Dr Tint Swe - Swiftlet Farming

Dr Tint Swe - Swiftlet Farming Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr Tint Swe - Swiftlet Farming, Farm, Yangon.

ကျွန်တော်ဟာ BVS ဘွဲ့ရတိရစ္ဆာန်ဆေးကုဆရာဝန်တစ်ယောက်ပါ။ ဇီဝဇိုးငှက်သိုက်အကြောင်းကို အထူးပြုလေ့လာနေတာ (၁၅) နှစ်လောက်ရှိပါပြီ။ ကျွန်တော့်ရဲ့ လေ့လာတွေ့ရှိချက်များထဲမှ ဇီဝဇိုးငှက်မွေးမြူ၍ ငှက်သိုက်ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများကို မျှဝေပေးလိုပါတယ်။ TS ဇီဝဇိုးငှက်
ကျွန်တော်ဟာ BVS ဘွဲ့ရတိရစ္ဆာန်ဆေးကုဆရာဝန်တစ်ယောက်ပါ။ ဇီဝဇိုးငှက်သိုက်အကြောင်းကို အထူးပြုလေ့လာနေတာ (၁၅) နှစ်လောက်ရှိပါပြီ။ ကျွန်တော့်ရဲ့ လေ့လာတွေ့ရှိချက်များထဲမှ ဇီဝဇိုးငှက်မွေးမြူ၍ ငှက်သိုက်ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများကို knowledge sharing မျှဝေပေးလိုတဲ့အတွက် ဒီ page ကိုဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။
စိတ်ပါဝင်စားသူများ မေးမြန်းဆွေး‌နွေးဖို့ ဖိတ်ခေါ်ပါတယ်။
လေးစားစွာ
တင့်ဆွေ
09 799529751
[email protected]

30/06/2026
ဖိတ်ကြားခြင်း----------------ဇီဝဇိုးငှက်သိုက်ဆိုင်ရာ ဟောပြောပွဲ / ဆွေးနွေးပွဲကို စိတ်ဝင်စားသူများ တက်ရောက်ပေးကြပါရန် လေး...
27/06/2026

ဖိတ်ကြားခြင်း
----------------
ဇီဝဇိုးငှက်သိုက်ဆိုင်ရာ ဟောပြောပွဲ / ဆွေးနွေးပွဲကို စိတ်ဝင်စားသူများ တက်ရောက်ပေးကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

ဇီဝဇိုးငှက်ပြခန်းနှင့်ဟောပြောပွဲကျင်းပခြင်း---------------------------------------------၂၀၂၆ ခုနှစ် ဇွန်လ ၂၆/၂၇/၂၈ ရက်နေ...
18/06/2026

ဇီဝဇိုးငှက်ပြခန်းနှင့်ဟောပြောပွဲကျင်းပခြင်း
---------------------------------------------

၂၀၂၆ ခုနှစ် ဇွန်လ ၂၆/၂၇/၂၈ ရက်နေ့ သုံးရက်တွင် ရန်ကုန်မြို့ အင်းယားလိပ်ဟော်တယ်ဝင်း အတွင်းရှိ YCC ခန်းမတွင် စိုက်ပျိုးမွေးမြူရေးပြပွဲကြီး ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါပွဲတွင် ဇီဝဇိုးငှက်သိုက် မွေးမြူရေးလုပ်ငန်းကိုလည်း ကဏ္ဍတစ်ရပ်အဖြစ်ပါဝင်ပေးရန် ဖော်ပြထားသောစာအရ ဖိတ်ကြားလာပါသည်။
သို့ပါ၍ ဇီဝဇိုးငှက်သိုက်လုပ်ငန်းရှင်များအသင်းအနေဖြင့် မွေးမြူရေးပြခန်း၊ ဇီဝဇီုးငှက်သိုက်ကုန်ချော အရောင်းဆိုင်များ၊ ငှက်အိမ်သုံးစက်ကိရိယာအရောင်းဆိုင်များကို ဖွင့်လှစ်ရောင်းချပေးမည်ဖြစ်ပါသည်။
ဟောပြောပွဲအတွက် sponsor ပေးသော silver sea ငွေပင်လယ်ကုမ္ပဏီ၏ ဖိတ်ကြားချက်မှာ ဟောပြောပွဲဟုအမည်တတ်ထားသော်လဲ ကျွန်တော့်အနေဖြင့် နောင်တက်မည့်လူငယ်များအား နေရာပေးရန် ဆန္ဒရှိနေသည်ဖြစ်ရာ ဟောပြောပွဲအစား ဆွေးနွေးပွဲပြုလုပ်လိုပါသည်။
ငွေပင်လယ်ကုမ္ပဏီ၏ sponsor မှာ ၂၀၂၆ ခုနှစ်ဇွန်လ ၂၇ ရက်နေ့ နေ့လည် ၂နာရီမှ ညနေ ၄နာရီအထိ ၁၂၀ မိနစ်ကို LED board အပါအဝင် ဟောပြောပွဲခန်းမအား စီစဥ်ဆောင်ရွက်ပေးမည်ဖြစ်ရာ စိတ်ပါဝင်စားသူများအနေဖြင့် ကြိုတင်စာရင်းပေးရန်မလို၊ ဝင်ကြေးပေးရန်မလို၊ အခမဲ့တက်ရောက်နိုင်ကြောင်း လေးစားစွာဖိတ်ကြားအပ်ပါသည်။
ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးလိုသူများအဖြစ် ကျွန်တော့်ထံစာရင်းပေးထားသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၂၀၂၆ ဇွန်လ ၂၇ရက်နေ့ နေ့လည် ၂နာရီ
--------------------------------------------------------------------------
အစီအစဥ် အချိန် ဆွေးနွေးမည့်အကြောင်းအရာ ဆွေးနွေးသူ
--------------------------------------------------------------------------
(၁) 2 to 2:10 pm မိတ်ဆက်စကား ဒေါက်တာတင့်ဆွေ
(၂) 2:10 to 2:20 pm ၇ နှစ်တာငှက်အိမ်အတွေ့အကြုံ ဦးခွန်အောင်စိုး
(၃) 2:20 to 2:30 pm ပြည်ပငှက်သိုက်ကုန်ချောအတွေ့အကြုံ နန်းအေးငယ်ငယ်စိုး (Star bird nest)
(၄) 2:30 to 2:40 pm စျေးကွက်အခြေအနေ နန်းခင်စုမွန်
(၅) 2:40 to 2:50 pm Break Time
(၆) 2:50 to 3:00 pm My bird nest ငှက်သိုက်ကုန်ချောထုတ်လုပ်ပုံ ဒေါ်မာလာမြင့်
(၇) 3:00 to 3:10 pm ဇီဝဇိုးငှက်အိမ်သုံး ငှက်ခေါ်သံနှင့် စိုထိုင်းဆ စနစ်များအကြောင်း ဦးဇော်မိုး
(၈) 3:10 to 3:20 pm ဇီဝဇိုးငှက်အိမ်သုံး စက်ကိရိယာများအကြောင်း ဦးပွင့်ဦး
(၉) 3:20 to 3:30 pm ဇီဝဇိုးငှက်သိုက်လုပ်ငန်း၏ လက်ရှိ အခြေအနေနှင့်နောင်အလားအလာ Dr တင့်ဆွေ
(၁၀) ကျန်အချိန် အမေးအဖြေကဏ္ဍ

