Aqua Genius Myanmar Water Solution Provider

Aqua Genius Myanmar Water Solution Provider အိမ်သုံး၊လုပ်ငန်းသုံး၊ရေသန့်စက်တပ်ဆင်ပေးခြင်း
💦 Sales 💦Services 💦Installation💦

ရေမှာ (Hard Water) ကြောင့် Scale တက်ခြင်း၊ စက်ပစ္စည်းများ ပျက်စီးလွယ်ခြင်း၊ RO Membrane သက်တမ်းတိုခြင်း စတဲ့ ပြဿနာတွေကို...
28/08/2026

ရေမှာ (Hard Water) ကြောင့် Scale တက်ခြင်း၊ စက်ပစ္စည်းများ ပျက်စီးလွယ်ခြင်း၊ RO Membrane သက်တမ်းတိုခြင်း စတဲ့ ပြဿနာတွေကို ကြုံတွေ့နေရပါသလား?

🔹 Aqua Polar Ion Exchange Resin ကတော့ Hardness Minerals (Calcium & Magnesium) တွေကို ထိရောက်စွာ ဖယ်ရှားပေးပြီး ရေအရည်အသွေးကို မြှင့်တင်ပေးနိုင်တဲ့ အကောင်းဆုံး Water Treatment Media တစ်မျိုး ဖြစ်ပါတယ်။

🏭 အသုံးပြုနိုင်သော နေရာများ
✔ Water Treatment Plant
✔ RO Drinking Water Factory
✔ Hotel & Resort
✔ Hospital
✔ Food & Beverage Factory
✔ Boiler & Cooling Tower System

📦 Packaging – 25L / Bag

💯 လူကြီးမင်းတို့ ရေသန့်လုပ်ငန်းအောင်မြင်ဖို့ အရည်အသွေးကောင်းတဲ့ Resin ကို ရွေးချယ်ပါ။

📞 Order Now
☎️ 09-740021372
☎️ 09-787564590

🏢 Aqua Genius Co., Ltd
Your Trusted Water Solution Provider










🔍 ရေမှာ အနံ့၊ အရသာ၊ အရောင်ပြောင်းနေတာ ဘာကြောင့်လဲ? 💧“ရေကတော့ ကြည်နေတာပဲ… သောက်လို့ရမှာပါ” လို့ ထင်မိတတ်ပါတယ်။ဒါပေမယ့် ရေ...
26/08/2026

🔍 ရေမှာ အနံ့၊ အရသာ၊ အရောင်ပြောင်းနေတာ ဘာကြောင့်လဲ? 💧

“ရေကတော့ ကြည်နေတာပဲ… သောက်လို့ရမှာပါ” လို့ ထင်မိတတ်ပါတယ်။
ဒါပေမယ့် ရေရဲ့ အနံ့၊ အရသာ၊ အရောင် ပြောင်းလာတာဟာ ရေအရည်အသွေး ပြောင်းလဲနေတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ⚠️

💧 ရေမှာ အနံ့ထွက်လာရင်?
• Chlorine အနံ့များခြင်း
• Sulfur / Hydrogen Sulfide ကြောင့် “ကြက်ဥပုပ်နံ့” ရခြင်း
• ပိုက်လိုင်း သို့မဟုတ် Tank အတွင်း စုပုံညစ်ညမ်းမှုရှိခြင်း
စတဲ့အကြောင်းရင်းတွေ ဖြစ်နိုင်ပါတယ်။

💧 အရသာပြောင်းလာရင်?
ရေထဲမှာ TDS၊ Minerals၊ Iron၊ Manganese စတဲ့ ပျော်ဝင်ပစ္စည်းတွေ များလာတာကြောင့် အရသာပြောင်းနိုင်ပါတယ်။

💧 အရောင်ပြောင်းလာရင်?
🟤 အဝါ/အညိုရောင် → Iron / Manganese ပါဝင်မှု
⚪ အဖြူနို့နှစ်ရောင် → Air bubbles သို့မဟုတ် Mineral များခြင်း
🟢/အခြားအရောင် → ရေအရင်းအမြစ်၊ Tank သို့မဟုတ် ပိုက်လိုင်းပြဿနာများ
ဖြစ်နိုင်ပါတယ်။

