15/09/2026
Pigeon ငါးသေတ္တာဘူးလေး ရှိရုံနဲ့ မိနစ်ပိုင်းအတွင်း အရသာရှိတဲ့ "ငါးသေတ္တာ ချဉ်စပ်ချက်" ကို အလွယ်တကူ ချက်စားလို့ ရပါပြီ ✅
ပါဝင်ပစ္စည်းများ
* Pigeon ငါးသေတ္တာ - ၁ ဘူး
* ကြက်သွန်နီ / ကြက်သွန်ဖြူ - အနည်းငယ် (ပါးပါးလှီးထားပါ)
* ငရုတ်သီးစိမ်း - ၃/၄ တောင့် (ခြမ်းထားပါ)
* သံပုရာသီး - ၁ ခြမ်း
* နံနံပင် - အနည်းငယ်
* ဆီ၊ ငံပြာရည် - မိမိနှစ်သက်သလို
ချက်ပြုတ်နည်း
* ဒယ်အိုးထဲ ဆီအနည်းငယ်ပူလာရင် လှီးထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းတို့ကို မွှေးလာအောင် ဆီသတ်ပါ။
* Pigeon ငါးသေတ္တာဘူးကို ဖောက်ထည့်ပြီး ငါးအသားလေးတွေ မကျေအောင် အသာအယာ မွှေပေးပါ။
* ငံပြာရည် အနည်းငယ်ထည့်ပြီး ၂ မိနစ်ခန့် အဖုံးအုပ်ထားပါ။
* မီးပိတ်ကာ သံပုရာရည် ညှစ်၊ ငရုတ်သီးစိမ်းနဲ့ နံနံပင်လေး အုပ်လိုက်ရင်တော့ ထမင်းမြိန်စေမယ့် Pigeon ငါးသေတ္တာ ချဉ်စပ်ချက် ပူပူစပ်စပ်လေး ရပါပြီ။
ထမင်းပူပူလေးနဲ့ တွဲဖက်သုံးဆောင်ဖို့ ဒီနေ့ပဲ Pigeon ငါးသေတ္တာလေးကို ဝယ်ယူချက်ပြုတ်ကြည့်လိုက်ပါနော် 🛒❤️
ါးသေတ္တာ