17/06/2026
စားကောင်းတဲ့ ရန်ကုန်မြို့က ဂျပန် 🇯🇵 စားသောက်ဆိုင် (၁၅) ဆိုင်
🍢 Izakaya
Izakaya ဆိုတာ Japan ရဲ့ Pub + Restaurant ပုံစံ စားသောက်ဆိုင်မျိုး ဖြစ်တယ်။
Thailand မှာဆို Izakaya Concept တွေ အရမ်းအောင်မြင်တယ်။ လူတွေ အလုပ်ဆင်းပြီး B**r တစ်ခွက်သောက်၊ Yakitori စား၊ သူငယ်ချင်းတွေနဲ့ စကားပြောကြတယ်။
ရန်ကုန်မှာတော့
၁။ TORA - TORA က 47 Group ကပိုင်တာ F&B ကိုအရမ်းနိုင်တော့ အချိန်တိုအတွင်းမှာ အရမ်းအောင်မြင်တဲ့ဆိုင်တစ်ခုဖြစ်လာတယ် နေရာက ရွှေတောင်ကြားထဲမှာ TORA က ဘယ် Vlogger နဲ့မှမကြေငြာဘူး ထိုင်ရတာ အဆင်ပြေတာရယ် စျေးမကြီးဘူး နေရာကောင်းကောင်းလေး ဧည့်သည်ဧည့်ခံမယ်ဆိုအဆင်ပြေတော့ အမြဲဝိုင်းပြည့်တယ် Booking တင်ပြီးသွားမှ အဆင်ပြေတယ် သူ့ဆိုင်က Yakitori အကင်လေးတွေကောင်းတယ်
၂။ REN Kandawgyi - REN ဆိုင်လေးကကြာပြီ သူက ဂျပန်တွေအကြိုက်ဆိုင်လေး ဂျပန်တွေက after work ဆိုတအားသောက်ကြတာ ဂျပန် ကုမ္ပဏီမှာလုပ်တုန်းက သူတို့မနက်ဆ်ု မျက်လုံးနီကြီးတွေနဲ့ ရုံးပြန်လာတက်ကြတာ အမယ်ရုပ်တော့မပျက်ဘူး FOD တို့ Condition တို့ Hangover Jelly တွေများသောက်ပြီး ရုံးပြန်လာတက်ကြသလားဆိုပြီး အံ့ဩရတယ် REN ကထိုင်လို့ကောင်းတယ် အခု အရင်နေရာဟောင်း ဝဂ်ဘာလမ်းမှာပြန်ဖွင့်ထားတယ်
၃။ Universe 51 - Japanese Restaurant & Bar - သူက အေးအေးဆေးဆေးနဲ့ထိုင်လို့ကောင်းတယ် ရွှေတောင်ကြားထဲမှာပဲ လူရှင်းတယ် Hidden Gems 💎လို့ခေါ်မလားပဲ ဂျပန်တွေကြားထဲနာမည်ကြီးပေမယ့် မြန်မာတွေသိပ်မသွားကြဘူးအစားအသောက်တွေကောင်းတယ်
Sushi & Sashimi
မြန်မာမှာ အရင်ကအသားစိမ်းငါးစိမ်း မစားရဲကြဘူးအခုတော့ Vlogger တွေစားပြဘာညာနဲ့ တော်တော်များများစားလာကြတယ် Salmon Sashimi က အများကြီးစားရတဲ့ အရာမဟုတ်ဘူး
Sashimi ကို တကယ်ကြိုက်ရင် Otoro (Fatty Tuna), Chutoro, Hamachi (Yellowtail), Hotate (Scallop) ရှိမရှိ မေးပြီးစားကြည့်။ Salmon ထက် Level တစ်ဆင့်မြင့်တဲ့ Experience ရစေရမယ်။ 🍣🐟
ရန်ကုန်မှာ Sushi 🍣 & Sashimi အကောင်းဆုံးညွှန်းပါဆိုရင်
၁။ Shiki-Tei - သူက Park Royal ဒုတိယထပ်က ဂျပန်ဆိုင်လေး သူ့ဆိုင်မှာ ဂျပန်တွေတော်တော်များများထိုင်ကြတယ် သူ့ဆိုင်မှာ Sashimi စား Temperature ထိန်းတာမှန်တယ်
