20/01/2025
တစ်ထုပ် ၁၂၀၀ ကျပ်နဲ့ ထမင်းတစ်နပ် စားမလား 😍😍😍
အခုလိုကာလမှာ ထမင်းတစ်နပ် ဟင်းတစ်ခွက်အတွက် ချွေတာချင်ရင်
၁၂၀၀ ကျပ်တန် ရွှင်ပြုံး တန်ဖိုးနည်းအသင့်စား အထုပ်လေးတွေနဲ့ ဖြေရှင်းလို့ရပါပြီနော်။ 😍
အသင့်စားဆိုတဲ့အတွက်ကြောင့် ချက်စရာပြုတ်စရာလည်းမလို
ထမင်းတစ်ခါစားစာ အထုပ်လေးတွေဆိုတော့
ဖောက်ပြီးရင် သိမ်းထားဖို့မလိုတော့ သိပ်ကို အဆင်ပြေစေပါတယ်နော်။
ငပိချက်အထုပ်လေးတွေ ဆိုပေမယ့်လို့ အသားဓာတ်ရစေမယ့်
ကြက်သား၊ ငါးနီတူ စတဲ့ပါဝင်ပစ္စည်းတွေလည်း ထည့်ပေးထားတာကြောင့်
အရံဟင်းအနေနဲ့လည်းရ အဓိကဟင်းအနေနဲ့လည်းစားလို့ရအောင်
ထုတ်လုပ်ပေးထားပါတယ်ရှင်😘
ထမင်းဖြူပူပူလေးနဲ့နယ်ပဲစားစား၊
ငပိချက်လိုမျိုးမြုပ်ပဲစားစား၊
တို့စရာအသီးအရွက်လေးနဲ့ တွဲပြီးပဲစားစား
ထမင်းမြိန်စေမှာ အသေအချာပါပဲ။
လတ်တလော ရနိုင်တာလေးတွေက
(၁) ကြက်သားငပိချက်
(၂) ငါးနီတူမန်ကျည်းသီးစိမ်းကြော်
(၃) ငါးနီတူချဉ်ပေါင်ကြော်
#၂၈ ဂရမ်ပါတဲ့(ထမင်းတစ်ခါစားစာ) တစ်ထုပ်ကိုမှ ၁၂၀၀ ကျပ်ပါပဲနော်။