Mar Mar Poe

Mar Mar Poe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mar Mar Poe, Kitchen/Cooking, No. 154, Kyaik Ka San Road, Tarmway Township, Yangon.

10/08/2026

တ​နေ့ကို အစား (၆)ကြိမ် ၊ နို့ (၆)ကြိမ်ကို ဘယ်လိုကျွေးလည်းမေးကြလို့😊 မီးမီးလေးကိုယ်တိုင် model လုပ်ပြီး တီတီတို့ကို ပြောပြပေးလိုက်ပြီနော်🥰။

#၈လပြည့်ဖြည့်စွက်စာ #ကလေးဖြည့်စွက်စာ

09/08/2026

သမီးလေး (၈)လပြည့် မွေးနေ့တုန်းက အမှတ်တရ video လေး page မှာအမှတ်တရပြန်တင်ထားမယ်နော်😊။

သမီးငယ်ဘဝလေးကို ပျော်စရာအမှတ်တရတွေ များများရှိစေချင်လို့ လတိုင်း အမှတ်တရမွေးနေ့လေး ပါပါး၊မာမားက လုပ်ပေးဖြစ်တာပါ💕။

08/08/2026

(၈) လအရွယ် ကလေးလေးတွေမှ စကျွေးလို့ရတဲ့ cheese အာလူးပူတင်း🧈🧀🥔။
#၈လပြည့်ဖြည့်စွက်စာ #ပူတင်း

(၈)လပြည့်ပြီဆိုတာနဲ့ Cheese လေးတွေလည်း စကျွေးလို့ ရပြီဆိုတော့ သမီးလေးကို နေ့လည်အစာပြေအတွက်Cheese နဲ့ ပူတင်းလေးတွေလုပ်ပြီ...
06/08/2026

(၈)လပြည့်ပြီဆိုတာနဲ့ Cheese လေးတွေလည်း စကျွေးလို့ ရပြီဆိုတော့ သမီးလေးကို နေ့လည်အစာပြေအတွက်
Cheese နဲ့ ပူတင်းလေးတွေလုပ်ပြီး တပတ် (၃)ရက် ကျွေးပါတယ်ရှင့်။
(အဟာရဆိုင်ရာ ဆရာဝန်ကလည်း cheese ကို တပတ် (၃)ရက် ကျွေးဖို့မှာလို့ပါ)

✅(၈)လမှစ cheese ကျွေးတော့မယ်ဆိုရင်.......
-လူကြီးစားတဲ့ cheese တော့မရပါ။
-ကလေးအတွက် ထုပ်ထားတဲ့ cheese ဆိုရင် ၁နှစ်အထပ်ကလေးအ​တွက် ထုပ်ထားတဲ့ cheese ဆိုရင်လည်း ကျွေးလို့ရပါတယ်။

Cheese ပူတင်းလေးတွေကို တခါတခါ ပျော့ပျော့လေးလုပ်ပြီး ဒီတိုင်းကျွေးသလို ၊ တခါတခါလည်း နို့လေးနဲ့စိမ်ပြီး ကျွေးပါတယ်။

Cheese ပူတင်းလုပ်နည်း video လေးလည်းတင်ပေးပါဦးမယ်ရှင့်။
#၈လပြည့်ဖြည့်စွက်စာ #ကလေးဖြည့်စွက်စာ #ပူတင်း

(၈)လမှစ နေ့လည်အစာပြေကို ဒိန်ချဥ် လေးတွေ စကျွေးလို့ရပြီဆိုတော့ သမီးလေးကို ဆရာဝန်ညွှန်ကြားသလိုတပတ် (၃)ရက် ဒိန်ချဥ် ကျွေးဖြ...
05/08/2026

(၈)လမှစ နေ့လည်အစာပြေကို ဒိန်ချဥ် လေးတွေ စကျွေးလို့ရပြီဆိုတော့ သမီးလေးကို ဆရာဝန်ညွှန်ကြားသလို
တပတ် (၃)ရက် ဒိန်ချဥ် ကျွေးဖြစ်ပါတယ်။