ပရိတ်သတ်များ၏ အချိန်ကိုလေးစားသောအားဖြင့် ဆွေးနွေးသူများအား တစ်ဦးလျှင် ၁၀ မိနစ်သာ ခွင့်ပြုထားပါသည်။ ထပ်မံဆွေးနွေးလိုမည့် ပုဂ္ဂိုလ်များရှိပါကလည်း ကျွန်တော့်ထံသို့ ကြိုတင်စာရင်းပေးသွင်း နိုင်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။
Dr တင့်ဆွေ
Viber 09799529751

အောင်မြင်သောဇီဝဇိုးငှက်အိမ်တစ်ခု၏အကြောင်းတရား--------------------------------------------------------- ၂၀၂၆ ခုနှစ်ဆန်းပိ...
13/06/2026

အောင်မြင်သောဇီဝဇိုးငှက်အိမ်တစ်ခု၏အကြောင်းတရား
---------------------------------------------------------
၂၀၂၆ ခုနှစ်ဆန်းပိုင်းတွင် အသစ်ဆောက်လုပ်နေသော ဇီဝဇိုးငှက်အိမ်တစ်လုံးသို့ ရောက်ရှိသွားပါသည်။ ပိုင်ရှင်မှာ ဦးကျော်ထူးဖြစ်ပြီး မွေးမြူရေးကို အလွန်ဝါသနာပါသည်ဟု ဆိုပါသည်။ တည်နေရာမှာ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ဖြစ်၏။ ရွှေနံသာကျေးရွာနှင့်နီးပါသည်။
ထိုဒေသမှာလွန်ခဲ့သော (၇) နှစ်ခန့်က ကျွန်တော်၏အကြံပေးမှုဖြင့် သူငယ်ချင်းဖြစ်သူ ဦးခွန်အောင်စိုးမှ ငှက်အိမ်တစ်လုံး စတင်ဆောက်လုပ်ခဲ့ရာ ယခုအခါ အလွန်အောင်မြင်နေပါသည်။ မယုံလျှင်သူငှက်သိုက်ခူးတဲ့ရက် သွားကြည့်လို့ရပါသည်။
ဒီလောက်ထွက်နှုန်းကောင်းတာ ဘာဆေးတွေသုံးလို့လဲ။
ဟော်မုန်းဆေးလား။
ပိုးကောင်ဖောက်ဆေးလား။
အမွှေးတိုင်ထွန်းတာလား။ စသဖြင့် မေးစရာရှိပါ၏။
ဘာဆေးမှမသုံးပါခင်ဗျာ။
ဇီဝဇိုးငှက်သည် တစ်နှစ် (၃) ကြိမ်သားပေါက်သဖြင့် အချိန်ကြာသည်နှင့်အမျှ ကောင်ရေတိုးပွားလာခြင်းဖြစ်ရာ ငှက်အိမ်ဆောက်ပြီး တစ်နှစ်နှစ်နှစ်နဲ့တော့ ငှက်သိုက်အများကြီး လိုချင်လို့မရပါ။
အချိန်စောင့်ရပါမည်။
နောက်တစ်ချက်ရှိတာက ငှက်အိမ်အစောင့်ဖြစ်ပါသည်။ ဦးခွန်အောင်စိုး ကံကောင်းပါသည်။ သူ့အိမ်ကို တာဝန်ယူစောင့်ရှောက်ပေးသူများမှာ ငှက်သိုက်ကိုစိတ်ဝင်စားသည်။ လေ့လာသည်။ ပြောတဲ့အတိုင်းလုပ်သည်။
ငှက်အိမ်အတွင်း အပူချိန်၊ စိုထိုင်းဆကို မပြတ်ဂရုစိုက်သည်။ ထိုအချိန်က ယခုလို ဆိုလာတွေ၊ ဘာတွေမရှိသေးရာ မီးပျက်လျှင် ချက်ခြင်းမီးစက်နှိုးတာ တွေ့ရသည်။ ပိုးဟတ်၊ ကြွက်စသော သားရဲတိရစ္ဆာန်များ အန္တရာယ်ကိုလည်း အပြတ်ကာကွယ်စောင့်ရှောက်ပေး၏။
ကျွန်တော်က တစ်လတစ်ခါ ပိုးသတ်ဆေးဖြန်းရမည်ဟုပြောလျှင် လစဥ်မပျက်မကွက် ဆောင်ရွက်သလို အခြေအနေကိုလည်း ကျွန်တော့်ကို ပြန်လည်ပြောပြလေ့ရှိပါသည်။
ဦးခွန်အောင်စိုး၏ ငှက်အိမ်မှာ အကျယ်အဝန်းအားဖြင့် ၂၄၀၀ စတုရန်းပေသာရှိပါသည်။ စာတွေ့သဘောတရားအရ ၁ စတုရန်းပေလျှင် ငှက်သိုက်တစ်ခုရှိရမည်ဖြစ်ရာ သူ၏ငှက်အိမ်သည် ငှက်သိုက် ၂၄၀၀ ရှိလျှင် ငှက်အိမ်ပြည့်ပြီ (အောင်မြင်ပြီ) ဟုဆိုနိုင်ပါသည်။
