31 Noodle

31 Noodle Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 31 Noodle, Food & Drink, 29(C), Damaryone Street, Sanchaung, Yangon.

ဒီနေ့ (၂၀၂၆ ခုနှစ်၊ မေလ၊ ၁ ရက်နေ့) မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့” ကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။
01/05/2026

ဒီနေ့ (၂၀၂၆ ခုနှစ်၊ မေလ၊ ၁ ရက်နေ့) မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့” ကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။

30/04/2026

Hello !! ဒီနေ့ ကဆုန်လပြည့်နေ့က ပုံမှန် ဆိုင်ပိတ် ရက်ဖြစ်ပင်မဲ့ ဒီနေ့ မပိတ်ပါဘူး ရှင့် 🤗🤗
ဆိုင်ဖွင့်ပါတယ်ရှင့်

𝟑𝟏 𝐍𝐨𝐨𝐝𝐥𝐞 ရောက်ရင် တစ်မျိုးတည်း စားပြန်ရမှာ နှမြောစရာကြီးနော်! 🥢ရှမ်းစာ ကြိုက်သူတွေအတွက် အကောင်းဆုံး 'Perfect Match' ကို...
22/04/2026

𝟑𝟏 𝐍𝐨𝐨𝐝𝐥𝐞 ရောက်ရင် တစ်မျိုးတည်း စားပြန်ရမှာ နှမြောစရာကြီးနော်! 🥢

ရှမ်းစာ ကြိုက်သူတွေအတွက် အကောင်းဆုံး 'Perfect Match' ကို ပြောပြပါဆိုရင်... လားရှိုးလက်ရာ ရှမ်းခေါက်ဆွဲ ပူပူလေးရယ်၊ အသားအပြည့်နဲ့ ဖက်ထုပ်တုတ်တုတ် လေးရယ်ပဲပေါ့။ 🤤

ဒီအတွဲအစပ်က ဘာလို့ ဒီလောက် နာမည်ကြီးနေရတာလဲ? 👇

🍜 ရှမ်းခေါက်ဆွဲ

အချိုမှုန့် လုံးဝမပါဘဲ သဘာဝအတိုင်း အချိုဓာတ်ရအောင် ဖော်စပ်ထားတဲ့ ခေါက်ဆွဲပူပူလေးက တစ်ငုံသောက်လိုက်တာနဲ့ ရင်ထဲ နွေးထွေးသွားစေမှာပါ။

🥟 Homemade ဖက်ထုတ်ပေါင်း

နူးအိနေတဲ့ ဖက်ထုပ်သားလေးထဲမှာ ကြက်သား (သို့) ပုဇွန်နဲ့ ဝက်သားအရော ကို အပြည့်အသိပ် ထည့်ထားတာမို့ ဝါးလိုက်တိုင်း 'ထုတ်ထုတ် ထုတ်ထုတ်' နဲ့ အရသာရှိလှပါတယ်။

🥢ခေါက်ဆွဲတစ်ကိုက်၊ ဖက်ထုပ်တစ်ကိုက်... ဒီလို တွဲစားလိုက်မှပဲ ဗိုက်လည်းပြည့်၊ အရသာလည်း ပြည့်စုံသွားတာပါ။ တစ်ခါစားပြီးရင် နောက်တစ်ခါမှာလည်း ဒီ Combo ကိုပဲ ထပ်မှာမိနေမှာ အသေအချာပါပဲ။ ❤️

🛵𝐅𝐨𝐨𝐝𝐩𝐚𝐧𝐝𝐚 မှတဆင့် Delivery မှာယူလို့လည်း ရတာမို့ အိမ်မှာပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ် အေးအေးဆေးဆေး အားပေးလို့ရပြီနော်

ဒီနေ့ နေ့လည်စာအတွက် ဒီ 'Legendary Combo' လေးကို 31 Noodle မှာ လာမြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်! 🥰✨

🍜𝟑𝟏 𝐍𝐨𝐨𝐝𝐥𝐞

⏰ 7:00 AM to 8:30 PM (Daily)

📞 09 682120928

📌လိပ်စာ- ဓမ္မာရုံလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။

သင်္ကြန်နှင့် နှစ်သစ်ကူး နှုတ်ခွန်းဆက်လွှာမင်္ဂလာရှိသော မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ဖြစ်ပါစေ 💦နှစ်ဟောင်းက မောဟတွေ၊...
17/04/2026

