Tarot by Nay Chi Linn Latt

Tarot by Nay Chi Linn Latt 🔮 အချစ်ရေး၊ ငွေကြေး၊ အလုပ်အကိုင်...

🕊️ သင့် အစောင့်အရှောက်များ ရဲ့ လမ်းညွှန်ချက်။

🕯️ ဝိဉာဏ်ရေးရာ။

​💬 Page CB

t.me/tarotnaychi

📱 Viber: 09789297927

2026 Octoberအတွက် ငွေကြေး လာဘ်ရွှင်💰🍀Lucky Wallpaper🍀💰 #ငွေကြေးwallpaper
01/10/2026

2026 Octoberအတွက် ငွေကြေး လာဘ်ရွှင်

💰🍀Lucky Wallpaper🍀💰

#ငွေကြေးwallpaper

2026 ၊ စက်တင်ဘာလအတွက်  #လာဘ်ရွှင်
03/09/2026

2026 ၊ စက်တင်ဘာလအတွက် #လာဘ်ရွှင်


🍀💰ငွေဝင် လာဘ်ရွှင် Ph Wallpaper💰🍀2026 , August လအတွက်✅
30/07/2026

🍀💰ငွေဝင် လာဘ်ရွှင် Ph Wallpaper💰🍀

2026 , August လအတွက်✅


မျှော်လင့်နေတဲ့ သူ ပြန်လာစေဖို့...💕Ex come back Wallpaper 💕
28/06/2026

မျှော်လင့်နေတဲ့ သူ ပြန်လာစေဖို့...

💕Ex come back Wallpaper 💕




26/06/2026

🍀💰လက်ရှိ ကြုံနေရတဲ့ ငွေကြေးကျပ်တည်းမှုတွေ ဘယ်တော့ ပြီးဆုံးမလဲ..?

#ငွေကြေး

ယနေ့ ၂၆.၆.၂၀၂၆ (သောကြာနေ့)အတွက်💰ငွေကြေးဝင်လာမည်ဟု သေချာပေါက် မျှော်လင့်ထားသော ငွေကြေးများ၊ အကြွေးများ ရက်ရွှေ့သွားတတ်သည်...
26/06/2026

ယနေ့ ၂၆.၆.၂၀၂၆ (သောကြာနေ့)အတွက်

💰ငွေကြေး
ဝင်လာမည်ဟု သေချာပေါက် မျှော်လင့်ထားသော ငွေကြေးများ၊ အကြွေးများ ရက်ရွှေ့သွားတတ်သည်။
အဝေးနှင့် ပတ်သက်သော ငွေကြေး ရင်းနှီးမြှုပ်နှံမှုများ ၊ online မှ ရှယ်ယာထည့်ဝင်ခြင်းမျိုးကို ယနေ့တွင် ခေတ္တဆိုင်းငံ့ထားသင့်သည်။ ငွေအဝင်ထက် အထွက် ပိုများနေမည့် နေ့ရက်ဖြစ်သည်။

🍀အလုပ်အကိုင်
နိုင်ငံခြား ၊ မြို့ခြား နယ်ခြားနှင့် ချိတ်ဆက်လုပ်ကိုင်နေသော လုပ်ငန်းများတွင် အဆက်အသွယ် ပြတ်တောက်ခြင်း ၊ကုန်စည် ကြန့်ကြာမှုများ ကြုံရတတ်သည်။

🍀ကျမ်းမာရေး
အကြာကြီး မတ်တတ်မရပ်နိုင်ခြင်း ၊ ခြေထောက်နာခြင်း၊ ခါးနှင့် နောက်ကျောအောင့်ခြင်း
များ ခံစားရတတ်သည်။

🍀ပညာရေး
အာရုံစူးစိုက်မှု လျော့နည်းခြင်း။
သင်တန်းတက်ရန် အစီအစဉ်များ ရွှေ့ဆိုင်းရခြင်း ဖြစ်တတ်သည်။

💖 အချစ်ရေး
အဝေးရောက်ချစ်သူများ (LDRS) အချစ်ရေးများ နားလည်မှုလွဲခြင်း၊ တစ်ယောက်ကိုတစ်ယောက် သံသယဝင်ခြင်း ၊ အဆက်အသွယ် နာရီပိုင်း ပြတ်တောက်မှုကြောင့် စိတ်ကောက်ရတတ်သည်။