❗ အရေးကြီးတာက…
ရေကြည်နေတယ်ဆိုတိုင်း ရေက ဘေးကင်းတယ်လို့ မဆိုနိုင်ပါဘူး။
မျက်စိနဲ့ မမြင်နိုင်တဲ့ Bacteria၊ Chemical Contaminants နဲ့ Dissolved Minerals တွေလည်း ရေထဲမှာ ရှိနေနိုင်ပါတယ်။

🔬 ဒါကြောင့် ရေရဲ့ အနံ့၊ အရသာ၊ အရောင် ပြောင်းလာတဲ့အခါ
ခန့်မှန်းပြီး Filter လဲတာထက် Water Analysis ပြုလုပ်ပြီး ပြဿနာရဲ့ အကြောင်းရင်းကို အရင်ရှာဖွေခြင်းက ပိုအရေးကြီးပါတယ်။

💙 Aqua Genius Co., Ltd.
ရေသန့်စင်မှုနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ Water Treatment Solutions တွေကို မှန်ကန်စွာ မျှဝေပေးနေပါတယ်။

👉 “ရေကို ကြည်ရုံမဟုတ်ဘဲ… အရည်အသွေးပါ ကောင်းမွန်ဖို့ လိုအပ်ပါတယ်။” 💧







🌧️ မိုးရာသီမှာ ရေအရည်အသွေး ဘာကြောင့်ပြောင်းလဲနိုင်လဲ? 💧မိုးရွာလာတာနဲ့အမျှ ရေက ပိုသန့်သွားမယ်လို့ ထင်တတ်ကြပါတယ်။ဒါပေမယ့် ...
21/08/2026

🌧️ မိုးရာသီမှာ ရေအရည်အသွေး ဘာကြောင့်ပြောင်းလဲနိုင်လဲ? 💧

မိုးရွာလာတာနဲ့အမျှ ရေက ပိုသန့်သွားမယ်လို့ ထင်တတ်ကြပါတယ်။
ဒါပေမယ့် တကယ်တော့ မိုးရာသီမှာ ရေအရည်အသွေး ပိုပြီးပြောင်းလဲလွယ်ပါတယ်။ ⚠️

🌧️ မိုးရေမြေပြင်ကိုထိတဲ့အခါ…
မြေဆီလွှာ၊ ဖုန်မှုန့်၊ သဲ၊ အညစ်အကြေးတွေကို သယ်ဆောင်ပြီး မြေအောက်ရေ၊ ကန်ရေ၊ မြစ်ရေတွေထဲ ဝင်ရောက်နိုင်ပါတယ်။

🦠 ရောဂါပိုးတွေ ဝင်ရောက်နိုင်ခြေတိုးလာခြင်း
မိုးသည်းထန်စွာရွာတဲ့အခါ အညစ်အကြေးနဲ့ မသန့်ရှင်းတဲ့ရေတွေ ရောနှောသွားနိုင်တာကြောင့် Bacteria နဲ့ အခြား Microorganisms တွေ ပါဝင်နိုင်ပါတယ်။

💧 Turbidity (ရေကြည်လင်မှု) ပြောင်းလဲနိုင်ခြင်း
မိုးရေကြောင့် မြေမှုန့်နဲ့ အနည်အနှစ်တွေ ရေထဲပိုဝင်လာနိုင်ပြီး ရေက ပိုမိုနောက်ကျိလာနိုင်ပါတယ်။

🧪 Water Quality Parameter တွေလည်း ပြောင်းနိုင်ပါတယ်
မိုးရာသီမှာ pH, Turbidity, TDS, Hardness, Iron စတဲ့ ရေအရည်အသွေးဆိုင်ရာ Parameter တွေဟာ နေရာဒေသနဲ့ ရေအရင်းအမြစ်ပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။

❗ ဒါကြောင့် “ရေကြည်တယ် = ရေသန့်တယ်” လို့ မသတ်မှတ်သင့်ပါဘူး။

ရေကို သောက်သုံးရန် သင့်တော်မသင့်တော် သိရှိချင်ရင်
👉 Water Analysis ပြုလုပ်ပြီး ရေအရည်အသွေးကို စစ်ဆေးတာက အကောင်းဆုံးနည်းလမ်းတစ်ခုပါ။

