P Paing Vlog

P Paing Vlog food and drink and dancer

03/12/2024
20/11/2024

Why

14/11/2024

Why ဇာတ်လမ်းလေးသည် အသံသွင်းသရုပ်ဆောင်မှာဖြစ်လို့ အားပေးကြပါအူးဗျ

(ခွန်စစ်ပိုင်)

အိပ်တောင်မအိပ်ရသေးဘူး မိုးကလင်းပြီ ကြက်ကနှိုး လိုက် ဖုန်းအလန်းကနှိုး လိုက်နဲ့ ကောင်းကောင်းကိုအိပ်မရဘူး အစောကြီးရှိသေးတယ်နောက်ထက် ၅မိနစ်လောက်အိပ်လို့ရပါသေးတယ် ဆက်အိပ်အုံးမယ်

(တာယာလင်း)

ဟေ့..ခွန်စစ်ထတော့လေ ဒီနေ့စာမေးပွဲနောက်ဆုံးနေ့လေ နောက်ကျမယ်နော်အခုထတော့

(ခွန်စစ်ပိုင်)

ချီးယား......အခုမှ နှိုးရလား လာပြီလာပြီအလင်း ခနစောင့်နော် ၅မိနစ်ပဲ...

{နောက်ခံ}
ခွန်စစ်ပိုင်ဟာ ၁၀တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး စာလဲကြိုးစားသူတစ်ယောက်ဖြစ်ပါတယ် ခွန်စစ်ပိုင်ဟာစာကိုအမြဲနောက်ကျတဲ့အထိကျက်လေ့ရှိတော့ မနက်အိပ်ယာထလဲအမြဲနောက်ကျတယ်လေ
ဒါပေမဲ့ ခွန်စစ်ပိုင်ကိုအမြဲတမ်း ဖုန်းဆက်နိုးပေးမဲ့ တာယာလင်း ဆိုတဲ့ငယ်သူငယ်ချင်းတစ်ယောက်ရှိပါတယ် ဒီနေ့ဟာခွန်စစ်ပိုင်းနဲ့ တာယာလင်းတို့ရဲ့နောက်ဆုံး ၁၀တန်းစာမေးပွဲဖြစ်ပါတယ် ခွန်စစ်ပိုင်တစ်ယောက်လဲအိပ်ယာထနောက်ကျလို့သူငယ်ချင်းဖြစ်သူတာယာလင်းစီကိုအမှီပြေးရပါလေရော

(ခွန်စစ်ပိုင်)

အလင်း..အလင်းရေ.... ငါရောက်ပြီနော်...

(တာယာလင်း)
အေး....ငါလာပြီသွားမယ် စက်ဘီးကိုသေချာနင်းနော် ငါပြုတ်ကျမှာကြောက်လို့ မင်းခါးဖက်ထားမယ် ဒါမှငါကျတဲ့အခါ မင်းပါပြုတ်ကျအောင်လေ...

(ခွန်စစ်ပိုင်)
စိတ်ချဘယ်တော့မှဒီလိုမဖြစ်စေရဘူး ခွန်စစ် အမေကအိုမိုဆက်ပြာအသစ်ကိုသုံးတာ တိုတ်ချွတ်ရခက်တာအားလုံးကို တာ့တာပဲ ဟီး.....

(တာယာလင်း)
ကဲတော်ပါပြီ ကျောင်းနောက်ကျနေပြီ

(ခွန်စစ်ပိုင်)
ဟုကဲ့ပါခင်ဗျ

{နောက်ခံ}
ခွန်စစ်ပိုင် နဲ့ တာယာလင်းတို့နှစ်ယောက် စက်ဘီးလေးနင်းပြီး ၁၀တန်းစာမေးပွဲဖြေဖို့ ကျောင်းသို့လာယာလမ်းမှာကားတစ်စီးနဲ့ ပွတ်တိုက်မိသွားတယ်
မထင်မှတ်ပဲပွတ်တိုက်မိတဲ့ကားဟာ ခွန်စစ်ပိုင်တို့ရဲ့ ကျောင်းကသူဌေးလေးပြည့်ဖိုးသူကိုကျောင်းအမြဲ လာလာပို့တဲ့ကားဖြစ်နေရောပေါ့
အဲ့အချိန်ကားထဲကနေ ဒေါ်ရတနာခင်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ထွက်လာပြီး ဘယ်နားထိသွားလဲမ​မေးပဲနဲ့ အပစ်ပြောလေပါရော

(ဒေါ်ရတနာခင်)
ဟဲ့ ခလေးတွေ ဒါကားနော် တိုက်ရင်သေတတ်တယ် နားလည်လား
နင်တို့စက်ဘီးကို ဘယ်လိုနင်းနေကြတာလဲ ကားတစ်စီးလုံးတောင်မမြင်ဘူးလား
ဘာလဲနင်တို့ကရော်ကြေးလိုချင်ကြလို့လား

(တာယာလင်း)
ဒီမှာအန်တီ စကားကိုကြည့်ပြောပါဗျ ကျနော်တို့ကကားနဲ့အတိုက်ခံရတဲ့သူတွေပါ ဒါကိုအန်တီကဘာဖြစ်သွားသေးလဲမမေးပဲ အခုလိုမျိုးစကားမပြောသင့်ဘူးဗျ

(ဒေါ်ရတနာခင်)
ဟဲ့... ဒီမှာငါ့ကားကမင်းတို့ထက်တန်ဖိုးကြီးတယ် ငွေဆိုတာသီးခြေကြိုက်တယ်တဲ့ ရော့ဒီမှာ ရော်ကြေး [ငါးသောင်း]

(တာယာလင်း)
အန်တီတရားလွန်နေပြီနော် အဲ့ပိုက်ဆံတွေကိုအန်တီပဲယူထားလိုက် ကျနော်အခုကတည်းကကြိုပေးလိုက်တယ် အန်တီရဲ့နာရေးစရိတ်အနေနဲ့

(ဒေါ်ရတနာခင်)
အောင်မန်း အဆင့်မရှိတဲ့အကောင်ကလူပါး၀လို့

(ခွန်စစ်ပိုင်)
အန်တီ ကြားထဲကကျနော်တောင်းပန်ပါတယ် ကျနော်တို့သေချာမကြည့်ဖြစ်သွားတာပါ တောင်းပန်ပါတယ် အလင်း... တော်ပြီ..

(ဒေါ်ရတနာခင်)
ကောင်းပြီလေငါလဲမင်းတို့နဲ့တွေ့ရတာကြက်သရေတုံးတယ်

{နောက်ခံ}
ဒေါ်ရတနာခင်လဲ ပိုက်ဆံချမ်းသာတော့ မောက်မာပြောဆိုပြီးထွက်သွားလေရော တာယာလင်းကတော့ သိပ်ပြီးတော့ဒေါ်ရတနာခင်ပေါ်မကြေနပ်ဘူးလေ

(တာယာလင်း)
ခွန်စစ် မင်းဘာလို့တောင်းပန်ရတာလဲ အဲ့မိန်းမဘက်ကစပြီးရိုင်းတာလေ

(ခွန်စစ်ပိုင်)
အလင်း... ငါသိတယ် တော်ပြီ စာမေးပွဲရှိသေးတယ်သွားရအောင်နော် လာပါ နော်...

[နောက်ခံ]
တာယာလင်းဟာ ခွန်စစ်ပိုင်အပေါ်သံယောဇဥ်ကြီးတော့ ဘာမှမပြောတော့ပဲခွန်စစ်ပိုင်ရဲ့သဘောတိုင်းစိတ်ချမ်းသာအောင်နေနေတော့တယ် မကြာခင်မှာလဲ ၁၀တန်းစာမေးပွဲပြီးတော့မှာဆိုတော့ တာယာလင်းလဲခွန်စစ်ပိုင်အပေါ်ထားတဲ့ခံစားချက်တွေကို ၀န်ခံတော့မယ်လို့ဆုံးဖြတ်ထားလေတယ် တာယာလင်းရဲ့ ခံးစားချက်တွေကို၀န်ခံခွင့်မရခင်မှာ တာယာလင်းမိခင်ဖြစ်သူနေမကောင်းလို့ရွာကိုခနပြန်သွားရပါတယ် ဒါပေမဲ့ ရွာကနေပြန်ရောက်လာချိန်မှာတော့ တာယာလင်းတစ်ယောက်ဟာ သူထင်ထားသလိုမျိုး ဖြစ်မလာခဲ့ပါဘူး.....

