29/07/2026
သန့် နွားနို့ဆိုင်မှာ နွားနို့တစ်ခွက်နဲ့ အလိုက်ဖက်ဆုံး ဖြစ်တဲ့ မုန့်ခြောက်လေးတွေ တခါထဲဝယ်ယူလို့ရနေပြီဆိုတာသိပြီးကြပြီလားရှင့်❓
🥛နို့အေးလေးနဲ့ပဲသောက်သောက်၊ နွားနို့ပူပူလေးတစ်ခွက်နဲ့ပဲတွဲစားစား အရသာရော၊ အရွယ်အစား portion size ပါ လုံးဝကွက်တိဖြစ်စေမယ့် ဆိုင်မှာကိုယ်တိုင် လတ်လတ်ဆတ်ဆတ်ဖုတ်ထားတဲ့ homemade မုန့်အသစ်လေးတွေကို မိတ်ဆက်ပေးပါရစေ!
အချိုမလွန်ကဲဘဲ စိမ့်စိမ့်လေးနဲ့ မွှေးပျံ့နေမယ့် Crispy Bakes Series ထဲမှာ ပထမဆုံးရရှိနိုင်မယ့် မုန့်အမျိုးအစား (၄) ခုကတော့
🧈 Butter Cookies - ထောပတ်အနံ့မွှေးမွှေးလေးနဲ့ ကြွပ်ကြွပ်လေးစားချင်တဲ့ သူတွေအတွက် ကွတ်ကီးစိမ့်စိမ့်လေး
🍫 Chocolate Cookies - ကိုးကိုးအနံ့သင်းသင်းလေးနဲ့ ချောကလက်ချစ်သူတွေအတွက် ခါးစိမ့်တဲ့ ကွတ်ကီးလေး
🧈 Butter Cake Rusk - အချိုးအစားကျကျ လှီးဖြတ်ထားပြီး ကြွပ်ကြွပ်မွှေးမွှေးလေးနဲ့ အစိမ့်အရသာ ထောပတ်ကိတ်ခြောက်
🍫 Chocolate Cake Rusk - ကိုးကိုးမှုန့် အရသာကောင်းကောင်းလေးနဲ့ ကြွပ်ရွနေတဲ့ ချောကလက်ကိတ်ခြောက်
💡 ဘာလို့ သန့်နွားနို့စစ်စစ် ရဲ့ ဒီမုန့်လေးတွေကို ရွေးချယ်သင့်တာလဲ?
✅ Quality First: အသုံးပြုထားတဲ့ ထောပတ်၊ ဂျုံ၊ ကြက်ဥ နဲ့ Cocoa Powder အစရှိတဲ့ ပါဝင်ပစ္စည်းတွေကို အကောင်းလိုင်းတွေပဲ သုံးပေးထားလို့ အရသာနဲ့ အရည်အသွေးကို လုံးဝ မလျော့သွားစေရပါဘူး။
✅ Super Affordable: ဒီလို Quality ကောင်းကောင်းကို အရသာရှိရှိနဲ့ တစ်ထုပ်မှ ၃,၀၀၀ ကျပ် တည်းနဲ့ ဝယ်ယူနိုင်မှာပါ။
✅ Long Shelf Life: အစိုဓာတ်မပါဘဲ အဆင့်ဆင့် သေချာဖုတ်ထားပြီး လေလုံအောင် စနစ်တကျ ထုတ်ပိုးထားတဲ့ မုန့်ခြောက်လေးတွေမို့ တာရှည်ခံဆေးမပါဘဲ လရှည်အထားခံပြီး ကြွပ်ကြွပ်မွှေးမွှေးလေးနဲ့ စားလို့ကောင်းစေမှာပါ။
✅ Perfect Portion: နွားနို့တစ်ခွက်သောက်ရင်း တစ်ယောက်တည်းစားဖို့ size လေးတွေ ဂရမ်အလိုက် ကွက်တိထုပ်ပိုးထားတာမို့ အလေအလွင့်မရှိဘဲ အထုပ်တိုင်းလတ်လတ်ဆတ်ဆတ် သုံးဆောင်နိုင်ပါတယ်။