ယနေ့ ဦးခွန်အောင်စိုး၏ ငှက်အိမ်ကို ကျွန်တော်သွားရောက်ကြည့်ရှုရာ ငှက်သိုက်ခူးပြီးချိန်မှာပင် ငှက်အိမ်အတွင်း ကျန်ရှိသော ငှက်သိုက်အရေအတွက်မှာ (၄၀၀၀) ကျော်ရှိနေပြီဖြစ်ပါသည်။ ထို့ကြောင့် ၁၅ ရက်တစ်ကြိမ် ငှက်သိုက်ခူးနေသည်ကို တွေ့ရပါသည်။
ဗုဒ္ဓဝါဒအယူအဆအရ ကံနှင့်ကံ၏အကျိုးကို ယုံကြည်လက်ခံရသဖြင့် မည်သည့်အကျိုးတရားမဆို ထိုအကျိုးတရားကိုဖြစ်ပေါ်စေသော အကြောင်းတရားတွေရှိကြပါသည်။
ထို့ကြောင့် စာရေးသူက ဦးခွန်အောင်စိုးငှက်အိမ် အောင်မြင်ရခြင်း၏ အကြောင်းတရားများကို အကျဥ်းမျှရှင်းပြခြင်းဖြစ်ပါ၏။
ဇီဝဇိုးငှက်မွေးမြူရေးလုပ်ငန်းတွင် ကံကောင်းတဲ့လူမှ ငှက်သိုက်ရတယ်ဟူသော ရှေးရိုးအစွဲအလန်းတစ်ခု ရှိနေပါသည်။
ဒီလိုမဟုတ်ပါခင်ဗျာ။
ယနေ့ခေတ်သည် နည်းပညာခေတ် (technical know how) ကိုအားပြု၍ အလုပ်လုပ်ကြရပါသည်။
စာရေးသူ၏အတွေ့အကြုံအရ ဇီဝဇိုးငှက်မွေးမြူရေးလုပ်ငန်း၏ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဆိုသည်မှာ နည်းပညာက ၉၀% လုပ်ငန်းရှင်၏ကံကောင်းခြင်းက ၁၀% လောက်သာရှိပါသည်။
စာရေးသူ၏ ၁၅နှစ်တာအတွေ့အကြုံအရ ဇီဝဇိုးငှက်အိမ်ပေါင်း ၁၅၀ ကျော် ၂၀၀ နီးပါးခန့် စီမံဆောင်ရွက်ခဲ့ပြီးဖြစ်ပါ၏။ အားလုံးလောက်နီးပါး ငှက်သိုက်တွေရနေကြပါပြီ။
အနည်းနှင့်အများတော့ကွာပါသည်။
ငှက်အိမ်သက်တမ်း ၃နှစ်အကြာတွင် တစ်လလျှင်ငှက်သိုက် တစ်ပိဿာခွဲမှ ၂ပိဿာအထိ ရရှိနေသော ငှက်အိမ်တွေအများကြီးပါ။ စာရေးသူက လက်ညှိုးထိုးပြ၍ ရပါသည်။
ယခုကဲ့သို့ရေးသားသဖြင့် “တယ်တော်တဲ့ငါပါလား” ဟု ကြွားဝါလိုစိတ်လုံးဝမရှိပါ။
ယနေ့တွေ့ရှိနေရသည်မှာ ငှက်အိမ်ပိုင်ရှင်အချို့သည် ငှက်အိမ်ဆောက်ပြီးလျှင် အချိန်တန်တော့ ငါတို့ငှက်သိုက်ခွာရောင်းရုံဘဲဟု ထင်မှတ်ယူဆနေကြကြောင်း တွေ့ရှိနေရပါသည်။
တကယ်တန်းလက်တွေ့မှာတော့ ဒီလိုမဟုတ်ပါခင်ဗျာ။
ငှက်အိမ်ဒီဇိုင်း မှန်ကုန်ဖို့လိုပါသည်။
အတွင်းထဲမှာ မှောင်ရန်၊ အေးရန် လိုပါသည်။
အတွင်းငှက်ခေါ်သံ အဆက်မပြတ်ဖွင့်ထားပါ။
သားရဲတိရစ္ဆာန်အန္တရာယ်များကို စဥ်ဆက်မပြတ် ကာကွယ်ပေးရန် လိုအပ်ပါသည်။ (ကြွက်၊ တောက်တဲ့၊ ဇီးကွက်၊ ပိုးဟပ်၊ စွန်ငှက် တို့ဖြစ်ပါသည်။)
စာရေးသူ၏ဆောင်ပုဒ်မှာ “ဇီဝဇိုးငှက်မွေးမြူသူများအားလုံး အောင်မြင်ကြပါစေဟု ရေးလေ့ရှိပါသည်။
ဤသို့ရေးပြခြင်း၏ အကြောင်းအရင်းကို ပြောပြရလျှင် ယနေ့ဇီဝဇိုးငှက်မွေးမြူရေးလုပ်ငန်းဖြင့် ကြီးပွားနေသော ကျွန်တော်တို့နိုင်ငံထက် လက်ဦးမှုရယူလုပ်ကိုင်နေသော ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ နှင့် အင်ဒိုနီးရှားနိုင်ငံများတွင်ပင် သူတို့ငှက်အိမ်များ၏ ၅၀% ခန့်မှာ မအောင်မမြင် (ငှက်သိုက်ရသင့်သလောက် မရကြောင်း) ဖြစ်နေသည်ကို တွေ့ရှိရပါသည်။
ကျွန်တော်တို့နိုင်ငံက အခုမှစတာပါခင်ဗျာ။
ထို့ကြောင့် ဇီဝဇိုးငှက်မွေးမြူသူများအားလုံး အောင်မြင်ကြပါစေခြင်းအကျိုးငှာ စေတနာထား၍ တင်ပြလိုက်ရခြင်း ဖြစ်ပါသည်ခင်ဗျ။
ဒေါက်တာတင့်ဆွေ
09799529751