(ခွန်စစ်ပိုင်)
အလင်းပြန်ရောက်ပြီလား အတော်ပဲငါမင်းကိုမိတ်ဆက်ပေးမဲ့သူရှိတယ်
ဒါငါ့ချစ်သူလေ သူနမည်ကပြည့်ဖြိုးသူတဲ့......

(တာယာလင်း)
ဘာ..အဲ့တာမင်းချစ်သူဟုလား ခွန်စစ်ငါမင်းနဲ့နှစ်ယောက်ထဲစကားပြောချင်တယ်

(ခွန်စစ်ပိုင်)
ကိုဖြိုးခနလေးနော် ကိုပြန်လာခဲ့မယ်

(တာယာလင်း)
ခွန်စစ် ဒါကဘာသဘောလဲ မင်းနဲ့ငါကအရင်းနည်းဆုံးသူငယ်ချင်းဆိုတာမေ့သွားပြီလား
မင်းမှာငါ့ထက်ပိုခင်တွယ်ရမဲ့သူရှိနေတာလား ဟမ်း.....
သူနဲ့မင်းနဲ့ချစ်သူဖြစ်တာကိုငါကအခုမှသိရတယ်
ဘယ်တုန်းကတည်းကမင်းတို့နှစ်ယောက်ဖြစ်သွားကြတာလဲ.....

(ခွန်စစ်ပိုင်)
အော်...... ငါရှင်းပြမယ်မင်းကို စာမေးပွဲပြီးတော့မင်းရွာကိုခနပြန်သွားတဲ့အချိန်မှာပဲ ငါကိုဖြိုးနဲ့စတွေ့ခဲ့ကြတာ
ငါ့ဘ၀ထဲကိုဖြိုးရောက်လာတာသိပ်ကံကောင်းတာပဲသိလား....

(တာယာလင်း)
ခွန်စစ်..... မင်းကြည့်ရတာပျော်နေပုံပဲ မင်းသူအကြောင်းဘယ်လောက်တောင်မှသိလို့လဲ

(ခွန်စစ်ပိုင်)
အင်း....ငါသိတယ် ငါဘယ်လောက်တောင်သိလဲမင်းကိုပြောပြမယ်

[နောက်ခံ]
လွန်ခဲ့သော ၃လအကြာ
ခွန်စစ်ပိုင်တစ်ယောက်ဟာ ၁၀တန်းစာမေးပွဲပြီးတော့ သူငယ်ချင်းဖြစ်သူ တာယာလင်း ကလဲမရှိတော့တစ်ယောက်ထဲပြင်းနေတော့ စာအုပ်ဆိုင်လေး၀င်ပြီးစာအုပ်ရွေးနေတာပါ့ အဲ့အချိန်မှာလဲထက်ပြီး တာယာလင်းနဲ့အတူစာအုပ်အတူတူသွား၀ယ်တာကိုသတိရနေပြန်ရော တာယာလင်းလဲသူအမေနေမကောင်းဖြစ်လို့ရွာပြန်သွားတော့ ခွန်စစ်ပိုင်တစ်ယောက်ထဲဖြစ်နေတာပေါ့ အတွေးတွေထဲ ဟိုတွေးဒီတွေးနဲ့ စာအုပ်ဆိုင်မှာ စာအုပ်မှားပြီးယူလာမိတော့တယ်

(ခွန်စစ်ပိုင်)
ချီးယား...... သေစမ်း စာအုပ်မှားယူလာမိပြီ ငါ၀ယ်လာတဲ့စာအုပ်လဲမဟုဘူး စာအုပ်နမည်ကလဲ WHY တဲ့ စာအုပ်မှာလဲနမည်နဲ့ ဖုန်းနပတ်လဲပါသေးတယ် ဘာလဲ ဖူးပွင့်ဇော် တဲ့ငါ့စာအုပ်နဲ့ပြန်လဲမှရမယ်

[နောက်ခံ]
ခွန်စစ်ပိုင်လဲစာအုပ်ပါ ဖုန်းနပတ်နဲ့သူကိုဆက်သွယ်ပြီး စာအုပ်ခြင်းပြန်လဲဖို့တနေရာမှာ ချိန်းလိုက်ပါတော့တယ်

(ဖူးပွင့်ဇော်)
ခွန်စစ်ပိုင်လားမသိဘူး ကျမနမည်က ဖူးပွင့်ဇော်ပါ ကျမစာအုပ်မှားပါသွားတာ ပြန်လဲဖို့ဖုန်းဆက်ထားတာလေ

(ခွန်စစ်ပိုင်)
အော်..... ဟုကဲ့ မှားပါသွားတဲ့စာအုပ်က ဒီမှာပါခင်ဗျ အဲ့နေ့က ကျနော်အတွေးလွန်ပြီး မှားယူသွားမိလို့တောင်းပန်ပါတယ်

(ဖူးပွင့်ဇော်)
ရပါတယ်ရှင့် ဘာမှမဖြစ်ပါဘူး ဖူးပွင့်က ခွန်စစ်ပိုင်ကို သိနေပြီးသားပါ

(ခွန်စစ်ပိုင်)
ဟမ်း.... ကျနော့်ကိုသိတယ် ဟုလား

(ဖူးပွင့်ဇော်)
ဖူးပွင့်က ခွန်စစ်ပိုင်တို့ ကျောင်းကလေ ဒီနစ်မှ၁၀တန်း တတ်မှာပါ ခွန်စစ်ပိုင်ကစာတော်တော့ လူတိုင်းသိနေတာလေ

(ခွန်စစ်ပိုင်)
ဟာ.....မဟုတာ အဲ့လောက်လဲမဟုပါဘူးဗျ

[နောက်ခံ]
ဒီလိုနဲ့ ခွန်စစ်ပိုင်နဲ့ ဖူးပွင့်ဇော်တို့နှစ်ဟာ စကားတွေတစ်ယောက်နဲ့တစ်ယောက်ပြောရင်း ခင်သွားကြတာပေါ့ တနေ့ကြတော့ဖူးပွင့်ဇော်က သူရဲ့မွေးနေ့ပါတီကို ခွန်စစ်ပိုင်ကိုဖိတ်လိုက်တာပေါ့ အဲ့မှာခွန်စစ်ပိုင်တစ်ယောက်လဲ မွေးနေ့ပါတီပွဲကိုသွားပြီး မထင်မှတ်ထားတဲ့အချိန် မထင်မှတ်ထားတဲ့အရာတွေကိုစပြီး ကြုံတွေ့လာတာပေါ့

(ခွန်စစ်ပိုင်)
ဟလို.....ဖူးပွင့် ငါရောက်ပြီနော် နင်ဘယ်မှာလဲ ငါနင့်ကိုရှာနေတာ

(ဖူးပွင့်ဇော်)
အေး.... ငါလာခဲ့မယ် ခနစောင့်နော်

(နောက်ခံ)
ခွန်စစ်ပိုင်တစ်ယောက်ဟာ ဟိုဟိုဒီဒီနဲ့ သူငယ်ချင်းဖြစ်သူ ဖူးပွင့်ဇော်ကို ရှာရာကနေမှ ပြည့်ဖြိုးသူဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့၀င်တိုက်မိသွားပါတယ်

(ခွန်စစ်ပိုင်)
ကျွန်တော်တောင်းပန်ပါတယ် သေချာမတွေ့လိုက်လို့၀င်တိုက်မိလိုက်တာပါဗျ တကယ်တောင်းပန်ပါတယ်ဗျ

(ပြည့်ဖြိုးသူ)
ရပါတယ်ဗျ ကျနော့်အမှားလဲပါပါတယ် အ၀တ်တွေစိုသွားသေးလားဗျ
ဒီမှာ အသဲပုံတစ်ရူးလေးနဲ့သုတ်လိုက်ဦးနော်

(ခွန်စစ်ပိုင်)
ရပါတယ်ဗျ ကျွန်တော်ကတောင်အစဥ်ပြေလားပြန်မေးရဦးမဲ့ဟာကို တစ်ရူးလေးပေးတဲ့တွက်ကျေးဇူးတင်ပါတယ်ဗျ

(ဖူးပွင့်ဇော်)
အဲမယ်...... နှစ်ယောက်သားကြည်နူးပြီးတော့အကြည်စိုက်နေကြတယ်ပေါ့ဟုလားဟင်

(ခွန်စစ်ပိုင်)
ဟာ မဟုတာ ဖူးပွင့်ကလဲ တစ်ဖက်လူအားနာစရာကြီး....

