Zhulian Myanmar - သုမင်္ဂလာ

Zhulian Myanmar - သုမင်္ဂလာ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zhulian Myanmar - သုမင်္ဂလာ, Grocers, South Okkalapa, Yangon.

🇲🇲🤙 09764260560 , 09420060560 ( KPAY, Viber)
(🚚အိမ်ရောက်ငွေချေရောင်းချပေးပါတယ်🚚 )
🏬🇲🇲Zhulian ပစ္စည်းများကို ပစ္စည်းမှန် ၊ ဈေးနှုန်းမှန်ဖြင့် ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါတယ်။
🚨🚨🚨
❌❌❌ပစ္စည်းအတုများ နှင့် ရက်လွန်နေသော
ပစ္စည်းများလုံးဝမရောင်းပါ❌❌❌

27/05/2026

🤗 မင်္ဂလာပါ ခင်ဗျာ 🤗
​ #ဇူလီယန်ထုတ်ကုန်မျိုးစုံကို တစ်နေရာတည်းမှာ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်ဖြင့် ယုံကြည်စိတ်ချစွာ ဝယ်ယူရရှိနိုင်ပါပြီ။
​🏪 ရောင်းချမှုနှင့် ဝန်ဆောင်မှုများ
​ဆိုင်သို့ကိုယ်တိုင်လာရောက်နိုင်ခြင်း: ရန်ကုန်၊ တောင်ဥက္ကလာဆိုင်တွင် လူကိုယ်တိုင် စိတ်ကြိုက်လာရောက်ရွေးချယ် ဝယ်ယူနိုင်ပါသည်။
​ပို့ဆောင်ရေးစနစ်: မြန်မာနိုင်ငံအနှံ့အပြားသို့ အကောင်းဆုံးဝန်ဆောင်မှုဖြင့် အိမ်အရောက် (သို့မဟုတ်) ကားဂိတ်သို့ ပို့ဆောင်ပေးပါသည်။
​ငွေချေစနစ် (COD): ရန်ကုန်မြို့တွင်းနှင့် အချို့မြို့နယ်များတွင် အိမ်ရောက်ငွေချေစနစ် ရရှိနိုင်ပါသည်။
​ကားဂိတ်ပို့ဆောင်မှု: အိမ်ရောက်ငွေချေ (COD) မရသော နေရာများအတွက် ငွေလွှဲဝင်ပြီး ၂၄ နာရီအတွင်း ကားဂိတ်သို့ အမြန်ဆုံး အရောက်ပို့ပေးပါသည်။
​⚠️ အထူးသတိပြုရန်: သက်တမ်းလွန်ပစ္စည်းနှင့် အတုအပများကို လုံးဝ (လုံးဝ) မရောင်းချပါ။ အတု/အပ ဆင်တူယိုးမှားများကို သတိပြုကြပါရန် နှိုးဆော်အပ်ပါသည်။
​🤝 စီးပွားရေးလက်တွဲဖော် (ကိုယ်စားလှယ်) ဖိတ်ခေါ်ခြင်း
​ ကိုယ်စားလှယ်သစ်များကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။
​📞 ဆက်သွယ်ရန်နှင့် လိပ်စာ
​ဖုန်းခေါ်ဆိုရန် / Viber:
​📱 09 764260560
​📱 09 420060560
​ဆိုင်လိပ်စာ: Zhulian တောင်ဥက္ကလာ၊ သုမင်္ဂလာလမ်းမကြီး၊ ရန်ကုန်မြို့။ 🚩

​ ုမင်္ဂလာ #ပစ္စည်းမှန်ဈေးနှုန်းမှန်တောင်ဥက္ကလာဇူလီယန် #ဇူလီယန် #ကော်ဖီ #ဖြည့်စွက်စာ

27/05/2026
Congratulations 👏🎉👏🏆
27/05/2026

Congratulations 👏🎉👏🏆

✨​ထိုင်းနိုင်ငံ၏ အဓိက လေဆိပ်ကြီး( ၄ )ခုများ​၁။ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ် (Suvarnabhumi International Airport - B...
10/12/2025