ဇီဝဇိုးငှက်ရုံသတင်းစုံစာအုပ်ထုတ်ဝေခြင်း------------------------------------------ ကျွန်တော်သည် ၁၉၈၃ ခုနှစ်တွင် တိရစ္ဆာန်...
12/06/2026

ဇီဝဇိုးငှက်ရုံသတင်းစုံစာအုပ်ထုတ်ဝေခြင်း
------------------------------------------
ကျွန်တော်သည် ၁၉၈၃ ခုနှစ်တွင် တိရစ္ဆာန်ဆေးကုဆရာဝန်ဘွဲ့ (B.V.S) ကိုရရှိခဲ့ပါသည်။ ၂၀၀၆ ခုနှစ်တွင်ပင်စင်ယူခဲ့ပြီးနောက် ဇီဝဇိုးငှက်သိုက်မွေးမြူရေး လုပ်ငန်းကို အနှစ် ၂၀ ကြာလေ့လာခဲ့ရာ
၂၀၁၆ ခုနှစ်တွင် ဇီဝဇိုးငှက်လျှို့ဝှက်ချက်စာအုပ်
၂၀၂၂ ခုနှစ်တွင် စီးပွားဖြစ်ဇီဝဇိုးငှက်သိုက်စာအုပ် များထုတ်ဝေခဲ့ပါသည်။
ယခု ၂၀၂၆ ခုနှစ်တွင် ဇီဝဇိုးငှက်ရုံသတင်းစုံ အမည်ရှိသော စာအုပ်ကို ထုတ်ဝေလိုက်ပြီဖြစ်ပါသည်။
ဤစာအုပ်ကိုမဖြန့်ချီမီ ဒေးဒရဲမြို့ရှိဇီဝဇီုးငှက်အိမ်ပိုင်ရှင် ဦးလှမျိုးအား ပေးဖတ်၍ သူ၏ထင်မြင်ချက်ကိုတောင်းခံခဲ့ရာ ဦးလှမျိုးမှ အောက်ပါအတိုင်း မှတ်ချက်ပြုပါသည်။
ကိုတင့်ဆွေပေးတဲ့ (ဇီဝဇီုးငှက်ရုံသတင်းစုံ) စာအုပ်ဖတ်ပြီးပါပြီ။ ယခင်စာအုပ်များနှင့်မတူဘဲ ကျွန်တော်တို့လို မွေးလက်စလုပ်ငန်းရှင်တွေ သတိမပြုမိတာလေးတွေကို ဖော်ပြထားတာအရမ်းကောင်းပါတယ်။ စမွေးမယ့်လူတွေအတွက်ကတော့ ဒီစာအုပ်နဲ့တင်မလုံလောက်ပဲ ယခင်ထုတ်ဝေခဲ့တဲ့ (စီးပွားဖြစ်ဇီဝဇိုးငှက်သိုက်) စာအုပ်ကို ဖတ်မှရပါမည်။
အကြိုက်ဆုံးကတော့ နောက်ဆုံးက ကဗျာလေးနှင့်သံဝေဂပါ။
ကျေးဇူးတင်ပါတယ် သူငယ်ချင်း။
ဦးလှမျိုး၏မှတ်ချက်အား ကျွန်တော်အလွန်အလေးထားပါသည်။ ထို့ကြောင့် စီးပွားဖြစ်ဇီဝဇိုးငှက်သိုက်စာအုပ်မှာ လက်ကျန်မရှိတော့သဖြင့် စတုတ္ထအကြိမ်ထုတ် ဝေခြင်းဖြင့် အုပ်ရေတစ်ထောင်ထပ်မံ ရိုက်နှိပ်ခဲ့ပါသည်။
သို့ပါ၍ ကျွန်တော်၏ စီးပွားဖြစ်ဇီဝဇိုးငှက်သိုက်စာအုပ်နှင့် ဇီဝဇိုးငှက်ရုံသတင်းစုံ စာအုပ်များကို အောက်ပါစာအုပ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ကြောင်း လေးစားစွာ သတင်းပေးအပ်ပါသည်။
Ko Latt Book Shop and Distribution (09 5020068, 01 8390421)
Page link - https://www.facebook.com/share/1DmYZxSQcp/
4nix
ရာပြည့်ပန်းဆိုးတန်း
TAB ပန်းဆိုးတန်း
အင်းဝပန်းဆိုးတန်း
ကိုထွန်းစာပေ ၃၆လမ်း
စောဥ◌ီးစာပေ
City Mart
အပါးတော်မြဲ ရေကျော်
အပါးတော်မြဲလမ်း လမ်း၄၀
စိတ်ကူးချိုချိုလှည်းတန်း
အင်းဝလှည်းတန်း
Ocean Supermarkets
Safari စာအုပ်ဆိုင်များ
City Book and Music