(ဖူးပွင့်ဇော်)
ဖူးပွင့်ကစတာပါ..... ဒါနဲ့ မိတ်ဆက်ပေးရအူးမယ် အခုအကြည့်ခြင်းစုံနေတဲ့သူက ဖူးပွင့်အကို ပြည့်ဖြိုးသူ တဲ့

(ခွန်စစ်ပိုင်)
ကဲ....ဖူးပွင့် အခုထိကိုလိုက်စနေတယ်နင်ကလေ

(ပြည့်ဖြိုးသူ)
ကျနော်နမည်က ဖြည်းဖြိုးသူပါ ကိုဖြိုးလို့လဲခေါ်လို့ရပါတယ်နော်

(ခွန်စစ်ပိုင်)
အော်....ဟုကဲ့ တွေ့ရတာ၀မ်းသာပါတယ်ဗျ

ကျနော်နမည်က.......

(ပြည့်ဖြိုးသူ)
ခွန်စစ်ပိုင် ဟုတယ်မလား....

(ခွန်စစ်ပိုင်)
ဟာ... ကျနော်ကိုသိနေတာလားဗျ ဘယ်လိုလုပ်သိတာလဲဗျ

(ပြည့်ဖြိုးသူ)
ဖူးပွင့်ပြောပြထားတာလေ....

(ခွန်စစ်ပိုင်)
ကြည့် ဒီဖူးပွင့်ကတော့ သူများအကြောင်းတွေကိုပြောပြထားတယ်

(ဖူးပွင့်ဇော်)
မသိဘူးနော်......ဖူးပွင့်တော့သွားပြီ..

(ပြည့်ဖြိုးသူ)
ဖူးပွင့် ဖူးပွင့်....ဟဲ့ ငါကိုမွေးနေ့ဖိတ်ပြီးတစ်ယာက်ထဲထားခဲ့တယ်ဟုလား......

(ပြည့်ဖြိုးသူ)
ကျနော်ကပဲ ညီမလေးအစားဧည့်ခံပေးပါရစေနော်

(ခွန်စစ်ပိုင်)
အာ.... ဟုကဲ့ ကျေးဇူးပါနော်

(နောက်ခံ)
ပြည့်ဖြိုးသူဟာ ခွန်စစ်ပိုင်ကို အခုမှစသိတာမဟုပဲ အရင်ကတည်းကကြိုသိနေခဲ့ပြီးသားပါ ဒါပေမဲ့ ပြည့်ဖြိုးသူတစ်ယောက်စသိခဲ့တာက ကောင်းသောဆုံတွေ့ခြင်းမဟုခဲ့ဘူးလေ ဘာလို့လဲဆိုတော့ ပြည့်ဖြိုးသူအမေ ဒေါ်ရတနာခင် ကားနဲ့ခွန်စစ်ပိုင်တို့ကို ပွတ်တိုက်မိချိန်တုန်းက ပြည့်ဖြိုးသူနဲ့ ဖူးပွင့်ဇော် တို့ကကားပေါ်မှာဖြစ်နေလို့လေ အဲ့တာကြောင့်အခုမှစသိသလိုဟန်ဆောင်ပြီးပဲ နေနေခဲ့တာပေါ့

(ခွန်စစ်ပိုင်)
ကိုဖြိုး ကောင်းကင်ကြီးကိုမော့ကြည့်ပါအူး ကြယ်လေးတွေအများကြီး မလှဘူးလားဟင်

(ပြည့်ဖြိုးသူ)
အင်းဟုပါ့..... အရမ်းလှတာပဲဗျ အခုမှသတိထားမိတယ် ကြည့်ပါအူး လှလိုက်တာဗျာ

(ခွန်စစ်ပိုင်)
ဟိုးမှာ...ကြယ်လေးသုံးလုံးတန်းနေတာတွေ့လားဗျ

(ပြည့်ဖြိုးသူ)
အင်း..... တွေ့တယ်ဗျ အဲ့တာဘာဖြစ်လို့လဲဟင်

(ခွန်စစ်ပိုင်)
အဲ့ဒီ့ကြယ်လေးသုံးလုံးတန်းက အချစ်ကို ကိုယ်စားပြုတာလေ
ဥပမာ...ပထမကြယ်လေးရဲ့အဓိပ္ပာယ်က ကိုဖြိုးပေါ့
တတိယကြယ်လေးရဲ့အဓိပ္ပာယ်ကိုလဲ ခွန်စစ်လို့မှတ်ထားလိုက်
ဒါဆိုဒုတိယကြယ်လေးကျန်မယ် အဲ့ဒုတိယကြယ်လေးက ဘ၀လို့မှတ်ယူလိုက်ပြီးရင် အားလုံးပေါင်းပြီး ပထမ ဒုတိယ တတိယ အစဥ်လိုက်ကြယ်လေးတွေရဲ့အဓိပ္ပာယ်ကိုဆိုကြည့်လေ

(ပြည့်ဖြိုးသူ)
အင်း .... ဒါဆို ကိုဖြိုးအစဥ်လိုက်ပြောကြည့်မယ်ဆိုရင် ဖြိုးဘ၀ပိုင် ဖြစ်နေမှာပေါ့

(ခွန်စစ်ပိုင်)
အင်းလေဒါကြောင့်လဲအချစ်ကိုယ်စားပြုလို့ပိုင်ပြောတာပေါ့

(ပြည့်ဖြိုးသူ)
ပိုင်ကသိပ်လည်တာပဲဗျ ဟီး.......
ဘာမှန်းလဲမသိဘူးဗျာ......
ပိုင်ပြောသလိုမျိုး ပိုင်သာကိုဖြိုးဘ၀ရဲ့ပိုင်ဖြစ်လာခဲ့ရင် အခုလိုမျိုးအမြဲပျော်နေရမလားမသိဘူးနော်......

(ခွန်စစ်ပိုင်)
ကိုဖြိုးသိလားဗျ ကျနော့်ဘ၀မှာ အခုလိုပြောပြတာ ကိုဖြိုးကပထမဆုံးပဲဗျ .....

(နောက်ခံ)
ဒီလိုနဲ့ပဲ ခွန်စစ်ပိုင် ပြည့်ဖြိုးသူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက်အရမ်းတွေရင်းနည်းလာကြတာပေါ့ တစ်ယောက်နဲ့ တစ်ယောက်တွေ့တဲ့အခါတိုင်းလဲ အကြည့်ခြင်းဆုံပြီးရင်တွေခုန်နေကြတာပေါ့
တနေ့ကြတော့ခွန်စစ်ပိုင်ကပြည့်ဖြိုးအပေါ်မှာ ဘောကျနေတဲ့ခံစားချက်ကိုသေချာသိလာခဲ့တဲ့အခါမှာတော့ ဖွင့်ပြောဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့တာပေါ့ဗျာ

(ပြည့်ဖြိုးသူ)
ခွန်စစ်.......ဖြိုးကိုပြောစရာရှိလို့ဆို ပြောလေဗျာအခုကြတော့ဘာမှမပြောပဲထိုင်နေတယ်ကြည့်

(ခွန်စစ်ပိုင်)
ကိုဖြိုး ခွန်စစ်ကိုစိတ်မဆိုးပါဘူးလို့ကတိအရင်ပေး....