💙 Aqua Genius Co., Ltd.
လူကြီးမင်းတို့ ရေအတွက် သင့်တော်တဲ့ Water Treatment Solution ကို အတူတကွ ရှာဖွေပေးနေပါတယ်။

📱09-740021372/09-787564590







🌧️ မိုးရွာတာနဲ့အတူ… ရောဂါပိုးတွေပါ ရေထဲရောက်လာနိုင်တယ်ဆိုတာ သိပါသလား? 💧⚠️မိုးရာသီရောက်ပြီဆိုရင်🤢 ဝမ်းလျှော🤮 အန်ခြင်း😣 ဗိ...
19/08/2026

🌧️ မိုးရွာတာနဲ့အတူ… ရောဂါပိုးတွေပါ ရေထဲရောက်လာနိုင်တယ်ဆိုတာ သိပါသလား? 💧⚠️

မိုးရာသီရောက်ပြီဆိုရင်
🤢 ဝမ်းလျှော
🤮 အန်ခြင်း
😣 ဗိုက်အောင့်ခြင်း
စတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ပိုပြီးတွေ့လာရတတ်ပါတယ်။

ဒါပေမယ့်…
“စားတာမှားလို့ပဲ” လို့ ထင်နေတာ မဟုတ်နိုင်ပါဘူး။

👉 သောက်သုံးနေတဲ့ရေကရော သန့်ရှင်းရဲ့လား?

မိုးသည်းထန်စွာရွာတဲ့အခါ ရေကြီးရေလျှံခြင်းနဲ့ မြေကြီး၊ အညစ်အကြေးတွေကြောင့် ရေအရင်းအမြစ်တွေ ညစ်ညမ်းနိုင်ပါတယ်။ ရေမှာ မမြင်ရတဲ့ ရောဂါပိုးမွှားတွေ ပါဝင်လာနိုင်တာကြောင့် ရေသန့်ရှင်းမှုကို ပိုပြီးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

💡 မိုးရာသီမှာ သောက်သုံးရေအတွက် ဒီ 4 ချက်ကို မမေ့ပါနဲ့

① 🚰 ရေအရင်းအမြစ်ကို စစ်ဆေးပါ
② 🔬 Water Quality Analysis ပြုလုပ်ပါ
③ 🧹 Water Tank & Filter System ကို ပုံမှန်သန့်ရှင်း/စစ်ဆေးပါ
④ 💧 ရေအရည်အသွေးနဲ့ ကိုက်ညီတဲ့ Water Treatment System ကို အသုံးပြုပါ

❗ ရေက ကြည်နေတာနဲ့ သောက်လို့စိတ်ချရပြီလို့ မဆိုလိုပါဘူး။

မျက်စိနဲ့မမြင်ရတဲ့ ပြဿနာတွေရှိနိုင်တာကြောင့်
“ကြည်လင်တဲ့ရေ” ထက် “စိတ်ချရတဲ့ရေ” ကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။ 💙

Aqua Genius Co., Ltd. မှ
💧 Water Treatment System
💧 RO System
💧 Filter Media & Chemicals
💧 Water Quality Analysis အပေါ်အခြေခံတဲ့ Treatment Solutions
များကို လိုအပ်ချက်နှင့်အညီ အကြံပြုပေးနေပါတယ်။

🌧️ ဒီမိုးရာသီမှာ ရေကို မပေါ့ဆပါနဲ့။
သန့်ရှင်းတဲ့ရေက ကျန်းမာရေးကို ကာကွယ်ပေးတဲ့ ပထမဆုံးအဆင့်ပါ။ 💙

📲09-740021372/09-787564590







💧 100 GPD RO Water Purifier System Successfully Delivered! 💙သန့်ရှင်းပြီး အရည်အသွေးကောင်းမွန်တဲ့ သောက်သုံးရေရရှိနိုင်ရန်...
17/08/2026

💧 100 GPD RO Water Purifier System Successfully Delivered! 💙

သန့်ရှင်းပြီး အရည်အသွေးကောင်းမွန်တဲ့ သောက်သုံးရေရရှိနိုင်ရန်အတွက် 100 GPD RO Water Purifier System ကို Customer ထံသို့ အောင်မြင်စွာ ပို့ဆောင်ပေးခဲ့ပါပြီ။ 🚚💦

Aqua Genius Co., Ltd. မှ Customer တစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ Water Treatment & RO Solutions များကို ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှုပေးနေပါတယ်။

