28/08/2026
( English Version Below)
Grand Royal Group International (GRGI) သည် ပဲခူးတိုင်းဒေသကြီးကို ကိုယ်စားပြုသည့် Hantharwady United Football Club (HUFC) အား ဆယ်စုနှစ်တစ်ခုကျော်ကြာ စဉ်ဆက်မပြတ် ပံ့ပိုးလျက်ရှိပြီး၊ လူငယ်များ၏ ဘောလုံးအရည်အချင်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြန်မာ့ဘောလုံးလောက ရေရှည်တိုးတက်ရေးတို့ကို အားဖြည့်ပံ့ပိုးလျက် ရှိပါသည်။
ယင်းသည် GRGI ၏ အဓိကစံထားရသော မဏ္ဍိုင်များ (Core Values) အနက်မှ တစ်ခုဖြစ်သည့် “စံနှုန်းတန်ဖိုးများသတ်မှတ်ခြင်း” (Create Value) နှင့်အညီ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ မိခင်ကုမ္ပဏီ ThaiBev ၏ “Building People through Sports, Creating Value through Sportsmanship” အတွေးအခေါ်ကိုလည်း ထင်ဟပ်စေပါသည်။
မြန်မာ့ပရော်ဖက်ရှင်နယ် ဘောလုံးလောက၏ အစောဆုံးကလပ်အသင်းများအနက်မှ တစ်သင်းဖြစ်သည့် HUFC ကို ၂၀၀၉ ခုနှစ်တွင် ‘Okktha United’ (ဥဿာယူနိုက်တက်)အမည်ဖြင့် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ပဲခူးဒေသ၏ သမိုင်းဝင် အမွေအနှစ်နှင့် အမှတ်အသားကို ထင်ဟပ်စေရန် ‘Hantharwady United’ (ဟံသာဝတီ ယူနိုက်တက်) ဟု အမည်ပြောင်းလဲခဲ့ပါသည်။
ထို့အပြင် HUFC သည် M LEAGUE (ယခင်က Myanmar National League - MNL) ကို ကနဦးစတင်တည်ထောင်ခဲ့သည့် ကလပ်အသင်းများအနက်မှ တစ်သင်းလည်းဖြစ်ပြီး မြန်မာ့ပရော်ဖက်ရှင်နယ် ဘောလုံးလောက၏ ခရီးစဉ်တွင် အစဉ်တစိုက် ပါဝင်လျက်ရှိပါသည်။ HUFC မှ မွေးထုတ်ပေးခဲ့သော ကစားသမားများအနက် နိုင်ငံ့လက်ရွေးစင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သူများစွာရှိပြီး၊ လက်ရှိတွင်လည်း နေလင်းထက် (National Senior Team) နှင့် ကောင်းခန့်ကျော် (U-19 National Team) တို့က နိုင်ငံကိုယ်စားပြု ကစားလျက်ရှိပါသည်။
GRGI အနေဖြင့် အားကစားကို လူငယ်များ၏ အနာဂတ်အတွက် အခွင့်အလမ်းတစ်ရပ်၊ ဒေသခံအသိုင်းအဝိုင်းများအတွက် ဂုဏ်ယူမှုတစ်ရပ်နှင့် မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုတစ်ရပ်အဖြစ် ယုံကြည်ပြီး ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ပါသည်။
ပိုမိုလေ့လာရန် : https://www.grandroyal-group.com/
Grand Royal Group International (GRGI) has been continuously supporting Hantharwady United Football Club (HUFC), which represents the Bago Region, for more than a decade, contributing to the development of young people’s football skills and supporting the long-term development of Myanmar football.
This commitment reflects one of GRGI’s core values, “Create Value " and embodies the philosophy of its parent company, ThaiBev, “Building People through Sports, Creating Value through Sportsmanship.”
Established in 2009 as ‘Okktha United’ and renamed ‘Hantharwady United’ in 2012 to reflect the historical heritage and identity of the Bago Region, HUFC is one of the pioneering clubs in Myanmar's professional football landscape.
Moreover, among the founding clubs that began the journey of today's M LEAGUE (formerly Myanmar National League), HUFC has played an important role in nurturing local football talent and creating opportunities for young athletes. Many players developed through the club have progressed to the national level, including Nay Lin Htet of the Myanmar Senior National Team and Kaung Khant Kyaw of the Myanmar U-19 National Team.
GRGI believes that sport is an opportunity for the future of young people, a source of pride for local communities and a valuable investment in the development of Myanmar football and will continue implementing this commitment.
Website - https://www.grandroyal-group.com/