HTOO Steel Tank

HTOO Steel Tank SUS 304 Grade Stainless Steel | 1 Year Warranty

📌 Quality အကောင်းဆုံးကိုသာရွေးခြယ်သုံးစွဲတတ်သူတွေအတွက် Htoo Steel tankမှာ steel တိုင်ကီ size စုံရရှိနိုင်ပါပြီရှင့်💁🔷 St...
28/03/2026

📌 Quality အကောင်းဆုံးကိုသာ
ရွေးခြယ်သုံးစွဲတတ်သူတွေအတွက်
Htoo Steel tankမှာ
steel တိုင်ကီ size စုံရရှိနိုင်ပါပြီရှင့်💁

🔷 Stainless steel ဖြင့် ထုတ်လုပ်ထားခြင်းကြောင့်တိုင်ကီအရည်အသွေး
ကြာရှည်ခိုင်ခန့်ခြင်း

🔷 Horizontal type နှင့်
vertical type နှစ်မျိုးစလုံးရရှိနိုင်ပြီး customized size လည်း
pre order မှာယူရရှိနိုင်ပါသည်

💧 သောက်သုံးရေနှင့် ရေသန့်စက်ရုံများအတွက် အထူးအဆင်ပြေစေပါသည်

💢 Steel တိုင်ကီရဲ့ ဒေါက်တွေကိုပါ
Steel အစစ်တစ်မျိုးထဲသာ အသုံးပြုထားလို့
ရေရှည်မှာ စိတ်ချလက်ချအသုံးပြုလို့
ရပါသည်

💯 Packaging ကောင်းကောင်းဖြင့်
စနစ်တကျပို့ပေးတာမို့ နယ်မှလည်း
စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါသည်

📌 Warranty (1)နှစ် ပါရှိတဲ့
Quality မြင့် Steel တိုင်ကီကို
စိတ်တိုင်းကျစွာ ပိုင်ဆိုင်ချင်တာဆို
Htoo Steel tank ကို သတိရလိုက်ပါရှင်

❄️ ဆက်သွယ်ဝယ်ယုရမဲ့ လိပ်စာလေးကတော့
အမှတ် 506/ 507/ 508(က)၊ မိုးကုတ်လမ်း၊ တောင်ဒဂုံစက်မှုဇုန်(1)၊ ရန်ကုန်မြို့။
09 450 777 224 or
page messenger




✴️အရည်အသွေးကောင်း Steel တိုင်ကီကောင်းကောင်းလိုအပ်နေပြီဆို Htoo အမှတ်တံဆိပ်ကိုသတိရလိုက်ပါ🤷💥SUS 304 Grade Stainless steel ...
10/03/2026

✴️အရည်အသွေးကောင်း Steel တိုင်ကီကောင်းကောင်း
လိုအပ်နေပြီဆို Htoo အမှတ်တံဆိပ်ကို
သတိရလိုက်ပါ🤷

💥SUS 304 Grade Stainless steel စစ်စစ်ဖြင့်
စနစ်တကျ လက်ရာသေသပ်စွာ ထုတ်လုပ်ထားတာမို့
မာကြောခိုင်ခန့်စွာ သက်တမ်းရှည်ကြာ အသုံးပြုနိုင်ပါသည်📍📌

✅Warranty (1)နှစ်ပါရှိပြီး သုံးဖူးသူတိုင်း
စိတ်ကျေနပ်မှုအပြည့်ရရှိစေတာ
🥰Htoo Steel Tank ပါ....👍

📌Liter 500 မှ 10000အထိ
အိမ်သုံး အသေးဆုံးမှ စက်ရုံသုံး
လုပ်ငန်းသုံး ၊ ရေသန့်စက်ရုံသုံးအထိ
Customized size စုံအော်ဒါမှာယူ
အားပေးနိုင်ပါသည်🙋

💧ရေသန့်စင်မှုအတွက်
အကောင်းဆုံး Htoo Steel tankကို
ဝယ်ယူအသုံးပြုဖို့ နွေးထွေးစွာ
ဖိတ်ခေါ်အပ်ပါသည်🌟

💢မိတ်ဆွေတို့ လိုချင်တဲ့ Quality အတိုင်း
စစ်မှန်တဲ့ အရည်အသွေးနဲ့ ဝန်ဆောင်မှုကို
အပြည့်အဝ ပိုင်ဆိုင်ခွင့်ရမှာပါ💢

📌အမှတ် 506/ 507/ 508(က)၊ မိုးကုတ်လမ်း၊
တောင်ဒဂုံစက်မှုဇုန်(1)၊ ရန်ကုန်မြို့။
📞09 450 777 224(or) page meesenger

✨ 𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝟐𝟎𝟐𝟔! 🎉၂၀၂၆ နှစ်သစ်မှာ 𝐇𝐓𝐎𝐎 𝐒𝐭𝐞𝐞𝐥 𝐓𝐚𝐧𝐤 ရဲ့ မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြ...
31/12/2025

✨ 𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝟐𝟎𝟐𝟔! 🎉
၂၀၂၆ နှစ်သစ်မှာ 𝐇𝐓𝐎𝐎 𝐒𝐭𝐞𝐞𝐥 𝐓𝐚𝐧𝐤 ရဲ့ မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏

🎄 Merry Christmas to Our Valued Customers! 🎅✨"ခရစ်စမတ်မှာ ချစ်ခင်ရသူများနဲ့အတူ နွေးထွေးကြည်နူးစရာ အချိန်လေးတွေ ပိုင်ဆိုင...
25/12/2025

🎄 Merry Christmas to Our Valued Customers! 🎅✨
"ခရစ်စမတ်မှာ ချစ်ခင်ရသူများနဲ့အတူ နွေးထွေးကြည်နူးစရာ အချိန်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ" လို့ HTOO Steel Tank မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🌟

