05/10/2026
🍳 Japanese Soft Tofu Chawanmushi 🍄
နူးညံ့ပြီး အရမ်းစားကောင်းတဲ့ Japanese-style steamed egg လေးပါ 🤍
ပါဝင်ပစ္စည်းများ
• Japanese soft tofu ၂ ချောင်း
• ကြက်ဥ ၂ လုံး
• မှို အနည်းငယ်
• ဆား၊ ကြက်သားမှုန့် အနည်းငယ်
• ပဲငံပြာရည်အကြည် အနည်းငယ်
ပြုလုပ်နည်း
Tofu ကို ပန်းကန်ထဲထည့်ပြီး မှိုလေးတွေ ဖြန့်ထည့်ပါ.. ကြက်ဥ ၂ လုံးကို ဖောက်ပြီး ခေါက်ပါ.. ရေ 1.5 ဆ ရေနွေးထည့်ပါ.. ကြက်သားမှုန့် နဲ့ ဆားအနည်းငယ်၊ ပဲငံပြည်ရည်အကြည် အနည်းငယ်ထည့်.. ရောမွှေကာ tofu ပေါ်လောင်းထည့်ပါ.. အပေါ်မှ အမြှုတ်လေးတွေကို ခပ်ထုတ်လိုက်ပါ..
အဖုံးအုပ်ပြီး မီးအေးအေးနဲ့ 12–15 မိနစ်ခန့် steam လုပ်ပါ။ အတွင်းသား နူးညံ့ပြီး အရည်မကျန်တော့ရင် ရပါပြီ 😋
✨ Soft, silky & protein-rich Japanese comfort food! 🇯🇵🤍