29/07/2026
ဒီနေ့ဟာ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်ပါတယ်။
ဒီနေ့ဟာ သာသနာတော်ရဲ့ ပထမဆုံး တရားတော်ဖြစ်တဲ့ ဓမ္မစကြာကို စတင် ဟောကြားခဲ့တဲ့ နေ့ထူးနေ့မြတ်ပဲ။
ဘဝရဲ့ အစွန်းနှစ်ဖက်ကို ရှောင်ပြီး အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးဖို့ လမ်းညွှန်ခဲ့တာမို့၊ ကျွန်မ တို့ရဲ့ စိတ်ကို ငြိမ်းချမ်းမှု အလင်းရောင်ပေးတဲ့ နေ့ဆိုရင်လည်း မှန်ပါတယ်။
ဒီလို မင်္ဂလာရှိတဲ့နေ့မှာ မွန်မြတ်တဲ့ စိတ်အစဉ်တွေနဲ့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပြီး စိတ်ရောကိုယ်ပါ ကြည်လင်အေးချမ်းကြပါစေရှင်။
ဝါဆိုသင်္ကန်းနဲ့ ဆွမ်းဟင်းကောင်းတွေ ဆက်ကပ်လှူဒါန်းခြင်းဟာ ဘဝရဲ့ ကောင်းကျိုးလိုရာဆန္ဒတွေကို ပြည့်ဝစေတဲ့ ကုသိုလ်ထူးတစ်ခု ဖြစ်ပါတယ်။
ဒီဝါဆိုလပြည့်နေ့မှာ သံဃာတော်အရှင်သူမြတ်များ ဘုဉ်းပေးနိုင်ဖို့အတွက် သန့်ရှင်းလက်ဆက်တဲ့ မရွှေမိုး ပုဇွန်ငါးပိထောင်းကို ဆွမ်းအလှူအဖြစ် ဆက်ကပ်ပြီး ကုသိုလ်ထူးများ ရယူနိုင်ကြပါစေရှင်။