လေးစားစွာဖြင့် -
HTOO Steel Tank မိသားစု 🏡💧

🎊 သံချေးမတက်၊ ရေအမြဲသန့်! HTOO STEEL TANK | ၂၀၂၆ နှစ်သစ်ကြိုဆို အထူးလျှော့ဈေး ကြီး လာပါပြီ! 🎉HTOO STEEL TANK ကို အသုံးပြ...
14/12/2025

🎊 သံချေးမတက်၊ ရေအမြဲသန့်! HTOO STEEL TANK | ၂၀၂၆ နှစ်သစ်ကြိုဆို အထူးလျှော့ဈေး ကြီး လာပါပြီ! 🎉
HTOO STEEL TANK ကို အသုံးပြုသူ မိတ်ဟောင်း မိတ်သစ်များအားလုံး မင်္ဂလာပါခင်ဗျာ။

📢 ၂၀၂၆ ခုနှစ်သစ် ကို ကြိုဆိုတဲ့အနေနဲ့ HTOO STEEL TANK ကနေ ဝယ်ယူသူတိုင်းအတွက်
အထူးလျှော့ဈေးနဲ့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ

💰 ဒီဇင်ဘာ ၁၅ ရက်နေ့မှ ၂၅ ရက်နေ့ထိ (၁၀) ရက်တာသာ!
လီတာ ၃၀၀ မှ လီတာ ၁၀,၀၀၀ အတွင်း အထောင် (Vertical)၊ အလှဲ (Horizontal)
မည်သည့် ဒီဇိုင်းပုံစံကိုမဆို ဝယ်ယူအားပေးတဲ့ မိတ်ဆွေကြီးများအားလုံးအတွက်
အထူးလျှော့ဈေးနှုန်း ဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

👑 HTOO STEEL TANK ကို ဝယ်ယူလိုက်တာနဲ့ အောက်ပါ Quality နဲ့ ဝန်ဆောင်မှု အပြည့်အဝ ရရှိမှာပါ-

🛡️ Stainless Steel 304 Grade: သံချေးမတက်၊ ရေညှိမကပ်တဲ့ Food Grade စတီးလ်အစစ်။
🇹🇼 Taiwan Technology: စနစ်တကျ ထုတ်လုပ်မှု နည်းပညာ။
👍 စတီးလ် အောက်ခြေဒေါက်: ခိုင်ခံ့ပြီး တည်ငြိမ်မှု အပြည့်။
🤝 စိတ်ကြိုက် Customized Order: လုပ်ငန်းလိုအပ်ချက်အလိုက် မှာယူနိုင်။
✅ အာမခံ ၁ နှစ်: စိတ်ချလက်ချ အသုံးပြုနိုင်ဖို့ အာမခံကာလ အပြည့်အစုံ။

🚚 ပို့ဆောင်ရေး ဝန်ဆောင်မှု
ရန်ကုန်မြို့တွင်း: အိမ်အရောက်ပို့စနစ် ဖြင့် နှစ်သက်ရာ လီတာအလိုက် ရရှိနိုင်ပါတယ်။
နယ်ဝေးမှ အော်ဒါများ: ထုပ်ပိုးမှုအပြည့်ဖြင့် အထိခိုက်၊ အစင်းရာ၊ အပွန်းပဲ့မရှိအောင် ဂိတ်အရောက် လုံခြုံစွာ ပို့ဆောင်ပေးလျက်ရှိပါတယ်။

တစ်နှစ်မှာ တစ်ကြိမ်သာလာမယ့် Quality အကောင်းဆုံး HTOO Steel Tank ကို လျှော့ဈေးနဲ့ ဝယ်ယူလိုက်ပါ!

📲 𝟎𝟗 𝟒𝟓𝟎 𝟕𝟕𝟕 𝟐𝟐𝟒 𝐨𝐫 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
📍ရုံးချုပ်/စက်ရုံ လိပ်စာ: အမှတ် 𝟓𝟎𝟔/ 𝟓𝟎𝟕/ 𝟓𝟎𝟖 (က)၊ မိုးကုတ်လမ်း၊ တောင်ဒဂုံ စက်မှုဇုန်(၁)၊ ရန်ကုန်မြို့။

ရေသန့်လုပ်ငန်းအတွက်ပဲ ဖြစ်ဖြစ်၊ အိမ်သုံးအတွက်ပဲ ဖြစ်ဖြစ်ရေရဲ့သန့်ရှင်းမှုကို အဓိကထားတဲ့သူတွေအတွက် အသင့်တော်ဆုံး 𝐇𝐓𝐎𝐎 𝐒𝐓𝐄...
11/12/2025

ရေသန့်လုပ်ငန်းအတွက်ပဲ ဖြစ်ဖြစ်၊ အိမ်သုံးအတွက်ပဲ ဖြစ်ဖြစ်
ရေရဲ့သန့်ရှင်းမှုကို အဓိကထားတဲ့သူတွေအတွက်
အသင့်တော်ဆုံး 𝐇𝐓𝐎𝐎 𝐒𝐓𝐄𝐄𝐋 𝐓𝐀𝐍𝐊 🛢

👉 𝐇𝐓𝐎𝐎 𝐒𝐓𝐄𝐄𝐋 𝐓𝐀𝐍𝐊 မှာ သုံးတဲ့ စတီးလ်က 𝐂𝐡𝐫𝐨𝐦𝐢𝐮𝐦 နဲ့ 𝐍𝐢𝐜𝐤𝐞𝐥 ဓာတ် မြင့်မားတဲ့ 𝐒𝐒 𝟑𝟎𝟒 𝐆𝐫𝐚𝐝𝐞 စစ်စစ် ဖြစ်တာမို့
သဘာဝအလျောက် အကာအကွယ်အလွှာ လေးတစ်ခု ပါရှိနေတတ်ပြီး ရေနဲ့ လေနဲ့ ကြာရှည် ထိတွေ့ရင်တောင် သာမန်သံလို သံချေးလုံးဝ မတက်ပါဘူး။

