29/10/2026
☕ ပွင့်လင်းရာသီမှာ သောက်သုံးဖို့ အထူးသင့်တော်တဲ့ Lemon & Apple Tea Hot Drink Recipe! 🍎🍃
သံပုရာရဲ့ ချဉ်ချိုမွှေးမွှေး အရသာ၊ ပန်းသီးရဲ့ ချိုမြိန်မှုနဲ့ ပူဒီနာရဲ့ လန်းဆန်းစေတဲ့ ရနံ့တို့ကို ပေါင်းစပ်ထားလို့ ရင်ထဲ အေးမြငြိမ်းချမ်းသွားစေမယ့် Lemon & Apple Tea လေးကို အိမ်မှာပဲ လွယ်လွယ်ကူကူ ဖျော်သောက်နိုင်ပါပြီ!
🍵 ပါဝင်ပစ္စည်းများ (Ingredients)
•MONIN Lemon Tea Syrup: 20 ml
•ရေနွေး (Hot Water): 140 ml
•ပန်းသီးရည် (Apple Juice): 10 ml
•ပူဒီနံရွက် (Mint Leaves): ၅ ရွက်
•ပန်းသီးစိတ် (Apple Slices): ၄ စိတ်
🥣 ဖျော်စပ်နည်း (Preparations)
1.ပါဝင်ပစ္စည်းများ အားလုံးကို ခွက်ထဲသို့ အစီအစဉ်အတိုင်း ထည့်ပါ။
2.အနံ့နှင့် အရသာ ပိုမို စိမ့်ဝင်သွားစေရန် မိနစ်အနည်းငယ် ခဏနှပ်ထားပေးပါ။
3. သင်းပျံ့မွှေးကြိုင်တဲ့ Lemon & Apple Tea ပူပူလေးကို အပန်းဖြေရင်း စိတ်ကြိုက် သောက်သုံးနိုင်ပါပြီ!
💡 Tip: ဆိုင်မှာ Signature Menu အဖြစ် ရောင်းချချင်တဲ့ ကဖေးဆိုင်ရှင်များအတွက်လည်း Cost အသက်သာဆုံးနဲ့ High-Quality အရသာကို ပေးစွမ်းနိုင်တဲ့ Drink Recipe လေး ဖြစ်ပါတယ်!