မိုးရာသီတွင် ဇီဝဇိုးငှက်အိမ်အတွင်းရှိ ရေငွေ့စက်များအား ပိတ်ထားသင့်ကြောင်း-----------------------------------------------...
06/06/2026

မိုးရာသီတွင် ဇီဝဇိုးငှက်အိမ်အတွင်းရှိ ရေငွေ့စက်များအား ပိတ်ထားသင့်ကြောင်း
----------------------------------------------------------------------------

၃/၅/၂၀၂၆ နေ့တွင်ကျွန်တော်သည် ကွမ်းခြံကုန်းမြို့ရှိ ဇီဝဇိုးငှက်အိမ်တစ်လုံးသို့ ရောက်ရှိသွားခဲ့ပါသည်။ ရန်ကုန်မှမနက်စောစောထွက်ခွာသဖြင့် ငှက်အိမ်တည်ရှိရာ တော်ခရမ်းကြီးကျေးရွာသို့ မနက် ၉ နာရီခန့်တွင်ရောက်ရှိသွားပါသည်။ ငှက်အိမ်ပိုင်ရှင်မှာ ဦးစိုးနိုင်ဖြစ်ပြီး ငှက်အိမ်ဖွင့်လှစ်သည်မှာ ၂လနီးပါးခန့်သာ ကြာမြင့် ပါသေးသည်။ သူ့ငှက်အိမ်စတင်ဖွင့်လှစ်စဥ်ကနွေရာသီဖြစ်သဖြင့် ရေငွေ့စက်များကို နေ့ရောညပါ ဖွင့်စေရန်အတွက် timer ဖြင့် ချိန်ပေးထားခဲ့ပါ၏။
ယခုကျွန်တော် ရောက်သွားသောအချိန်တွင် ရေငွေ့စက်တွေမလည်သေးပါ။ ကျွန်တော့်တွင်ပါလာသော moisture meter ဖြင့် တိုင်းကြည့်ရာ စိုထိုင်းဆ ၈၀% ရှိနေသည်ကို တွေ့ရပါ၏။
ဇီဝဇိုးငှက်တို့ကြိုက်နှစ်သက်သော ဆိုထိုင်းဆမှာ ၈၅ % ဖြစ်ပါသည်။ ထို့ကြောင့် မိုးရာသီတွင် ရေငွေ့မှုတ်စက်ဖွင့်ရန်မလိုတော့ကြောင်းရှင်းပြ၍ စက်များကိုပိတ်ပေးခဲ့ ပါသည်။
ရန်ကုန်မြို့ရှိ ကျွန်တော့်အိမ်ထဲတွင် hygrometer ၂လုံးကိုချထားပြီး နေ့စဥ်စောင့်ကြည့်နေရာ မနက်ပိုင်းတွင် စိုထိုင်းဆ ၇၀% နေ့လည်ပိုင်းတွင် ၈၀% ညနေပိုင်းရောက်လျှင် ၈၅% ထိရှိနေသည်ကို တွေ့ရသည့်အတွက် ဇီဝဇိုးငှက်အိမ် ပိုင်ရှင်များအနေဖြင့် ဇွန်လနှင့်ဇူလိုင်လများအတွင်း ရေငွေ့မှုတ်စက်များ ဖွင့်ရန်မလိုတော့ပါ။
ဤနေရာတွင် ခြွင်းချက်အဖြစ်ဖော်ပြလိုသည်မှာ ရေငွေ့စက်တို့၏သဘောသည် အချိန်ကြာကြာပိတ်ထားပါက သံချေးတက်ခြင်း အနည်ပိတ်ခြင်းများကြောင့် ပြန်ဖွင့်သောအခါ ချို့ယွင်းမှုဖြစ်တတ်ပါသည်။
ထို့ကြောင့် ရေငွေ့စက်ကို running condition တွင်ရှိနေစေလိုပါက တစ်နေ့လျှင် နာရီဝက်ခန့် (ညနေ ၄နာရီမှ ၄နာရီခွဲအထိ) ဖွင့်ထားပေးလျှင်ရပါသည်။
ငှက်အိမ်အတွင်း စိုထိုင်းဆများလွန်းလျှင် သစ်သားတန်းများမှိုတက်နိုင်ပါသည်။ မှိုတက်သောသစ်သားပြားများ ဇီဝဇိုးငှက်တို့သည် အသိုက်လုပ်လေ့မရှိပါ။
ထို့ကြောင့် မိုးရာသီတွင် ငှက်အိမ်အတွင်း ရေငွေ့စက်ဖွင့်ရန်မလိုကြောင်း အရေးတကြီးကိစ္စတစ်ရပ်အနေနှင့် တင်ပြလိုက်ရပါသည်။
ဇီဝဇိုးငှက်မွေးမြူသူများအားလုံးအောင်မြင်ကြပါစေ။
ဒေါက်တာတင့်ဆွေ
၀၉၇၉၉၅၂၉၇၅၁

မန္တလေးမြို့မှာ ဇီဝဇိုးငှက်တွေရှိသလား-----------------------------------------ကျွန်တော့်ကို အဲဒီမေးခွန်းတွေ မေးတဲ့လူများ...
05/06/2026