09-787564590/09-740021372






💧 6-Month water Chemical Supply Successfully Delivered! 💙စားသောက်ကုန်ထုတ်လုပ်ငန်းအတွက် လိုအပ်သော PAC, Chlorine & Caustic...
17/08/2026

💧 6-Month water Chemical Supply Successfully Delivered! 💙

စားသောက်ကုန်ထုတ်လုပ်ငန်းအတွက် လိုအပ်သော PAC, Chlorine & Caustic Soda များကို 6 လစာအတွက် အဆင်ပြေစွာ ပို့ဆောင်ပေးပြီးစီးခဲ့ပါပြီ။

စက်ရုံလုပ်ငန်းများမှာ ရေအရည်အသွေးကောင်းမွန်စွာ ထိန်းသိမ်းနိုင်ဖို့အတွက် သင့်တော်တဲ့ Water Treatment Chemicals နဲ့ ပုံမှန် Supply Service က အရေးကြီးပါတယ်။

Aqua Genius Co., Ltd. မှ
✔️ Quality Water Treatment Chemicals
✔️ Reliable & Timely Delivery
✔️ Long-Term Chemical Supply
✔️ Professional Water Treatment Solutions

တို့ကို Customer လိုအပ်ချက်နဲ့အညီ ဝန်ဆောင်မှုပေးနေပါတယ်။

🤝 ယုံကြည်စွာ လက်တွဲပေးတဲ့ Customer အား အထူးကျေးဇူးတင်ရှိပါတယ်။

Aqua Genius Co., Ltd.
Water Solution Provider 💧









ရေသန့်စက်ကောင်းတစ်လုံးရဲ့ လျှို့ဝှက်ချက်က Filter Media ကောင်းကောင်း အသုံးပြုထားခြင်းပါ! 💧မိတ်ဆွေတို့ ရေသန့်စက်မှာ ရေထွက်...
13/07/2026

ရေသန့်စက်ကောင်းတစ်လုံးရဲ့ လျှို့ဝှက်ချက်က Filter Media ကောင်းကောင်း အသုံးပြုထားခြင်းပါ! 💧

မိတ်ဆွေတို့ ရေသန့်စက်မှာ ရေထွက်နှုန်းကျလာတာ၊ အနံ့အသက်မကောင်းတော့တာ၊ ရေအရည်အသွေး မတည်ငြိမ်တော့တာမျိုး ကြုံနေရပြီလား?

အဲ့ဒါဆိုရင် Activated Carbon လဲလှယ်ဖို့ အချိန်ရောက်နေပြီ ဖြစ်နိုင်ပါတယ်။

🌟 Pure Green Activated Carbon 🌟
ရေထဲရှိ Chlorine၊ အနံ့အသက်၊ အရောင်နှင့် Organic Contaminants များကို ထိရောက်စွာ စုပ်ယူဖယ်ရှားပေးနိုင်သော အရည်အသွေးမြင့် Filter Media ဖြစ်ပါတယ်။

✔️ ရေအနံ့အသက် ပိုမိုကောင်းမွန်စေခြင်း
✔️ ရေအရောင်ကြည်လင်စေခြင်း
✔️ RO Membrane များ၏ သက်တမ်းကို ကူညီကာကွယ်ပေးခြင်း
✔️ Commercial & Industrial Water Treatment Systems များအတွက် သင့်တော်ခြင်း

💙 Aqua Genius Co.,Ltd မှာတော့ Product ရောင်းရုံတင်မဟုတ်ဘဲ Customer တစ်ယောက်ချင်းစီရဲ့ ရေအရည်အသွေး ပိုကောင်းလာဖို့ကို ဦးစားပေးပြီး လိုအပ်တဲ့ Technical Support များကိုလည်း အတူတကွ ပံ့ပိုးပေးနေပါတယ်။

📌 Filter Media လဲချင်တာပဲဖြစ်ဖြစ်
📌 Water Treatment System တပ်ဆင်ချင်တာပဲဖြစ်ဖြစ်
📌 ရေအရည်အသွေး ပြဿနာတွေ ဖြေရှင်းချင်တာပဲဖြစ်ဖြစ်

Aqua Genius Co.,Ltd က အမြဲတမ်း အကြံပေးဖို့ အသင့်ရှိနေပါတယ်။

📲09-787564590/09-740021372

Aqua Genius Co.,Ltd
Your Trusted Water Solution Partner 💧










Filter Media ပိတ်သွားပြီလား? ဒီလက္ခဏာ ၅ ချက်ကို သတိထားပါ!မင်္ဂလာပါ Aqua Genius မိတ်ဆွေများရှင် 💙Water Treatment System တ...
09/07/2026

Filter Media ပိတ်သွားပြီလား? ဒီလက္ခဏာ ၅ ချက်ကို သတိထားပါ!