(ပြည့်ဖြိုးသူ)
ဟောဗျာ.... ဘာပြောစရာရှိတာမို့လို့ ကိုဖြိုး ကိုစိတ်မဆိုးဖို့တောင်းဆိုနေတာလဲဗျ

(ခွန်စစ်ပိုင်)
ကျွန်တော်မသိဘူးဗျာ....
ကျွန်တော်ကိုကတိအရင်ပေးပါနာ်

(ပြည့်ဖြိုးသူ)
ကဲ ဟုပါပြီဗျာ
ကိုဖြိုးတကယ်စိတ်မဆိုးပါဘူးလို့ကတိပေးပါတယ်နော်
အခုဒါဆိုခွန်စစ် ပြောချင်တာကိုပြောပြတော့မှာလားဗျ

(ခွန်စစ်ပိုင်)
ဒါဆိုကျွန်တော် ပြောပြမယ်နော် ကိုဖြိုးက ခွန်စစ် အပေါ်မှာအမြဲနားလည်ပေးတယ် ခွန်စစ် အပေါ်မှာလဲအမြဲဂရုစိုက်တယ် နောက်ပြီး ကိုဖြိုးကကြင်နာတတ်တယ် ယောက်ကျားလေးခြင်းခြင်းတောင်မငေးပဲ မနေနိုင်အောင်လဲချောတယ်

(ပြည့်ဖြိုးသူ)
ခွန်စစ် ကိုဖြိုး ကိုဘာလို့အဲ့လောက်တောင် မြှောက်ပြောနေတာလဲဗျ

(ခွန်စစ်ပိုင်)
ခွန်စစ် က မြှောက်ပြောတာမဟုပါဘူး
တကယ်စိတ်ထဲကလာတဲ့အတိုင်းပဲပြောတာပါ
ခွန်စစ် အခုပြောမဲ့စကားကို သေချာစဥ်းစားပြီးမှပြောတာပါ
ခွန်စစ် ကိုဖြိုးကို သဘောကျနေတာကြာပါပြီ
ခွန်စစ် သဘောကျတာထက် ချစ်မိသွားတာဆိုပိုမှန်ပါတယ်
ဒါမဲ့ကိုဖြိုးဘက်ကခက်ခဲမှန်း ခွန်စစ် သိပါတယ်

(ပြည့်ဖြိုးသူ)
ခွန်စစ်..... ကိုဖြိုးလဲ ခွန်စစ်ကိုသဘောကျပါတယ်
ကိုဖြိုး လဲခွန်စစ်ကိုချစ်နေတာကြာပါပြီ

(ခွန်စစ်ပိုင်)
ကိုဖြိုးတကယ်ပြောတာနော်ဗျ .....
ကျွန်တော်အရမ်း၀မ်းသာတာပဲဗျ
ရေး.....ကျနော်ကိုဖြိုးရဲ့ချစ်သူဖြစ်သွားပြီကွ.....

(ပြည့်ဖြိုးသူ)
ခွန်စစ်.......တိုးတိုးပြောပါ သူများတွေနဲ့ကို.......

(နောက်ခံ)
ဒီလိုနဲ့ပဲခွန်စစ်ပိုင်နဲ့ပြည့်ဖြိုးသူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်ဟာအရမ်းချစ်ကြတဲ့ချစ်သူတွေဖြစ်လာကြတာပါ ဆိုင်တစ်ဆိုင်ထိုင်ပြီဆိုလဲ တစ်ယောက်နဲ့တစ်ယောက်ဟာ အပြန်လှန်ခွန့်ကြွေးမှပဲ စား၀င်တဲ့အထိကို ချစ်နေကြတာပေါ့ နှစ်ယောက်သား နားလည်မှုလည်း အပြည့်၀လဲရှိကြတော့တနေ့နဲ့တနေ့ဟာအချစ်တွေနဲ့ပြည့်နေကြတာပေါ့ဗျာ

(တာယာလင်း)
ဒါနဲ့ပဲ မင်းကသူ့ကိုအရမ်းတွေယုံပြီးသဘောကျသွားရောပေါ့ ဟုလား ခွန်စစ်

(ခွန်စစ်ပိုင်)
အဲ့တာတော့ငါလဲမသိဘူး... ဒါပေမဲ့ ကိုဖြိုးငါ့ပေါ်ဘယ်လောက်ပဲချစ်ပေးနိုင်ပါစေ ငါကတော့ ကိုဖြိုးချစ်တာထက် ပိုချစ်တယ်.....

(တာယာလင်း)
ခွန်စစ် မင်းအရင်ကအဲ့လိုမဟုပါဘူး ဘာလို့အခုမှသူမှသူဖြစ်နေတာလဲ .....
သူငယ်ချင်းရယ် မင်းသူ့အပေါ်ခနစိတ်ယိုင်တာဖြစ်ပါလိပ်မယ် သေချာစဥ်းစားပါအူး .....

(ခွန်စစ်ပိုင်)
အလင်း..... မင်းဘာဖြစ်နေတာလဲ မင်းကိုဖြိုးကိုသဘောမကျဖြစ်နေရအောင် ကိုဖြိုးနဲ့မင်းကြားမှာ ဘာရန်ငြိုးတွေရှိနေလို့လဲ .....
ကိုဖြိုးအပေါ်မှာကြည်ဖြူပေးလိုက်ပါနော် .....

(တာယာလင်း)
ကောင်းပါပြီ မင်းကသူ့ကို အဲ့လောက်ထိချစ်နေမှတော့ ငါကဘာဆက်ပြောနိုင်မှာမို့လို့လဲ.......
မင်းစိတ်ချမ်းသာရင် ငါလဲတူတူပါပဲ......

(ခွန်စစ်ပိုင်)
ဒီလိုမှပေါ့သူငယ်ချင်းရဲ့ ...... အဲ့တာကြောင့်မင်းကိုချစ်နေရတာ....

(တာယာလင်း)
ခွန်စစ်ရယ်...... ငါ့ရင်ထဲကအချစ်တွေကို မင်းကိုသိစေချင်လိုက်တာ......
ငါမင်းကိုသူ့ထက်ပိုချစ်နိုင်တယ်ဆိုတာကိုလဲ သက်သေပြချင်တယ် ......
ငါကသူ့ထက်ပိုပြီး ဂရုစိုက်ပေးနိုင်တယ်ဆိုတာလဲမင်းကိုသိစေချင်တယ်......
ဒါပေမဲ့ ....ငါ့ရဲ့အချစ်ကရယူခြင်းမဟုတော့ ....
ငါ့ချစ်တဲ့သူပျော်ဖို့တွက်ပဲ ဖြည့်ဆည်းပေးရမှာပေါ့.........

(နောက်ခံ)
ဒီလိုနဲ့အလင်းဟာ ပြည့်ဖြိုးသူအပေါ်မှာ သဘောမကျပေမဲ့လဲ အလင်းချစ်တဲ့ ခွန်စစ်ပိုင်အတွက်နဲ့ အရာရာကိုနားလည်ပေးခဲ့တယ်
တကယ်တော့အချစ်ဆိုတာကလဲ နားလည်ရခက်တဲ့အရာပါပဲဗျာ......
တနေ့ကျတော့ တစ်ဖက်ကပြည့်ဖြိုးသူကလဲ သူရဲ့မိခင်ဖြစ်သူ ဒေါ်ရတနာခင်ကို ချစ်သူရှိနေပြီ နောက်ပြီးရှိနေတဲ့ချစ်သူကလဲ ကောင်မလေးမဟုပဲ ကောင်းလေးဖြစ်နေကြောင်းကို ဖွင့်ပြောပြလေတယ် .......
အဲ့အချိန်မှာ သားဖြစ်သူစကားကိုကြားကြားခြင်းဒေါ်ရတနာခင်တစ်ယောက် သွေးပြတ်နေခဲ့တာပေါ့ ဒါပေမဲ့လဲ ဟန်မပြတ်ပဲသားဖြစ်သူရဲ့ ချစ်သူကိုအိမ်ခေါ်လာဖို့ပြောလိုက်ပါတော့တယ် .......