✨​ထိုင်းနိုင်ငံ၏ အဓိက လေဆိပ်ကြီး( ၄ )ခုများ
​၁။ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ် (Suvarnabhumi International Airport - BKK)
​✈️ ဘန်ကောက် (Bangkok) မြို့ရဲ့ အဓိက တံခါး
​✨ ထူးခြားချက်: ခေတ်မီပြီး အကြီးဆုံးလေဆိပ်ဖြစ်လို့ အဝေးပြေး ခရီးစဉ် တွေနဲ့ ပြည်ပခရီးသည် အများစု ဆိုက်ရောက်ရာနေရာပါ။ ဗိသုကာလက်ရာတွေ၊ ခမ်းနားတဲ့ Duty-Free ဆိုင်တွေနဲ့ ပြည့်နှက်နေပါတယ်။
​📍 တည်နေရာ: ဘန်ကောက်မြို့ရဲ့ အရှေ့ဘက်မှာရှိပြီး Airport Rail Link နဲ့ မြို့ထဲကို လွယ်လွယ်ကူကူသွားနိုင်ပါတယ်။
​၂။ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ် (Don Mueang International Airport - DMK)
​✈️ ဘန်ကောက် (Bangkok) မြို့ရဲ့ ဒုတိယတံခါး
​✨ ထူးခြားချက်: သက်တမ်းအရင့်ဆုံး လေဆိပ်တွေထဲက တစ်ခုဖြစ်ပြီး အခုအခါမှာတော့ ဈေးသက်သာတဲ့ လေကြောင်းလိုင်း (Low-Cost Carriers) တွေရဲ့ အဓိက အခြေစိုက်ရာ ဖြစ်ပါတယ်။ ခရီးစရိတ်ချိုသာစွာ ခရီးသွားသူတွေအတွက် အကောင်းဆုံးရွေးချယ်မှုပါ။
​📍 တည်နေရာ: ဘန်ကောက်မြို့မြောက်ပိုင်း၊ မြို့ထဲနဲ့နီးပါတယ်။
​၃။ ဖူးခက် အပြည်ပြည်ဆိုင်ရာလေဆိပ် (Phuket International Airport - HKT)
​✈️ တောင်ပိုင်းဒေသရဲ့ အပန်းဖြေတံခါး
​✨ ထူးခြားချက်: ထိုင်းပင်လယ်ကမ်းခြေတွေနဲ့ ကျွန်းစုတွေကို လည်ပတ်ဖို့ အဓိက အဝင်အထွက်နေရာပါ။ ဖူးခက်ရဲ့ သာယာလှပတဲ့ မြင်ကွင်းတွေနဲ့ နီးကပ်စွာတည်ရှိပြီး လေဆိပ်ကိုယ်တိုင်ကလည်း ခေတ်မီပြီး လှပပါတယ်။
​📍 တည်နေရာ: ဖူးခက်ကျွန်း၊ ကမ်းခြေသွား ခရီးစဉ် တွေအတွက် အရေးအကြီးဆုံးလေဆိပ်ပါ။
​၄။ ချင်းမိုင် အပြည်ပြည်ဆိုင်ရာလေဆိပ် (Chiang Mai International Airport - CNX)
​✈️ မြောက်ပိုင်းဒေသရဲ့ ယဉ်ကျေးမှုတံခါး
​✨ ထူးခြားချက်: ထိုင်းနိုင်ငံမြောက်ပိုင်းရဲ့ အဓိကလေဆိပ်ဖြစ်ပြီး တောင်ပေါ်ရှုခင်း၊ သမိုင်းဝင်ဘုရားကျောင်း တွေနဲ့ ဒေသခံ ယဉ်ကျေးမှု တွေကို စိတ်ဝင်စားသူတွေအတွက် အကောင်းဆုံးနေရာပါ။ လေယာဉ်ပေါ်ကနေ တောင်တန်းတွေရဲ့ လှပမှုကို စတင်ခံစားနိုင်ပါပြီ။
​📍 တည်နေရာ: ချင်းမိုင်မြို့ထဲနဲ့ အရမ်းနီးလို့ သွားလာရေး အဆင်ပြေပါတယ်။
👉​သင် ထိုင်းကို ဘယ်လေဆိပ်ကနေ စဝင်ချင်ပါသလဲ? ကမ်းခြေလား၊ မြို့ပြလား၊ တောင်တန်းလား? ကိုယ်နဲ့အသင့်တော်ဆုံး လေဆိပ်ကို ရွေးချယ်ပြီး အခုပဲ ခရီးစဉ်စဖို့ ပြင်ဆင်လိုက်ပါ။

❗️ထိုင်းနိုင်ငံသွားရင်တော့ ဒီဆော့ဝဲလ်တွေက မဒေါင်းမဖြစ်ပဲ...

