Su Suan Niang

Su Suan Niang God is Good

ရင်တုန်နေရတဲ့အရွယ်ရောက်နေပါလားဆိုတာ သိလိုက်ရသောအခါ🤣
03/08/2026

ရင်တုန်နေရတဲ့အရွယ်ရောက်နေပါလားဆိုတာ သိလိုက်ရသောအခါ🤣

လူနေမှုအဆင့်အတန်းဆိုတာကို ဘာနဲ့တိုင်းတာကြမလဲ...တိုက်အိမ်ကြီးနဲ့ နေနိုင်တာလား...ကားကောင်းကောင်း စီးနိုင်တာနဲ့လား...ဈေးကြီ...
03/08/2026

လူနေမှုအဆင့်အတန်းဆိုတာကို ဘာနဲ့တိုင်းတာကြမလဲ...

တိုက်အိမ်ကြီးနဲ့ နေနိုင်တာလား...
ကားကောင်းကောင်း စီးနိုင်တာနဲ့လား...
ဈေးကြီးတဲ့ ပရိဘောဂတွေ၊ အသုံးအဆောင်တွေ ဝယ်သုံးနိုင်တာနဲ့လား...
ဒါတွေက လူတစ်ယောက်ရဲ့ စီးပွားရေးအခြေအနေကို ပြနိုင်ပါတယ်။ ဒါပေမဲ့ လူနေမှုအဆင့်အတန်းကိုတော့ အပြည့်အဝ မပြနိုင်သေးဘူးလို့ ထင်ပါတယ်။

ကျွန်မအမြင်မှာ လူနေမှုအဆင့်အတန်းဆိုတာ ကိုယ်ဘယ်လောက်ပိုင်ဆိုင်ထားလဲဆိုတာထက်၊ ကိုယ်ဘယ်လိုနေထိုင်သလဲဆိုတာနဲ့ ပိုဆိုင်ပါတယ်။

အိမ်ကြီးတစ်လုံးမှာနေပြီး
ရှုပ်ရှုပ်ပွပွ၊ စည်းကမ်းမရှိ၊ ကိုယ်သုံးပြီးတာကို ကိုယ်မသိမ်း၊ အများပိုင်နေရာ နဲ့ ပတ်ဝန်းကျင်မှာလည်း စည်းမရှိကမ်းမရှိ နေထိုင်ပြုမူနေမယ်ဆိုရင်... အဲဒီတိုက်အိမ်ကြီးက လူနေမှုအဆင့်အတန်းကို သက်သေမပြနိုင်ပါဘူး။

အဲ့လိုပဲ ထရံကပ်အိမ်လေးမှာ နေရပေမယ့် သန့်ရှင်းသပ်ရပ်အောင် နေတယ်။ ပစ္စည်းတွေကို သူ့နေရာနဲ့သူ ထားတယ်။ ကိုယ်တိုင်လည်း စည်းကမ်းရှိတယ်။ သူတစ်ပါးကိုလည်း လေးစားတယ်။ ပတ်ဝန်းကျင်ကိုလည်း မထိခိုက်အောင် နေတတ်တယ်ဆိုရင်...
အဲဒီလူရဲ့ လူနေမှုအဆင့်အတန်းက မြင့်နေပြီလို့ ကျွန်မတော့ ယုံကြည်ပါတယ်။

ငွေကြေးက ဘဝကို အဆင်ပြေအောင် ကူညီပေးနိုင်တယ်။
ဒါပေမဲ့ စည်းကမ်း၊ ယဉ်ကျေးမှု၊ တာဝန်ယူစိတ်၊ သန့်ရှင်းသပ်ရပ်စွာ နေတတ်တဲ့အလေ့အကျင့်တွေကတော့ ငွေနဲ့ ဝယ်ယူလို့မရတဲ့ အဆင့်အတန်းတွေပါ။

လူတစ်ယောက်ကို ကြည့်တဲ့အခါ...
သူ ဘာတွေ ပိုင်ဆိုင်ထားသလဲဆိုတာထက်၊
သူ ဘယ်လိုနေထိုင်ပြီး ဘယ်လိုပြုမူသလဲဆိုတာကို ကြည့်ရင် သူ့ရဲ့ အဆင့်အတန်းကို ပိုမြင်ရမယ်လို့ ကျွန်မ ထင်ပါတယ်။

ဒါက ကျွန်မရဲ့ အမြင်သက်သက်ပါ။
အခြားသူတွေအတွက်တော့ လူနေမှုအဆင့်အတန်းကို တိုင်းတာတဲ့ စံနှုန်းက ကွာခြားနိုင်ပါတယ်။
"သင်ရော... လူနေမှုအဆင့်အတန်းဆိုတာကို ဘာနဲ့တိုင်းတာပါသည်

ဆိတ် ဒ -ဏ် ရာ ရအောင်မလုပ်ပါနဲ့😄
03/08/2026

ဆိတ် ဒ -ဏ် ရာ ရအောင်မလုပ်ပါနဲ့😄

01/08/2026
28/07/2026

Address

Hmawbi
Yangon

Telephone

+959777078836

Website

Alerts

Be the first to know and let us send you an email when Su Suan Niang posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Su Suan Niang:

Shortcuts

Share

Category