၁နှစ်အောက် ကလေးလေးတွေကို ဒိန်ချဥ်ကျွေးမယ်ဆိုရင် သဘာဝဒိန်ချဉ်စစ်စစ် (Plain, Unsweetened Yogurt) ဖြစ်ရပါမယ်။
ကလေးအတွက် ထုပ်ထားတဲ့ ဒိန်ချဥ် မှ မဟုတ်ပဲ ၊ လူ​ကြီးစားတဲ့ ဒိန်ချဥ်အလွတ်လည်းကျွေးလို့ရပါတယ်။

✅ Poe သမီးလေးကိုတော့ ချိုတဲ့ အသီးလေးတွေဖြစ်တဲ့.....
🥭သရက်သီး🍌ငှက်ပျောသီး🍎ပန်းသီး ၊ နဂါးမောက်သီး၊ သဘော်သီး လေးတွေကို Puree လေးလုပ်ပြီး ဒိန်ချဥ်လေးနဲ့ ရောကျွေးဖြစ်ပါတယ်။

ဒိန်ချဥ်ကို 30ml ~60mlကြားထည့်ပြီ အသီးPureeလေးကို 30ml ထည့်ပါတယ်။(အတိအကျကျွေးစရာမလိုပါ ကလေးစားနိုင်သလောက် ကျွေးလို့ရပါတယ်)

Poe သမီးလေးကတော့ အသီးရော၊ ဒိန်ချဥ်ရော အရမ်းကြိုက်သူလေးမို့ တခါစားရင် 90 ml လောက်အထိ စားနိုင်ပါတယ်။ ဒါတောင် ထပ်ကျွေးရင် စားနိုင်ပါသေးတယ်😁။

-အသင့်လုပ်ထားတဲ့ Yogurt Melts လေးတွေလည်းဝယ်ကျွေးလို့ရပါတယ်ရှင့်။

❌ဆား / သကြား မပါရပါ။
#ဒိန်ချဥ် #၈လပြည့်ဖြည့်စွက်စာ #ကလေးဖြည့်စွက်စာ

သမီးလေးကို (၈)ပြည့်ဖြည့်စွက်စာ (နေ့လည် /ည) ဆန်ပြုတ်အတွက် ချက်ကျွေးဖြစ်တာလေးတွေ ပုံရိုက်မိသ လောက်ပါရှင့်....အားဖြည့်ဆန် -...
03/08/2026

သမီးလေးကို (၈)ပြည့်ဖြည့်စွက်စာ (နေ့လည် /ည)
ဆန်ပြုတ်အတွက် ချက်ကျွေးဖြစ်တာလေးတွေ ပုံရိုက်မိသ လောက်ပါရှင့်....

အားဖြည့်ဆန် - ထမင်းစားဇွန်း (၁)ဇွန်း
ပဲနီ​လေး - လက်ဖက်စားဇွန်း (၁)ဇွန်း
ကြက်သား/ ငါး- ၃ကျပ်သား (ငါးအစုံကျွေးလို့ရ)
နေကြာဆီ /ပဲဆီ- လက်ဖက်စားဇွန်း (၁)ဇွန်း
အသီး - လက်တစစ်
အရွက် - တခက်။ (၂)မျိုးထည့်ကျွေးချင်လည်းရ
အားလုံးကို ထည့်ပြုတ်ပြီး ၊ စက်နဲ့ကြိတ်၊ ကြိတ်ထားတာလေးကို ပြန်ကြိုကျွေးပါတယ်။
သမီးလေးက ဒီအချိုးကို ၁ရက်စာပါ။
✅ သမီးလေးက(၈)လမှာ တကြိမ်စားရင်
90ml နဲ့120mlကြားစားပါတယ်။ ကလေးလေးတွေကတယောက်နဲ့ တယောက်စားနိုင်တဲ့ ပမာဏမတူတာမို့
တနေ့ကို ဘယ်လောက် ml အတိအကျ ကျွေးဖို့တော့မလိုပါဖူးရှင့်။ အဓိက တနေ့တာမှာ အဟာရစုံလင်အောင် ကျွေးပေးဖို့ပဲမှာပါတယ်ရှင့်။