မင်္ဂလာပါ Aqua Genius မိတ်ဆွေများရှင် 💙

Water Treatment System တစ်ခုမှာ Filter Media (Sand, Activated Carbon, Manganese Media စသည်) တွေဟာ ရေအရည်အသွေးကောင်းမွန်ဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။

အသုံးပြုချိန်ကြာလာတဲ့အခါ Filter Media တွေ ပိတ်ဆို့လာနိုင်ပြီး System Performance ကို ထိခိုက်စေနိုင်ပါတယ်။

📌 Filter Media ပိတ်သွားတဲ့အခါ တွေ့ရနိုင်တဲ့ လက္ခဏာများ

🔹 ရေဖိအားကျဆင်းလာခြင်း
- Filter မတိုင်ခင် Pressure နဲ့ Filter ပြီး Pressure ကွာဟချက် ပိုများလာပါက Media ပိတ်ဆို့နေတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

🔹 ရေထွက်နှုန်း (Flow Rate) လျော့ကျလာခြင်း
- ယခင်ထွက်နေကျ ရေပမာဏထက် လျော့နည်းလာပါက Filter Media အတွင်း အညစ်အကြေးများ စုပုံနေခြင်း ဖြစ်နိုင်ပါတယ်။

🔹 Pump အလုပ်လုပ်ချိန် ပိုကြာလာခြင်း
- လိုအပ်တဲ့ ရေပမာဏရဖို့ Pump က ပုံမှန်ထက် ပိုကြိုးစားရတဲ့အတွက် လျှပ်စစ်အသုံးစရိတ်ပါ တိုးလာနိုင်ပါတယ်။

🔹 ရေအရည်အသွေး ကျဆင်းလာခြင်း
💧ရေမှာ အနံ့၊ အရောင် သို့မဟုတ် အနည်းငယ် အညစ်အကြေးများ ပြန်တွေ့လာနိုင်ပါတယ်။

🔹 Backwash လုပ်ပြီးလည်း မသက်သာတော့ခြင်း
- Backwash ပြုလုပ်ပြီးနောက် Flow Rate မတိုးလာဘဲ အခြေအနေတူနေပါက Media Change ပြုလုပ်ရန် လိုအပ်နိုင်ပါတယ်။

⚠️ Filter Media ပိတ်ဆို့ထားတာကို အချိန်မီ မဖြေရှင်းဘူးဆိုရင်
. Pump ပျက်စီးနိုင်ခြင်း
• RO Membrane သက်တမ်းတိုလာခြင်း
• လျှပ်စစ်ကုန်ကျစရိတ် မြင့်တက်လာခြင်း
• ရေအရည်အသွေး ကျဆင်းလာခြင်း စတဲ့ ပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

✅ Aqua Genius မှ အကြံပြုလိုသည်မှာ Filter Media များကို ပုံမှန်စစ်ဆေးခြင်း၊ Backwash မှန်မှန်ပြုလုပ်ခြင်းနှင့် လိုအပ်ပါက အချိန်မီ Media Change ပြုလုပ်ခြင်းဖြစ်ပါတယ်။

💙 မိတ်ဆွေတို့ Water Treatment System ကို အကောင်းဆုံးအခြေအနေမှာ ထိန်းသိမ်းနိုင်ဖို့ Aqua Genius မှ အမြဲတမ်း အကြံပေးကူညီပေးနေပါတယ်။

📲09-78756450/09-740021372







💧 Iron များတဲ့ရေကို နေ့စဉ်သုံးနေမိရင် ဘာတွေဖြစ်လာနိုင်လဲ?“ရေက ကြည်လင်နေတာပဲ၊ ဘာပြဿနာရှိမှာလဲ…”လို့ ထင်နေမိတတ်ပါတယ်။ ဒါပေ...
06/07/2026

💧 Iron များတဲ့ရေကို နေ့စဉ်သုံးနေမိရင် ဘာတွေဖြစ်လာနိုင်လဲ?