(ပြည့်ဖြိုးသူ)
မေမေ ဒါသားကောင်လေးပါ........

(ဒေါ်ရတနာခင်)
အင်း....သားဖြိုး အနောက်မှာထမင်း၀ိုင်းသွားပြင်ထားလေနော် အမေသူနဲ့နှစ်ယောက်ထဲစကားပြောချင်တယ်သား......

(ပြည့်ဖြိုးသူ)
ဟုကဲ့အမေ...... စစ်ပိုင်ဒါဆိုဖြိုးသွားလိုက်အူးမယ်နော်...

(ခွန်စစ်ပိုင်)
ကျနော်နမည်က ခွန်စစ်ပိုင်ပါဗျ တွေ့ရတာ၀မ်းသာပါတယ်အန်တီ...

(ဒေါ်ရတနာခင်)
ငါကတော့၀မ်းမသာဘူး.......
ငါ့သားဖြိုးရဲ့ချစ်သူဆိုလို့ ခေါ်ကြည့်လိုက်တာ ဘာတွေများထူးခြားနေမလဲလို့.....
ဟင့်.....😏 သာမန်အောက်တန်းစားတွေလိုပါပဲ.......

(ခွန်စစ်ပိုင်)
အန်တီ......အန်တီကလူကြီးပါ ကျနော်ကိုဖြိုးရဲ့မိခင်တစ်ယောက်လိုမြင်ပြီး လေးစားစိတ်၀င်နေတဲ့အချိန်မှာ အန်တီကျနော့်ကိုလူကြီးစကားပဲပြောပေးပါ

(ဒေါ်ရတနာခင်)
နင်အဲ့လိုအပြောမခံချင်ရင် ငါ့အိမ်ပေါ်တတ်မလာနဲ့လေ အခုထွက်သွာလဲငါဂရုမစိုက်ဘူး.....

(ခွန်စစ်ပိုင်)
ကောင်းပြီအန်တီ ......အန်တီကိုယ်တိုင်ကအဲ့လောက်ထိမန်တတ်နေတော့လဲ
ကျနော်ဘက်ကထက်ပြီးလေးစားစရာမလိုတော့ဘူး......
ကျနော်ကိုဖြိုးကိုတွေ့ပြီးရင် ဒီမှာတစ်စက္ကန့်လေးတောင်မှမနေပါဘူး .....

(ဒေါ်ရတနာခင်)
ငါ့သားနဲ့နင်ဘာမှထက်တွေ့စရာအကြောင်းမရှိဘူး.....
နောက်ပြီးငါ့သားနဲ့လဲ နင့်ကိုလုံး၀သဘောမတူဘူး......

(ခွန်စစ်ပိုင်)
ဒီမှာအန်တီ.....အန်တီသဘောမတူလဲကျနော်ကိုဖြိုးကိုရအောင်ယူမှာ......
ကျနော်နဲ့ကိုဖြိုးကို လူခြင်းပဲခွဲလို့ရမယ် ဘယ်တော့မှ နှလုံးသားခြင်းခွဲလို့ရမှာမဟုတ်ဘူး.....

(ဒေါ်ရတနာခင်)
ဟား .....ဟား.......မင်းရူးနေလား ယောက်ကျားခြင်းခြင်းယူလို့ရတယ်လို့ မင်းထင်နေတာလား ဟမ်........
သားဖြိုးကကော နင့်ကိုတကယ်ချစ်တယ်လို့နင်ထင်နေတာလား ဒါဆိုရင်တော့နင်မှားသွားပြီ.....
အခုလိုမျိုး ငါ့သားနဲ့ပတ်သက်လာမယ်မှန်းသိရင် နင့်ကိုအစကတည်းကငါ ကားနဲ့တည့်တည့်၀င်တိုက်တယ်....
ဒါပေမဲ့လဲ အခုတော့မင်းရဲ့နှလုံးသားက ငါသက်စရာမလိုပဲ အလိုလိုသေသွားပြီလေ.....
တကယ်တော့မင်းကငါ့သားဖြိုးလိမ်တာကိုခံခဲ့ရတာ ငါစိတ်မကောင်းပါဘူး ဟ ဟ ဟား......

(ခွန်စစ်ပိုင်)
မဟုဘူး.....မဖြစ်နိုင်ဘူး......ကိုဖြိုးကကျနော်ကိုတကယ်ချစ်ခဲ့တာ ခင်ဗျားကြီးပြောသလိုမဟုဘူး.....

(ဒေါ်ရတနာခင်)
ဒါဆိုလဲ နင်ကိုယ်တိုင်ပဲ သားဖြိုးနဲ့တွေ့တဲ့အခါမေးကြည့်ပေါ့ ဟုလား မဟုလား ဆိုတာ
အခုတော့ ငါ့အိမ်ထဲကနေနင်ထွက်သွား....
တစ်စက္ကန့်တောင်ငါမမြင်ချင်ဘူး .....

(ခွန်စစ်ပိုင်)
ကောင်းပါပြီအန်တီ အခုပြောသွားတဲ့အန်တီရဲ့စကားကိုသေချာမှတ်ထာပါ တနေ့ပြန်ပေးဆက်ရမယ်အန်တီ.......

(နောက်ခံ)
ဒီလိုနဲ့ထမင်းစားဖို့ ထမင်း၀ိုင်းပြင်ပြီး ဘာမှန်းမသိလိုက်တဲ့ ပြည့်ဖြိုးသူဟာ အိမ်ရဲ့ဧည့်ခန်းသို့ထွက်လာချိန် သူမြင်လိုက်ရတဲ့မြင်ကွင်းမှာတော့
ပြည့်ဖြိုးသူရဲ့မိခင်ဖြစ်သူ(ဒေါ်ရတနာခင်)
ရဲ့လက်မှာလဲသွေးထွက်နေတာ တွေ့မြင်ခဲ့ရပါတယ်....
အမှန်တော့ ဒေါ်ရတနာခင်ဟာ ပန်းအိုးကိုခွဲလိုက်လိုက်ပြီး ကွဲနေတဲ့အစနဲ့ သူ့လက်ကိုသူခွဲခဲ့တာပါ
အဲ့အချိန်တွင်းမှာပဲ ဒေါ်ရတနာခင်ဟာသားဖြစ်သူကို မျက်ရည်ခံထိုးပြီးဖြစ်ခဲ့တာတွေပြောပြပါတော့တယ်....

(ပြည့်ဖြိုးသူ)
မေမေ.... ဘာဖြစ်တာလဲဟင် စစ်ပိုင်ကကောဘယ်ရောက်သွားတာလဲဟင်.....

(ဒေါ်ရတနာခင်)
ဘယ်ရောက်သွားလဲဟုလား.....ဟင် ...
သားပြောတဲ့အရမ်းချစ်ပါတယ်ဆိုတဲ့ သားကောင်လေးက ပိုက်ဆံသိန်း ၂ရာ ယူပြီးထွက်သွားပြီလေ......
သားကို သူကပိုက်ဆံမက်လို့ မျှော်လင့်ချက်နဲ့ချစ်ခဲ့တာ.....
တကယ်ချစ်လို့တွဲခဲ့တာမဟုဘူးသား....

(ပြည့်ဖြိုးသူ)
အမေ....ဟုလို့လားဗျာ....