ဝါ စိမ်း နီ ဆန်ပြုတ်လေးကို တနေ့ (၂)ကြိမ်ကျွေးပါတယ်ရှင့်။
❌ဆား မထည့်ရပါ❌

✅ငါးကတော့ - ငါးကြင်း ၊ salmon၊ က္ကတစ်ငါး၊ ငါးရံ့၊ ငါးဒန်ကစ အားလုံးကျွေးပါတယ်။
(ငါးကျွေးရင် အရိုးကို သတိထားရပါမယ်)
ကြက်သားကတော့ CP ကြက်၊ အိမ်ကြက် (၂)မျိုးလုံးကျွေးပါတယ်။

ပုဇွန် ၊ အမဲသား ၊ဆိတ်သား ၊ ဝက်သား... စတဲ့အသားတွေကိုတော့ (၉)လမှ စကျွေးဖို့မှာပါတယ်ရှင့်။



#၈လပြည့်ဖြည့်စွက်စာ
#ကလေးဖြည့်စွက်စာ

01/08/2026

Oat ကျွေးရင် မေမေတို့သတိထားလို့ရအောင်
ဘယ်သူမှ မပြောဖူးသေးတဲ့ Poe အတွေ့အကြုံလေး ပြောပြထားပါတယ်ရှင့်။

သမီးလေး ၈လပြည့်တုန်းက အာဟာရဆိုင်ရာ ဆရာဝန်နဲ့ follow up ပြန်ပြခဲ့ပြီး၊ (၈)လ ကလေးအတွက် ဆရာမကြီးလမ်းညွှန်တာတွေကို သမီးလေးအတ...
31/07/2026

သမီးလေး ၈လပြည့်တုန်းက အာဟာရဆိုင်ရာ ဆရာဝန်နဲ့ follow up ပြန်ပြခဲ့ပြီး၊ (၈)လ ကလေးအတွက် ဆရာမကြီးလမ်းညွှန်တာတွေကို သမီးလေးအတွက် သေချာလေးချက်ကျွေးခဲ့ပါတယ်။ Poe သမီးလေးအတွက် ချက်ကျွေးခဲ့တာလေးတွေကို မေမေတို့ ပြန်ချက်ကျွေးလို့ရအောင် အပြည့်အစုံ ပြန်လည်မျှဝေပေးပါမယ်ရှင့်။

👉 (ခု သမီးလေးက (၉)လပါ ၊ ၈လအတွက် ချက်ကျွေးခဲ့တာလေးတွေကို မြန်မြန်တင်ပေးပြီး (၉)လကနေစပြီး update တင်ပေးမယ်နော်)

✅၈လပြည့်ပြီဆိုတော့ တိုးကျွေးဖို့မှာတာ​တွေကတော့....

🥮Oat
၈လပြည့်ပြီဆိုမှာ စပြီး တိုးကျွေးခိုင်းပါတယ်။

🧀cheese
တပတ်ကို (၃)ရက် ကျွေးခိုင်းပါတယ်။
လူကြီးစားတဲ့ cheese တော့မရပါ။
ကလေးအတွက် ထုပ်ထားတဲ့ cheese ဆိုရင် ၁နှစ်အထက်ကလေးအတွက် ထုပ်ထားတဲ့ cheese ဆိုရင်လည်းရပါတယ်။

🍞ပေါင်မုန့်
wholemeal bread (ပေါင်မုန့်အညို) ကျွေးလို့ရပါပြီ။
၁နှစ်အောက် ကလေးတွေကို ပေါင်မုန့်အဖြူတော့ မကျွေးခိုင်းသေးပါ။

🥛 ဒိန်ချဉ်
တပတ် (၃)ရက်ကျွေးခိုင်းပါတယ််။
ကလေးအတွက် ထုပ်ထားတဲ့ ဒိန်ချဥ်မှမဟုတ်ပဲ ၊ ဒိန်ချဥ်အလွတ်လည်းကျွေးလို့ရပါတယ်။
အသီး puree လေးတွေနဲ့ရောကျွေးလို့လည်းရပါတယ်။
❌ဆား / သကြား မပါရပါ❌