မန္တလေးမြို့မှာ ဇီဝဇိုးငှက်တွေရှိသလား
-----------------------------------------
ကျွန်တော့်ကို အဲဒီမေးခွန်းတွေ မေးတဲ့လူများလာတာကြောင့် ဒီ Essay ကို ရေးဖြစ်ပါတယ်။
အဖြေကတော့
မန္တလေးမြို့မှာ ဇီဝဇိုးငှက်တွေ အများကြီးရှိပါတယ်ဗျာ။
ကျွန်တော်ဟာ နွေရာသီဆိုရင် ပြင်ဦးလွင်နားက ရွာတစ်ရွာမှာ ရှိတဲ့ ကျွန်တော့်ခြံမှာ သွားနေလေ့ရှိပါတယ်။ ယခုနှစ်မှာတော့ ကျွန်တော် ရန်ကုန်မြို့ကိုအပြန် ၂၉.၅.၂၀၂၆ ခုနှစ်မှာ မန္တလေးမြို့က ဇီဝဇိုးငှက်အိမ်ပိုင်ရှင်တစ်ယောက်က သူ့ငှက်အိမ်ကို ဝင်ကြည့် ပေးဖို့ တောင်းဆိုလာပါတယ်။
ဒါကြောင့် အဲနေ့ မနက် ၁၀ နာရီလောက်မှာ မန္တလေးမြို့ရှိ ဇီဝဇိုး ငှက်အိမ်ကို ဝင်ရောက်ကြည့်ရှုပေးခဲ့ပါတယ်။ ငှက်အိမ်ထဲမှာ ဇီဝဇိုးငှက်တွေ အများကြီးပဲဗျ။
ကျွန်တော်က ငှက်အိမ်ပိုင်ရှင်ကို ခွင့်တောင်းပြီး Video အချို့ ရိုက်ခဲ့ပါတယ်။
အောက်ဆုံးမှာ တင်ပြထားပါတယ်။
ဇာတ်လမ်းမှတ်တမ်းက ဒီလိုခင်ဗျ။
ပြီးခဲ့တဲ့ ၂၀၂၅ မှာ ကျွန်တော့်စာဖတ်ပရိသတ်တစ်ယောက် က ဖုန်းဆက်လာပါတယ်။ သူ့အဆိုက မန္တလေးမြို့က သူတို့ပိုင် အဆောက်အဦးတစ်ခုကို Covid ဖြစ်တဲ့အခါ အသုံးမပြုတော့ဘဲ ပိတ်ထားခဲ့ပါတယ်။ အခု ၂၀၂၅ မှာ ဖွင့်ကြည့်တော့ အိမ်ထဲမှာ ငှက်တွေအများကြီး ရောက်နေပါတယ်။ ဒီငှက်တွေဟာ ဇီဝဇိုးငှက်ဟုတ်မဟုတ် အတည်ပြု ပေးပါလို့ အကူအညီတောင်းခံလာပါတယ်။ အကြိုအပို့ကိုလည်း တာဝန်ယူ ပါမယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေ ဇီဝဇိုးငှက်ဝါသနာရှင် ဦးကံထူးတို့ နှစ်ယောက်ဟာ မန္တလေးမြို့ ကို သွားရောက်ခဲ့ပါတယ်။
မန္တလေးရောက်လို့ သူတို့အဆောက်အဦးထဲ ဝင်ကြည့်တော့ အထဲထဲမှာရှိတဲ့ ငှက်တွေဟာ ဇီဝဇိုးငှက်တွေဖြစ်ကြောင်း အတည်ပြု လို့ရပါတယ်။ ဒီထက်သေချာတာကတော့ အုတ်နံရံမှာ ငှက်သိုက်တွေ အစီအရီပဲခင်ဗျ။
ဒါကြောင့် ပိုင်ရှင်နဲ့ ဆွေးနွေးတဲ့အခါ သူတို့အဆောက်အဦး (၈) ထပ်မှာ လက်ရှိငှက်သိုက်ဖွဲ့နေတာက Basement လို့ခေါ်တဲ့ မြေအောက် ခန်းမှာ ဖြစ်ပါတယ်။ သူတို့ဆန္ဒက အဆောက်အဦးရဲ့ ၇ ထပ်နဲ့ ၈ ထပ်
မှာလည်း ဇီဝဇိုးငှက်မွေးလိုကြောင်း ပြောပြပါတယ်။
လက်ရှိဖြစ်နေတာက basement ထဲမှာရှိတဲ့ ငှက်သိုက်တွေကို ခွာရောင်းတဲ့အခါ အုတ်နံရံမှာ စွဲနေတာကြောင့် ငှက်သိုက် quality မကောင်းဘူးခင်ဗျ။
ဒါကြောင့် သူတို့အဆောက်အဦးကြီးရဲ့ ၇ ထပ်နဲ့ ၈ ထပ်မှာ ငှက်အိမ်ပုံစံဖြစ်အောင် ငှက်ဝင်ပေါက်ဖောက်ခြင်း၊ ငှက်ဝဲခန်း ဖွဲ့စည်း ခြင်း၊ သစ်သားပြားများ တပ်ဆင်ခြင်း၊ ငှက်ခေါ်သံစနစ်နှင့် စိုထိုင်းဆ စနစ်များကို ကျွန်တော်တို့က စနစ်တကျ စီမံပေးခဲ့ပါတယ်။
အချိန်လေးလလောက် ကြာသွားပါတယ်။
၂၀၂၆ မတ်လကုန်မှာ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
ကျွန်တော်က မေလ ၂၉ ရက်နေ့ သူ့ငှက်အိမ်ကို သွားကြည့်လိုက်တာ အပေါ်ထပ် ၇ ထပ် ၈ ထပ်မှာ ငှက်တွေ အများကြီး ရောက်နေပြီဖြစ်ပြီး၊ ငှက်သိုက်တောင် စလုပ်နေတာတွေကို တွေ့ရပါတယ်ခင်ဗျာ။ ဒါကြောင့် မန္တလေးမြို့မှာ ဇီဝဇိုးငှက်တွေ ရှိပါတယ်။
မွေးလို့လည်း ရပါတယ်။
သို့သော် မန္တလေးမြို့သည် နွေရာသီတွင် အပူချိန်များသည့်အတွက် ဇီဝဇိုးငှက်များ ကြိုက်နှစ်သက်သော အပူချိန် ၂၈ Degree Celsius နှင့် စိုထိုင်းဆ ၈၀ % ရှိစေရေး ဆောင်ရွက်ပေးရန် စွမ်းအင်လိုအပ်ချက် ကို ဖြည့်ဆည်းပေးဖို့ လိုအပ်ပါမည်။
ကျွန်တော်သည် မြန်မာနိုင်ငံတွင် ဘယ်နေရာမှာ ဇီဝဇိုးငှက်မွေးလို့ ရကြောင်း လေ့လာလျက်ရှိရာ ပြီးခဲ့သော သုတေသန ပြုချက်များအရ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ် နှင့် နေပြည်တော်နှင့် ယခုထပ်တိုး၍ မန္တလေးတိုင်း တွင်ပါ ဇီဝဇိုးငှက်မွေးမြူ၍ ရကြောင်း တင်ပြလိုက်ရပါသည်။
ဇီဝဇိုးငှက်မွေးမြူသူများအားလုံး အောင်မြင်ကြပါစေ။
Dr Tint Swe
09799529751
Credit - ဓါတ်ပုံနှင့်ဗီဒီယိုများအား အသုံးပြုခွင့်ပေးသော ရထိုက်ဟိုတယ်ဦးမျိုးသိန်းအားကျေးဇူးတင်ရှိပါသည်။