👉 𝐒𝐒 𝟑𝟎𝟒 ဟာ စားသောက်ကုန်နဲ့ ထိတွေ့ဖို့ သတ်မှတ်ထားတဲ့ စတီးလ်အမျိုးအစား ဖြစ်လို့
ဓာတုပစ္စည်းအနံ့တွေ၊ သံချေးအနံ့တွေ ရေထဲ လုံးဝမပါဝင်စေဘဲ ရေကို သန့်ရှင်းလတ်ဆတ်နေအောင် ထိန်းသိမ်းပေးတယ်။

👉 𝐇𝐓𝐎𝐎 𝐒𝐓𝐄𝐄𝐋 𝐓𝐀𝐍𝐊 ကို 𝐓𝐚𝐢𝐰𝐚𝐧 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 နဲ့ ထုတ်လုပ်ထားလို့ 𝐐𝐮𝐚𝐥𝐢𝐭𝐲 ပိုင်းမှာ လုံးဝ စိတ်ချရတယ်။

👉 အထောင် (𝐕𝐞𝐫𝐭𝐢𝐜𝐚𝐥) ရော၊ အလှဲ (𝐇𝐨𝐫𝐢𝐳𝐨𝐧𝐭𝐚𝐥) ရနိုင်တဲ့ အပြင်

👉 𝐋𝐢𝐭𝐞𝐫 𝟑𝟎𝟎 မှ 𝐋𝐢𝐭𝐞𝐫 𝟏𝟎𝟎𝟎𝟎 အတွင်း ဆိုဒ်အမျိုးမျိုးပါ ရွေးချယ်နိုင်တယ်။

👉 အာမခံအရည်အသွေး (𝐐𝐂) အပြည့်နဲ့ နယ်မှ ဝယ်ယူအားပေးလိုသူတွေအတွက်လည်း
ဂိတ်သို့ အထိခိုက်မရှိအောင် တာဝန်ယူ ထုတ်ပိုးပြီး
အထိခိုက်၊ အပွန်းပဲ့၊ အစွန်းအထင်းမရှိအောင် ပို့ဆောင်ရောင်းချပေးနေပါသည်။

အာမခံတစ်နှစ် ပါဝင်တဲ့ 𝐇𝐓𝐎𝐎 𝐒𝐓𝐄𝐄𝐋 𝐓𝐀𝐍𝐊 ကို ဝယ်ယူချင်တယ်ဆိုရင်တော့

📲 𝟎𝟗 𝟒𝟓𝟎 𝟕𝟕𝟕 𝟐𝟐𝟒 𝐨𝐫 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
📍ရုံးချုပ်/စက်ရုံ လိပ်စာ: အမှတ် 𝟓𝟎𝟔/ 𝟓𝟎𝟕/ 𝟓𝟎𝟖 (က)၊ မိုးကုတ်လမ်း၊ တောင်ဒဂုံ စက်မှုဇုန်(၁)၊ ရန်ကုန်မြို့။

⛔ HTOO STEEL TANK တပ်ထားရင် သတိထားသင့်တဲ့ အချက် (၃) ချက် (ရေရှည်ခံဖို့ ဂရုစိုက်ရမယ်!)HTOO STEEL TANK ကို စိတ်ချလက်ချ ရေရ...
03/12/2025

⛔ HTOO STEEL TANK တပ်ထားရင် သတိထားသင့်တဲ့ အချက် (၃) ချက် (ရေရှည်ခံဖို့ ဂရုစိုက်ရမယ်!)
HTOO STEEL TANK ကို စိတ်ချလက်ချ ရေရှည်သုံးနိုင်ဖို့နဲ့ တပ်ဆင်တဲ့အခါ အမှားအယွင်း မဖြစ်စေဖို့ ဒီ Smart Tips (၃) ခု ကိုတော့ သေချာ ဂရုစိုက်ဖို့ လိုမယ်နော်။

၁။ ပိုက်ဆက်တဲ့အခါ သံတိုင်မဟုတ်တဲ့ Fitting ကို သုံးပါ! 🔩
⚠️ သတိထားရမှာ: ရေဝင်/ရေထွက် ပိုက်ဆက်တဲ့နေရာတွေမှာ တတ်နိုင်သမျှ HTOO STEEL TANK ရဲ့ SUS 304 စတီးလ် Fitting ဒါမှမဟုတ် အရည်အသွေးကောင်းတဲ့ PVC Fitting တွေကိုပဲ သုံးဖို့ အကြံပေးချင်တယ်။

ဘာလို့လဲ? သံ (Iron) လိုမျိုး တခြားသတ္တုတွေနဲ့ HTOO STEEL TANK (စတီးလ်) ကို တိုက်ရိုက်တွဲဆက်မိရင် လျှပ်စစ်ဓာတ်ကြောင့် သံချေးတက်တာ (Galvanic Corrosion) မျိုး ဖြစ်လာနိုင်တယ်။ ဒါကြောင့် တိုင်ကီရဲ့ Quality မပျက်အောင် သံချေးတက်တဲ့ပစ္စည်းတွေနဲ့ တိုက်ရိုက်မထိမိအောင် ဂရုစိုက်ဖို့ လိုမယ်နော်။