✅၈လမှာ ကျွေးရမယ့် ဖြည့်စွက်စာပုံစံကတော့
တနေ့ကို အစား(၆)ကြိမ်၊ နို့(၆)ကြိမ် ကျွေးခိုင်းပါတယ်။

-မနက်(၈)နာရီ - cereal/oat/ပေါင်မုန့်+ နို့မှုန့်၊ ကြက်ဥ

-မနက်(၁၀)နာရီ - အသီး/ ပူတင်း

-နေ့လည်(၁၂)နာရီ - ဆန်ပြုတ် + အသီး

-နေ့ခင်း(၃)နာရီ - ဒိန်ချဉ် / ချိစ် (အဆာပြေတစ်ကြိမ်)

-ညနေ(၅)နာရီ - ဆန်ပြုတ် + အသီး

-ည(၈)နာရီ - cereal/oat/ပေါင်မုန့်+ နို့+ကြက်ဥ

အသီးအရွက် / အရွက် အစုံကျွေးလို့ရပါပြီ။
ဆန်ပြုတ်မှာတော့ အသားကို ကြက်သား/ငါး (၇)လတုန်းကလိုပဲ ကျွေးခိုင်းပါသေးတယ်။

✅ (၈)လပြည့်ဖြည့်စွက်စာ (နေ့လည် /ည) ဆန်ပြုတ်ချက်နည်း အောက်က link ထဲဝင်ကြည့်ပါရှင့်။

https://m.facebook.com/story.php?story_fbid=122115432873380010&id=61591400316189&mibextid=Nif5oz

✅ Oats ကျွေးရင်မေမေတို့ သတိထားရအောင်...

https://www.facebook.com/share/r/1EwqLds6Xf/

✅ (၈)လမှစ ဒိန်ချဥ်ကျွေးနည်း

https://www.facebook.com/share/p/1ENtjU5Rpc/

✅ (၈) လမှစ cheese ကျွေးနည်း+cheese ပူတင်းလုပ်နည်း

https://www.facebook.com/share/p/1FVmSPhcux/
https://www.facebook.com/share/r/1J7fdVPywu/

✅ သမီးလေးရဲ့ တနေ့လုံး ဖြည့်စွက်စာ စားတဲ့ Daily Vlog

https://www.facebook.com/share/v/1BzJG11PCw/

✅ (၇)လပြည့်ဖြည့်စွက်စာ ချက်နည်း အပြည့်အစုံအောက်က link ထဲ ဝင်ကြည့်ပါရှင့်။

https://www.facebook.com/share/p/1ExZK1SNZ9/

✅(၆)လပြည့်ဖြည့်စွက်စာ ချက်နည်း အပြည့်အစုံအောက်က link ထဲဝင်ကြည့်ပါရှင့်။

https://www.facebook.com/share/p/1DykrsaA5B/



#ကလေးဖြည့်စွက်စာ
#၈လပြည့်ဖြည့်စွက်စာ

30/07/2026

Happy 7-Month Birthday, Thamelay🎂.
Cake ကတော့ အမေစားချင်တဲ့ cake ပဲဝယ်ပါတယ်။သူမှ မစားတက်သေးတာ😊။

29/07/2026

တခုမှမစားပဲ အကုန်လွှင့်ပစ် ၊ ၂ခါ ပင်ပန်းရချင်းအမှတ်တရ😁။
(video edit လုပ်ပြီး အမြန်လုပ်ပြီး တင်လိုက်တာမို့ Month မှာ H ကျန်တာလေးကို ကလေးအမေအာရုံများသူမို့ နားလည်ခွင့်လွတ်ပေးကြပါရှင့်☺)


Address

No. 154, Kyaik Ka San Road, Tarmway Township
Yangon
11211

Telephone

+959765136192

Website

Alerts

Be the first to know and let us send you an email when Mar Mar Poe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mar Mar Poe:

Shortcuts

Share