၂။ Sushi Tei - ဒီအချိန်ထိ QC နဲ့ အရသာအထိန်းနိုင်ဆုံးဆိုရသ် Sushi Tei က တစ်ကယ်ကောင်းတယ် စင်ကာာပူမှာတော့ နာမည်ကြီး Franchise Chain ပဲ ရန်ကုန်မှာတော့ ဆိုင်ခွဲတစ်ခုဖွင့်ပြှီး ပြန်ပိတ်သွားတယ် သူ့ဆိုင်က ဓမ္မစေတီလမ်းမှာ စျေးမကြည့်ပဲ အရသာကြည့်တယ်ဆို Sushi Tei က ရွေးချယ်သင့်ဆုံးဆိုင်ပါ
၃။ Bikkuri sushi - သူ့ဆိုင်မှာက Lobester Sashimi နဲ့နာမည်ကြီးတယ် ကန်တော်ကြီး ပတ်လမ်း The Round House နဲ့မျက်နှာချင်းဆိုင်မှာ အခုအချိန်တော့ Lobester စျေးကြီးမယ် August လောက်ဆို စျေးသက်သာတယ် ဖုန်းလေးအရင်ကြိုဆက်ပြီးမှာရတယ်
+95 95021876
Ramen 🍜
Chef တွေနဲ့ရော restaurateur တွေနဲ့ရောဆွေးနွေးဖူးတယ် သူတို့အပြောအရတော့ မြန်မာမှာ ခေါက်ဆွဲ Ramen မပေါက်တာဟာ ကြေးအိုးက ထိပ်ကပိတ်နေလို့တဲ့ အဲ့ဒါလဲတစ်ကြောင်းနောက်တစ်ကြောင်းက ခေါက်ဆွဲတစ်ပွဲရဲ့စျေး ၃ သောင်းလောက်ရောင်းရင် Market Size ကသေးသွားမှာ ကြောင့်ဖြစ်မယ်
၁။ Shin Chan Japanese - အလုံထဲက အိမ်ဆိုင်လေး သစ်တောလမ်းနဲ့နီးတယ် သူ့ဆိုင်က Ramen ကောင်းတယ်
၂။ HORN Japanese Restaurant- ဒီဆိုင်က ရှာရနည်းနည်းခက်တယ် ခြံထဲမှာပဲဖွင့်ထားတာ လာစားတဲ့ ကားတွေအကုန် ကားအမြင့်တွေများတယ် သူ့ဆိုင်က စျေးမကြီးဘူး HORN Signature Ramen 🍜 တော်တော်စားကောင်းတယ်
Google Map - https://maps.app.goo.gl/yTz5FybFY38b8fsJ7?g_st=ic
၃။ Yokozuna - မြို့ထဲမဟာဗန္ဓုလလမ်း နဲ့ ဗိုလ်မြတ်ထွန်ာထောင့်က ဒီဆိုင်လေး Ramen 🍜 ကောင်းတယ်
Yakiniku
၁။ Yamato Yakiniku & Izakaya - သူ့ဆိုင်လေးက သဃ်န်းကျွန်းနဲ့ ၃၃ လမ်းမှာလားမသိ ၂ ခုရှိတယ် Waygu အထိရတယ် စားရတာ တစ်ကယ်အရသာရှိတယ် စျေးအရမ်းမကြီးဘူး
၂။ Hana japanese yakitori restaurant and beauty spa - ရန်ကင်း ကန်ဘဲ့လမ်းက ဒီဆိုင်လေးကလဲ charcoal grill စားကောင်းတယ်
Tonkatsu
Tonkatsu ဆိုတာမြန်မာလို အလွယ်ပြောရရင်တော့”ဝက်သားအသားထူထူကို ပေါင်မုန့်မှုန့်ကပ်ပြီး ကြော်ထားတဲ့ Premium Schnitzel လိုမျိုး”