✅ ထိုင်းတက်တဲ့အခါ အင်တာနက်မလိုပဲ မြေပုံကြည့်နိုင်ဖို ==> https://yoyar.nextworm.com/map-of-thailand-offline/

✅ ထိုင်းမှာ ဘတ်စ်ကားမစီးတတ်မှာကြောက်နေရင် ==> https://yoyar.nextworm.com/viabus-2/

✅ MRT နဲံ BTSစီးရင်ဆောင်ကိုဆောင်ထားသင့်တဲ့ဆော့ဝဲလ် ==> https://yoyar.nextworm.com/bangkok-mrt-bts-metro-guide/

✅ ထိုင်းမှာတက်စီ လုံခြုံစိတ်ချစွာစီးနိုင်ဖို ==> https://yoyar.nextworm.com/grab-taxi-food-delivery/

✅ True ဆင်းကတ်ကိုင်တဲ့သူတွေအတွက် ==> https://yoyar.nextworm.com/true-iservice/

✅ dtac ဆင်းကတ်ကိုင်တဲ့သူတွေအတွက် ==> https://yoyar.nextworm.com/dtac/

✅ AIS ဆင်းကတ်ကိုင်တဲ့သူတွေအတွက် ==> https://yoyar.nextworm.com/myais/

*crd_to_owner

16/10/2025
16/10/2025

ဟားဗတ်တက္ကသိုလ်က သုတေသန တစ်ခုပြုခဲ့ပါတယ်။

လူတစ်ယောက် ကို အဓိက ကျရူံးစေတဲ့ အကြောင်းတရားများဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ချီတုံချတုံ ဖြစ်ခြင်း ( ၁၃ % )

ဘာကိုမှ ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲ၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ ဟိုဟာလုပ်ရင် ကောင်းနိူးနိူး၊ ဒီဟာလုပ်ရင် ကောင်းနိူးနိူးနဲ့ အချိန်ကုန် အသက်ကြီးသွားတဲ့ လူများတစ်ပုံကြီးပါ။
မှားမှာကြောက်လို့၊ ဆုံးရူံးမှာ ကြောက်လို့ ဆိုတဲ့စိတ်မျိုးဟာ ချီတုံချတုံကို ဖြစ်ပေါ် စေပါတယ်။

ဘယ်အရာမဆို ၁၀၀% သေချာမှ လုပ်မယ်ဆိုရင် အခွင့်အရေး အဲဒီနေရာမှာ မရှိတော့ပါဘူး။

၂။ အချိန်ဆွဲခြင်း ( ၉%)

လုပ်မယ်၊ လုပ်မယ်၊ မနက်ဖန်စမယ် ဆိုပြီး မပြီးဆုံးနိုင်တဲ့ မနက်ဖန်ဖြစ်နေရင် အလုပ်မဖြစ်တော့ပါဘူး။
ခဏမှလုပ်မယ်။ နက်ဖန်မှ လုပ်မယ်။ နောက်တစ်ပတ်မှ စလိုက်မယ် ဆိုတဲ့ အကျင့်မျိုးဟာ လူတစ်ယောက် ကျရူံးစေတဲ့ အဓိက အကြောင်းအရာထဲမှာ ပါပါတယ်။

၃။ ကောက်ရိုးမီး အကျင့် ( ၈%)

ဘာပဲလုပ်လုပ် အစပဲကောင်းပြီး အဆုံးမရှိတာမျိုး၊ စာတစ်အုပ်ဖတ်တော့မယ်လို့ သေသေချာချာ ဆုံးဖြတ်ပြီး ပထမပိုင်း ၁၀ မျက်နာတောင် ပြီးအောင် မဖတ်ရူ့ နိုင်တဲ့ အကျင့်မျိုး ဖြစ်ပါတယ်။
သိပ်ဝနေပြီ၊ ဝိတ်ချတော့မယ်။
အစတုန်းကတော့ ဟုတ်မလိုလိုပဲ၊ နောင်တော့ အဖျားရှူးသွားတယ်။ ချလေဝလေ ဖြစ်သွားတယ်။ လုပ်ငန်းတစ်ခု စလုပ်တယ်။
အစတော့ အားတက်တရော၊ စိတ်ရောကိုယ်ပါ ကြိုးစားပါတယ်။ အလုပ်တောင်ကောင်းကောင်းမဖြစ်သေးဘူး၊ အဖျားရှူးသွားတာမျိုးကို ဆိုလိုပါတယ်။