၂။ တင်မယ့် မြေသားကို လုံးဝ ညီညာ ခိုင်မာအောင် လုပ်ပါ! 🏗️
✅ လုပ်သင့်တာ: HTOO STEEL TANK ကို တင်မယ့် မြေသား ဒါမှမဟုတ် ခုံ ဟာ လုံးဝ ညီညာပြီး ခိုင်မာနေဖို့ အရမ်းအရေးကြီးတယ်။ ခြေထောက်တစ်ဖက်က မြင့်ပြီး တစ်ဖက်က နိမ့်နေတာမျိုး မဖြစ်ရဘူး။

ဘာလို့လဲ? HTOO STEEL TANK ထဲမှာ ရေအပြည့်ဖြည့်တဲ့အခါ အလေးချိန်က အရမ်းများတယ်။ Taiwan Technology နဲ့ လုပ်ထားတဲ့ ခြေထောက်တွေ တောင် မညီညာတဲ့ မြေပေါ်မှာဆိုရင် ဖိအားမညီမျှမှု ဖြစ်ပြီး တိုင်ကီရဲ့ ဆက်ကြောင်းတွေကို ထိခိုက်စေပြီး ယိုစိမ့်မှု ဖြစ်လာနိုင်လို့ သေသေချာချာ ပြင်ဆင်ပါ။

၃။ လေတိုက်နှုန်း ပြင်းတဲ့နေရာတွေမှာ တိုင်ကီကို သေချာ ချည်နှောင်ထားပါ! 🔗
🌬️ လုံခြုံရေးအတွက်: အမိုးပေါ် ဒါမှမဟုတ် လေပြင်းတိုက်တဲ့ နေရာဒေသတွေမှာ HTOO STEEL TANK ကို တင်မယ်ဆိုရင် တိုင်ကီရဲ့ ခြေထောက်တွေကို အောက်ခံခုံ ဒါမှမဟုတ် အမိုးနဲ့ သံကြိုး၊ ဝါယာကြိုးတို့နဲ့ သေချာစွာ ချည်နှောင်ထားပါ။

ဘာလို့လဲ? HTOO STEEL TANK က ခိုင်မာပေမဲ့ ရေမရှိတဲ့အခါ ဒါမှမဟုတ် ရေနည်းနေချိန်မှာ လေပြင်းတွေကြောင့် လဲကျတာ၊ နေရာရွေ့တာမျိုး မဖြစ်ရအောင်ပါ။ ဒါက တိုင်ကီ လုံခြုံရေးအတွက် မဖြစ်မနေ လုပ်ဆောင်သင့်တဲ့အချက် ပဲနော်။

ဒီအချက် ၃ ချက် ကို လိုက်နာမယ်ဆိုရင် HTOO STEEL TANK ကို စိတ်အချရဆုံး၊ အကြာရှည်ဆုံး အသုံးပြုနိုင်မှာပါ!

📲 𝟎𝟗 𝟒𝟓𝟎 𝟕𝟕𝟕 𝟐𝟐𝟒 𝐨𝐫 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
📍ရုံးချုပ်/စက်ရုံ လိပ်စာ: အမှတ် 𝟓𝟎𝟔/ 𝟓𝟎𝟕/ 𝟓𝟎𝟖 (က)၊ မိုးကုတ်လမ်း၊ တောင်ဒဂုံ စက်မှုဇုန်(၁)၊ ရန်ကုန်မြို့။

သင့်အိမ်၊ သင့်လုပ်ငန်းအတွက် ရေတိုင်ကီ ဝယ်တော့မယ်ဆိုရင် ရေရှည်စိတ်အေးရဖို့နဲ့ ရေရဲ့သန့်ရှင်းမှုအတွက် 𝐇𝐓𝐎𝐎 𝐒𝐓𝐄𝐄𝐋 𝐓𝐀𝐍𝐊 က အက...
29/11/2025

သင့်အိမ်၊ သင့်လုပ်ငန်းအတွက် ရေတိုင်ကီ ဝယ်တော့မယ်ဆိုရင် ရေရှည်စိတ်အေးရဖို့နဲ့ ရေရဲ့သန့်ရှင်းမှုအတွက် 𝐇𝐓𝐎𝐎 𝐒𝐓𝐄𝐄𝐋 𝐓𝐀𝐍𝐊 က အကောင်းဆုံးပဲနော်။

အရည်အသွေးက နံပါတ် (၁) - 𝐒U𝐒 𝟑𝟎𝟒 𝐆𝐫𝐚𝐝𝐞 အစစ် 🥇
𝐇𝐓𝐎𝐎 𝐒𝐓𝐄𝐄𝐋 𝐓𝐀𝐍𝐊 ကို 𝐓𝐚𝐢𝐰𝐚𝐧 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 နဲ့ ထုတ်လုပ်ထားပြီး 𝐒𝐭𝐚𝐢𝐧𝐥𝐞𝐬𝐬 𝐒𝐭𝐞𝐞𝐥 𝟑𝟎𝟒 𝐆𝐫𝐚𝐝𝐞 အစစ် ကိုသာ အသုံးပြုထားတယ်။

ဒါကြောင့် သံချေးလုံးဝမတက်ဘူး၊ ရေညှိနဲ့ မှိုတွေ ကပ်တွယ်ဖို့ မလွယ်ဘူး။ သောက်သုံးရေကို စိတ်ချလက်ချ သိုလှောင်နိုင်ပြီး ရေရဲ့သန့်ရှင်းမှုကို အမြဲထိန်းသိမ်းပေးတယ်။

စိတ်ချလက်ချ သုံး၊ ၁ နှစ် အာမခံ ရှိတယ်! ဝယ်ယူပြီးတဲ့နောက် စိတ်ပူစရာမလိုဘဲ သုံးလို့ရတယ်။ 🤝