(ဒေါ်ရတနာခင်)
ဘာလို့မဟုရမှာလဲ..... အမေက သူသားဖြိုးပေါ်ဘယ်လောက်ချစ်လဲသိချင်လို့ သူ့စိတ်ကိုစမ်းလိုက်တာ ဟင့် ဗီဇကချက်ခြင်းပေါ်လာတာပဲ.....

(ပြည့်ဖြိုးသူ)
အမေ.....စစ်ပိုင်ကအမေထင်သလိုမဟုပါဘူးအမေ...

(ဒေါ်ရတနာခင်)
သားဖြိုး .....ဘာမှမသိပဲနဲ့ အမေကိုပြန်မပြောနဲ့ နင့်အမေငါကနင်ကောင်းစားဖို့အတွက်ပဲ အမြဲလိုက်ရောပေးခဲ့သူပါ
အမေပြောပြမယ် သားဖြိုး အမေကသူ့ကို သားဖြိုးနဲ့လမ်းခွဲနိုင်လားမေးလိုက်တာ သူဘက်ကနေပြီးတော့ သားနဲ့လမ်းခွဲရင်ဘယ်လောက်ပေးမှာလဲတဲ့လေ ...... အဲ့တာသားကိုသူချစ်တာလားဟမ်.....

(ပြည့်ဖြိုးသူ)
အမေ..... စစ်ပိုင်ကသားကိုအရမ်းချစ်တာပါသားစစ်ပိုင်ကိုယုံတယ်......

(ဒေါ်ရတနာခင်)
အရမ်းချစ်တယ်ဟုလား ....အဲ့စကားအမေ့ရှေ့မှာထက်ပြီးမပြောနဲ့သားဖြိုး
သားကိုသူအရမ်းချစ်ရင် အမေစီကသူသိန်း၂ရာတောင်တောင်းသွားမှာဟုဘူးသား။

သားလေးရယ် ဘယ်လောက်တောင်မှငါ့သားခံစားနေရမလဲဆိုတာ အမေနားလည်ပါတယ်သား ဒါကြောင့်လဲအမေဘယ်လိုမှမခံစားနိုင်တော့လို့ အမေ့လက်ကိုအမေအခုလိုလုပ်လိုက်တာသား...။

(ပြည့်ဖြိုးသူ)
အမေ.....သားတောင်းပန်ပါတယ်......
သားသူ့ကိုအရမ်းမုန်းသွားပြီ..... သူသားအပေါ်မှာအရမ်းရက်စက်တယ်ဗျာ.....
သားစစ်ပိုင်နဲ့ဆိုပြီးရည်ရွယ်ထားတဲ့ အရာတွေအားလုံး အလကားပဲအမေ....
သားရဲ့အမှားကိုသားကိုယ်တိုင်ပြန်ပြင်ပါ့မယ်အမေ.....

(နောက်ခံ)
ဒီလိုနဲ့ပဲ ခွန်စစ်ပိုင်နဲ့ ပြည့်ဖြိုးသူတို့ရဲ့ ကြားကဆက်ဆန်ရေးကတဖြေးဖြေး အမုန်းတရားတွေဖြစ်လာခဲ့ပါတယ် ပြည့်ဖြိုးသူလဲ ခွန်စစ်ပိုင်ရဲ့ ဖြေရှင်းချက်ကိုနားမထောင်ပဲ အမေဖြစ်သူ ဒေါ်ရတနာခင် ပြောတဲ့အတိုင်း လမ်းခွဲခဲ့ပါတော့တယ် .....
ပြည့်ဖြိုးသူအပါ်မှာ ခွန်စစ်ပိုင်က အချစ်နဲ့သစ္စာတရားကို ငွေနဲ့အလဲလည်လုပ်ရက်တယ်ဆိုပြီး နာကျင်နေတဲ့စိတ်နဲ့ပဲ နိုင်ငံခြားကိုပညာသင်သွားပါတော့တယ်.........
ဒီလိုနဲ့ပဲအချိန်တွေကတဖြေးဖြေးနဲ့ ၃နှစ်ဆိုတဲ့ကာလတစ်ခုကြာသွားခဲ့ပြီး ခွန်စစ်ပိုင်နဲ့ တာယာလင်း တို့နှစ်ယောက်လဲ သူတို့ကြိုးစားမှုလေးတွေနဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်လာနိုင်ခဲ့ပါတော့တယ်.......

(ခွန်စစ်ပိုင်)
အလင်း...... ငါတို့နောက်ထက်ကော်ဖီဆိုင်လေးကို ဘာတွေထက်တိုးဖို့တွက်စီစဥ်ရင်ကောင်းမလဲဟင်.......

(တာယာလင်း)
အလင်းစိတ်ထဲရှိတာပြောရရင် ကော်ဖီဆိုင်အခုဖွင့်ထားတာဆိုတော့ နောက်ထက်ပုံလှလှလေးတွေရိုက်လို့ရမဲ့နေရာရယ် နောက်ပြီး ကိတ်အပြင်ကိုမှ ကွတ်ကီးမုန့်လေးတွေပါ ထက်တိုးရင်မကောင်းဘူးလားဟင် .....

(ခွန်စစ်ပိုင်)
အင်း...... မဆိုးဘူးပဲ ကောင်းတယ်အဲ့တာ ဒါဆိုရင် ခွန်စစ်စီစဥ်လိုက်တော့မယ်နော် ......

(ဒေါ်ရတနာခင်)
ဟဲ.......... နင်ဘယ်လိုလုပ်လိုက်တာလဲဟမ်း
ငါမှာထားတာဒါမဟုဘူးလေ

(ကြားဖြတ်လူ)
တောင်း..တောင်း...တောင်းပန်ပါတယ်ဗျ

(ဒေါ်ရတနာခင်)
ဘာ.... တောင်းပန်တယ်ဟုလားဟမ်း.....

(တာယာလင်း)
ဘာများဖြစ်လို့လဲမသိဘူး ခင်ဗျ ကျနော်ကဒီဆိုင်ရဲ့ မန်နီဂျာ ပါဗျ ကျနော့်၀န်ထမ်းအမှားတွက် ကျနော်တာ၀န်ယူဆောင်ရွက်ပေးပါ့မယ်ဗျ.......

(ဒေါ်ရတနာခင်)
ဟင့်......ဖြစ်သွားမှတာ၀န်ယူဖြေရှင်းပေးမယ်တဲ့ ဘယ်လိုဟာတွေလဲမသိဘူး မိုးလင်းတာနဲ့အစဥ်ကိုမပြေဘူး.....

(ခွန်စစ်ပိုင်)
အလင်း.... ဘာဖြစ်တာလဲ........
အော်... ဘယ်သူများလဲလို့ မိတ်ဟောင်းဆွေဟောင်းကြီးပါလားခင်ဗျ
ဒါနဲ့ ကျနော့်ဆိုင်မှာဘာများအစဥ်မပြေတာဖြစ်လို့လဲဟင်.....

(ဒေါ်ရတနာခင်)
ဟဲ့..... ဒါနင့်ဆိုင်လား.....

(ခွန်စစ်ပိုင်)
ဟုပါတယ်ခင်ဗျ.....

(ဒေါ်ရတနာခင်)
နင့်လိုအောက်တန်းစားဖွင့်ထားတဲ့ဆိုင်မှန်းသိရင်ငါလာမထိုင်ဘူး

(ခွန်စစ်ပိုင်)
အန်တီခင်ဗျ..... အရမ်းလဲသွေးနားထင်ရောက်မနေပါနဲ့ အဲ့ဒီအောက်တန်းစားဆိုင်ကို အန်တီကိုယ်တိုင်လာထိုင်တာနော် ကျနော်တို့ကအန်တီကို ပင့်လိုက်တာမဟုဘူးနော် ........

(ဒေါ်ရတနာခင်)
နင်မိုက်ရိုင်းလှချည်လားဟမ်း.....
နင့်အမေကဆိုင်လာတဲ့သူကိုအဲ့လို ပဲဆက်ဆန်ရမယ်လို့သင်ပေးခဲ့တာလားဟမ်း....