၄။ သူများငြင်းဆိုမူကို ကြောက်ရွှံ့ ခြင်း ( ၇%)

ကိုယ်ချစ်မိတဲ့သူ ငြင်းဆိုမှာ ကြောက်လို့ ရည်းစားစကားမပြောရဲတဲ့လူဟာ ကိုယ်ချစ်တဲ့လူ အခြားလူနဲ့ ညားသွားတဲ့ အခါကျမှ အကြီးအကျယ် အသဲကွဲရတတ်ပါတယ်။ အလုပ်အကိုင်၊ အခွင့်အရေးတွေလည်း ဒီလိုပါပဲ။ ကိုယ်စတောင် မစရသေးဘူး၊ သူများငြင်းဆိုမယ်ဆိုတာကို စိုးရိမ်နေရင် ဘယ်တော့မှ မစဖြစ်တော့ပါဘူး။

၅။ မိမိကိုယ်မိမိ ဘောင်ခတ်ခြင်း ( ၆% )

ဆိုပါစို့၊ ဒီအလုပ်ဟာ အလုပ်ဖြစ်နိုင်တယ်။
လုပ်ကိုင်ဖို့ အခွင့်အရေး လည်းရှိတယ်။
ဒါပေမဲ့ ကိုယ့်မိသားစုရဲ့ ဂုဏ်ကို ငှဲ့လို့ မလုပ်ဖြစ်တဲ့လူတွေ အများကြီးတွေ့ဖူးပါတယ်။
ဒါ ဂုဏ်ငယ်မှာကြောက်လို့ ကိုယ့်ဘောင်ကို ကိုယ်ပြန်ခတ်မိတာဖြစ်တယ်။ ဟိုအလုပ်မလုပ်နိုင်ဘူး၊ ဘာကြောင့်၊ ဒီအလုပ်မလုပ်ချင်ဘူး၊ ဘာကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကို ဘောင်ခတ်တာ အများကြီးရှိပါသေးတယ်။

၆။ အဖြစ်မှန်ကို ရင်မဆိုင်လိုခြင်း ( ၇%)

လက်တွေ့မကျတဲ့လူကို ဆိုလိုတာပါ။ စိတ်ကူးယာဉ်ဆန်လွန်းပြီး ကိုယ့်စိတ်ကူးယာဉ်ထဲမှာပဲ ကျေနပ်နေတတ်တဲ့ လူစားမျိုးကို ဆိုလိုတာပါ။
ဘာမဆို အလကားလိုချင်တယ်။ အလုပ်ကောင်းအောင်ထက် ကံကောင်းအောင်ပဲ အားထုတ်နေတတ်တယ်။
အချိန်ရှိတိုင်း ထီပဲပေါက်နေချင်တယ်။ နေ့ချင်းညချင်း ချမ်းသာချင်တယ်။

ရ။ ဆင်ခြေများလွန်းခြင်း ( ၂၂ % )

ဆင်ခြေများလွန်းခြင်း၊ အကြောင်းပြချက်များလွန်းခြင်း ဟာ ဘ၀ဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ ၂၂% တောင်ပါ၀င်ပါတယ်။
သူတို့ဟာ အလုပ်ကို စိတ်နှစ်ကိုယ်နှစ် မလုပ်ကိုင်တတ်ပါ။ ဘာပဲအားနည်းချက်တွေ့တွေ့ သူတို့မှာ အကြောင်းပြချက် အပြည့်အစုံ အမြဲရှိနေတတ်တယ်။
လုပ်ဖေါ်ကိုင်ဘက်ကြောင့်၊ အလုပ်ရှင်ကြောင့်၊ ခေတ်စနစ်ကြေင့်၊ မိဘများကြောင့်၊ သူငယ်ချင်းကြောင့်၊ အစိုးရ ကြောင့်၊ သူတို့ဆုံးရူံးရတယ်လို့ပဲ သူတို့ ယူဆကြပါတယ်။
သူတို့ကိုသူတို့ ဘယ်သောအခါမှ မစမ်းစစ်ပါ။