Single များ မိမိစိတ်ဝင်စားနေသူထံမှ တုံ့ပြန်မှု ချက်ချင်းမရနိုင်သေးဘဲ အချိန်တစ်ခု စောင့်ဆိုင်းရဦးမည့် အခြေအနေဖြစ်သည်။

🍀ယတြာ
ယနေ့တွင် လမ်းခရီး အဆင်ပြေချောမွေ့စေရန်နှင့် အစီအစဉ်များ ပွင့်လန်းသွားစေရန် -
လမ်းသွားလမ်းလာများ၊ လမ်းဘေးက တိရစ္ဆာန်လေးများ ၊ ရေဆာနေသူများကို သောက်ရေသန့် (သို့မဟုတ်) အအေးတစ်ခွက် ဒါနပြု လှူဒါန်းပေးပါ။

အိမ်ဘုရားတွင် အမွှေးတိုင် ၃တိုင်ကို ကပ်လှူပြီး လုပ်ငန်းဆောင်တာများ အဆင်ပြေပါစေကြောင်း ဆုတောင်းပါ။

ယနေ့အတွက် အဝါရောင် ၊ ရွှေရောင် ဆောင်ပါ။

24/06/2026

သတင်းအစအန ပျောက်နေတဲ့သူက သင့်ကို အခုချိန်မှာ ဘာတွေ ပြောချင်နေမလဲ?

ယနေ့ ၂၂.၆.၂၀၂၆ (တနင်္လာနေ့) အများအတွက် General အဟောငွေကြေး ငွေကြေးနဲ့ ပတ်သက်ပြီး မက်လုံးတွေ ကြားရနိုင်ပေမယ့် ချက်ချင်းဇွ...
22/06/2026

ယနေ့ ၂၂.၆.၂၀၂၆ (တနင်္လာနေ့) အများအတွက် General အဟော

ငွေကြေး
ငွေကြေးနဲ့ ပတ်သက်ပြီး မက်လုံးတွေ ကြားရနိုင်ပေမယ့် ချက်ချင်းဇွတ်မဆုံးဖြတ်ပါနဲ့။ လောလောဆယ် ငွေအဝင် နှောင့်နှေးနေတတ်ပါတယ်။ ရစရာရှိရင် တစ်ဖက်လူက ကတိ ပျက်တတ်ပါတယ်။

အလုပ်အကိုင်
အကြံသစ်တွေ ထွက်ပေမယ့် လက်တွေ့လုပ်ဖို့ မလုံလောက်သေးတဲ့ အခြေအနေမျိုး ဖြစ်တတ်ပါတယ်။ လုပ်ငန်းခွင်မှာ စကားအပြောအဆို ဆင်ခြင်ရမယ့် နေ့ပါ။

ပညာရေး
အာရုံစူးစိုက်မှု အားနည်းနေတတ်ပြီး ပျင်းရိစိတ် ကြီးစိုးနေမယ့် နေ့မျိုးပါ။

ကျန်းမာရေး
နှုံးခြင်း၊ ခြေကုန်လက်ပန်းကျခြင်းနှင့် ကိုယ်လက်မအီမသာဖြစ်ခြင်းတို့ ခံစားရတတ်ပါတယ်။ အပူလောင်ခြင်း ၊ ညှော်မိခြင်း၊ ကြွက်သားနာခြင်း ဖြစ်တတ်ပါတယ်။

အချစ်ရေး
Single များ ကိုယ့်အပေါ် Play ချင်တဲ့သူမျိုးနှင့် ကြုံရတတ်လို့ သတိထားပါ။
RSများ အချင်းချင်း နားလည်မှုလွဲခြင်း၊ တစ်ဖက်လူက ကတိမတည်ခြင်း၊ အသေးအဖွဲကိစ္စဖြင့် စိတ်ကောက် စိတ်ကွက်ရတတ်ပါတယ်။ စကားအချေအတင် ပြောဆိုခြင်းကို ရှောင်ကြဉ်ပါ။