(တာယာလင်း)
ဒီမှာ အိုစာနေတဲ့အဖွားကြီး ရန်သူမှန်းမသိလိုက်လို့ တောင်းပန်နေတာကို ပျော်မနေနဲ့စကားကို ကောင်းကောင်း မွန်မွန်ပြန်ပြော

(ဒေါ်ရတနာခင်)
လမ်းဘေးကအောက်တန်းစားသာသာကများ ငါ့လိုလူမျိုးကိုအခုလိုပြောရဲတယ်ပေါ့ဟုလား နင်သေချင်လို့လားဟမ်း

(တာယာလင်း)
လုပ်လိုက်လေ လုပ်လိုက်စမ်းပါ
ခင်ဗျားကိုတစ်ခုသိအောင်ပြောလိုက်မယ်နော် ဆိုင်လာတဲ့ဧည်သည်ဖြစ်နေလို့သည်းခံနေတာနော် လိုတာထက်ပိုပြီးလူပါး၀မလာနဲ့
လူကဥပုတ်စောင့်နိုင်ပေမဲ့ လက်သီးကတော့ဥပုတ်မစောင့်ဘူးနော်

(ဒေါ်ရတနာခင်)
အောင်မလး.... ငါ့ကိုခွေးလို၀ိုင်းကိုက်နေကြတာ အေးနင်မှတ်ထားနော် ငါ့နေရာရောက်လာတဲ့တနေ့ ပြုံးနိုင်ပါစေလို့စုတောင်းပေးတယ်......

(နောက်ခံ)
ဒေါ်ရတနာခင်ဟာ ခွန်စစ်ပိုင်နဲ့ တာယာလင်းတို့ရဲ့ကော်ဖီဆိုင်မှာဆိုတော့ ဘာမှပြန်မပြောနိုင်ပဲ ထွက်သွားရတော့တာပေါ့ ဒေါ်ရတနာခင်ဟာလဲ ဘာမှပြန်မပြောနိုင်ခဲ့လို့ ဒေါသတွေထွက်ပြီးရင်းထွက်နေတော့တာပေါ့
အစကတော့ သားဖြစ်သူစိတ်နဲ့ကြည့်လိုပဲမရခဲ့တာ အခုတော့အမုန်းတရားကနေမှ အငြိုးအတေးအဖြစ်ပြောင်းလဲလာခဲ့ပါတော့တယ်

(ပြည့်ဖြိုးသူ)
အမေ.....သားပြန်ရောက်ပြီနော်.....

(ဒေါ်ရတနာခင်)
ဟယ်.... သားလေးမြန်မာပြည်ပြန်လာတာတောင်အမေ့ကိုကြိုမပြောဘူး အမေကိုယ်တိုင်ကားနဲ့လာကြိုမှာပေါ့

(ပြည့်ဖြိုးသူ)
အမေကလဲ သားကအမေ့ကို အံ့သြသွားအောင်လို့လေ

(ဒေါ်ရတနာခင်)
ကဲဟုပါပြီ...... ကြည့်ပါအူးအမေ့သားလေးပိန်သွားလိုက်တာ ဒီနေ့အမေသားစားချင်တာအကုန်ချက်ကြွေးမယ်......

(ပြည့်ဖြိုးသူ)
အဲ့တာကြောင့်အမေ့ကိုချစ်နေရတာ.....

(ဒေါ်ရတနာခင်)
အော်.....ဒါနဲ့ သားဖြိုး အမေ့သားကိုပြောစရာတစ်ခုရှိတယ် အမေမနက်ဖြန် ပဲခူးဘက်က ခြံထဲသွားမလို့ သားဖြိုးလိုက်ခဲ့ပါလား သားညီမလေးက ဘာမှအားကိုမရဘူး......

(ပြည့်ဖြိုးသူ)
ဟုကဲ့ပါအမေ သားလိုက်ခဲ့ပေးပါ့မယ်နော်....

(ခွန်စစ်ပိုင်)
အလင်းရေ...... ခွန်စစ်မနက်ဖြန်ပဲခူးကအမေ့စီသွားမလို့ အလင်းလိုက်အူးမလား...

(တာယာလင်း)
တော်ပါပြီ မလိုက်တော့ပါဘူး ဆိုင်လူမရှိပဲနေအူးမယ် ......

(နောက်ခံ)
တာယာလင်းဟာ ခွန်စစ်ပိုင်ကိုမလိုက်ဘူးပြောလိုက်ပေမဲ့ စိတ်မချလို့အနောက်ကနေပဲမသိအောင် ခိုးလိုက်သွားပါတော့တယ်
ကံမကုန်ရင်ပြန်ဆုံမယ်ဆိုတဲ့စကားအတိုင်း ပြည့်ဖြိုးသူနဲ့ခွန်စစ်ပိုင်တို့ပြန်ဆုံခဲ့ပါတယ် ပဲခူးမြို့ရဲ့ သာယာလှပတဲ့နေရာလေးတစ်နေရာမှာပေါ့ ဒါမဲ့နှစ်ယောက်ထဲတော့မဟုပါဘူး ဒေါ်ရတနာခင်နဲ့အတူတူပေါ့

(ခွန်စစ်ပိုင်)
ကိုဖြိုး...... ကိုဖြိုးဟုတယ်မလားဗျ...
ကျနော်ခွန်စစ်လေ ဘယ်တွေရောက်နေတာလဲဗျ မတွေ့တာကြာပြီ......

(ဒေါ်ရတနာခင်)
ဒီမှာ ငါမင်းကိုပြောထားတယ်လေ မင်းအမှတ်မရှိဘူးလား ဘာလို့ငါ့သားနားကိုပဲလိုက်ကပ်နေတာလဲ......

(ခွန်စစ်ပိုင်)

အန်တီရယ် ကျနော်ကိုဖြိုးအပေါ်မှာ သံယောဇဥ်မပြတ်နိုင်သေးလို့ပါဆိုပြီး ခခရရ ပြောနေမယ်လို့ထင်နေတာလားဗျ ဟင့်ဝေးသေး....

(ဒေါ်ရတနာခင်)

အောင်မန်း မင်းကများလူပါး၀လို့ မင်းအခုပြောနေတာလူကြီးကိုနော်

(ခွန်စစ်ပိုင်)
အဲ့လူကြီးကပဲ ခလေးတွေရဲ့အချစ်ကိုခွဲခဲ့တာမဟုဘူးလား...

(ဒေါ်ရတနာခင်)
ဟန့်..... မင်းကိုမင်းဟုလှပြီထင်နေတာလားဟမ်း မင်းလိုအဆင့်တန်းနဲ့ ငါ့လိုမျိုး.....

(ခွန်စစ်ပိုင်)
ဒီမှာအန်တီ အန်တီသိအောင်တစ်ခုပြောလိုက်မယ်
အန်တီသိပ်ချစ်ပါတယ်ဆိုတဲ့ အန်တီသားကိုဖြိုးကို ကတော့ပွဲနဲ့ တောင်းပန်ပြီးပေးတာတောင် ဒီတစ်သက်ပြန်ယူဖို့စိတ်ကူးမရှိဘူး
နောက်ပြီး ကျနော်ဒီကိုလာတယ်ဆိုတာ ကျနော့်ကိစ္စနဲ့ကျနော်
သားလေးတစ်ယောက်မွေးထားပြီးအဟုတ်ကြီးထင်နေမှာဆိုးလို့ပြောပြတာ ......

(ဒေါ်ရတနာခင်)
လွတ်သွားတဲ့ငါးက ကြီးနေတော့နောင်တရနေတာလား ဒါမှမဟုအရှက်ပြေပြောနေတာလား ဟဟာဟား.......
မင်းပြောနေတာတွေကသိပ်ရီရတာပဲ
လူဆိုတာ ဒူးနေရာဒူး တော်နေရာတော်
နေတတ်ရတယ် ကိုယ်နဲ့တန်ရာတန်ရာမှန်းပါအမြဲတမ်း သားဖြိုးကားပေါ်တတ်ပြန်မယ်

(တာယာလင်း)
အိုစာနေတဲ့အဖွားကြီး ပြောချင်တာပြောပြီးအဲ့လိုပြန်လို့ရမယ်ထင်နေတာလားဟမ်း
ခွန်စစ်ကညိမ်ခံနေပေမဲ့ ကျနော်ကတော့ညိမ်ခံနေမှာမဟုဘူးနော်

(ခွန်စစ်ပိုင်)
အလင်း...တော်ပြီ....

