်လေ့ရှိပါသည်။
လူတိုင်းသည် မည်သူဖြစ်စေ၊ မည်သူကိုရွေးချယ်နှစ်သက်သည်ဖြစ်စေ လေးစားမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်စွာ အသက်ရှင်နေထိုင်နိင်ကြောင်းကို ဖော်ညွန်းရန် Pride Month ကို ကျင်းပပါသည်။
UNAIDS Myanmar အနေဖြင့် LGBTQ+အသိုင်းအဝိုင်းများနှင့်အတူ ရပ်တည်ကာ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍများတွင် ရှိနေသော ပြစ်တင်ရှုတ်ချခြင်း၊ ခွဲခြားနှိမ့်ချဆက်ဆံခြင်း များနှင့် မညီမျှမှုများကိုအဆုံးသတ်ရန် ဆက်လက်ကြိုးပမ်းလျက်ရှိပါသည်။
လူတိုင်း ပါဝင်နိုင်သော အနာဂတ်ကို အတူတကွ တည်ဆောက်ကြပါစို့။ ❤️
🌈 Pride သည် ပျော်ရွှင်မှုသာမက တန်းတူညီမျှမှုအတွက် လှုပ်ရှားမှုတစ်ခုဖြစ်ပါသည်။
===================================
June is a time to celebrate love, diversity, and the strength of communities around the world. Pride Month reminds us that everyone deserves to live with dignity, equality, and freedom—no matter who they are or whom they love.
At UNAIDS Myanmar, we stand in solidarity with LGBTQ+ communities and reaffirm our commitment to ending stigma, discrimination, and inequalities in healthcare and society.
Let’s build a future where everyone belongs. ❤️
🌈 Pride is not just a celebration—it’s a movement for equality.
#2026