မုတ်သုံမိုးနှင့်ဇီဝဇိုးငှက်-------------------------- ယခုနှစ် (၂၀၂၆ ခုနစ် မေလ ) မိုးလေဝသ ပညာရှင်များ၏ ခန့်မှန်းချက်များအ...
08/05/2026

မုတ်သုံမိုးနှင့်ဇီဝဇိုးငှက်
--------------------------
ယခုနှစ် (၂၀၂၆ ခုနစ် မေလ ) မိုးလေဝသ ပညာရှင်များ၏ ခန့်မှန်းချက်များအရ မေလ ဒုတိယအပတ်တွင် မြန်မာနိုင်ငံ အတွင်းသို့ မုတ်သုံမိုး စတင်ဝင်ရောက်မည်ဟု လေ့လာသိရှိရပါသည်။
မုတ်သုံမိုးဝင်ရောက်မှုမှာ ဇီဝဇိုးငှက်မွေးမြူသော အရှေ့တောင်အာရှနိုင်ငံများတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီကြောင်း ကျွန်တော်မှတ်တမ်းပြုထားပါသည်။
ဇီဝဇိုးငှက်အိမ်အသစ်များအတွက် မုတ်သုံမိုးစတင် ရွာသွန်းချိန် အလွန်အရေးကြီးပါ၏။ မိုးမရွာခင် ငှက်အိမ်ကို စတင်ဖွင့်လှစ်ထားမှသာ ငှက်များများ ဝင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်လည်း မိုးစတင်ရွာသွန်းသည့် ရက်စွဲမှာ တစ်နှစ် နှင့် တစ်နှစ် မတူညီပါ။
ကျွန်တော့်မှတ်တမ်းများအရ ထိုနှစ်အတွင်း (၂၀၂၅ခုနစ်) တွင် သင်္ကြန်အပြီး ဧပြီလ တတိယအပတ်မှ စတင်၍ မိုးရွာသွန်းခဲ့ ကြောင်းတွေ့ရှိရပါသည်။
ထိုနှစ်အတွင်း မိုးရွာပြီးမှ ငှက်အိမ်စတင်ဖွင့်လှစ်နိုင်ခဲ့သော ငှက်အိမ် ၄လုံးမှာ ငှက်အဝင်နည်းပါး ပါသည်။ တစ်နှစ်လုံး မဆိုသလောက်သာ ရခဲ့သဖြင့် ပိုင်ရှင်အဖို့ နစ်နာရပါသည်။ ယခုနှစ်မေလရောက်မှသာ ငှက်တွေအများကြီးဝင်လာသည်ဟုပြောပါသည်။ တစ်နှစ်လောက် အချိန်ပုတ်သွားသော သဘောဖြစ်ပါ၏။
၂၀၂၄ခုနစ်က တွေ့ကြုံခဲ့ရသော အဖြစ်အပျက်တစ်ခုကို ပြောပြပါအုန်းမည်။ ဒေးဒရဲမြို့မှ ငှက်အိမ်ပိုင်ရှင် ဦးလှမျိုးသည် ဧပြီလ ၁၅ ရက်နေ့တွင် ကျွန်တော့်ထံ ဖုန်းဆက်လာပါသည်။
မေး - “ငှက်အိမ်အသစ်ဆောက်တာပြီးတော့မယ်၊ နောက်ထပ်ရက် ၂၀ လောက်မှာ လက်စသတ်မယ်”
ဖြေ - “ ဒီနှစ်(၂၀၂၄ ခုနစ်) မိုးလေဝသ သတင်းများအရ မေလ(၁ ရက်) နေ့ တွင် မိုးစတင်ရွာသွန်းမယ်လို့ ခန့်မှန်းထားကြပါတယ်၊ ဒါကြောင့် ငှက်အိမ်ကို နောက်ထပ် (၁ ပတ်) အတွင်းစတင်ဖွင့်လှစ်နိုင်ရင် ကောင်းမယ်”
ကျွန်တော် အဲ့သည်လို အကြံပြုလိုက်ပါသည်။
ကိုလှမျိုးလည်းလုပ်သားအင်အားကို တိုးမြင့်၍ အပိုကြေးပေးကာ ဆောက်လုပ်လိုက်သဖြင့်
ဧပြီလ တတိယအပတ်တွင် သူ၏ငှက်အိမ်ကို ပြီးစီးအောင်ဆောက်လုပ်နိုင်ခဲ့ပါသည်၊၊ ကျွန်တော်တို့အဖွဲ့ကလည်း ငှက်ခေါ်သံစနစ်၊ ရေငွေ့စနစ် စက်ကိရိယာများ တပ်ဆင်ခြင်းကို တစ်ရက်ထဲနှင့် အပြီး ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့ကြောင့် ဧပြီလနောက်ဆုံးအပတ်တွင် ငှက်အိမ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။ မူလခန့်မှန်းချက်အတိုင်း မေလဆန်းတွင် မိုးစတင်ရွာသွန်းလာပါသည်။ ဦးလှမျိုး၏ ငှက်အိမ်အတွင်းကိုလည်း ဇီဝဇိုးငှက် အများအပြားဝင်ရောက်လာပါသည်။