သင်္ကြန်နှင့် နှစ်သစ်ကူး နှုတ်ခွန်းဆက်လွှာ

မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ဖြစ်ပါစေ 💦

နှစ်ဟောင်းက မောဟတွေ၊ အခက်အခဲတွေကို သင်္ကြန်ရေနဲ့ ဆေးကြောသန့်စင်လိုက်ပြီး နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ပျော်ရွှင်ကြည်နူးမှုတွေ အဆပေါင်းများစွာ တိုးပွားပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

31 Noodle ကို အမြဲတမ်း တစ်ခဲနက်အားပေးကြတဲ့ ချစ်ခင်ရပါသော Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

နှစ်သစ်မှာလည်း သင့်ရဲ့ နေ့ရက်တိုင်းအတွက် အကောင်းဆုံးသော အရသာနဲ့ အားအင်တွေကို ဖြည့်ဆည်းပေးမယ့် အဖော်မွန်အဖြစ် ကျွန်တော်တို့ 31 Noodle က ဆက်လက်ရှိနေပါဦးမယ်။

အားလုံးပဲ ဘေးဘယာဝေးကွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ 🙏

💦 သင်္ကြန်တွင်း ဗိုက်ဆာရင် 𝟑𝟏 𝐍𝐨𝐨𝐝𝐥𝐞 ရှိတယ်နော်! 🍜ချစ်ခင်ရတဲ့ Foodies လေးတို့ရေ... သင်္ကြန်ကာလ အားလပ်ရက်များအတွင်းမှာ ကျ...
12/04/2026

💦 သင်္ကြန်တွင်း ဗိုက်ဆာရင် 𝟑𝟏 𝐍𝐨𝐨𝐝𝐥𝐞 ရှိတယ်နော်! 🍜

ချစ်ခင်ရတဲ့ Foodies လေးတို့ရေ... သင်္ကြန်ကာလ အားလပ်ရက်များအတွင်းမှာ ကျွန်တော်တို့ 𝟑𝟏 𝐍𝐨𝐨𝐝𝐥𝐞 ကို ပိတ်ရက်မရှိဘဲ ပုံမှန်အတိုင်း ဆက်တိုက် ဖွင့်လှစ်ထားမှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ 🍜

သင်္ကြန်လည်လို့ပဲ ပင်ပန်းပင်ပန်း၊ အိမ်မှာပဲ အေးအေးဆေးဆေး နားနေရင်းပဲဖြစ်ဖြစ် ဗိုက်ဆာလာရင်တော့ စိတ်မပူနဲ့တော့နော်။ ဧပြီလ (၁၁) ရက်ကနေ (၁၈) ရက်နေ့အထိ 𝟑𝟏 𝐍𝐨𝐨𝐝𝐥𝐞 က "လုံးဝ (မပိတ်ပါဘူး)"။ 😎

✅ သင်္ကြန်တွင်းမှာလည်း ပုံမှန်အတိုင်း အားပေးလို့ရတဲ့အတွက် သင်္ကြန်ရေကစားရင်း ဗိုက်ဆာလာရင်ပဲဖြစ်ဖြစ်၊ မိသားစုနဲ့အတူ ရှမ်းခေါက်ဆွဲပူပူလေး စားချင်ရင်ပဲဖြစ်ဖြစ် 𝟑𝟏 𝐍𝐨𝐨𝐝𝐥𝐞 ကို သတိရလိုက်ပါဦး။

⏰ သင်္ကြန်တွင်းဆိုင်ဖွင့်ချိန်: 10:00 AM မှ 7:00 PM အထိ
(ဧပြီ ၁၁ မှ ၁၈ ရက်အထိ)
အားလုံးပဲ အေးမြပျော်ရွှင်စရာ အတာသင်္ကြန်ဖြစ်ပါစေ... 🙏💦

🍜 𝟑𝟏 𝐍𝐨𝐨𝐝𝐥𝐞
📞 09 682120928
📌 လိပ်စာ : ဓမ္မာရုံလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။

"ရှမ်းခေါက်ဆွဲ ပူပူစပ်စပ်လေး စားပြီးရင်... ဘာအအေးနဲ့ တွဲသောက်ရမလဲ စဉ်းစားရခက်နေလား? 🤔𝟑𝟏 𝐍𝐨𝐨𝐝𝐥𝐞 မှာ ရှမ်းခေါက်ဆွဲပဲ ကောင်...
09/04/2026

"ရှမ်းခေါက်ဆွဲ ပူပူစပ်စပ်လေး စားပြီးရင်... ဘာအအေးနဲ့ တွဲသောက်ရမလဲ စဉ်းစားရခက်နေလား? 🤔