ရေရှည်ခံတယ်၊ အကြမ်းခံ၊ အပူဒဏ်ခံနိုင်ရည်ရှိတာမို့ တစ်ခါတပ်ထားရင် ဆယ်စုနှစ်ချီပြီး အေးဆေး သုံးနိုင်တယ်။

အထောင်ပုံစံ ဖြစ်တာကြောင့် ခြံဝင်းကျဉ်းတာ ဒါမှမဟုတ် အပေါ်ထပ်မှာ တင်ဖို့ နေရာစားသက်သာတယ်။ 🗼

ရေပြည့်နေရင်တောင် ခိုင်ခံ့တဲ့ စတီး ခြေထောက် ဒီဇိုင်းကြောင့် လုံးဝအခြေတည်ငြိမ်ပြီး 100% စိတ်ချရတယ်။

📲 𝟎𝟗 𝟒𝟓𝟎 𝟕𝟕𝟕 𝟐𝟐𝟒 𝐨𝐫 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫

📍ရုံးချုပ်/စက်ရုံ လိပ်စာ: အမှတ် 𝟓𝟎𝟔/ 𝟓𝟎𝟕/ 𝟓𝟎𝟖 (က)၊ မိုးကုတ်လမ်း၊ တောင်ဒဂုံ စက်မှုဇုန်(၁)၊ ရန်ကုန်မြို့။

#်အာမခံ #ရေတိုင်ကီ

HTOO STEEL TANK ကို ရွေးတာဟာ ကမ္ဘာကြီးအပေါ် ကိုယ့်ရဲ့ မြတ်နိုးတန်ဖိုးထားမှုကို ပြသတာပဲ။ 🌎 ကမ္ဘာကြီးကို ချစ်ရင် HTOO STEE...
21/11/2025

HTOO STEEL TANK ကို ရွေးတာဟာ ကမ္ဘာကြီးအပေါ် ကိုယ့်ရဲ့ မြတ်နိုးတန်ဖိုးထားမှုကို ပြသတာပဲ။ 🌎
ကမ္ဘာကြီးကို ချစ်ရင် HTOO STEEL TANK သုံးပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်လိုက်ပါ 🌱

အခုခေတ်လို Wasted Materials တွေ များပြားလွန်းတဲ့ လောကကြီးမှာ
ရေတိုင်ကီ ဝယ်တဲ့အခါ ကိုယ့်အိမ်အတွက် အဆင်ပြေရုံတင်မကဘဲ
ပတ်ဝန်းကျင်အတွက်ပါ စဉ်းစားပေးဖို့ လိုတယ်နော်။

🛑 ပလတ်စတစ်တွေကို လျော့သုံးပါ၊ ဖြစ်နိုင်ရင် လုံးဝ ရှောင်ပါ!
ပလတ်စတစ်ပစ္စည်းတွေက ကြာရင် ကွဲတယ်၊ ပျက်စီးတယ်။ ဒါပေမယ့် မြေကြီးထဲမှာ လုံးဝကြေပျက်သွားဖို့ နှစ်ပေါင်းများစွာ ကြာပါတယ်။

💚 HTOO STEEL TANK က ဘာလို့ ပတ်ဝန်းကျင်နဲ့ အသင့်တော်ဆုံးလဲ?
၁။ ၁၀၀% ပြန်သုံးလို့ရတယ် (Recyclable အစစ်!) ♻️
HTOO STEEL TANK ကို လုပ်ထားတဲ့ Stainless Steel ဟာ လုံးဝကို ပြန်လည်အသုံးပြုလို့ရတဲ့ (100% Recyclable) ပစ္စည်းဖြစ်တာမို့
သက်တမ်းကုန်သွားလို့ လဲရရင်တောင် Steel ကို အလွယ်တကူ ပြန်အရည်ကြိုပြီး တခြားပစ္စည်းတွေ ပြန်ထုတ်လို့ရပါတယ်။

၂။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အလွန်နည်းတယ် 👍
ပလတ်စတစ်လိုမျိုး သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေပဲ ထိခိုက်မှုနှုန်း အနည်းဆုံးပဲရှိတဲ့ ထုတ်ကုန်လို့လည်း ပြောလို့ရပါတယ်။
ဒါကြောင့် HTOO STEEL TANK ကို ရွေးတာဟာ "Smart" လည်း ဖြစ်၊ "Green" လည်း ဖြစ်တယ် နော်။

၃။ အကြမ်းခံလို့ မကြာခဏ လဲစရာမလိုဘူး 📉
HTOO STEEL TANK ရဲ့ သက်တမ်းက SS 304 စတီးလ်အစစ်ဖြစ်တာကြောင့် နှစ်ပေါင်းများစွာ ကြာရှည်ခံတယ်။

ကမ္ဘာကြီကို မြတ်နိုးပါ။ မိမိ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပါ။ HTOO STEEL TANK ကို ရွေးချယ်လိုက်ပါ။

📲 𝟎𝟗 𝟒𝟓𝟎 𝟕𝟕𝟕 𝟐𝟐𝟒 𝐨𝐫 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫

📍ရုံးချုပ်/စက်ရုံ လိပ်စာ: အမှတ် 𝟓𝟎𝟔/ 𝟓𝟎𝟕/ 𝟓𝟎𝟖 (က)၊ မိုးကုတ်လမ်း၊ တောင်ဒဂုံ စက်မှုဇုန်(၁)၊ ရန်ကုန်မြို့။

😱 သင့်အိမ်က ရေက တကယ်ရော သန့်ရှင်းရဲ့လား? မသန့်ရင် ဘာတွေ ဖြစ်တတ်သလဲ? 😰ရေသန့်သန့် သုံးစွဲနိုင်ဖို့ဆိုတာ ကျွန်တော်တို့ရဲ့ န...
17/11/2025