ထို့ကြောင့် ငှက်အိမ်ပိုင်ရှင်အဖို့ အချိန်တစ်နှစ် မစောင့်ရသော အကျိုးအမြတ်တွေ ရရှိခဲ့ပြီး ယခုအခါ အောင်မြင်သော ဇီဝဇိုးငှက်အိမ်တစ်ခု ဖြစ်နေပါပြီ။
ထို့ကြောင့် ဇီဝဇိုးငှက်အိမ်အသစ် ဖွင့်လှစ်ခြင်းကိစ္စမှာ မုတ်သုံမိုးစတင်ရွာသွန်းသော အချိန်နှင့်တွက်ဆရန် အရေးကြီးပါသည်။
တစ်ရက်ဆို တစ်ရက်တန်ဖိုးရှိပါသည်။
တက်နိုင်လျှင်တော့ ဖေဖော်ဝါရီလ လောက်ကတည်းက ငှက်အိမ်အသစ်ကို ဖွင့်လှစ်ထားနိုင်ရင် အကောင်းဆုံး ဖြစ်ပါသည်။
ယခုနှစ် ဖော်ဖော်ဝါရီလတွင် စတင်ဖွင့်လှစ်ခဲ့သော ငှက်အိမ်ပိုင်ရှင်များမှ ကျွန်တော်ထံသို့ ပြန်လည်ပြောကြားရာတွင် သူတို့ငှက်အိမ်မှာ ဇီဝဇိုးငှက်တွေအများကြီး ဝင်ရောက်၍ ညအိပ်နေပြီဖြစ်ကြောင်း ၊ ကြမ်းပြင်ပေါ်တွင် ငှက်ချေးပုံအသစ်တွေ အများကြီး တွေ့နေကြောင်း၊ ငှက်သိုက်အသစ် လေးငါးခွက်ခန့် စတင်ပြုလုပ် နေပြီဖြစ်ကြောင်း ဝမ်းမြောက်ဖွယ် သတင်းကြားသိရပါသည်။
ဇီဝဇိုးငှက်မွေးမြူသူများ အားလုံး အောင်မြင်ကြပါစေ။
ဒေါက်တာတင့်ဆွေ
၀၉-၇၉၉၅၂၉၇၅၁

06/05/2026

Pre Order Now!

ဇီဝဇိုးငှက်မွေးမြူရေးမှာ ရင်းနှီးမြှုပ်နှံတော့မလား? မလုပ်ခင် ဒါကို အရင်ဖတ်ပါ။
​ငှက်သိုက်ထုတ်လုပ်ခြင်းဟာ အနုပညာတစ်ခုလိုပဲ စနစ်တကျရှိဖို့ လိုအပ်ပါတယ်။ ဒေါက်တာတင့်ဆွေ (B.V.S) ရဲ့ "Swiftlet Aviary Diary" ဟာ သင့်ရဲ့ ငှက်အိမ်စီမံကိန်းကို အောင်မြင်မှုဆီသို့ လမ်းညွှန်ပေးမယ့် အကောင်းဆုံး အဖော်မွန်ဖြစ်လာမှာပါ။ လက်တွေ့ကျတဲ့ အတွေ့အကြုံတွေနဲ့ ပညာရပ်ဆိုင်ရာ အကြံပြုချက်တွေကို တစ်အုပ်တည်းနဲ့ အစုံအလင် ရရှိနိုင်မှာ ဖြစ်ပါတယ်။

✍️ဒေါက်တာတင့်ဆွေ(B.V.S)
📒ဇီဝဇိုးငှက်ရုံသတင်းစုံ
တန်ဖိုး-20000ကျပ်
စာ-135
ပထမအကြိမ် မေ 2026

📖စာအုပ်မှာယူလိုပါကkolattbookshop and Distribution 095020068 Page CBတွင်ဝင်ရောက်မှာယူနိုင်ပါတယ်ရှင့်🥰
📱ဖုန်းဆက်မှာယူလိုသောcustomerများအတွက်
☎️018390421
📞095020068/09265020068/09965020068/09880816046/09885020068ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်🥰


#ကိုလတ်စာပေဖြန့်ချိရေး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dr Tint Swe - Swiftlet Farming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category