𝟑𝟏 𝐍𝐨𝐨𝐝𝐥𝐞 မှာ ရှမ်းခေါက်ဆွဲပဲ ကောင်းတာလားဆိုတော့... မဟုတ်ပါဘူး! 𝟑𝟏 𝐍𝐨𝐨𝐝𝐥𝐞 ရဲ့ ဖျော်ရည် Menu တွေကို မြည်းစမ်းကြည့်ပြီးရင် 'ဒီအရသာမျိုး တခြားမှာ မရနိုင်ဘူး' ဆိုတာ သိသွားလိမ့်မယ်။

🌿 တစ်ငုံသောက်လိုက်တာနဲ့ စိတ်ရောကိုယ်ပါ 'Refresh' ဖြစ်သွားစေမဲ့ မွှေးရနံ့လေးနဲ့ စပါးလင်ဖျော်ရည်

🌺 ချိုချိုချဉ်ချဉ် အရသာလေးက ခံတွင်းမြိန်စေပြီး အလှအပအတွက်ပါ အားဖြည့်ပေးမဲ့ ခေါင်ရမ်းဖျော်ရည်

🥥 အုန်းနို့နံ့ သင်းသင်းလေးနဲ့ ပါးစပ်ထဲမှာ စိမ့်ဝင်သွားမဲ့ အဆီအဆိမ့် ကြိုက်တဲ့သူတွေ လက်မလွှတ်သင့်တဲ့ အုန်းသီးမစ်ရှိတ်

🌾 ရင်ထဲကို တသိမ့်သိမ့်အေးမြသွားစေမယ့် ရှမ်းရိုးရာ အရသာစစ်စစ် ဆန်ချိုအေး

🍋 အပူအစပ်စားပြီးတိုင်း လိုအပ်နေတဲ့ အအီပြေလန်းဆန်းစေမယ့် အဖော်မွန် Lemon Tea
ဒီလို ဆန်းဆန်းပြားပြား Drink Menu လေးတွေက 𝟑𝟏 𝐍𝐨𝐨𝐝𝐥𝐞 ရဲ့ ရှမ်းခေါက်ဆွဲနဲ့ အလိုက်ဖက်ဆုံးပဲနော်။ 🍹

ဆိုင်မှာ လာစားဖြစ်ရင် ဘယ်ဖျော်ရည်လေးကို အရင်ဆုံး Try ကြည့်ချင်လဲ? Comment မှာ ပြောခဲ့ပါဦး! 👇

🍜𝟑𝟏 𝐍𝐨𝐨𝐝𝐥𝐞
⏰ 7:00 AM to 8:30 PM (Daily)
📞 09 682120928
📌လိပ်စာ- ဓမ္မာရုံလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။

𝟑𝟏 𝐍𝐨𝐨𝐝𝐥𝐞 ရဲ့ ‘ခေါက်ဆွဲအတူစားစို့’ 𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲 ကံထူးရှင်များ ကြေညာခြင်း 🍜✨ပထမဆုံးအနေနဲ့ အရင်တင်ခဲ့တဲ့ ပို့စ်မှာ အချက်အလက်အမ...
08/04/2026

𝟑𝟏 𝐍𝐨𝐨𝐝𝐥𝐞 ရဲ့ ‘ခေါက်ဆွဲအတူစားစို့’ 𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲 ကံထူးရှင်များ ကြေညာခြင်း 🍜✨

ပထမဆုံးအနေနဲ့ အရင်တင်ခဲ့တဲ့ ပို့စ်မှာ အချက်အလက်အမှားအယွင်းအချို့ ပါဝင်သွားခဲ့တဲ့အတွက် စောင့်မျှော်နေကြတဲ့ Foodies လေးများကို 31 Noodle မိသားစုမှ အနူးအညွတ် တောင်းပန်အပ်ပါတယ်။ 🙏

အမှားကို အမြန်ဆုံး ပြင်ဆင်ပြီး အခုလို ကံထူးရှင် (၅) ဦးကို ပြန်လည်ကြေညာပေးလိုက်ရပါတယ်။
အားလုံးပဲ စောင့်မျှော်နေကြတဲ့ 31 Noodle ရဲ့ "မုန့်ဖိုးပေးတဲ့အစီအစဉ်" Lucky Winner (5) ဦး ကို ရွေးချယ်လို့ ပြီးသွားပါပြီ။ 🥳