ယတြာ
ခြေအိတ်၊ ဦးထုပ်၊ ခြုံထည် လှူဒါန်းနိုင်ပါတယ်

ယနေ့တွင် အဝါရောင်၊ လိမ္မော်ရောင် ဝတ်ဆင်ပါ။

၄.၆.၂၀၀၆ (ကြာသပတေးနေ့) အတွက်ငွေကြေးနှင့် အလုပ်အကိုင်ယခင်က တန့်‌နေတဲ့ အလုပ်ဟောင်းတွေ၊ အဆက်အသွယ်ဟောင်းတွေကနေ အခွင့်အလမ်း၊ ...
04/06/2026

၄.၆.၂၀၀၆ (ကြာသပတေးနေ့) အတွက်

ငွေကြေးနှင့် အလုပ်အကိုင်
ယခင်က တန့်‌နေတဲ့ အလုပ်ဟောင်းတွေ၊ အဆက်အသွယ်ဟောင်းတွေကနေ အခွင့်အလမ်း၊ အကူအညီကောင်းတွေ ပြန်လည်ရရှိတတ်ပါတယ်။

ရစရာရှိပြီး မရဘဲ ကြန့်ကြာနေတဲ့ ကြွေးဟောင်း၊ ငွေဟောင်းများ ပြန်ဝင်လာတတ်ပါတယ်။ မိသားစု သို့မဟုတ် ငယ်သူငယ်ချင်းများထံမှ လက်ဆောင် သို့မဟုတ် ငွေကြေးပံ့ပိုးမှု ရရှိနိုင်ပါတယ်။

မိသားစုဝင်တွေ၊ ဆွေးမျိုးသားချင်းတွေနဲ့ စည်းစည်းလုံးလုံး နွေးနွေးထွေးထွေး ရှိနေမယ့် အချိန်ဖြစ်ပါတယ်။ ကလေးသူငယ်များနှင့်ပတ်သက်ပြီး ပျော်ရွှင်စရာ ကြားရတတ်ပါတယ်။

မိတ်ဆွေဟောင်း၊ သူငယ်ချင်းဟောင်းတွေဆီက သတင်းစကား ကြားရခြင်း သို့မဟုတ် ပြန်လည်ဆုံတွေ့ရခြင်းမျိုး ကြုံရတတ်ပါတယ်။

ကျန်းမာရေး
ခါးနာတတ်ပါတယ်။ အလေးအပင် မ တာ၊ ကုန်းရုန်းအလုပ်လုပ်တာမျိုး ရှောင်ပါ။ ခြေထောက်နှင့် ဒူးဆစ်ပိုင်း အနည်းငယ် အကြောတင်းခြင်းမျိုး ‌ညောင်းကိုက်တာမျိုး ဖြစ်တတ်ပါတယ်။
ငယ်စဉ်က ဖြစ်လေ့ဖြစ်ထရှိသော ရောဂါဟောင်း (ဥပမာ- အစာမကြေခြင်း) အနည်းငယ် ပြန်ပေါ်တတ်ပါတယ်။

အချစ်ရေး
Ex ထံမှ အဆက်အသွယ် ပြန်လာတတ်ခြင်း ၊ ငယ်ချစ်နဲ့ ပြန်ဆုံတတ်ခြင်း။

ပညာရေး
ယခင်က နားမလည်ခဲ့တဲ့ သင်ခန်းစာဟောင်းတွေကို ပြန်လည်လေ့လာရင် အလွယ်တကူ သဘောပေါက်မှတ်မိလွယ်ပါမယ်။
ဆရာသမားဟောင်းများ၊ စီနီယာများထံမှ ပညာရေးဆိုင်ရာ လမ်းညွှန်မှုကောင်းများ ရရှိတတ်ပါတယ်။

ယတြာ
ယနေ့တွင် အဖြူရောင်ပန်းကို ဖန်ခွက် သို့မဟုတ် ပန်းအိုးတွင် ထည့်၍ မိမိအိမ်ရှိ ဘုရားတွင် ကပ်လှူပူဇော်ပါ။
ငယ်သူငယ်ချင်း သို့မဟုတ် ကလေးငယ်များကို မုန့်ဝယ်ကျွေးခြင်းပြုလုပ်ပါ။