😱 သင့်အိမ်က ရေက တကယ်ရော သန့်ရှင်းရဲ့လား? မသန့်ရင် ဘာတွေ ဖြစ်တတ်သလဲ? 😰
ရေသန့်သန့် သုံးစွဲနိုင်ဖို့ဆိုတာ ကျွန်တော်တို့ရဲ့ နေ့စဉ်ကျန်းမာရေးအတွက် အဓိကအရေးအကြီးဆုံးအချက် ပါပဲ။ ဒါပေမဲ့ ကိုယ့်အိမ်မှာ သိုလှောင်ထားတဲ့ ရေက မသန့်ဘူးဆိုရင် ဘာတွေ ဖြစ်တတ်လဲဆိုတာ ကျန်းမာရေး ဗဟုသုတအနေနဲ့ သိထားဖို့တော့ လိုမယ်နော်။

၁။ ရေသန့်မသန့် ဘာကိုကြည့်ပြီး သိနိုင်မလဲ? 🧐
💧 အရောင်နဲ့ အနံ့က စပြောပြမယ်:

ရေက ကြည်လင်နေရမယ့်အစား ဝါနေတာ၊ မှိုင်းနေတာ ဒါမှမဟုတ် အနည်အနှစ် ပါနေတာမျိုး ရှိမရှိ သေချာကြည့်ပါ။

သံချေးနံ့၊ ရေညှိနံ့ ဒါမှမဟုတ် ပုပ်သိုးသလို အနံ့တစ်မျိုးမျိုး ရနေရင်လည်း သတိထားရမယ်။

🩺 အရေပြား ယားယံခြင်း:

ရေချိုးပြီးနောက် ဒါမှမဟုတ် အဝတ်လျှော်ပြီးနောက် အသားအရေ ယားယံတာ၊ နီမြန်းတာမျိုး ဖြစ်တတ်လားဆိုတာ စောင့်ကြည့်ပါနော်။

၂။ မသန့်တဲ့ရေ သုံးရင် ဘာတွေ ဖြစ်တတ်သလဲ? (ဒါတွေက အန္တရာယ်ရှိတယ်!) 🤢
မသန့်တဲ့ရေထဲမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုတွေ ပါဝင်တတ်လို့...

အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာများ: ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ၊ ဗိုက်နာတာ၊ အော့အန်တာတွေ အဖြစ်အများဆုံးပဲ။

အရေပြားနဲ့ ဆံပင် ပြဿနာ: အသားအရေ ခြောက်သွေ့တာ၊ ယားယံတာ၊ ဆံပင်တွေ ကြမ်းတမ်းပြီး ကျွတ်တာတွေ ဖြစ်တတ်တယ်။

ရေရှည် ကျန်းမာရေးထိခိုက်မှု: အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်း ဒါမှမဟုတ် သတ္တုဓာတ်တွေ ပါဝင်နေရင်တော့ ရေရှည်မှာ ကျောက်ကပ်၊ အသည်းလို ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်တယ်။

🛡️ 𝐇𝐓𝐎𝐎 𝐒𝐓𝐄𝐄𝐋 𝐓𝐀𝐍𝐊 က ရေသန့်ရှင်းမှုအတွက် ဘာတွေ ကောင်းလဲ?
ဒါတွေကြောင့်ပဲ အရည်အသွေးမြင့် အာမခံ ၁ နှစ်ပါဝင်တဲ့ 𝐇𝐓𝐎𝐎 𝐒𝐓𝐄𝐄𝐋 𝐓𝐀𝐍𝐊 ကို ရွေးချယ်ဖို့ အရေးကြီးတာပါ။

✨ 𝐇𝐓𝐎𝐎 𝐒𝐓𝐄𝐄𝐋 𝐓𝐀𝐍𝐊 က 𝐒𝐭𝐚𝐢𝐧𝐥𝐞𝐬𝐬 𝐒𝐭𝐞𝐞𝐥 𝟑𝟎𝟒 𝐆𝐫𝐚𝐝𝐞 အစစ် ကို သုံးထားတာမို့ သံချေး လုံးဝမတက်ဘူး။ ရေတိုင်ကီ အတွင်း မျက်နှာပြင်က ချောမွေ့တာကြောင့် ရေညှိ၊ မှိုနဲ့ ဘက်တီးရီးယားတွေ လွယ်လွယ် မကပ်တွယ်နိုင်ဘူး။

🌡️ ပူလွန်းတဲ့အခါ ပလတ်စတစ်တိုင်ကီတွေက ဓာတုဗေဒပစ္စည်းတွေ ထွက်နိုင်ပေမဲ့ 𝐇𝐓𝐎𝐎 𝐒𝐓𝐄𝐄𝐋 𝐓𝐀𝐍𝐊 က အပူဒဏ်ခံနိုင်ရည်ကောင်းလို့ ဒီလိုပြဿနာတွေ မရှိဘူး။ ရေရဲ့ သန့်ရှင်းတဲ့ 𝐂𝐡𝐞𝐦𝐢𝐜𝐚𝐥 𝐂𝐨𝐦𝐩𝐨𝐬𝐢𝐭𝐢𝐨𝐧 ကို မပျက်စီးစေဘူး။

မိသားစုရဲ့ ကျန်းမာရေးက အရေးကြီးဆုံးဖြစ်တာမို့ 𝐇𝐓𝐎𝐎 𝐒𝐓𝐄𝐄𝐋 𝐓𝐀𝐍𝐊 ကို ရွေးချယ်ပြီး သန့်ရှင်းတဲ့ ရေကိုသာ သုံးစွဲဖို့ အခုပဲ ဆုံးဖြတ်လိုက်ပါနော်။

𝐇𝐓𝐎𝐎 𝐒𝐓𝐄𝐄𝐋 𝐓𝐀𝐍𝐊 ရဲ့ အရွယ်အစားနဲ့ ဈေးနှုန်းတွေ အကြောင်းကို ထပ်မံစုံစမ်းချင်တယ်ဆိုရင်တော့...

