31/12/2024
၂၄ ကနေ ၂၅ ဆိုတဲ့ ကိန်းဂဏန်းကို မျက်စိတမှိတ် လျှပ်တပြက်အတွင်း ပြောင်းလဲသွားတော့မယ့် အကူးအပြောင်းနဲ့အတူ
Happy Bear Myanmar Pears Halves လေးကလည်း Makretplace by City mart, Makro Wholesales တို့လိုနေရာမျိုးမှာ import products တွေနဲ့အပြိုင် နေရာယူနိုင်ခဲ့တာ ၅ လတာကာလကို ရောက်ရှိလို့လာခဲ့ပါပြီ။
အမြဲအမေးခံရတဲ့ မေးခွန်းလေးတခုရှိပါရဲ့ "ဘာလို့ သစ်တော်သီးလဲ" တဲ့။
ဒီမေးခွန်းအတွက် အဖြေက အမြဲတမ်းတခုတည်းရှိပါတယ်။
Happy Bear မမွေးဖွားလာခင် မိခင်ရွှေဇီးကွက်ဘဝတည်းက
စားသုံးမှုထက် စွန့်ပစ်မှုပိုများနေတဲ့ အသီးအနှံတွေကို တန်ဖိုးမြှင့်ထုတ်ကုန် value-added ထုတ်ကုန်အဖြစ်ဖန်တီးပြီး
တောင်သူတွေအတွက် အလုပ်အကိုင်/ဝင်ငွေအခွင့်အလမ်းတိုးစေ
ရောင်းချသူ မျက်နှာပန်းလှစေ
စားသုံးသူ ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ဆိုပြီး ရည်ရွယ်ချက်တွေနဲ့ စတင်ခဲ့ရာမှာ
Galu ချဉ်ပေါင်/ချဉ်စော်ကား Juice, ရွှေ ရွှေဇီးကွက် ချဉ်ပေါင်/ ချဉ်စော်ကား အဆီတွေက သက်သေပါပဲ။
ဒါကြောင့်လည်း ၂၀၂၃ ခုနှစ်မှာ ASEAN Inclusive Business Award ကို မြန်မာနိုင်ငံမှာ အမျိုးသမီးဦးဆောင်တဲ့ ကုမ္ပဏီအနေနဲ့ ပထမဆုံး အသိအမှတ်ပြုခံခဲ့ရပါတယ်။
Happy Bear သစ်တော်သီးက ဒီလောက်နဲ့တင်ပြီးသွားပြီလားဆိုတော့ ဘယ်ဟုတ်ပါ့မလဲ...
အဘက်ဘက်က အားပေးကူညီကြတဲ့ Happy Bear ဝိုင်းတော်သားတွေ
ပစ္စည်းအသစ်လေး မထွက်ခင်ကတည်းက မေတ္တာ စေတနာနဲ့ ဝေဖန်အကြံပြု လမ်းညွှန်ပြပေးကြသူတွေ
Product အသစ်လေးထွက်ပြီဆိုတာနဲ့ ယုံယုံကြည်ကြည် ဝယ်ယူအားပေး လက်ကမ်းကြိုဆိုကြသူတွေရဲ့ မေတ္တာ စေတနာတွေကြောင့်
မကြာခင်ကျရောက်လာတော့မယ့် ၂၀၂၅ မှာလည်း မြန်မာ့သစ်တော်သီးကကနေ အစ အလယ် အဆုံး ပစ်ရက်စရာမရှိအောင် ဖန်တီးထားတဲ့ Product တွေလည်း ထွက်လာဦးမှာမို့လို့ နွေးထွေးစွာနဲ့ စောင့်ကြိုအားပေးပါဦးလို့ 🤗။
ဪဒါနဲ့...အော့အန်၊ မူးဝေ၊ နွမ်းနယ် ခံတွင်းခြောက် hangover ပြဿနာတွေဖြစ်လာတော့မယ့် နှစ်သစ် နံနက်ခင်းမှာ သစ်တော်သီးလေးတွေကို အတုံးလိုက်စား juice လေးသောက်ရင်း hangover ကို ဖြေရှင်းဖို့ Happy Bear သစ်တော်သီးလေးရောအဆင်သင့်ဖြစ်နေပြီလား။
အားလုံးပဲ ဘေးအန္တရာယ်ကင်းဝေးပြီး စိတ်အလိုရှိသမျှ ပြည့်စုံကြမယ့် နှစ်သစ်ဖြစ်ပါစေကြောင်း Happy Bear မှ ဆုမွန်ကောင်းတောင်းလိုက်ပါရစေ။
English Version
With the transition from 2024 to 2025 happening in the blink of an eye, Happy Bear Myanmar Pears Halves is proud to celebrate five months of standing alongside imported products in prominent locations like Marketplace by City Mart and Makro Wholesales.
People always wonder, “Why pears?”
The answer is simple and remains unchanged: Before Happy Bear was born, our parent brand Shwe Zee Kwet was already dedicated to transforming often more discarded than consumed product into value-added products.
With the mission to:
- Create employment and income opportunities for farmers
- Enhance the livelihoods of sellers, and
- Promote the health and well-being of consumers,
We introduced products like Galu Roselle and Quince Ready to Drink Juice and Shwe Zee Kwet Roselle and Quince Syrup, which stand as proof of this commitment.
This dedication also led us to be the first woman-led company in Myanmar to receive recognition with the ASEAN Inclusive Business Award in 2023.
Now, is that all for Happy Bear Myanmar Pears?
Certainly not! Thanks to the unwavering support of the Happy Bear famil, those who gave us thoughtful feedback even before new products were launched, and those who wholeheartedly purchased and supported us with trust, We’re excited to announce that by 2025, we’ll introduce even more innovative products from Myanmar’s Pears.
Please stay tuned and welcome them warmly.
And speaking of new beginnings... For the New Year morning, when you're battling hangovers with nausea, fatigue, or dry mouth, let Happy Bear Pears halves or a refreshing pear juice help you bounce back!
Happy Bear wishes everyone a safe, prosperous, and fulfilling New Year.