22/12/2024
ကော်ရည်ပျစ်ပျစ် အသီးအရွက်များများလေးနဲ့ အရသာရှိတဲ့
ကြက်သားထမင်းပေါင်းမွှေးမွှေးလေးချက်နည်း 🍗🍲
▪︎ အရင်ဆုံးကြက်ရင်ပုံသားကိုအနေတော်အတုံးလေးများတုံးကာ ဆား၊ပဲငံပြာရည်၊ခရုဆီ၊သကြားနှင့်ကြက်သားမှုန့်တို့ထည့်နယ်၍ ရေခဲသေတ္တာထဲတွင်၂နာရီခန့်နှပ်ထားပေးပါမယ်။
▪︎ ထည့်ကြော်မယ့်အသီးအရွက်အနေနဲ့ မုန်လာဥနီ၊ငွေနှင်းမှို၊ပဲတောင့်ရှည်၊ပန်းပွင့်နဲ့ကြက်သွန်နီတို့ကိုတကိုက်စာလေးတွေလှီးဖြတ်ထားပြီး ကြက်သွန်ဖြူဓါးပြားရိုက်ထားပါမယ်။
(ကြိုက်နှစ်သက်ရာအသီးအရွက်များထည့်နိုင်)
▪︎ ကော်မှုန့်၃ဇွန်းကို ရေ300mlရောစပ်၍ ကော်ရည်ဖျော်ထားပါမယ်။
▪︎ အိုးထဲဆီထည့်ပြီးပူလာတာနဲ့ ဓါးပြားရိုက်ထားတဲ့ကြက်သွန်ဖြူထည့်ဆီသတ်ထားပါမယ်။
▪︎ အရသာနှပ်ထားသောကြက်သားတုံးများထည့် အရောင်လှစေရန်ကြာညို့အနည်းငယ်ထည့်ကာ မီးအေးအေးနဲ့ကျက်အောင်မွှေကြော်ပါမယ်။
▪︎ အသားကျက်ပြီဆိုရင် ပြင်ဆင်ထားတဲ့အသီးအရွက်တွေထည့်ကြော်လို့ရပါပြီ အရသာအတွက် ဆား ကြက်သားမှုန့် ငရုတ်ကောင်းမှုန့်ထည့်ပါမယ်။
▪︎ ထမင်းပေါင်းမှာအချိုအရသာကအသက်မို့ သကြားကိုထမင်းစားဇွန်း၂ဇွန်းထည့်ကြော်ပါမယ်။
▪︎ နောက်ဆုံးအနေနဲ့ ဖျော်စပ်ထားတဲ့ကော်ရည်ထည့်မွှေပြီး ရေအနည်းငယ်ထပ်ထည့်ကာ အဖုံးအုပ်ပြီး၂မိနစ်ခန့်တည်ပြီးရင်တော့ အရသာရှိတဲ့ထမင်းပေါင်းအတွက်ဟင်းအနှစ်ရပါပြီ။
▪︎ တွဲဖက်စားမယ့်ဆော့စ်အတွက် ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းကို မထူမပါးလှီး ပဲငံပြာရည်၊သကြား၊ဆားနှင့်နှမ်းထည့်ကာ သံပရာစိတ်လေးညှစ် (သံပုရာအနံ့လေးပါချင်လို့ ရှာလကာရည်မသုံးထားပါ) ၊နှမ်းဆီမွှေးလေးဆမ်းပြီးရင်တော့ ထမင်းမြိန်စေတဲ့ဆော့စ်လေးရပါပြီ။
▪︎ ထမင်းပူပူလေးပေါ် ကော်ရည်ပျစ်ပျစ်ဟင်းအနှစ်လေးဆမ်း ကြက်သွန်ဖြူဆော့စ်လေးနဲ့တွဲစားလိုက်ရတာဟာ ဆောင်းညချမ်းမှာ Mochaအတွက်တော့ရင်ထဲနွေးစေတဲ့ထမင်းတနပ်ပါပဲရှင်။
ဒီနေ့လည်းအရသာရှိတာလေးတွေစားပြီး အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေရှင် 💞
ဟင်းချက်နည်းအသစ်လေးတွေနဲ့ပြန်လည်ဆုံတွေ့ကြမယ်နော်🥰
#အစားတစ်လိုင်း #စားမယ်သွားမယ် #ချက်မယ်စားမယ်
#ကြက်ထမင်းပေါင်း