📲 𝟎𝟗 𝟒𝟓𝟎 𝟕𝟕𝟕 𝟐𝟐𝟒 𝐨𝐫 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫

📍ရုံးချုပ်/စက်ရုံ လိပ်စာ: အမှတ် 𝟓𝟎𝟔/ 𝟓𝟎𝟕/ 𝟓𝟎𝟖 (က)၊ မိုးကုတ်လမ်း၊ တောင်ဒဂုံ စက်မှုဇုန်(၁)၊ ရန်ကုန်မြို့။

#ရေသန့်ရှင်းမှု #ကျန်းမာရေးအရေးကြီး

✨ Steel ရေတိုင်ကီ ရွေးချယ်တဲ့အခါ (မသိမဖြစ်) သိထားသင့်တဲ့ အချက်တွေ! 🤔 Steel ရေတိုင်ကီတွေက Quality ပိုင်းမှာ အရမ်းကောင်းလိ...
13/11/2025

✨ Steel ရေတိုင်ကီ ရွေးချယ်တဲ့အခါ (မသိမဖြစ်) သိထားသင့်တဲ့ အချက်တွေ! 🤔
Steel ရေတိုင်ကီတွေက Quality ပိုင်းမှာ အရမ်းကောင်းလို့ သဘောကျကြတယ် မဟုတ်လား?
ဒါပေမဲ့ မှားပြီး ဝယ်မိတာမျိုး မဖြစ်ရလေအောင် ဒီအချက်လေးတွေကိုတော့ သိထားဖို့ လိုမယ်နော်။

၁။ Steel အမျိုးအစား (Steel Grade) က အရေးအကြီးဆုံးပဲ 👀
ရေတိုင်ကီအတွက်ဆိုရင် Stainless Steel 304 (SS 304) ကို ရွေးချယ်ဖို့ လိုမယ်နော်။ SS 304 Grade က သံချေးမတက်အောင် အပြည့်အဝ ကာကွယ်ပေးနိုင်တယ်။ အခြား Grade တွေထက်သောက်သုံရေအတွက် သန့်ရှင်းမှု ပိုရှိတယ်။

Grade နိမ့်တဲ့ စတီးလ်တွေ (ဥပမာ- 201) ကိုတော့ ရှောင်တာ အကောင်းဆုံးပါ။ ဈေးချိုတယ်ဆိုပြီး ဝယ်ပြီးမှ သံချေးတက်လို့ စိတ်အတော်ညစ်ရမှာပါ။ ဝယ်ရင် SS 304/316 ဟုတ်မဟုတ် စစ်ဖို့ မမေ့ပါနဲ့နော်။

၂။ တိုင်ကီရဲ့ အထူအပါး (Thickness) ကို သေချာကြည့် 💪
တိုင်ကီ ဘယ်လောက် ခံမလဲဆိုတာက သူ့အထူပေါ်မှာ မူတည်ပါတယ်။ ပါးလွန်းရင် ဖိအားကြောင့် ပိန်တာ၊ ပုံပျက်တာတွေ ဖြစ်တတ်တယ်။
အနည်းဆုံး 0.5 mm ကနေ 1.0 mm လောက် အထူရှိတာမျိုးကို ရွေးဖို့ အကြံပေးပါစေ။ ပိုထူရင် ပိုခံတတယ်။

၃။ ဂဟေဆက်တာ (Welding) သေသပ်ဖို့ လိုတယ် ⚙️
တိုင်ကီကို ဆက်ထားတဲ့ ဂဟေလိုင်းတွေက သေသပ်လား ကြည့်ပါ။ အဲ့ဒီနေရာကနေ ရေစိမ့်တာ၊ သံချေးစတက်တာတွေ ဖြစ်လာတတ်တယ်။
စက်နဲ့ သေချာတိကျအောင် ဆက်ထားတဲ့ (Precision Welding) တိုင်ကီတွေကို ရွေးဖို့ လိုပါတယ်။

၄။ အဖုံးနဲ့ ပိုက်ဆက်ပစ္စည်း (Fittings) တွေကလည်း Quality ကောင်းရမယ် 🔩
တိုင်ကီအဖုံးက အပြင်က ဖုန်တွေ၊ ပိုးမွှားတွေ မဝင်နိုင်အောင် လေလုံအောင် ပိတ်ထားနိုင်ဖို့ အရေးကြီးတယ်နော်။

ရေဝင်/ထွက် ပိုက်ဆက်တဲ့နေရာတွေ (Fittings) ကလည်း Quality ကောင်းမှ ရေလုံမှာပါ။

စိတ်ချလက်ချ သုံးနိုင်မယ့် Steel Grade 304 ရေတိုင်ကီကောင်းကောင်း ရှာနေတယ်ဆိုရင်တော့

HTOO STEEL WATER TANK အခုပဲ ဆက်သွယ်ပြီး မေးမြန်းလိုက်ပါ!