31 Noodle မှာ တစ်ဦးလျှင် (၃) သောင်းကျပ်ဖိုးစီ စိတ်ကြိုက် အခမဲ့ သွားရောက်စားသုံးခွင့်ရရှိမယ့် ကံထူးရှင်များကတော့...

🏆 Thet Htar May

🏆 Honey Khaing

🏆 Thurain Linn Thar

🏆 Shwe June Aye

🏆 Wai Yan Kyaw

ကံထူးရှင် (5) ဦးလုံးကို အထူးပင် ဂုဏ်ယူပါတယ်! 🎉

🎁 ဆုလက်ဆောင် ထုတ်ယူရန်
ကံထူးရှင်များအနေနဲ့ မိမိတို့ရဲ့ ဆုလက်ဆောင်ကို ရယူနိုင်ဖို့အတွက် 31 Noodle Page Messenger မှာ လကုန်ရက်အထိ လာရောက်ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျ။

ဒီတစ်ခေါက် ကံမပါသေးတဲ့သူတွေလည်း စိတ်မကောင်းမဖြစ်ပါနဲ့ဦးနော်။ နောက်ထပ်လည်း အခုလို ပျော်စရာ အစီအစဉ်ကောင်းတွေ အများကြီး လာဖို့ရှိသေးတာမို့ 31 Noodle Page ကို Like & Follow လုပ်ပြီး စောင့်ကြည့်ပေးကြပါဦး။

ပါဝင်ဆင်နွှဲပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ အားလုံးပဲ ခေါက်ဆွဲပူပူလေးတွေနဲ့အတူ ပျော်ရွှင်တဲ့နေ့လေး ဖြစ်ပါစေ။ 🍜🥢

📍 ဆိုင်လိပ်စာ - ဓမ္မာရုံလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်။
📞 ဖုန်း - 09 682120928

31 Noodle မှာ ခေါက်ဆွဲတစ်ပွဲစားတာနဲ့ နောက်ဘဲတစ်ယောက်ရနိုင်မယ့်အခွင့်ရေးလေးရှိပါတယ်ဒီနေ့တစ်ရက်ထဲ ပေးမှာဖြစ်လို့မြန်မြန်လေ...
31/03/2026

31 Noodle မှာ ခေါက်ဆွဲတစ်ပွဲစားတာနဲ့ နောက်ဘဲတစ်ယောက်ရနိုင်မယ့်အခွင့်ရေးလေးရှိပါတယ်

ဒီနေ့တစ်ရက်ထဲ ပေးမှာဖြစ်လို့မြန်မြန်လေး ခေါက်ဆွဲလာစားပြီး နောက်ဘဲလာထားဖို့တော့လိုမယ်နော် :3

လကုန်ရက်မှာ 𝟑𝟏 𝐍𝐨𝐨𝐝𝐥𝐞 ရဲ့ ‘ခေါက်ဆွဲအတူစားစို့’ 𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲 လာပြီနော်🥳လကုန်ရက်ရောက်ပြီဆိုတော့... ကိုယ့်ရဲ့ Salary လေးကို မထိ...
25/03/2026

လကုန်ရက်မှာ 𝟑𝟏 𝐍𝐨𝐨𝐝𝐥𝐞 ရဲ့ ‘ခေါက်ဆွဲအတူစားစို့’ 𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲 လာပြီနော်🥳

လကုန်ရက်ရောက်ပြီဆိုတော့... ကိုယ့်ရဲ့ Salary လေးကို မထိရက်မကိုင်ရက် ဖြစ်နေပြီလား?

💰အိတ်ကပ်ထဲက ပိုက်ဆံကို ခြွေတာပြီး ဗိုက်ဝဝဖြည့်ချင်တဲ့ Foodies လေးတွေအတွက် 𝟑𝟏 𝐍𝐨𝐨𝐝𝐥𝐞 က မုန့်ဖိုးပေးမဲ့ အစီအစဉ်လေး လာပြီနော်!

🍲ခေါက်ဆွဲပူပူလေးတွေနဲ့ 𝟑𝟏 𝐍𝐨𝐨𝐝𝐥𝐞 ရဲ့ Menuအစုံအလင်ကို တစ်ဦးလျှင် 3️⃣သောင်းကျပ်ဖိုး တိတိ "အခမဲ့" စားသုံးခွင့်ရမဲ့ Lucky Winners (5️⃣) ယောက် ကို ရွေးချယ်ပေးသွားမှာပါ!