၈။ သင်ယူရန် ငြင်းဆန်ခြင်း ( ၁၁ % )
သင်ယူတယ်ဆိုတာ ပင်ပမ်းရပါတယ်။ အားထုတ်ရပါတယ်။ ဦးနောက်သုံးရပါတယ်။
သူတို့ဟာ ဘာပဲလုပ်လုပ်၊ ဘယ်မှာပဲလုပ်လုပ်၊ အလုပ်ကို ပြီးအောင်သာလုပ်ပါတယ်။
၀တကြွတနြေးကွေ လုပ်ပါတယ်။
အပြစ်တင်လွတ်အောင်သာ လုပ်ပါတယ်။
ဘယ်အလုပ်မဆို သင်ယူနိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတာ သူတို့ မသိကြပါ။
သိရင်လည်း မလုပ်လိုကြပါ။
အလုပ်အားရင် သက်တောင့်သက်သာနဲ့ လက်ကိုင်ဖုန်းဆော့နေကြပါတယ်။ လ္ဘက်ရည်ဆိုင်ထိုင်ကြပါတယ်။ စကားပြောနေကြပါတယ်။
Credit To Original Uploader

နာကျင်မှုက သင့်ကို အမြဲတမ်းထက်မြက်စေတယ်=====================================နာကျင်မှုဆိုတာ ဘဝမှာ မဖိတ်ခေါ်ဘဲ လာရောက်မိတဲ...
15/09/2025

နာကျင်မှုက သင့်ကို အမြဲတမ်းထက်မြက်စေတယ်
=====================================

နာကျင်မှုဆိုတာ ဘဝမှာ မဖိတ်ခေါ်ဘဲ လာရောက်မိတဲ့ ဧည့်သည်တစ်ဦးလိုပါပဲ။ မင်းမနှစ်သက်ဘဲ လိုချင်စရာ မရှိဘဲ လာရောက်တာပေမယ့်၊သူ့အနေနဲ့ စာတမ်းတစ်ခု၊ သင်ခန်းစာတစ်ခုကိုတော့ မင်းဘဝထဲမှာ ချန်ထားသွား မယ်။

နာကျင်မှုက လူတစ်ဦးကို ချိုးဖျက်ပစ်နိုင်သလို အတိအကျ သုံးဆောင်မိခဲ့ရင်တော့ ထက်မြက်စေတဲ့ စက်ရုံ တစ်ခုလို ဖြစ်ပေါ်စေတတ်တယ်။

အဘယ်ကြောင့်ဆိုသလဲ?

1. အပြစ်အနာတရားနဲ့ အားနည်းချက်တွေကို သတိပေး ပေးတယ်။ မင်းဘဝအတွင်း ဘယ်နေရာမှာ အားနည်းနေသလဲ၊ ဘယ်ကဏ္ဍမှာ သတိထားသင့်သလဲ ဆိုတာကို နာကျင်မှု က သင်ပေးတယ်။

2. အတွေးအမြင် ပိုမိုကျယ်ပြန့်လာစေတယ်။ မြင်နိုင်သေးတဲ့ လူ့ဘဝအမှန်တရားကို နာကျင်မှုက မင်းမျက်လုံးနဲ့ မြင်နိုင်အောင် လှန်ပေးတယ်။

3. သည်းခံစွမ်းအား ဖွံ့ဖြိုးစေတယ်။ မတက်နိုင်သလို ထင်တဲ့ တောင်တန်းကို တက်ပြီးနောက် သင့်ဘဝအတွင်း သည်းခံစွမ်းအားတစ်ခု အမြဲတမ်း ချန်ထားသွားမယ်။

4. အပြစ်မဲ့သူကို နားလည်စေတယ်။ မင်းနာကျင်ဖူးတဲ့အတွက် တခြားသူနာကျင်တဲ့အခါ အမှန်တကယ် နားလည်နိုင်မယ်။ အဲဒါကတော့ လူသား အနုပညာအမြင့်ဆုံးတစ်ခုဖြစ်တယ်။