(တာယာလင်း)
ခွန်စစ် ငါကိုဒီတစ်ခါမတားနဲ့တော့ ဒီမိန်မတရားလွန်နေပြီ မင်းကိုစိတ်ပူလိုက်လာတာထင်တဲ့အတိုင်းပဲ......

(ဒေါ်ရတနာခင်)
ငါပြောပါတယ် လူဆိုတာတန်ရာတန်ရာပဲဆိုတာ မင်းတို့နှစ်ယောက်က လမ်းဘေးခွေးသာသာဆိုတော့ တူရာတန်ရာ ပေါင်းမိနေတာပေါ့....

(တာယာလင်း)
ဒီမှာ ခင်ဗျားလိုစိတ်ဓာတ်အောက်တန်းကျတဲ့သူထက်စာရင်အများကြီးတော်သေးတယ် ခင်ဗျားကိုခင်ဗျားပြန်မေးကြည့်ပါအူး ဘယ်နေမှာများ ဘယ်နေရာမှာများလူကြီးလူကောင်းဆန်ပြီး အဆင့်တန်းမြင့်မားနေလဲဆိုတာကို

(ဒေါ်ရတနာခင်)
အောက်တန်းစား.........

(ခွန်စစ်ပိုင်)
အလင်း.........

(နောက်ခံ)
ဒေါ်ရတနာခင်လဲ တာယာလင်းရဲ့စကားတွေကြောင့်ဘာမှမမြင်ပဲ ပိုက်ဆံအိတ်ထဲကဓားကိုထုတ်ကာ တာ့ယာလင်းကိုဓားနဲ့ထိုးလိုက်ပါတော့တယ် ဒါပေမဲ့ ခွန်စစ်ပိုင်ဟာ တာယာလင်းကိုဘေးဖယ်ထုတ်လိုက်တော့ ဒေါ်ရတနာခင်ထိုးတဲ့ဓားက ခွန်စစ်ပိုင်ကိုထိသွားခဲ့ပါတော့တယ် ဓားထိုးထားတဲ့ဒဏ်ရာကြောင့် ခွန်စစ်ပိုင်ကိုဆေးရုံကိုအမြန်ပို့ခဲ့ပြီး ဒေါ်ရတနာခင်လဲ သူ့ရဲ့ပစ်ဒဏ်ကြောင် ထောင်ကျခဲ့ပါတော့တယ်
ဒေါ်ရတနာခင်လဲ ထောင်ကျတော့မှပဲ သူရဲ့မန်မာနတွေကိုခ၀ါချပြီး သားဖြစ်သူပြည့်ဖြိုးသူအပေါ် မိခင်စိတ်နဲ့လိမ်ခဲ့တာတွေ၀န်ခံခဲ့ပါတော့တယ် အဲ့အချိန်ကျမှ ပြည့်ဖြိုးသူဟာ ခွန်စစ်ပိုင်အပေါ်မှာအမှန်တရားတွေကိုသိမြင်လာတော့တယ် .......

(ပြည့်ဖြိုးသူ)
ခွန်စစ်........

(တာယာလင်း)
ဘာလာလုပ်ပြန်တာလဲ ဘာတွေထက်ပြီးဒုက္ခပေးအုံးမလို့လဲဟမ်......

(ပြည့်ဖြိုးသူ)
ကျနော် ခွန်စစ်ကိုတောင်ပန်ဖို့လာခဲ့တာပါ ထက်ပြီးဒုက္ခပေးဖို့မဟုပါဘူး....
ခွန်စစ် ကိုဖြိုး တောင်းပန်ပါတယ်နော် ဖြစ်ခဲ့တဲ့ကိစ္စအရာအားလုံးလဲသိပြီးပါပြီ.....
ကိုဖြိုးအမေက အမှန်တိုင်းသူရဲ့လုပ်ရက်တွေကိုပြောပြပါတယ် ခွန်စစ်အပေါ်မှာအယုံကြည်မရှိခဲ့လို့တောင်းပန်ပါတယ်နော်

(ခွန်စစ်ပိုင်)
ရပါတယ် ခွန်စစ်တွက်ဘာမှမလိုပါဘူး.....

(ပြည့်ဖြိုးသူ)
ခွန်စစ် ကိုဖြိုးတစ်ခုလောက်မေးမယ်နော် အမှန်တိုင်းဖြေပေးပါနော် ....

(တာယာလင်း)
ဟျှောင်........ လူနာကဒဏ်ရာနဲ့ နော်မင်းမတွေ့ဘူးလား... လေကြောကရှည်တယ်မပြီးတော့ဘူး.....

(ခွန်စစ်ပိုင်)
အလင်း....... တော်ပါတော့ နော် အပြင်မှာခနလောက်စောင့်ပေးပါနော် ငါသူနဲ့နှစ်ယောက်ထဲစကားပြောချင်တယ်.....

(တာယာလင်း)
ဟာ မင်းအနားမှာငါမရှိတုန်း သူတခုခုလုပ်ရင်ဘယ်လိုလုပ်မလဲ သားလဲအမေလို ရုတ်မာရင်ဘယ်လိုလုပ်မလဲ လူလိမ်ဆိုတာ ဂျိုမှမပါတာ....

(ခွန်စစ်ပိုင်)
အလင်း..... ငါတောင်းဆိုပါတယ်....အပြင်မှာစောင့်ပေးပါ နော်.....
ဖြိုးမေးပါ ခွန်စစ်အမှန်တိုင်းဖြေပေးမယ်

(ပြည့်ဖြိုးသူ)
ကိုဖြိုး ခွန်စစ်အပေါ်မှာ သံယောဇဥ်မကုန်သေးဘူး အရင်လိုချစ်နေသေးတယ်
ခွန်စစ်ကော ကိုဖြိုးကိုအရင်လိုချစ်သေးလားဟင် ....

(ခွန်စစ်ပိုင်)
ကျွန်တော်ကိုဖြိုးကို အရင်လိုပဲအခုထိ ရင်ထဲမှာချစ်နေဆဲပါ
ဘာမှမပြောင်းလဲသွားဘူး ကိုဖြိုးကျနော့်အနားမှာမရှိလဲ ကျွန်တော့အချစ်က ကိုဖြိုးအပေါ်မှာအရင်လိုပါပဲ

(ပြည့်ဖြိုးသူ)
ဒါဆို ကိုဖြိုးတို့ပြန်တွဲရအောင်လေနော်...

(ခွန်စစ်ပိုင်)
မဟုသေးဘူး ကိုဖြိုး ကျွန်တော်ကိုဖြိုးကိုချစ်နေတာ ရင်ဘက်ထဲမှာပါ အခုလက်ရှိအပြင်မှာမဟုတော့ဘူး ကို့ဖိုးက ကကျွန်တော်ရင်ဘက်ထဲမှာ ရှိနေပြီးသားမို့ အပြင်မှာမလိုအပ်တော့ဘူးဗျ .....
ကျွန်တော်တို့ဝေးပြီးကတည်းက ကိုဖြိုးကိုသေလူလို့သက်မှတ်လိုက်တာကြာပါပြီ......
ကျွန်တော် ကိုဖြိုးကိုချစ်နေသေးရင်တောင် ပြန်မလိုချင်တော့ပါဘူး .....
ကျွန်တော်ကို ကိုဖြိုးဘက်ကပဲစပြီး လမ်းခွဲပေ

Address

Yangon
2402877

Website

Alerts

Be the first to know and let us send you an email when P Paing Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category