ဒါပေမယ့် German Schnitzel နဲ့မတူတာက Panko Breadcrumb သုံးထားလို့ အပြင်သားက ပိုကြွပ်ပြီး အတွင်းက Juicy ဖြစ်တယ်။
၁။ Tonkatsu - ဒီဆိုင်လေးက စံရိပ်ငြိမ်အကျော်နားမှာရှိတာ လူသိပ်မသိသေးဘူး သူ့ဆိုင်က Japanese Style အစစ်ပဲ ဝက်သားပြားကြော်ကြိုက်တယ်ဆို ဒီဆိုင်လေးက Recommended ပါ
၂။ Hokkaido Japanese Restaurant - ဒီဆိုင်လေးက Golden Hill Tower ပထမထပ်မှာရတယ် အရသာကောင်းတယ် မြန်မာ တော်တော်များများမသိဘူး အခန်း ၃ ခန်းပဲဖွင့်တယ် လက်ရှိ Renovation လုပ်နေလို့
Teppebyaki
🔥 Teppanyaki ဆိုတာ ဂျပန်စတိုင် သံပြားပူကြီး (Iron Griddle) ပေါ်မှာ အစားအစာတွေကို Customer ရှေ့တင်ပြီး ချက်ပြုတ်ပြတဲ့ Dining Style ပါ။
၁။ 38 EKI - 38 Station ဆိုင်က ပိုင်ရှင်အကိုနဲ့ခင်တယ် အဲ့အကိုက အလုပ်အပေါ်မှာ အရမ်း Passionate အရမ်းဖြစ်တယ် သူပြောပြတာ အကို ကျွန်တော် တိုင်လည်နေတာအကြာကြီး တဲ့ သူ့ရဲ့ အဓိကက Sauce လေ သူ့ Sauce ကအရမ်းကောင်းတယ် တောင်ဥက္ကလာဆိုင်ထိုင်တာများတယ် နောက်ပိုင်း SOTS ရောက်လာပြီး ကားရပ်ရတာ ဂယက်မို့ မထိုင်ဖြစ်တော့ဘူး
၂။ CHO - CHO က အရင်လို မဟုတ်တော့ဘူး သိပ်မကြိုက်တော့ဘူး Preminum Dining စားနေတယ်လို့မခံစားရတော့တာ ဒါမယ့်သူ့စျေးနဲ့သူ Teppanyaki စားမယ်ဆိုရင်တော့ တန်နေတုန်းပဲ
🥩 Hamburg Steak (Hambāgu)
Hamburg Steak (Hambāgu) ဆိုတာ ဂျပန်စတိုင် Minced Beef Patty ပါ။ နာမည်က Hamburger နဲ့ဆင်ပေမယ့် Burger Bun ထဲမထည့်ဘူး။
အသားကြိတ် (Beef / Beef+Pork Mix) ကို Patty လုပ်ပြီး Pan Fry သို့မဟုတ် Grill လုပ်ကာ Sauce နဲ့စားတာပါ။
၁။ 38 Family - ရန်ကုန်မှာ သူ့တစ်ဆိုင်ပဲရှိတယ် အရသာကောင်းတယ် ဒါမယ့် ဘာလိုလဲမသိရင်ထဲ အရမ်းတော့မထိဘူး ရှင်စောပုလမ်းမှာသူ့ဆိုင်က
🍲 Sukiyaki
🍲 Sukiyaki ဆိုတာ ဂျပန်ရဲ့ နာမည်ကြီး Hot Pot / Nabemono တစ်မျိုးပါ။ သူက Shabu Shabu လိုမဟုတ်ပဲ ကြက်ဥထည့်စားရတာမျိုးပါ
၁။ HORN Japanese Restaurant- သူက ဂျပန်မီနူးဆိုပြီးဖွက်ထားတယ် တောင်းကြည့်မှပြတယ် မြန်မာတွေလဲစားနိုင်ပါတယ်အမရယ်တစ်ပွဲမှ ၁ သိန်းပဲရယ်လို့ပြောရတယ်
၂။ CHO - Cho မှာလဲရတယ်အရမ်းတော့မကြိုက်ဘူး
တစ်ခြားစားကောင်းတဲ့ဆိုင်လေးတွေသိရင်ပြောပြပေးကြပါဦး