ယနေ့အတွက် အဝါရောင်၊ အဖြူရောင် ၊ အပြာနုရောင် ဝတ်ဆင်ပါ။


၃၁.၅.၂၀၂၆ (တနင်္ဂနွေနေ့) အတွက်ဒီနေ့က Emotion ကို ထိန်းချုပ်ရခက်ခဲနေမယ့် နေ့တစ်နေ့ ဖြစ်ပါတယ်။ ဝမ်းနည်းလွယ်နေတာ၊ ပတ်ဝန်းကျ...
31/05/2026

၃၁.၅.၂၀၂၆ (တနင်္ဂနွေနေ့) အတွက်

ဒီနေ့က Emotion ကို ထိန်းချုပ်ရခက်ခဲနေမယ့် နေ့တစ်နေ့ ဖြစ်ပါတယ်။ ဝမ်းနည်းလွယ်နေတာ၊ ပတ်ဝန်းကျင်က လူတွေရဲ့ Negative Energy တွေ ကိုယ့်အပေါ် ရိုက်ခတ်တာမျိုး ကြုံရတတ်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှု နည်းနေတတ်ပြီး သူတစ်ပါးအပေါ် မှီခိုချင်စိတ် ပိုများနေတတ့်မယ် အချိန် ဖြစ်ပါတယ်။

စိတ်လှုပ်ရှားစရာ၊ စိတ်တိုစရာ ကြုံလာရင် ချက်ချင်း တုံ့ပြန်တာမျိုးမလုပ်ပဲ စိတ်ကို အရင်ဆုံး တည်ငြိမ်အောင် ထိန်းပါ။

ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပါ။

သူတစ်ပါးရဲ့ ပြဿနာတွေ၊ စိတ်ညစ်စရာတွေကို လိုက်ခံစားပေးနေတာမျိုး လျှော့ပြီး ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို ပထမဦးစားပေး ထားရပါမယ်။

ဒီနေ့မှာ စိတ်ခံစားချက်အပေါ် အခြေခံပြီး ဆုံးဖြတ်ချက်မချပါနဲ့ နောင်တရတတ်ပါတယ်

သူတစ်ပါးအပေါ် မျှော်လင့်ချက် မကြီးပါနဲ့၊ ငါသူ့အပေါ် ကောင်းသလောက် သူငါ့အပေါ် ပြန်မကောင်းဘူး ဆိုတဲ့ စိတ်မျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ဒဏ်ရာ မပေးပါနဲ့။

ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်တာ သို့မဟုတ် ရေဓာတ်မမျှတတာမျိုး ဖြစ်တတ်ပါတယ်။ ရေ များများသောက်ပါ။

စိတ်ကြောင့် ရင်ဘတ်အောင့်တာ၊ နှလုံးတုန်တာ၊ အိပ်မပျော်တာနဲ့ ခေါင်းကိုက်ခေါင်းအုံတာမျိုး ဖြစ်နိုင်ပါတယ်။

အမျိုးသမီးများ ဖြစ်ပါက မီးယပ်သွေးသား မမှန်ခြင်း၊ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်တိုလွယ်ခြင်းမျိုး ကြုံရတတ်ပါတယ်။

စိတ်ပူပန်မှုလွန်ကဲခြင်းကြောင့် အစာမကြေတာ၊ လေပွတာမျိုး ဖြစ်တတ်လို့ အစားအသောက် ဂရုစိုက်ပါ။

⛩️ ယတြာ
ဘုရားရှင်အား သောက်တော်ရေ အေးအေးလေးတစ်ခွက် လှူဒါန်းပါ။
သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး (သို့မဟုတ်) မိခင်ဖြစ်သူကို စိတ်ချမ်းသာအောင် စကားချိုချိုပြောခြင်း၊ မုန့် သို့မဟုတ် အာဟာရဖြစ်စေမယ့် အရည် ဥပမာ- နွားနို့၊ ဖျော်ရည် လှူဒါန်းခြင်းဖြင့် ကံဇာတာ အညံ့များ ကြေပျက်စေနိုင်ပါတယ်။

🍀 ဒီနေ့မှာ စိတ်ကို လန်းဆန်းတည်ငြိမ်စေမယ့် အဖြူရောင် သို့မဟုတ် ဖျော့တော့သော သဘာဝအရောင်များ ကို ရွေးချယ်ဝတ်ဆင်ပါ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Tarot by Nay Chi Linn Latt posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share