📲 𝟎𝟗 𝟒𝟓𝟎 𝟕𝟕𝟕 𝟐𝟐𝟒 𝐨𝐫 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫

📍ဆိုင်/စက်ရုံ လိပ်စာ: အမှတ် 𝟓𝟎𝟔/ 𝟓𝟎𝟕/ 𝟓𝟎𝟖 (က)၊ မိုးကုတ်လမ်း၊ တောင်ဒဂုံ စက်မှုဇုန်(၁)၊ ရန်ကုန်မြို့။

#ရေတိုင်ကီ

💧 ထုံးဓာတ်/သံဓာတ်များတဲ့ ဒေသများအတွက် Steel 304 တိုင်ကီ ထိန်းသိမ်းနည်းလမ်းညွှန် 💎1 Year Warranty ပါဝင်တဲ့ Htoo Steel 304...
11/11/2025

💧 ထုံးဓာတ်/သံဓာတ်များတဲ့ ဒေသများအတွက် Steel 304 တိုင်ကီ ထိန်းသိမ်းနည်းလမ်းညွှန် 💎

1 Year Warranty ပါဝင်တဲ့ Htoo Steel 304 တိုင်ကီဟာ
သာမန်တိုင်ကီတွေထက် သံချေးတက်တာ၊ ရေညှိတက်တာကို အများကြီး ကာကွယ်ပေးနိုင်ပေမဲ့
ရေထဲမှာပါတဲ့ ဓာတ်သတ္တုတွေကြောင့်တော့ သန့်ရှင်းရေးကို ပုံမှန်လုပ်ပေးဖို့ လိုအပ်ပါတယ်နော်။

✅ ၁။ ပုံမှန် သန့်ရှင်းရေးကို အလေးထားပါ (အဓိကအချက်)
ဘယ်လောက်ကြာကြာ? အနည်းဆုံး ၆ လ တစ်ကြိမ် သို့မဟုတ် တစ်နှစ် တစ်ကြိမ် (ရေသုံးစွဲမှုနှင့် ရေရဲ့ ညစ်ညမ်းမှုပေါ် မူတည်ပြီး) လုပ်သင့်ပါတယ်။

ဘာကြောင့်လဲ? ထုံးဓာတ်နဲ့ သံဓာတ်တွေဟာ သံမဏိ မျက်နှာပြင်မှာ အဖြူရောင် (ထုံး)၊ အညိုရောင် (သံ) အဖတ်တွေ၊ အစွန်းအထင်းတွေ လာကပ်နေတတ်တယ်။ ပုံမှန်သန့်ရှင်းမှ ဒီအဖတ်တွေ မမာကျောဘဲ အလွယ်တကူ ကွာကျမှာပါ။

🧼 ၂။ ဘယ်လို သန့်ရှင်းရေးလုပ်မလဲ? (သဘာဝနည်းလမ်း)
ရေထုတ်ပါ: တိုင်ကီထဲက ရေအားလုံးကို ထုတ်ပစ်ပါ။

အဝတ်နဲ့ သုတ်ပါ: တိုင်ကီရဲ့ အတွင်းနံရံတွေကို နူးညံ့တဲ့ အဝတ်စ သို့မဟုတ် ပွတ်တိုက်ပျော့ (Soft Scrubber) နဲ့ ညင်သာစွာ ပွတ်တိုက်ပေးပါ။ (Steel မျက်နှာပြင် မပျက်စီးအောင် သံပွတ်တိုက်ကြမ်း (Steel Wool) ကို လုံးဝ မသုံးပါနဲ့။)

ရှာလကာရည် (သို့) သံပုရာရည် သုံးပါ:

ထုံးဓာတ်ဖတ်တွေ အလွယ်တကူ ကွာကျစေဖို့ ရှာလကာရည် (Vinegar) ဒါမှမဟုတ် သံပုရာရည်/ခရမ်းချဥ်သီးအရည် အနည်းငယ်ကို ရေနဲ့ ရောပြီး အစွန်းအထင်းရှိတဲ့နေရာတွေမှာ ခဏဖြန်းထားပေးပါ။

သဘာဝ အက်ဆစ်ဓာတ်က ထုံးဓာတ်အဖတ်တွေကို ပျော်ဝင်စေလို့ ခဏအကြာမှ ပွတ်တိုက်ရင် ပိုလွယ်ကူပါတယ်။

ရေဆေးချပါ: သန့်ရှင်းရေးလုပ်ပြီးနောက် ရေများများနဲ့ စင်ကြယ်သွားအောင် ပြန်လည် ဆေးကြောပေးပါ။

⚠️ ၃။ ရှောင်ရန်နှင့် လိုက်နာရန် အချက်များ
❌ အက်ဆစ်ပြင်း/ ဓာတုပစ္စည်း ပြင်းပြင်း ရှောင်ပါ: သံမဏိမျက်နှာပြင်ရဲ့ အပေါ်ယံအကာအကွယ် (Chromium Oxide Layer) ကို ထိခိုက်စေနိုင်တဲ့ ကလိုရင်းပါဝင်မှုမြင့်မားသော ဆပ်ပြာရည်များ (Bleach) သို့မဟုတ် ပြင်းထန်သော အက်ဆစ်များကို လုံးဝ မသုံးပါနဲ့။

ဒီလို ပုံမှန်ထိန်းသိမ်းပေးခြင်းဖြင့် Htoo Steel 304 ရဲ့ သက်တမ်းနဲ့ ရေအရည်အသွေးကို နှစ်ပေါင်းများစွာ အကောင်းဆုံး ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်! 💯

📲 𝟎𝟗 𝟒𝟓𝟎 𝟕𝟕𝟕 𝟐𝟐𝟒 𝐨𝐫 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
📍လိပ်စာ: အမှတ် 𝟓𝟎𝟔/ 𝟓𝟎𝟕/ 𝟓𝟎𝟖 (က)၊ မိုးကုတ်လမ်း၊ တောင်ဒဂုံ စက်မှုဇုန်(၁)၊ ရန်ကုန်မြို့။

#ရေတိုင်ကီ #သန့်ရှင်းရေး

Address

No. 506, 507, 508 (A), Mogoke Street, Industrial Zone 1, South Dagon Tsp
Yangon
11431

Website

Alerts

Be the first to know and let us send you an email when HTOO Steel Tank posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share