Lucky Winners (5️⃣) ယောက် တိတိကို ရွေးချယ်ပေးမှာဆိုတော့... ခေါက်ဆွဲဆို "ရှယ်" မှ ကြိုက်တဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးပဲပေါ့။ 🥳

✨ 𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲 မှာ ပါဝင်ဖို့က လွယ်လွယ်လေးပါပဲ

1️⃣ 𝟑𝟏 𝐍𝐨𝐨𝐝𝐥𝐞 Page နဲ့ TikTok Account ကို Like & Follow လုပ်ထားပါ။
(https://www.tiktok.com/@31.noodle?_r=1&_t=ZS-94yukPkhftZ)

2️⃣ ဒီ Post လေးကို Public နဲ့ Share ပေးပါ။ 🌏

3️⃣ Comment မှာ "ခေါက်ဆွဲအရမ်းကြိုက်တဲ့ သူငယ်ချင်း ၃ ယောက်" ကို Mention ခေါ်ရင်း 𝟑𝟏 𝐍𝐨𝐨𝐝𝐥𝐞 မှာ ဘယ် Menu ကို အတူတူစားချင်လဲ" ဆိုတာလေး ပြောခဲ့ပေးရုံပါပဲ! 💬

4️⃣ TikTok မှာ Follow ထားတဲ့ Screenshot လေးကိုပါ Comment မှာ တစ်ခါတည်း တွဲတင်ပေးရမှာ ဖြစ်ပါတယ်။ 📸

(Mention ခေါ်ခံရတဲ့သူကပါ ပြန်ပါဝင်ရင် ကံထူးခွင့် ပိုများတာပေါ့😍)

📌 𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲 မှာ ပါဝင်ဖို့ သိထားရမဲ့ အချက်လေးတွေကတော့...

🔻ဒီ 𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲 လေးက စမ်းချောင်း (ဓမ္မာရုံလမ်း) ဆိုင်မှာ ကိုယ်တိုင်လာရောက်စားသုံးမယ့်သူတွေပဲ ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။

🔻Online Delivery (Foodpanda) မှာယူမှုတွေအတွက်တော့ ဒီ 𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲 ကို အသုံးပြုလို့ မရပါဘူးနော်။

🔻၃ သောင်းကျပ်ဖိုးကို ဆိုင်က Menu တွေထဲက စိတ်ကြိုက်ရွေးချယ်စေချင်တာမို့ ငွေသား (Cash) နဲ့ ပြန်လဲလှယ် မပေးပါဘူးနော်။

𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲 𝐖𝐢𝐧𝐧𝐞𝐫𝐬 ရှင်တွေကိုတော့ လာမဲ့ April 1️⃣ရက်နေ့ကျ Page မှာပဲ ကြေငြာသွားမှာဖြစ်လို့ ဆက်ဆက်စောင့်ကြည့်ပေးဖို့ မမေ့နဲ့နော်😉

ကဲ... ဘယ်သူတွေ ကံထူးမလဲဆိုတာ သိရအောင် အခုပဲ သူငယ်ချင်းတွေကိုပါ ခေါ်ပြီး ပါဝင်လိုက်တော့နော်! 🍜🔥

31 Noodle ချစ်သူတို့ရေ! 📢ဒီနေ့  17.3.2026  တပေါင်း လကွယ်နေ့   1 ရက်ကို  31 Noodle ဆိုင်လေး ပိတ်ထားမှာဖြစ်ကြောင်း အသိပေးပ...
17/03/2026

31 Noodle ချစ်သူတို့ရေ! 📢

ဒီနေ့ 17.3.2026 တပေါင်း လကွယ်နေ့ 1 ရက်ကို 31 Noodle ဆိုင်လေး ပိတ်ထားမှာဖြစ်ကြောင်း အသိပေးပါရစေ။

ကံထူးရှင်များကိုကြေငြာပေးလိုက်ပါတယ် 🤩 Giveaway လေးကိုပါဝင်ခဲ့ပေးတဲ့ တစ်ယောက်ချင်းစီကိုလဲ ကျေးဇူးတင်ပါတယ်နောက်တခါတွေမှာလဲ...
15/03/2026

ကံထူးရှင်များကိုကြေငြာပေးလိုက်ပါတယ် 🤩

Giveaway လေးကိုပါဝင်ခဲ့ပေးတဲ့ တစ်ယောက်ချင်းစီကိုလဲ ကျေးဇူးတင်ပါတယ်
နောက်တခါတွေမှာလဲ ပြန်လဲကံစမ်းနိုင်အောင် page လေးကို like and follow လေးလုပ်ထားဖို့တော့လိုအပ်ပါလိမ့်မယ်နော် 🎊

ကံထူးရှင်းများ လဲ page messenger သို့ တစ်ပါတ်အတွင်း လာရောက်ထုတ်ယူပေးကြဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာ

Address

29(C), Damaryone Street, Sanchaung
Yangon

Website

Alerts

Be the first to know and let us send you an email when 31 Noodle posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category