နာကျင်မှုက မင်းကို လျော့နည်းအောင် မလုပ်ဘဲ၊ အတွင်းထဲမှာ မျက်ရည်နဲ့ စိမ်းလန်းသစ်ပင်တစ်ပင်လို ထက်မြက်စေမယ်။နာကျင်ဖူးသူတစ်ယောက်သာ အမှန် တကယ် ဉာဏ်ရည်ရှိလာတတ်တယ်။

မင်းနာကျင်ခဲ့ဖူးတဲ့ အရာတိုင်းဟာ မင်းကို ပိုပြီး ခိုင်မာ စေပြီး မင်းအနာဂတ်ထဲမှာ မတူညီတဲ့ အလင်းတစ်စင်း ဖြစ်လာမယ်။
crd_to_owner_with_respect

သူ့မှာ ယုံကြည်ချက်တစ်ခုကလွဲပြီး ဘာမှ မရှိပါဘူး။ အဲဒါက သူရဲ့ သားသုံးယောက်ကို ပြုစုပျိုးထောင်ဖို့ ခွန်အားဖြစ်စေခဲ့တယ်။၁၉၈၅...
05/08/2025

သူ့မှာ ယုံကြည်ချက်တစ်ခုကလွဲပြီး ဘာမှ မရှိပါဘူး။ အဲဒါက သူရဲ့ သားသုံးယောက်ကို ပြုစုပျိုးထောင်ဖို့ ခွန်အားဖြစ်စေခဲ့တယ်။

၁၉၈၅ ခုနှစ်ဝန်းကျင်လောက်ပေါ့...

နံရံတွေမှာ အက်ကွဲကြောင်းတွေနဲ့၊ ဘဝအိပ်မက်တွေ နဲ့ဝေးကွာနေပြီး ရိုးသားသူတွေပေါတဲ့ ရွာလေးတစ်ရွာမှာ မာမာအာယို Mama Ayo ဟာ လောကဓံကို ရင်ဆိုင်ခဲ့ပါတယ်။

အငယ်ဆုံး ကလေးကို ကျောပိုး... ကျန်နှစ်ယောက်ကို လက်ဆွဲပြီး ထင်းတွေထက် ပိုအရေးကြီးတဲ့မျှော်လင့်ချက်ကို သူ ထမ်းပိုးခဲ့ပါတယ်။

သူ စာမတတ်ပေမဲ့ ....

“ငါ့ကလေးတွေ စာသင်ရမယ်။ ငါ့ကလေးတွေက လူတွေကို ကုသပေးတဲ့သူဖြစ်ရမယ် ” လို့ အမြဲပြောခဲ့တယ်။

ရေခပ်ဖို့အတွက် မိုင်ပေါင်းများစွာ သူလမ်းလျှောက်ခဲ့တယ်။စာဂတ်နေရေးအတွက် ထင်းတွေ ရောင်းခဲ့တယ်။

တစ်ချို့ညတွေမှာတော့ အိပ်မက်မက်ဖို့တောင် အချိန်မရခဲ့ပေမယ့် သူရဲ့ ယုံကြည်မှုကို ဘယ်တော့မှ မပျက်ခဲ့ဘူး။

အခုတော့ ၂၀၂၅ ခုနှစ် ရောက်ခဲ့ပါပြီ။

သူ့ကျောပေါ်မှာ ကလေးငယ်တွေ မရှိတော့သလို တိတ်တိတ်လေး စွန့်လွှတ်ခဲ့ရတဲ့ အနစ်နာခံမှုတွေလည်း သူမဘဝမှာ မရှိတော့ပါဘူး။

သူ့အနားမှာ ဂျုတီကုတ် အဖြူရောင်ဝတ်ထားတဲ့ အရွယ်ရောက်နေပြီးဖြစ်တဲ့ လူငယ်အမျိုးသား သုံးယောက်က ဝိုင်းရံထားတယ်။

သူတို့ကတော့ ကလေးအထူးကုဆရာဝန်၊ ခွဲစိတ်ဆရာဝန်နဲ့ ကျေးလက်ဆရာဝန်တွေပါ။

သူ့ရဲ့သားတွေ။ သူ့ရဲ့အမွေအနှစ်တွေ။ သူရဲ့ပန်းတိုင်တွေပေါ့။

ဓာတ်ပုံထဲမှာ သူ ဘာမှမပြောပေမဲ့ သူ့မျက်လုံးတွေက အဓိပ္ပာယ်များစွာကို ဖော်ပြနေပါတယ်။