“ရေက ကြည်လင်နေတာပဲ၊ ဘာပြဿနာရှိမှာလဲ…”

လို့ ထင်နေမိတတ်ပါတယ်။ ဒါပေမယ့် ရေက ကြည်လင်နေတာတစ်ခုတည်းနဲ့ ရေအရည်အသွေးကောင်းတယ်လို့ မဆိုနိုင်ပါဘူး။

Aqua Genius ကို ဆက်သွယ်လာတဲ့ Customer အချို့က…

🔹 “Filter လဲပြီး မကြာခင်မှာပဲ ပြန်ပိတ်နေတယ်”

🔹 “ပိုက်လိုင်းတွေမှာ အညိုရောင်အနည်တွေ တွေ့နေရတယ်”

🔹 “ရေကန်၊ ဘေစင်တွေမှာ အဝါရောင်အစွန်းအထင်းတွေ ကျန်နေတယ်”

🔹 “Maintenance စရိတ်တွေ ပိုများလာတယ်”

ဆိုပြီး မေးမြန်းလေ့ရှိပါတယ်။

ဒီလိုပြဿနာတွေရဲ့ အကြောင်းရင်းတစ်ခုကတော့ ရေထဲမှာ Iron (သံဓာတ်) ပမာဏ များနေတာ ဖြစ်နိုင်ပါတယ်။

Iron များတဲ့ရေကို အချိန်ကြာကြာ အသုံးပြုမိတဲ့အခါ ပထမဆုံး ထိခိုက်တာက ပိုက်လိုင်းတွေ၊ Filter တွေ နဲ့ ရေသုံးစက်ပစ္စည်းတွေ ဖြစ်ပါတယ်။ Iron အနည်တွေ တဖြည်းဖြည်း စုပုံလာပြီး ရေစီးနှုန်း ကျဆင်းလာနိုင်သလို Filter တွေလည်း ပိုမြန်မြန် ပိတ်လာနိုင်ပါတယ်။

လုပ်ငန်းသုံးစက်ပစ္စည်းတွေမှာဆိုရင် Boiler၊ Cooling Tower၊ RO System နဲ့ Production Line တွေရဲ့ စွမ်းဆောင်ရည်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ စက်တွေကို မကြာခဏ သန့်ရှင်းရေးလုပ်ရခြင်း၊ Spare Parts လဲလှယ်ရခြင်းတွေကြောင့် Maintenance Cost တွေလည်း တိုးလာနိုင်ပါတယ်။

ဒါ့အပြင် ရေကန်၊ ဘေစင်၊ ကြွေပြား၊ အဝတ်အစားတွေပေါ်မှာ အဝါရောင် သို့မဟုတ် အညိုရောင်အစွန်းအထင်းတွေ ကျန်နေတတ်ပြီး သန့်ရှင်းရေးလုပ်ဖို့လည်း ပိုခက်ခဲလာနိုင်ပါတယ်။

အရေးကြီးတာက Iron များနေတယ်ဆိုတာကို မျက်စိနဲ့ အမြဲတမ်း မမြင်နိုင်ပါဘူး။ တချို့ရေတွေက ကြည့်လိုက်ရင် ကြည်လင်သန့်ရှင်းနေသလို ထင်ရပေမယ့် စမ်းသပ်စစ်ဆေးကြည့်တဲ့အခါ Iron ပမာဏ မြင့်မားနေတာမျိုးလည်း ရှိတတ်ပါတယ်။

ဒါကြောင့် ရေပြဿနာတစ်ခုခု ကြုံတွေ့နေရပြီဆိုရင် စက်အသစ်လဲဖို့ အရင်မစဉ်းစားဘဲ ရေအရည်အသွေးကို အရင်စစ်ဆေးကြည့်ဖို့ အကြံပြုလိုပါတယ်။ ပြဿနာရဲ့ အရင်းအမြစ်ကို သိမှ မှန်ကန်တဲ့ ဖြေရှင်းချက်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

💙 Aqua Genius Co., Ltd အနေနဲ့ Customer များအား ရေသန့်စက်ရောင်းချခြင်းသာမက Water Analysis၊ System Design နှင့် ရေပြဿနာများအတွက် သင့်လျော်သော Water Treatment Solution များကို အကြံပြုပေးလျက်ရှိပါတယ်။

📩 လူကြီးမင်းတို့အသုံးပြုနေတဲ့ရေမှာ Iron များနေတယ်လို့ သံသယရှိပါသလား?