ဆာလောင်မှုတွေကို သည်းခံခဲ့ရပုံ၊အောင့်အီးခဲ့ရတဲ့ မျက်ရည်တွေ၊ပြီးတော့ အောင်မြင်ပြည့်စုံလာခဲ့တဲ့ ကတိတစ်ခုအကြောင်းတွေပေါ့။

လူသားတွေကို အကျိုးပြုမယ့် ဒီမျိုးဆက်ဟာ ဆေးရုံမှာ စတင်ခဲ့တာမဟုတ်ပါဘူး.. လက်မလျှော့တဲ့ မိခင်တစ်ယောက်ရဲ့ နှလုံးသားထဲကနေ စတင်တာပါ။

ချစ်မေတ္တာ၊ ယုံကြည်မှု ၊ ထိန်းသိမ်းခဲ့တဲ့ ကတိတစ်ခု.....ဒီလိုနဲ့ပဲ သူတို့မိသားစုဟာ ကြပ်တည်းတဲ့ ဘဝတစ်ခုကနေ ရုန်းထွက်နိူင်ခဲ့ပါတယ်။

Saya U Khin Zaw ( ဘာသာပြန် )

PJ ကိုင်ထားသူများဖြင့်ပြည်ပထွက်ခွင့် email လျှောက်ထားခြင်း။၁။ OWIC ရပြီးသူအလုပ်သစ်သွားမည့်သူမျာ၂။ OWIC ရှိပြီးသူခွင့်ပြန...
31/07/2025

PJ ကိုင်ထားသူများဖြင့်ပြည်ပထွက်ခွင့် email လျှောက်ထားခြင်း။
၁။ OWIC ရပြီးသူအလုပ်သစ်သွားမည့်
သူမျာ
၂။ OWIC ရှိပြီးသူခွင့်ပြန်များ
၃။ OWIC ရှိပြီးပြည်ပသို့အလည်အပါတ်သွားလိုသူများ
ပြည်ပထွက်ခွာခွင့်ပြုရန် email ဖြင့်လျှောက်ထားခြင်းမပြုလုပ်တတ်ပါက -
၁။ အောက်က ပြည်ပထွက်ခွာခွင့်နမူနာပုံစံကို printout ထုတ်၍လက်ရေးဖြင့်ဖြည့်၍ လက်မှတ် ထိုးပါ။ အလည်သွားမည့်သူများသည် အလည်သွားရောက်လိုကြောင်းအပေါ်စာကိုဆီလျော်အောင်ပြင်ရေးပါ။
၂။ PJ passport ဓာတ်ပုံပါစာမျက်နှာ
၃။ OWIC အရှေ့
၄။OWIC အနောက်
၅။ Work visa/work permit/ IPA (အလုပ်
သစ်သွားမည့်သူများသာ)
၆။ Work pass/ work permit/work visa (ခွင့်ပြန်များသာ)
၇။ အလုပ်ရှင်ထံမှခွင့်စာ (ခွင့်ပြန်များသာ)
၈။ လဝကအဝင်တုံးထုထားသော passport စာမျက်နှာ (ခွင့်ပြန်များသာ)
၉။ Hotel booking (အလည်သွားမည့်သူများသာ)
၁၀။ မြန်မာမှအထွက် လေယာဥ်လက်မှတ် (အလည်သွားမည့်သူများက အသွားအပြန်လေယာဥ်လက်မှတ်)
- တို့ကိုကြည်လင်ပြတ်သားစွာ ဓာတ်ပုံရိုက် (သို့) pdf scan လုပ်ပါ။

To တွင် [email protected] ရိုက်ထည့်ပါ။

Subject တွင် "ပြည်ပထွက်ခွာခွင့်လျှောက် ထား ခြင်း" လို့ရိုက်ပါ။

Compose email တွင်အလွတ်ထား၍၊
ညာဘက်အပေါ်ထောင့်ရှိ clip ပုံ ကိုနှိပ်ပါ။ Photos ကိုနှိပ်ပါ။ အပေါ်မှရိုက်ထားသောဓာတ်ပုံများ ကို အစဥ်လိုက်နှိပ်ပါ။ အပြာရောင် 1,2,3စသည်ပေါ်လာ ပါလိမ့်မည်။ Add ကိုနှိပ်ပါ။
Email အောက်တွင် ဓာတ်ပုံအသေးလေးများပေါ်လာပါလိမ့်မည်။
Pdf file ဆိုလျှင် save လုပ်ထားသော folder ထဲမှ file များကို attach လုပ်ပါ။
အကုန် attach လုပ်ပြီးလျှင် > (send) ကိုနှိပ်လိုက်ရင်ရပါပြီ။
Email ကို အထွက်လေယာဥ်ရက်မတိုင်မီ ၅ ရက်မှ ၂ ပါတ်အတွင်း (ရုံးပိတ်ရက်မပါ) ပို့ပါ။
ခွင့်ရက်နည်းသူများလည်း ရောက်ရောက်ချင်း email ပို့လျှောက်ထားပါ။
Emai ပို့ပြီးနောက် ပို့ထားသော sent email ကို printout ထုတ်၍ လေဆိပ်ဆင်းလျှင်ယူသွားပြပါ။
ငလျင်နောက်ပိုင်း တစ်ဦးချင်းသမားများကိုပြည်ပထွက်ခွာခွင့်ပြုချက်များကိုချမပေးတော့ပဲ လေဆိပ်တွင် email copy, နိုင်ငံသားကတ်၊ နှင့်လိုအပ်သောစာရွက်စာတမ်းများကိုပြသနိုင်လျှင်ထွက်ခွာခွင့်ပြုပါသည်။

✅ Network Marketing 🤝📅၂၀၂၄ ခုနှစ်အတွက် 🇹🇭ထိုင်းနိုင်ငံစီးပွားရေး အခြေအနေပါ🇹🇭ထိုင်းနိုင်ငံတွင် တရားဝင်လုပ်ကိုင်ခွင့်ရရှိထ...
09/07/2025

✅ Network Marketing 🤝
📅၂၀၂၄ ခုနှစ်အတွက် 🇹🇭ထိုင်းနိုင်ငံစီးပွားရေး အခြေအနေပါ

🇹🇭ထိုင်းနိုင်ငံတွင် တရားဝင်လုပ်ကိုင်ခွင့်ရရှိထားသော MLM (Multi-Level Marketing) ကုမ္ပဏီများအရေအတွက်သည် 600 လုံးကျော် ထဲမှ 💸 အရောင်းအမြတ်အကောင်းဆုံး အမြင့်ဆုံးတိုက်ရိုက်အရောင်းကုမ္ပဏီ (၁၀ ခု )
💸ဘယ်ကုမ္ပဏီက လျှော့သွားတယ်↘️
💸ဘယ်ကုမ္ပဏီက တက်လာတယ်ပေါ့ ⬆️

✅ကျွန်တော်/ကျွန်မတို့ လုပ်ကိုင်နေတဲ့ Zhulian ကုမ္ပဏီကတော့
ဘယ်လောက်အဆင့်မှာရှိတယ်ဆိုတာ Official လေ့လာလို့ရပါတယ်။
🇹🇭 Zhulian (Thailand) “ကုမ္ပဏီ၏ အောင်မြင်မှုကို
ဂုဏ်ယူအပ်ပါသည်👏🎉👏👏
✅ Zhulian အဖွဲ့ဝင်တစ်ယောက်ဖြစ်ရတာ ဝမ်းသာဂုဏ်ယူပါတယ်🤗
#ဇူလီယန်ပစ္စည်းများကိုယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်
🇲🇲🤙 094200 60560
🇲🇲🤙097642 60560
#ပစ္စည်းမှန်ဈေးနှုန်းမှန်တောင်ဥက္ကလာဇူလီယန်
#တောင်ဥက္ကလာဆိုင်မှာလာဝယ်လို့ရပါတယ်နော်🏃
#ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေမှာယူနိုင်ပါတယ်🚚
#ထုတ်ကုန်ပစ္စည်းများအတုရှိတတ်ပါသဖြင့်ဆင်တူယိုးမှားသတိပြုကြပါနော်










Address

South Okkalapa
Yangon
11091

Alerts

Be the first to know and let us send you an email when Zhulian Myanmar - သုမင်္ဂလာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category