Comment (သို့) Message Box မှာ မေးမြန်းနိုင်ပါတယ်။

📱09740021372/09787564590

💧 ရေသန့်စက်တပ်ထားပေမယ့် ရေက မကြည်တော့ဘူးလား?“ရေသန့်စက်ကြီး တပ်ထားတာပဲ၊ ဘာလို့ ရေက ဝါနေသေးတာလဲ?”“ကြက်ဥပုပ်နံ့လို အနံ့တွေ ...
03/07/2026

💧 ရေသန့်စက်တပ်ထားပေမယ့် ရေက မကြည်တော့ဘူးလား?

“ရေသန့်စက်ကြီး တပ်ထားတာပဲ၊ ဘာလို့ ရေက ဝါနေသေးတာလဲ?”

“ကြက်ဥပုပ်နံ့လို အနံ့တွေ ဘာလို့ ပြန်ထွက်လာတာလဲ?”

“Filter Media ကို လဲဖို့လိုနေတာလား?”

ဒီမေးခွန်းတွေကို Customer တော်တော်များများက Aqua Genius ကို လာမေးလေ့ရှိပါတယ်။

တကယ်တော့ ရေသန့်စက်ကောင်းတစ်လုံး တပ်ထားရုံနဲ့ မလုံလောက်ပါဘူး။

🔸 Filter Media တွေ သက်တမ်းကုန်လာရင်
🔸 Iron (သံဓာတ်) တွေ ပြန်များလာရင်
🔸 Manganese တွေ တက်လာရင်
🔸 H₂S (ကြက်ဥပုပ်နံ့) တွေ ဖြစ်လာရင်

ရေက အရောင်ပြောင်းလာနိုင်သလို အနံ့အသက်တွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။

🔬 ZEOMANGAN Filter Media

ရေထဲမှာ ပါဝင်နေတဲ့

✅ Iron (သံဓာတ်)

✅ Manganese

✅ H₂S (ကြက်ဥပုပ်နံ့)

တွေကို ထိရောက်စွာ ဖယ်ရှားပေးနိုင်တဲ့ Filter Media တစ်မျိုး ဖြစ်ပါတယ်။

ရေက ပိုကြည်လာမယ်…
အနံ့အသက်တွေ သက်သာလာမယ်…
စက်ရုံ၊ လုပ်ငန်းနဲ့ အိမ်သုံးစနစ်တွေမှာ ပိုပြီး ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မယ်…

🤝 Aqua Genius Myanmar မှာ

✔ ZEOMANGAN Filter Media များ ရရှိနိုင်ပါတယ်။

✔ Filter Media အဟောင်းများ လဲလှယ်ပေးပါတယ်။

✔ Water Treatment System များ Service & Maintenance ပြုလုပ်ပေးပါတယ်။

✔ ရေသန့်စက် အသစ် တပ်ဆင်လိုသူများကိုလည်း လိုအပ်ချက်အလိုက် အကြံပေး ဆောင်ရွက်ပေးပါတယ်။

💙 ကျွန်တော်တို့ Aqua Genius အနေနဲ့ ပစ္စည်းရောင်းရုံမဟုတ်ဘဲ Customer တွေရဲ့ ရေပြဿနာကို အမှန်တကယ် ဖြေရှင်းပေးနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။

ရေဝါတာပဲဖြစ်ဖြစ်…
ရေနံ့ထွက်တာပဲဖြစ်ဖြစ်…
Filter Media လဲရမလား မသေချာတာပဲဖြစ်ဖြစ်…

📩 Page Chat Box ကနေ လာရောက်မေးမြန်းနိုင်ပါတယ်။

📲09-740021372/09-787564590

Aqua Genius Myanmar
Your Trusted Water Solution Provider 💧






Address

No. 3/145. GaYuNar 2 Street, Kyusan Block, Wireless Market, Mingalardon Tsp
Yangon
11021

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Aqua Genius Myanmar Water Solution Provider posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share